• Home
  • မူလစာမျက်နှာ
  • ပအိုဝ်းသမိုင်း
    • ပအိုဝ်းလူမျိုးဆင်းလာပုံ
    • လူမျိုးနှင့်ဘာသာစကား
    • ပအိုဝ်းယဉ်ကျေးမှုနှင့်စာပေ
    • ပအိုဝ်းတို့၏စီးပွားရေး
    • ပအိုဝ်းတို့၏လူမှုရေး
    • ဘာသာရေးနှင့်ပွဲလမ်းသဘင်
    • ပအိုဝ်းတို့၏လှုပ်ရှားမှု
    • ပအိုဝ်းတိုင်းရင်းသား
You are here : Home »
Showing posts with label tradition. Show all posts
အလံဟူသည်
            အလံဟူသည် အကြောင်းမဲ့ပေါ်ပေါက်ခဲ့ကြသည်မဟုတ်ပေ။ အခြေအမြစ်ရှိသော အကြောင်းရင်းခံ တခုခုကိုသော်
လည်းကောင်း၊အကျိုးပြုသော ဦးတည်ချက်တစ်ခုခုကိုလည်းကောင်း အခြေခံကြသည်သာဖြစ်သည်။ ရင့်ကျက်နက်နဲသော အဓိပ္ပါယ်ကိုဆောင်သည့်အမှတ်အသားတစ်ခုပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အလံသည်ရည်ရွယ်ချက်တစ်ခုခု(သို့မဟုတ်)
အကြောင်းကိစ္စတစ်ခုခုအတွက် အမှတ်အသား(သို့မဟုတ်) အထိမ်းအမှတ်အဖြစ်အသုံးပြုသော ရောင်စုံခြယ်ပိတ်စမျိုး ဖြစ်
သည်။ အလံဟူသောစကားလုံးမှာ လေထဲ၌ လှုပ်ရှားနေသည့်အရာဟူ၍လည်းကောင်း၊မြန်မာအဘိဓာန်ကျမ်းတွင် အလံသည် အရောင်ပုံစံအမျိုးမျိုးရှိ၍ တိုင်၊ တုတ်တံများတွင် တပ်၍လွင့်ထူရသောအ၀တ်(သို့မဟုတ်) စက္ကူဖြင့်ပြုလုပ်ထား
သည့်အရာဟူ၍လည်းကောင်းအဓိပ္ပါယ်ဖွင့်ဆိုထားသည်။ အမျိုးသားအလံ(သို့မဟုတ်)နိုင်ငံတော်အလံမှာ နိုင်ငံတစ်နိုင်ငံမှာ
လူမျိုးတစ်မျိုးအတွက် အမှတ်အသားကြီးတစ်ခု ဖြစ်သည်။ယခုခေတ်နိုင်ငံတိုင်း၌ရှိသော အမျိုးသားအလံ(သို့မဟုတ်) နိုင်ငံ
အသီးသီးသည်မိမိတို့လူမျိုး၏ ဇာတိသွေး ဇာတိမာန်ပြင်းတန်တက်ကြွစေရန်အလို့ငှာ မိမိတို့တိုင်းပြည်နှင့် သက်ဆိုင်ဆီ
လျော်စွာ သတ်မှတ်ပြဠာန်းထားသည့်အလံများဖြစ်ကြသည်။
            နိုင်ငံတော်အလံသည် သက်ဆိုင်ရာနိုင်ငံ၊နိုင်ငံသူ နိုင်ငံသား၊နိုင်ငံအစိုးရနှင့် ထိုအစိုးရ၏ရည်မှန်းချက်များကို ကိုယ်စားပြုသည်။ နိုင်ငံသူနိုင်ငံသား အများအပြားကမိမိတို့နှင့်သက်ဆိုင်ရာ နိုင်ငံတော်အလံ၏ ဂုဏ်အသရေ မညှိုးရလေ
အောင် ကာကွယ်စောင့်ရှောက်ရင်းအသက်စွန်ခဲ့ကြပြီးဖြစ်သည်။ မိမိတို့ နိုင်ငံတော်၏အလံကိုဂုဏ်ပြုရန်၊ လေးစားကြရန်မှာ
နိုင်ငံသားတိုင်း၏အရေးသောတာဝန်ရပ်ဖြစ်သည်။အမျိုးသားအလံ၊နိုင်ငံတော်အလံသာမက စစ်တပ်၏အမှတ်အသား တက္ကသိုလ်ကျောင်းများ၏အမှတ်အသား၊ဘုရင်များ၏ အမှတ်အသား၊အယူဝါဒဆိုင်ရာ အမှတ်အသား၊အသင်းအဖွဲ့များဆိုင်
