« »

Hackers တွေကို လက်ယပ် ခေါ်နေတဲ့ Gadget

ယနေ့ ရောင်းအားအကောင်းဆုံးဖြစ်နေသည့် Internet-ready HDTV ပုံစံဒီဇိုင်းကိရိယာသစ်များကို အလွယ်တကူ hack ပြုလုပ်နိုင်ကြောင်း ဆန်ဖရန်စစ္စကို အခြေစိုက် လုံခြုံရေး နည်းပညာကုမ္ပဏီ ဖြစ်သည့် Mocana မှ သုတေသီများက ရှာဖွေတွေ့ရှိခဲ့သည်။ ရုပ်မြင်သံကြားပေါ်တွင် Website များကို display ပြုလုပ်၍ ဆောင်ရွက်ပေးသည့် software ၌ ဟာကွက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရုပ်မြင်သံကြားသို့ ပေးပို့သည့် သတင်းအချက်အလက်များကို ထိန်းချုပ်နိုင်သည့် လစ်ဟာချက်ကို ထောက်ပြခဲ့သည်။
Amazon.com ကဲ့သို့သော website အတွက် screen အတု ကို့ hacker များက ဖန်တီးနိုင်ပြီး တစ်စုံတစ်ခုကို ၀ယ်ယူရန် ဘီလ်အသေးဖော်ပြထားသည့် ခရက် တစ်ကတ်ကို တောင်းခံလာခြင်းကို တွေ့ရသည်။ Hacker များက ရုပ်မြင်သံကြားမှ website များသို့ ပေးပို့ နေသည့် data များကိုလည်း စောင့်ကြပ်ကြည့်ရှုနိုင်သည်။ အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ များက ၎င်းတို့၏ထုတ်ကုန်အားလုံးကို အင်တာနက် နှင့်ချိတ်ဆက်နိုင်ရန်ဖန်တီးလျက် အပူတပြင်း ထုတ်လုပ်ကြသော်လည်း လုံခြုံရေးရှုထောင့် မှ လုံလောက်စွာ လေ့လာသုံးသပ်မှုမပြုခဲ့ကြောင်း Mocana ၏ CEO အဒရိန်းတန်နာက ပြောကြားခဲ့ သည်။
Mocana နှင့် အခြားနည်းပညာ လုံခြုံရေးကုမ္ပဏီ များက hacker များ၏အန္တရာယ်ကို ကာကွယ်ပေးသည့် နည်းပညာကို ရောင်းချရန်ဆန္ဒရှိသည်။ Hacker များ၏ အဓိက ခြိမ်းခြောက်မှုများကိုလည်း အများပြည်သူများသို့ ထုတ်ပြန်အသိ ပေးလေ့ရှိသည်။ နည်းပညာလုံခြုံရေးပညာရှင်များက ယခင်က သတိပေးထားသည့်အချက်များကိုလည်း သရုပ်ဖော်တင်ဆက်ပြီး စမ်းသပ် ပြသခဲ့သည်။ Internet TV, စမတ်ဖုန်းနှင့် အခြား Web-ready Gadget များသည် hacker များ အလွယ်တကူ တိုက်ခိုက်လာသည့်ပစ်မှတ်များတည်ရှိရာ အန္တရာယ် နယ်မြေသစ်တစ်ခုသဖွယ် ဖြစ်လာမည်ဟု ဆိုသည်။
အဆိုပါကိရိယာများသည် လူကြိုက်များသထက် များလာခြင်းကြောင့် ခရက်တစ်ကတ်နံပါတ်များနှင့် ထုတ်ကုန် feature များ ခိုးယူသည့် scan များ ကို user များ ရင်ဆိုင်တွေ့ကြုံရမည်ဟု ပညာရှင်များက ခန့်မှန်းထားသည့် အဆိုပါထုတ်ကုန်သစ်များသည် ကွန်ပျူတာကဲ့သို့သော သမားရိုးကျ ကိရိယာဟောင်းများကဲ့သို့ လုံခြုံရေးစနစ် အများအပြား တပ်ဆင်ထားနိုင်မှု မရှိသေးကြောင်းကိုလည်း တွေ့ရသည်။ Desktop ကွန်ပျူတာမှ မိုဘိုင်းကိရိ ယာနှင့် website နှင့် ချိတ်ဆက်သည်ကိရိယာသစ်များသို့ လှည့်ပြောင်းဆန်း သစ်သည့်အပြောင်းအလဲတွင် hacker များက အခွင့်အလမ်းရယူနိုင်မည်ဖြစ် သည်။
