« »

ဂျီမေးလ်ပေါ်မှာ ဖေ့စ်ဘုတ်ခ် သုံးမယ်

ဖေ့စ်ဘုတ်ခ် အကောင့်ကို ဂျီမေးလ်စာမျက်နှာပေါ်မှာ add လုပ်ပြီး သုံးလို့ရပြီ ဖြစ်ပါတယ်။
အဲသည်လိုလုပ်မယ်ဆိုရင် ဂျီမေးလ်စာမျက်နှာကို ဝင်လိုက်ပါ။ ပြီးရင်တော့ ဂျီမေးလ် setting ထဲက labs ကိုသွားပါ။
Labs ထဲကို ရောက်တဲ့အခါ add any gadget by URL ဆိုတာကို Enable လုပ်ပြီး save changes လုပ်လိုက်ပါ။ ဂျီမေးလ်စာမျက်နှာ restart ဖြစ်သွားမှာ ဖြစ်ပါတယ်။
ဂျီမေးလ်စာမျက်နှာ ပြန်ပေါ်လာပြီဆိုရင် mail setting ထဲက gadgets ကိုသွားပြီး Add ဘားမှာ လင့် (link) http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml ကို add လုပ်လိုက်ပါ။
အဲသည်အဆင့်တွေ အားလုံးပြီးသွားရင်တော့ ဂျီမေးလ်စာမျက်နှာရဲ့ ဘယ်ဘက်အောက် နား invite ဘားရဲ့ အောက်မှာ facebook link တစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲသည် link က extand ကို ကလစ်လိုက်ရင် ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်လာမှာ ဖြစ်ပါတယ်။
Ref : The Kumudra
Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။