ရာ အမှတ်အသား၊အချက်ပြရန် အမှတ်အသားဆိုင်ရာ အလံများစွာရှိကြသည်။ အလံကို တစ်ဦးချင်း၊တစ်ယောက်ချင်း၊
အများစုပေါင်း၍ ဦးတည်ချက်၊ရည်မှန်းချက်၊ အောင်မြင်မူကို အခြေခံ၍အသွင်သဏ္ဍာန်ပုံစံအမျိုးမျိုး ဖော်ဆောင်လေ့ရှိကြ
သည်။ ထို့ကြောင့်အလံများတွင်ပါရှိသော အမှတ်အသားများသည် သက်ဆိုင်ရာအဖွဲ့အစည်း၏ လေးနက်သောသရုပ်ဖော်
ချက်များပင် ဖြစ်သည်။ နိုင်ငံသားတိုင်း မိမိနိုင်ငံ၊မိမိလူမျိုး၏အလံတော်ကို တွေ့မြင်ရတိုင်းအားမာန်တက်ကြွ၍ နိုင်ငံချစ်စိတ်၊ဇာတိမာန်စိတ်ဓါတ်များ နိုးကြားတက်ကြွလာကြသည်။
အလံများ၏သမိုင်း
            လူ့ယဉ်ကျေးမူများ စတင်ပေါ်ပေါက်လာစဉ်မှစ၍ ကမ္ဘာအရပ်ရပ်မှာအလံသဘောဆောင်သော အမှတ်အသား
အဖြစ်၊ လွှင့်ထူသူတို့၏ ရည်ရွယ်ချက်နှင့်သင့်လျော်သည့် ကျေးငှက်တိရစ္ဆာန်တို့၏ရုပ်တု စသောအရာဝတ္တုများကို အသုံး
ပြုခဲ့ကြသည်။ နောင်တွင်အလံကို ပုံပန်းသဏ္ဍာန် အရွယ်အစားအမျိုးမျိုး၊အခေါ်အဝေါ်အသုံးအနှုန်း အဆင့်ဆင့်ပြောင်း
လျက်သုံးစွဲလာခဲ့ကြသည်။
တံခွန်၊ ကုက္ကား၊ မုလေးပွား၊ကြက်လျှာစသည်တို့သည်အလံများ၏ ရှေ့ပြေးဟု ဆိုရပေမည်။ တံခွန်၊ကုက္ကား၊မုလေးပွား၊
ကြက်လျှာများသည် ဂေါတမမြတ်စွားဘုရားလက်ထက်ကပင် စတင်အသုံးပြုခဲ့ကြသည်။ တံခွန်၊ကြက်လျှာတို့ကို အခြေပြု
မြစ်ဖျားခံ၍ တစ်စတစ်စဖြင့်မျက်မှောက်ခေတ်အလံများကိုကျယ်ပြန့်စွာ သုံးစွဲလာခဲ့ကြသည်။
            ခရစ်မပေါ်မီ အနှစ်(၉၀၀)ခန့်က အာဆီးရီးယားနိုင်ငံ၌ တံခွန်များ စစ်အလံများသုံးစွဲခဲ့ကြပုံကို ထိုခေတ်ကထုလုပ်
သော ကျောက်ရုပ်များအိုးခွက်များပေါ်၌ တွေ့မြင်ခဲ့ရသည်။ အလံကို အ၀တ်စဖြင့် ချုပ်လုပ်အသုံးပြုခြင်းကိုရောမတို့ စတင်
တီထွင်ခဲ့ကြသည်။ ဥရောပတိုက်နိုင်ငံများ၌ အလံလွှင့်ထူသည့်အလေ့အထကို ဆာရာဆင်လူမျိုးများမှ စတင်ပျံ့နှံသွားခဲ့
သည်ဟုဆိုသည်။ ခရစ်တော်မပေါ်မီ အနှစ်(၃၀၀)ခန့်က ရောမဧကရပ်ဇ်များသုံးသောအလံတော်သည် ယခုခေတ် အလံ
တော်များနှင့်နီးစပ်တူညီသည်ဟု ဆိုနိုင်သည်။အရှေ့တိုင်းတွင် အလံကိုရှေးအကျဆုံး အသုံးပြုခဲ့သောနိုင်ငံမှာ တရုတ်နိုင်ငံ
နှင့်အိန္ဒိယနိုင်ငံတို့ပင်ဖြစ်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ တံခွန်များ၊အလံများ ကိုင်ဆောင်သုံးစွဲသည့် အလေ့အထ
သည်။မြန်မာ၊ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ပျံ့နှံ့ရောက်ရှိသွားသည်။