အီလက်ထရောနစ်ကိရိယာ ထုတ်လုပ်သည့်ကုမ္ပဏီများသည် ၎င်းတို့ ၏ စီးပွားရေး software နှင့် အခြေခံအဆောက်အအုံကို ပြုပြင်တည်ဆောက် ရန်လိုအပ်သည်။ Hacker အသိုင်းအ၀န်း၌လည်း မျက်စိကျစရာ အကောင်း ဆုံးပစ်မှတ် ဖြစ်လာသည်။ နည်းပညာ လုံခြုံရေးကုမ္ပဏီများသည် ယခုကြုံတွေ့ရ သည့်ခြိမ်းခြောက်မှုကို တိုက် ဖျက်ခြင်းဖြင့် hacker ကာ ကွယ်ရေးပုံစံသစ် များကို ဆက်လက်တိုး မြှင့်တီထွင်လာ ကြသည်။ အဆိုပါ ကိရိယာသစ်များပေါ်ကို ခြေရာခံ- မည့် fingerprint scanner မျက်နှာပုံသွင် မှတ်မိအောင်ဖတ်သည့် software ကဲ့သို့သော ကာကွယ်ရေးပုံစံသစ်များကို တိုးမြှင့်တီထွင်ဆန်းသစ်ရမည် ဖြစ်သည်။
လက်ရှိကာကွယ်ရေး software များမှာ တစ်စုံတစ်ရာ ခုခံတိုက်ဖျက်ပေးနိုင်သော်လည်း အဓိကကျသည့်ကာကွယ်မှုများကို ဆောင်ရွက်နိုင်ခြင်းမရှိဟုဆိုသည်။ PC ၌ install ပြုလုပ်သည့် ဗိုင်းရပ်စ်တိုက်ဖျက်ရေး software ထုတ် လုပ်သည့် Symanatec ၏ CEO 'အင်ရီကွစ် ဆာလဲမ်' ကလည်း ယခုကိရိယာ သစ်များ၌ တပ်ဆင်မည့် ကာကွယ်ရေး software များမှာ ယခင် ဗိုင်းရပ်စ်ကာ ကွယ်ရေး software များနှင့် ကွဲပြားခြားနားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါကိရိယာသစ်များအတွက် hacker တိုက်ဖျက်ရေးလမ်းကြောင်းကိုလည်း ချဉ်းကပ်မှုအသစ်ဖြင့် ဖန်တီးတည်ဆောက်ရမည်ဖြစ်သည်။
Android ၏ function က အများနှင့် တစ်မူထူးခြားခြင်းကြောင့် hacker အန္တရာယ်ပေးမှုက လည်း မတူကွဲပြားခြား နားမည်ဖြစ်သည်။ Hacker တိုက်ဖျက်ရေးအတွက် ပံ့ပိုးကူညီပေးမည့် အဆိုပါကိရိယာ များထဲမှာ feature များကိုလည်း အသုံးပြုမည်ဖြစ်သည်။ တစ်စုံတစ်ယောက်က ဖလော်ရီဒါမှ ကွန်ပျူတာတစ်ခုထဲသို့ log in ပြုလုပ်လာသော်လည်း ၎င်းင်း၏ ဖုန်းမှာ တက္ကဆက်၌ရှိနေကြောင်း တည်နေရာလမ်းကြောင်း data feature ၏ အကူအညီကိုရယူပြီး လုံခြုံရေး software ကအန္တရာယ်ကို သတိပေးနိုင် အောင် ဖန်တီးမှုမျိုး ဆောင်ရွက်မည်ဖြစ်သည်။ User များက ဖြစ်ပေါ်လာနိုင် ခြေရှိသည့် လုံခြုံရေးပြဿနာကို သတင်းပေးပို့နိုင်အောင် လမ်းဖွင့်ပေးခြင်း ဖြင့်လည်း ကာကွယ်မည်ဟုဆိုသည်။
