« »

window7 မှာ မြန်မာစာရိုက်မရတဲ့ ပြဿနာ

window7 မှာ မြန်မာစာရိုက်မရတဲ့ ပြဿနာ(သိပြီးသူများအတွက်မရည်ရွယ်ပါ)
ဒီကိစ္စဟာ သိတဲ့သူတွေလဲ သိပြီးသားဖြစ်ကြမှာပါ။
ခုတလော ၂၆ ရက်နေ့ ကအမေရိကန်တ၀ှမ်းလုံးမှာ ရှိကြတဲ့ ကွန်ပျူတာ ဆိုင်တွေမှာ ကွန်ပျူတာတွေလျှော့ဈေးနဲ့ ရောင်းကြလို့  (HP အမျိုးအစားတစ်ခုသာ)အဆွေတော်လေးနဲ့ သိတဲ့သူတွေဝယ်လိုက်ကြတာ လပ်တော့တွေ တစ်ယောက်တစ်လုံးနီးပါးပဲဆိုပါတော့။
ပြီးလဲပြီးရော ဇော်ဂျီဖောင့်တွေ Install လုပ်ပြီး စာရိုက်မရကြလို့  အရပ်ကူပါလူဝိုင်းပါဖြစ်ကြပါတော့တယ်။
window7 က ဖောင့်ကို Install လုပ်ရုံနဲ့ စာရိုက်မရပါဘူး ကီးဘုတ်ကိုပါ Install လုပ်ရပါတယ်။
Install လုပ်ရတဲ့ လင့်တွေကတော့
၁။ ဇော်ဂျီဝမ်းအတွက် IEZawGyiGtalkfont.EXE ပါ။(ဒီဆိုဒ်ရဲ့ မူလ စာမျက်နှာလဲရှိပါတယ်။
၂။ ကီးဘုတ်အတွက် Zawgyi_Keyboard_L.zip ပါ။(window 7 မှာစာရိုက်နိုင်ဖို့ )

ကီးဘုတ် Zip ဖိုင်ကို ဒေါင်းပြီးသွားရင် စက်ထဲကို အောက်မှာ မြင်ရတဲ့ ၀ိုင်းပြထားတာတွေကို Run လိုက်ပါ။

ဒါဆိုရင် Window7 မှာ စာမရိုက်ရတဲ့ပြဿနာ အေးဆေးသွားပါပြီ။

အဆွေတော်လေးကတော့ ခုထိ window7 ကို ခုထိကိုယ်ပိုင်အနေနဲ့ မကိုင်ဖူးသေးပါဘူး။

ဟီး ...ရှက်စရာကြီးဗျာ။


ဖြည့်စွက်ချက်


ကျွန်တော်ကလဲ window 7 ဆို တစ်ခုပဲသိတာ ။

တော်တော်လဲ ရှုပ်တဲ့ ၀င်းဒိုး ၇ ပဲဗျာ။

ဟော အခုကွန်မန့် မှာလာအော်နေကြပြန်ပြီး 64 bit မှာ စာရိုက်မရလို့ ဘယ်လို လုပ်ရမလဲတဲ့။


အဲဒီအတွက် အောက်မှာတွေ့ ရတဲ့ စာတမ်းနီနီကိုနှိပ်ပြီး စက်ထဲမှာ Run ထားလိုက်ပေတော့။ window 7 ...64bit တင်ထားသူတွေအဆင်ပြေသွားမှာပါ။

Zawgyi_64bit.zip




စကားမစပ်...ကျွန်တော်တို့ ရဲ့  ထာဝရသူငယ်ချင်းများလဲ ပြဿနာပေါင်းစုံတက်နေတာ အားလုံးသိကြမှာပါ။

ကျွန်တော်ကတော့ အများနဲ့ ဆိုင်တဲ့ ဆိုဒ်ထောင်ထားသူဆိုတော့ အရည်ထူထူထား(သည်းခံ)ရပါတယ်။

အဒမင်တွေကတော့ အရည်မထူတော့ ထွက်သူလဲထွက်။

နှစ်ကုန်ရင် အဓမင်အပြောင်းအလဲတွေလုပ်ဖို့  ရည်ရွယ်ထားပါတယ်။

လောလောဆယ်တော့ သည်းခံပေးထားကြပါဦး။


အားလုံးရွှင်လန်းချမ်းမြေ့ ပျော်ရွှင်ကြပါစေ။

ကွန်ပျူတာအသစ် Window7 ကြီးနဲ့  ချစ်စရာကောင်းတဲ့ မြန်မာစာလုံးဝိုင်းဝိုင်းလေးတွေ ရိုက်နိုင်ကြပါစေ။

Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။