            မြန်မာနိုင်ငံသမိုင်းဦးခေတ်တွင် အလံနှင့်စပ်လျဉ်း၍ အထောက်အထားများမတွေ့ရှိခဲ့ရသောလည်း သမိုင်း
အလယ်ခေတ် သက္ကရာဇ်(၈၄၂)မှ (၈၄၃)ခုနှစ်အထိ စိုးစံခဲ့သော ဒုတိယမင်းခေါင်းလက်ထက်တော်အခါ၌ စတင်တွေ့
ရှိရသည်။ ကုန်းဘောင်ခေတ်မြန်မာမင်းများလက်ထက်တွင် ဘုရင်မင်းမြတ်ကို ကိုယ်စားပြုသော(သို့မဟုတ်)နိုင်ငံတော်
ကိုကိုယ်စားပြုသော အလံတော်အဖြစ် ဒေါင်းအလံကိ သတ်မှတ်ထားရှိကြောင်း တွေ့ရှိရသည်။မင်းတုန်းမင်းတရားကြီး
လက်ထက်တွင် ဒေါင်းအလံကို မြန်မာနိုင်ငံတော်အလံအဖြစ် အသုံးပြုခဲ့ကြောင်းတွေ့ရှိရသည်။ ကုန်းဘောင်မင်းဆက်
နောက်ဆုံးတိုင်အောင်ဒေါင်းအလံကိုမြန်မာအမျိုးသားအလံအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတော်အလံအဖြစ်လည်း
ကောင်းသတ်မှတ်ခဲ့ကြောင်း ပေါ်လွင်သည်။ ၁၉၃၀-ပြည့်နှစ်၊ဆရာစံလယ်သမားအရေးတော်ပုံအလံတွင် ကြက်လျှာစွန်း
အလံ၊ဖြေူရောင်တွင်နဂါးကိုဂဠုန်သုတ်ဟန်ရေးဆွဲ၍ အသုံးပြုခဲ့သည်။
            ၁၉၃၈-ခုနှစ်၊ မတ်လတွင် ပြည်မြို့၌ကျင်းပပြုလုပ်သော တို့ဗမာအစည်းအရုံး တတိယညီလာခံအစည်းဝေးတွင်
သုံးရောင်ခြယ် အလံ၏အလယ်၌ဒေါင်းရုပ်အလံ အလုပ်သမားနှင့်တောင်သူလယ်သမားလူတန်းစားကိုအခြေခံသော
တံစဉ်အမှတ်အသားကိုပြောင်းလဲသတ်မှတ် အသုံးပြုခဲ့ကြောင်း သိရသည်။ ၁၉၃၆-ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော
မြန်မာနိုင်ငံကိုလိုနီဥပဒေပြုလုပ်လွတ်တော်တွင် အင်္ဂလိပ်ဘုရင်မင်းမြတ်၏သဘောတူညီချက်အရ မြန်မာနိုင်ငံအတွက် မြန်မာဘုရင်ခံက သတ်မှတ်ပေးခဲ့သည့် အလံ၏အရောင်မှာ အပြာရောင်ဖြစ်ပြီး၊အပြာရောင်၏အဖျား၌ စက်ဝိုင်းအတွင်း
ဆေးရောင်ခြယ်ထားသောဒေါင်းရုပ်ကို ထည့်ပေးထားသည်။ တိုင်ရင်းဘက်အထက်ထောင့်တွင် ဗြိတိသျှယူနီယံဂျက်အလံ
အမှတ်အသားပါရှိသောအလံကိုသတ်မှတ်ပေးခဲ့သည်။
            ဂျပန်ခေတ် ဘီအိုင်အေအလံ၌အလယ်စက်ဝိုင်းအဖြူတွင်းက ဒေါင်းသဏ္ဍာန်ပါ အ၀ါ၊အစိမ်း၊အနီသုံးရောင်ခြယ်
အလံကို အမျိုးသားအလံအဖြစ် အသုံးပြုခဲ့ကြသည်။ ၁၉၄၂-ခုနှစ်၊ဘီဒီအေအလံကိုလည်း အဆိုပါအလံကိုပင် အနည်းငယ်
ပြောင်းလဲ၍ ဆက်အသုံးပြုခဲ့သည်။ ၁၉၄၅-ခုနှစ်၊မတ်လ(၂၇)ရက် ဂျပန်တော်လှန်ရေးတွင် အလံတော်ကို အနီရောင် အောက်ခံထား၍ တိုင်ရင်းဘက်တွင်ကြယ်ဖြူတစ်ပွင့်ပါရှိသော အလံတော်ကို အသုံးပြုခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီးအ
သစ်ပြန်လည်ဖွဲ့စည်းသော(ဖဆပလ)အဖွဲ့၏အလံကိုလည်းတော်လှန်ရေးတွင် အောင်ပွဲရခဲ့သောအလံတော်ကိုပင် ဆက်လက်၍အသုံးပြုခဲ့ကြသည်။ ၁၉၄၇-ခုနှစ်ပြည်ထောင်စု မြန်မာနိုင်ငံတော်တိုင်းပြုပြည်ပြုလွတ်တော်မှ ရွေးကောက်
တင်မြှောက်ပြီး တိုင်းပြုပြည်ပြုလွတ်တော်မှ ပြည်ထောင်စု မြန်မာနိုင်ငံအလံ၊အထိမ်းအမှတ်သီချင်းနှင့်မြို့တော်ကို ၁၉၄၇-
ခုနှစ်၊စက်တင်ဘာလ (၂၄)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေ၌ ထည့်သွင်းရေးဆွဲ
အတည်ပြုပေးခဲ့သည်။
            ပအိုဝ်းတိုင်းရင်းသားများ ပထမဦးဆုံး အသုံးပြုခဲ့သောအလံမှာ ၁၉၂၈-ခုနှစ်၊ဖြားတန်ကောင်ခယ်ဦးဆောင်သော
ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးအလံဖြစ်သည်။  ၄င်းအလံသည် အလျား(၉)ပေ၊ အနံ(၅)ပေရှိသော အစိမ်းရောင်
ဖြစ်သည်အစိမ်းရောင်၏အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်း ပါရှိသည်။ အဖြူရောင်စက်ဝိုင်းအတွင်းတွင် တိုင်
ရင်းဘက်သို့မျက်နှာမူထားသော ထိုင်နေသည့်ခြင်္သေ့ပုံပါရှိသည်။ အစိမ်းရောင်၏အဓိပ္ပါယ်မှာ နုပျိုလန်းဆန်းခြင်း၊ပေါ့ပါး
သွက်လက်ရွှင်းလန်းခြင်းနှင့် အေးချမ်းသာယာခြင်းကိုဖော်ဆောင်သည်။ အဖြူရောင်သည် ဖြူစင်သန့်ရှင်းခြင်း၊ကျစ်လစ်
သိမ်မွေ့နူးညံ့ခြင်းနှင့် အေးချမ်းသာယာတည်ငြိမ်သောသဘောကိုဆောင်ပါသည်။ ခြင်္သေ့သည်ခွန်အားကြီးမား၍ လျင်မြန်
သွတ်လက်ပေါ့ပါးစွာလှုပ်ရှားနိုင်သောအစွမ်းရှိသည်။
            ဒုတိယကမ္ဘာစစ်အပြီး အာရှနိုင်ငံများ ကိုလိုနီလက်အောက်မှလွတ်မြောက်ရန် အမျိုးသားလှုပ်ရှားမူများစတင်ကြိုး
ပမ်းလာခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်းဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ လွတ်လပ်ရေး ရရှိရန်အပူတပြင်းကြိုးပမ်းလာ
ခဲ့ကြသည်။ ၁၉၄၇-ခုနှစ်တွင် ဒုတိယ ပင်လုံညီလာခံကျင်းပနိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကိုအတူတကွရယူရန်တောင်တန်း
ဒေသတိုင်းရင်းသားများနှင့် သဘောတူညီမူရရှိခဲ့သည်။ ရှမ်းပြည်နယ် ပြည်သူ့လွတ်လပ်ရေးဖွဲ့နှင့်အတူ ပအိုဝ်းလူငယ်များ ပါဝင်လှုပ်ရှားခဲ့ကြသည်။ ၁၉၄၇-ခုနှစ်တွင် တောင်ကြီးဒေသ၊ဟိုပုံးဒေသ၊လွိုင်လင်ဒေသနှင့် ဆီဆိုင်ဒေသအတွင်း ပအိုဝ်း
အမျိုးသားများကိုစတင်ည်းရုံးခဲ့ကြသည်။ ၁၉၄၇-ခုနှစ်တွင် ပအိုဝ်းအမျိုးသားကိုယ်စားပြု ပအိုဝ်းလွောင်းဗူး(ခေါ်) ပအိုဝ်းစု
စည်းအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။  ပအိုဝ်းလွောင်းဗူး ဥက္ကဌအဖြစ်ဦးဘိုးခင်းအားလည်းကောင်း၊အတွင်းရေးမှူးအဖြစ်