User များက အဆိုပါပြဿနာကို ရှင်း လင်းနိုင်သည်အထိ ၎င်း၏ data များကို ပိတ်ပစ်ခြင်း (သို့မဟုတ်) ဖျက်ပစ်ခြင်းဖြင့် ကာကွယ်မည့်နည်းလမ်းဖြစ်သည်။ Intel က လုံခြုံရေးနည်းပညာကုမ္ပဏီ Symantee ၏ ပြိုင်ဘက်ဖြစ်သည့် Mc-Afee ကို ဒေါ်လာ ၇ .၇ ဘီလျံဖြင့်ဝယ်ယူခဲ့သည်။ ၎င်းကုမ္ပဏီမှထုတ် လုပ်မည့်မိုဘိုင်းဖုန်းများနှင့် အခြားကိရိယာသစ်များတွင် McAfee ၏ လုံခြုံရေးနည်းပညာများကို ထည့်သွင်းတည်ဆောက်ရန် ရည်ရွယ်ပြီး ၀ယ်ယူခြင်း ဖြစ်သည်။ Website များနှင့် ဆဲလ်ဖုန်းများ ချိတ်ဆက်ဆောင် ရွက်မှုမှာ နှစ်ကာလ အတန်ကြာပြီဖြစ်သည့် အတွက် hacker အန္တရာယ်ကို အတော်ကြီး ထိ ရောက်စွာ ခုခံနိုင်စွမ်းရှိသည်။ ယခု hacker များက အလွယ်တကူတိုက်ခိုက်နိုင်သည့် ကိရိယာသစ်များကို ပစ်မှတ်အဖြစ် ရွေးချယ်လာကြသည်။
စမတ်ဖုန်းများ တွင် ကျယ်လာသည့် ယနေ့ခေတ်၌ hacker များက အဆိုပါကိရိယာသစ်များ ပျော့ကွက်ကို အခွင့်ကောင်းယူခွင့် ရှိလာသည်။ Apple, Google, Nokia နှင့် အခြားကုမ္ပဏီများက ၎င်းတို့၏ အွန်လိုင်းမိုဘိုင်း software application များကို အပြိုင်အဆိုင် ဖြည့်ဆည်း ထုတ်လုပ်ကြသည်။ အဆိုပါကုမ္ပဏီများက hacker များ၏ software အတု များကို အမိဖမ်းသည့်စနစ်များကို ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့သော် လည်း application ပမာဏ ၂ ဆတိုးလာခြင်းကြောင့် အပြည့်အ၀ခုခံနိုင်စွမ်း ကင်းမဲ့လာသည်။ Google က Android အခြေပြုစမတ် ဖုန်းပလက်ဖောင်းပေါ်တွင် ပုံသဏ္ဌာန်၊ အရွယ်ပမာဏ၊ အဆင့်မျိုးစုံ ကိရိယာသစ်များကို ထုတ်လုပ်လာခြင်း ဖြင့် ၎င်းကိရိယာများ၌ အသုံးပြုမည့် application များ ကိုလည်း အပူတပြင်း ထုတ်လုပ်လာကြသည်။ Google က apple ကဲ့သို့ application များ တစ်ခုချင်း ဆန်းစစ် အတည်ပြုခြင်းကိုလည်း တွေ့ရှိရသည်။
