အဆိုပါကွယ်လွန်သူ၏ဇာတိမှာရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နမ်းခုတ်ကျေးရွာအုပ်စုမှဖြစ်ပါသည်။ ၄င်းသည် အိမ်ထောင်သည်ဖြစ်ပြီး (၁)နှစ်အ ရွယ်ကလေးငယ်တစ်ဦးရှိကြောင်းသိရပါသည်။
ခွန်သန်းလေးသည်စီးပွားရေးမပြေလည်မှုကြောင့် (၂၀၁၀)ခုနှစ်တွင်အလုပ်လုပ်ကိုင်ရန်မလေးရှားနိုင်ငံ
သို့ရောက်လာခဲ့ပြီး ကာကျန်းတွင် Sony company ၌အလုပ်လုပ်ကိုင်ခဲ့ သော်လည်းအဆင်မပြေသောကြောင့် (၂၀၁၁)ခုနှစ်၊ (၄)လပိုင်းခန့်တွင်ပီနန်းမြို့တစ်ဖက်ကမ်းရှိ ဘာတာဝပ်မြို့သို့ပြောင်းရွှေ့ကာအလုပ်လုပ်ကိုင်ခဲ့ရင်း
ဤကဲ့သို့ကွယ်လွန်သွားကြောင်းသိရပါသည်။ အသုဘအစီအစဉ်ကိုမလေးရှားရောက်ပအိုဝ်းရောင်းရင်းများမှ
တစ်ရက၊်နှစ်ရက်အတွင်းသင်္ဂြိုလ်ရန် စီစဉ်လျက် ရှိသည်ဟု သတင်းရရှိပါသည်။