ဦခမ်းခိုင်အားလည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ပအိုဝ်းအမျိုးသားကိုယ်စားပြု ပအိုဝ်းလွောင်းဗူး(ခေါ်) ပအိုဝ်းစုစည်းအဖွဲ့၏အလံမှာ အလျား(၉)ပေ၊အနံ(၅)ပေရှိ အစိမ်းရောင်ဖြစ်ပြီး အစိမ်းရောင်၏အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်းပါရှိသည်။ အဖြူရောင်စက်ဝိုင်း၏အ
လယ်တွင် ယခင်အသုံးပြုခဲ့သောခြင်္သေ့အစား ဒေါင်းပုံကို အသုံးပြုခဲ့သည်။၁၉၅၀-ပြည့်နှစ်တွင် ပအိုဝ်းလွောင်းဗူး(ခေါ်) ပအိုဝ်းစုစည်းအဖွဲ့အစား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတိုကောက်အားဖြင့်(ပအမဖ)ကို အမည်ပြောင်းလဲ၍ အသစ်ထပ်မံ
ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)၏ ဥက္ကဌဗိုလ်ဟိန်မောင်အားလည်းကောင်း၊အတွင်းရေး
မှူးအဖြစ်ဦးဖေရှင်အားလည်းကောင်း ရွေးချယ်တင်မြှောက်တာဝန်ပေးအပ်ခဲ့ကြသည်။
            ၁၉၅၀-ခုနှစ်မှစ၍ပြည်ထောင်စု အမျိုးသားအဖွဲ့ချုပ်(ပအမဖ) အမူဆောင်များနှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင်
ကြီးများမှ အသင်းအဖွဲ့တစ်ခုတွင် မရှိမဖြစ်အထူးလိုအပ်လှသော ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)ဖွဲ့စည်း
ပုံ အခြေခံစည်းမျဉ်းဥပဒေကိုပြုစုရေးဆွဲခဲ့ကြပါသည်။ အဆိုပါဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ဥပဒေတွင် နိဒိန်း၊အခန်း(၈)နှင့်
နိဂုံးဟူ၍ ပါရှိခဲ့သည်။ အခန်း(၁) အပိုဒ်(၃)တွင် အလံတော်၏ အချိုးမှာအလျား(၉)ပေ၊အနံ(၅)ပေ အချိုးဖြစ်၍ အလံတော်
၏ထက်ဝက်(၂ပေ၊ ၆လက်မ)၊အောက်ခံသည်အစိမ်းရင့်ရောင်ဖြစ်သည်။ တိုင်ရင်းဘက်  အပြာရင့်ရောင်၏အလျား
(၄ပေ၊၆လက်မ) အနံ(၂ပေ၊၆လက်မ)၊ အဖျားဘက် အနီရောင်၏ အလျား(၄ပေ၊၆လက်မ)၊အနံ( ၂ပေ၊၆လက်မ)
ရှိရမည်။ အပြာရင့်ရောင်၏အထက်ထောင့်စွန်းတွင် အချင်း(၁၈)လက်မ ကြယ်ဖြူကြီးတစ်လုံးပါရိရမည်။ဤအလံတော်
မှာ ယာယီသတ်မှတ်ချက်ဖြစ်သည်ဟူ၍ ဖော်ပြရှိခဲ့သည်။
            ပအိုဝ်းအမျိုးသားအလံတော်ပါကြယ်နှင့်အရောင်များ၏အနက်အဓိပ္ပါယ်ဖော်ညွန်းချက်များမှာ ကြယ်၏အဓိပ္ပါယ်
မှာကြယ်တို့မည်သည်လမ်းခရီးတွင်ရပ်တံ့ခြင်းမရှိ၊သွားမြဲခရီးကို မစွန့်၊ခရီးစဉ်အတိုင်းရှေ့သို့သာ ဆက်၍ခရီးနှင့်လေ့ရှိခြင်း၊
ကမ္ဘာကြီးဖြစ်တည်ခဲ့သည့်အချိန်မှစ၍လွတ်လွတ်လပ်လပ်ကိုယ်ပိုင်သီးသန့်အလင်းရောင်ရှိခြင်းစသည့် အရည်အသွေး