Google က လည်း အဆိုပါဝေဖန်မှုများကို လက်ခံရယူပြီး ၎င်း၏ application များကို အလျင်အမြန် စစ်ဆေးပြုပြင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်ဖန် စမတ်ဖုန်းဈေးကွက် အလျင်အမြန် ကြီးထွားလာခြင်းကြောင့် စမတ်ထုတ်လုပ်သည့် apple, Nokia နှင့် Motorala တို့ကဲ့သို့သော ကုမ္ပဏီ ကြီးများ၏နောက်မှ ကုမ္ပဏီငယ်များကလည်း လိုက်ပါထုတ်လုပ်လာကြ သည်။ အဆင့်မြင့်စမတ်ဖုန်းများကို အလွန်ကောင်းမွန်သည့်ပုံစံဒီဇိုင်း ရေးဆွဲ ပြီး တည်ဆောက်ထားသော်လည်း တစ်ပတ်ရစ် စမတ်ဖုန်းဈေးကွက်လည်း ကြီးထွားလာခြင်းကြောင့် hacker များအတွက် အခွင့်အလမ်း ပွင့်လာကြောင်း Layer 7 Technologies မှ ပြောကြားခဲ့သည်။ Hacker များက application စတိုး များကိုအမြတ်ထုတ်ရန် စတင်လုပ်ကိုင်လာပြီဖြစ်ကြောင်း နည်းပညာ လုံခြုံ ရေးကုမ္ပဏီများက ထပ်ခါတလဲလဲ သတိပေးနေကြသည်။
သို့သော် hacker များကလည်း password (သို့မဟုတ်) ဈေးကြီးသည့် ဖုန်းခေါ်ဆိုမှုများကို ခိုးယူရန် အားထုတ်ပေးမည့်ပရိုဂရမ်အတုများကို ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။ ဘဏ်နှင့်စတိုးဆိုင်များမှ ထွက်ပေါ်လာသည့် text message များကို တုပလိမ်လည်၍ တစ်စုံတစ်ယောက်ထံပေးပို့ခြင်းဖြင့် အဆိုပါပုဂ်္ဂိုလ်အား ဖောက်သည် ပံ့ပိုးရေးလမ်းကြောင်းသို့ ဖုန်းဆက်ခေါ်ဆိုစေပြီး အဖိုးတန် သတင်းအချက်အလက်များကို ခိုးယူနိုင်ရန် အားထုတ်ခြင်းဖြစ်သည်။ hacker များသည် ပြည်သူလူထု၏ ဖုန်းအသုံးပြုမှု ၀န်ဆောင်မှုလုပ်ငန်းကို လည်း အာရုံစိုက်လာကြပြီး အဆိုပါဖုန်းများနှင့် ချိတ်ဆက်ထားသည့် တည်နေရာလမ်းကြောင်းပြ ၀န်ဆောင်မှုလုပ်ငန်းများထဲသို့ ၀င်ရောက်ပြီး ခိုးယူနိုင်ရန် ကြံဆလာကြသည်။
Website နှင့် ချိတ်ဆက်သည့် ကိရိယာသစ်များ အပြိုင်အဆိုင် ထုတ် လာကြခြင်းကြောင့် လစ်ဟာလာသည့် ဟာကွက်များကို Macana မှ သုတေသီများက ထုတ်ဖော်တင်ပြခဲ့ခြင်းကို တွေ့ရှိရသဖြင့် hacker ခြိမ်းခြောက်မှု အန္တရာယ်ကို မနှေးမမြန်ရင်ဆိုင်လာရဖွယ်ရှိကြောင်း တွေ့ရှိရသည်။ ရုပ်မြင် သံကြားအစီအစဉ်အတွက် ကုန်သွယ်ရေးဆိုင်ရာ ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီများအကြား data ဖလှယ်မှုကိုလည်း hacker များက အမြတ်ထုတ်နိုင် မည်ဟုဆိုသည်။ အဓိကချို့ယွင်းချက်မှာ အတွေ့အကြုံနည်းပါးသည့် ဒီဇိုင်နာများက နည်းပညာလုံခြုံရေးကို အလေးမထားဘဲ အင်တာနက် ချိတ် ဆက်အသုံးပြုကိရိယာသစ်များကို အလောတကြီးဖန်တီးမှုကလည်း hacker အန္တရာယ်ကို ပိုမိုကြီးမားစေကြောင်း ပညာရှင်များက ထောက်ပြခဲ့သည်။
Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။