များရှိသည့်အပြင် ပအိုဝ်းမျိုးနွယ်စုအားလုံးကို ကိုယ်စားပြု၍တစ်လုံးတည်းသောကြယ်ကိုသတ်မှတ်ရခြင်းဖြစ်သည်။ အစိမ်း
ရင့်ရောင်သည်နုပျိုလန်းဆန်းခြင်း၊ပေါ့ပါးသွက်လက်ခြင်း၊ရွှင်ရွှင်လန်းလန်းရှိခြင်းအဓိပ္ပါယ်ကိုဆောင်သည်။ အနီရောင်သည်
ရဲရင့်ခြင်း၊ပြတ်သားခြင်း၊သွက်လက်ဖျက်လတ်ခြင်းအဓိပ္ပါယ်ဆောင်သည်။အပြာရင့်ရောင်သည်အိနြေ္ဒရှိခြင်း၊သိက္ခာရှိခြင်း၊
ယုံကြည်စိတ်ချရခြင်း၊အဓိပ္ပါယ်ဆောင်သည်။ အလံ၏အရွယ်များမှာ ကြီးငယ်မဟူထိုအမျိုးအစားအတိုင်းကိုက်ညီနိုင်သမျှ
ကိုက်ညီရမည်ဖြစ်သည်။ အထက်ပါ ပအိုဝ်းအလံတော်ကို ၁၉၅၅-ခုနှစ်၊ဇန်န၀ါရီလ (၅)ရက်နေ့နှင့် (၆)ရက်နေ့တွင် ကျင်းပ
ပြုလုပ်ခဲ့သောပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)ညီလာခံမှအတည်ပြုကြောင်းဆုံးဖြတ်ခဲ့ပါသည်။
အလံပါကြယ်နှင့်အရောင်များ၏ ဖွင့်ဆိုချက်များ
(က) ကြယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်
နိုင်ငံတိုင်း၊လူမျိုးတိုင်း၏ အများစုသည် ကြယ်သင်္ကေတကို အများဆုံးအသုံးပြုလေ့ရှိကြောင်း တွေ့ရှိရပါသည်။
မြန်မာအဘိဓာန်ကျမ်းစာအုပ်တွင်ကြယ်ကိုအဓိပ္ပါယ်ဖွင့်ဆိုထားသည်မှာ ညအခါ၌ ကောင်းကင်တွင်အလင်းရောင် အပွင့်
ကလေးများသဖွယ်မြင်ရသောကောင်းကင်ဗိမာန် နက္ခတ်တာရာဟု ဖော်ပြထားသည်။ကြယ်တို့သည် အေးမြသော အလင်းရောင်ကိုပေးသည်ဟု လူသားတို့ထင်မှတ်ကြသည်။ အမှန်မှာကြယ်များသည်လည်း နေကဲ့သို့အလင်းရော အပူပါ
လွှတ်ပေးလျှက်ရှိသည်။နေတွင်ရှိသော ဓာတ်သဘာဝအားလုံးကြယ်တွင်ရှိသည်။အချို့သောကြယ်များသည်နေထက်
အဆပေါင်းများစွာကြီးသကဲ့သို့နေထက်အဆပေါင်းများစွာပိုမို၍တောက်ပကြသည်။ အားကောင်းသောမှန်ပြောင်းများဖြင့်
ကြည့်လျှင်ကြယ်ပေါင်းသိန်းတစ်ထောင်ခန့်ကိုမြင်နိုင်သည်။ ကိုယ်ပိုင်အလင်းရောင်ရှိသောကြယ်ပေါင်းများစွာရှိသကဲ့သို့
ကိုယ်ပိုင်အလင်းရောင်မရှိသောကြယ်ပေါင်းများစွာလည်းရှိသည်။
အလံများတွင် ကြယ်ဖြင့်အမှတ်အသားပြု၍ဖော်ပြရခြင်းမှာကြယ်တို့မည်သည်လမ်းခရီးတွင်ရပ်တံ့ခြင်းမရှိ၊သွားမြဲ
ခရီးကို အစွန့်ပစ်ခရီးစဉ်အတိုင်းနောက်တွန့်သည်မရှိဘဲ ရှေ့သို့သာဆက်၍ဆက်၍ ခရီးနှင်လေ့ရှိခြင်း၊ကမ္ဘာဖြစ်တည်
ခဲ့သည့်အချိန်မှစ၍လွတ်လွတ်လပ်လပ်ကိုယ်ပိုင်သီးသန့်အလင်းရောင်ဖြင့်တည်ရှိခဲ့ခြင်းစသော ဂုဏ်၊အရည်အသွေး
များရှိခြင်းကြောင့်ပင်ဖြစ်သည်။
(ခ) အဖြူရောင် အဓိပ္ပါယ်ဖွင့်ဆိုချက်
အဖြူရောင်သည်လမင်း၏အရောင်ဖြစ်၍အေးချမ်းမူကို ဖြစ်စေသည်။ ဖြူစင်သန့်ရှင်းခြင်း၊ကျစ်လစ်သိပ်သည်းခြင်း၊
သိပ်မွေ့နူးညံ့ခြင်းစသည့်အေးချမ်းသာယာတည်ငြိမ်သောသဘောကိုဆောင်သည်။စည်းကမ်းရှိသော၊စည်းစနစ်ရှိသော၊
အစိမ်းသတ္တိရှိသည်။ ကျန်းမာရေးကို အထောက်အကူပြုသော သဘောကိုဆောင်သည်။ဆေးရုံများတွင် လူနာကုတင်
၊အိပ်ယာခင်း၊ခေါင်းအုံးစွပ်၊ခန်းစည်းနှင့်ဆရာဝန်ဝတ်စုံများသည်အဖြူရောင်ကိုသာ အသုံးပြုကြသည်။ အဖြူရောင်ကို
မကျန်းမာသူလူမမာတွေ့လိုက်ရရုံဖြင့် စိတ်ချမ်းသာပြီးရောဂါသက်သာစေ၍ သောက၊ဒုက္ခများပြောပျောက်စေသည်။
ခေါင်းအုံးစွပ်ဖြူဖြူဖြင့် အိပ်စက်လျှင် အိပ်မက်လိုလိုမက်တတ်သည်။ အရောင်တောက်ပသောခေါင်းအုံးစွပ်များနှင့်
အိပ်စက်လျှင်အိပ်မက်ဆိုးများမက်တတ်သည်။
(ဂ) အနီရောင် အဓိပ္ပါယ်ဖွင့်ဆိုချက်
အနီရောင်၏အဓိပ္ပါယ်သည် ရဲရင့်ခြင်း၊သွက်လက်ဖျက်လတ်ခြင်း၊ခြေမြန်လက်မြန်ရှိခြင်း၊ပြိုင်ဘက်အပေါ်အနိုင်
ရလိုမူစိတ်ဓာတ် ပြင်းထန်ခြင်း၊သူရဲကောင်းဆန်ခြင်း၊စိတ်ဓာတ်ကိုတက်ကြွအောင်လှုံ့ဆော်ပေးခြင်း၊စိတ်ဓါတ်ပျော့ညံ့သူကို
စိတ်ဓါတ်ကြွစေခြင်း စသောသဘောများဆောင်သည်။ အားကစားသမားများ အနီရောင်ဝတ်စုံ ၀တ်ကစားလျှင်စွမ်းအင်များ
အလိုလိုပြည့်ဝတိုးတက်ပြီး အနိုင်ရလိုစိတ်ပြင်းထန်တတ်ကြသည်။အနီရောင်ကိုကြိုက်နှစ်သက်သောလူများသည်
 ရဲစွမ်းသတ္တိရှိသူ၊နိုးကြားတက်ကြွလှုပ်ရှားလိုသူ၊အတိုက်အခိုက် ၀ါသနာပါသူ၊ဆွဲဆောင်စည်းရုံး တတ်သူများ
ဖြစ်တတ်ကြသည်။
(ဃ) အပြာရောင် အဓိပ္ပါယ်ဖွင့်ဆိုချက်
အပြာရောင်၏အဓိပ္ပါယ်သည် အိနြေ္ဒရှိခြင်း၊သိက္ခာရှိခြင်း၊ယုံကြည်စိတ်ချရခြင်း စသောအရည်အချင်းများရှိသည်။
ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမူကိုဖြစ်စေပြီးစိတ်ပြေပျောက်မူအသွင်ကိုဖန်တီးပေးနိုင်သည်။ အသက်ရှင်သန်မူ
ကိုအားပေးနိုင်စွမ်းရှိသည်။ အောင်မြင်မူရလိုလျှင် အပြာရောင်ကိုအသုံးပြုလေ့ရှိကြသည်။ တစ်နည်းအားဖြင့် အပြာရောင်
သည် ခံစားထိခိုက်လွယ်သော၊အေးချမ်းစွာနေလိုသော၊ ပျော်ရွှင်မူကို မက်မောတတ်သော၊ခံစားမူများကိုထိန်းချုပ်နိုင်သော
သဘောလည်းရှိသည်။ ထို့ကြောင့်အပြာရောင် ကိုကြိုက်နှစ်သက်သူများသည် နူးညံ့ပျော့ပြောင်းသော နှလုံးသားရှိသူ
သူတစ်ပါး၏မေတ္တာကို ခံယူလိုသူ၊မေတ္တာထားတတ်သူဖြစ်သကဲ့သို့ မိခင်စိတ်ရှိသူ၊အပြစ်ကင်းကင်းနေလိုသူများလည်း
ဖြစ်တတ်ကြသည်။
(င) အစိမ်းရောင် အဓိပ္ပါယ်ဖွင့်ဆိုချက်
အစိမ်းရောင်၏အဓိပ္ပါယ်သည် နုပျိုလန်းဆန်းခြင်း၊ပေါ့ပါးသွက်လက်ခြင်း၊ရွှင်ရွှင်လန်းလန်းဖြစ်စေခြင်း၊အိုမင်း
ရင့်ရော်ခြင်းကိုတိုက်ဖျက်ခြင်း သဘောရှိသည့်အပြင်သစ္စာရှိသော၊ကတိတည်သော၊ကြင်နာဂရုဏာတရားကြီးမားသော၊
သူတစ်ပါးကို ကူညီတတ်သော ချိုသာရည်မွန်သောသဘောများကို ဆောင်ပါသည်။ အစိမ်းရောင်သည် ကြည်လင်အေးချမ်း
သောသဘောရှိသဖြင့်လယ်ကွင်းပြင်စိမ်းကို ကြည့်ရှုရခြင်းသည်ခြောက်သွေ့နေသော ကန္တာရကို ကြည့်ရှုရခြင်းထက် စိတ်ချမ်းသာမူ၊အေးချမ်းသာယာပျော်ရွှင်မူကို ပို၍ဖြစ်စေသည်။ နိုင်ငံတကာဆေးရုံများ၏ လူနာခြုံစောင်များ၏အရောင်မှာ
အစိမ်းရောင်ကိုအသုံးပြုလေ့ရှိကြသည်။ လေအေးပေးစက်တပ်ဆင်ထားသောအခန်းကို အနီရောင်ဆေးသုတ်ပေးခြင်း
ထက် အစိမ်းရောင်သုတ်ပေးခြင်းက အအေးဓာတ်ပိုစေနိုင်ပါသည်။ အစိမ်းရောင်ကိုကြိုက်နှစ်သက်တတ်သူသည်
အပူအပင်မရှိ၊စိတ်ကူးယဉ်တတ်သူ ဖြစ်လေ့ရှိကြသည်။ 
ပြည်ထောင်စုထဲကပအိုဝ်း မှကူးယူဖေါ်ပြ
မြန်မာပြက္ခဒိန်များတွင် အသုံးပြုနေသော တစ်ဆယ့်နှစ်လရာသီ၏ အမည်ဝေါဟာရ အဓိပ္ပါယ်များကို ပျူဘာသာ ဝေါဟာရများ ဖြစ်ကြောင်းကို သိရှိနားလည်သူ နည်းပါးပါသည်။ ဆန်စပါးထုတ်လုပ်မှု အတတ်သည် အာရှ၏ ပျူခေတ်ကာလမှ စတင်ခဲ့ခြင်းဖြစ်သကဲ့သို့ တောင်သူလယ်လုပ် စိုက်ပျိုးရေး အတတ် ပညာသည်လည်း ပျူလူမျိုးတို့ အစောဆုံးတီတွင် ကြိုးပမ်းအားထုတ်ခဲ့သည်။
ထိုကြောင့် ပျူတို့အား တောင်သူဟု ခေါ်ဆိုခြင်း အကြောင်းတရားများအနက် တစ်ခုအဖြစ် ယူဆနိုင်ခဲ့ခြင်းဖြစ်သည်။ ပျူတို့သည် တောင်သူလယ်လုပ် ယာခုတ်လုပ်ငန်းမှ အစပြု၍ နှစ်စဉ်ကုန်လွန်လာခဲ့သော ရက်လနှစ်များကို ရေတွက် မှတ်သားပြုရာတွင် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ထူးခြားမှုမှ အမှတ်သင်္ကေတများဖြင့် ညွှန်းဆိုပြုလျက် အမည်နှာမကို ကင်းပွန်းတပ်ကာ သုံးစွဲလာခဲ့ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားပြီး သက်မွေးဝမ်းကြောင်း ပြုကြသဖြင့် ယခင်က ၎င်းတို့အား တောင်သူလူမျိုးဟု ခေါ်ဆိုခြင်းကို ခံခဲ့ရသည်။ ပအိုဝ်းတို့၏ တစ်ဆယ့်နှစ်လရာသီ အခေါ်အဝေါ်များကို ရာသီဥတုနှင့် စိုက်ပျိုးရေးလုပ်ငန်းများအပေါ် အခြေတည်ပြီး အမည်နာမကို တွင်လာခဲ့ရကြောင်း သိရှိမှတ်သားနိုင်ပါသည်။
(၁) ပထမလ (တခူးလ)
ပထမဦးဆုံးသော လအမည်ကို (တာကူလာ) ဖြစ်သည်။ တာ- အချိန်ကာလဖြင့် အစပထမဦးဆုံး၊ ကိန်းဂဏန်းအားဖြင့် တစ်(၁)ဟု ဆိုလိုသည်။ ကူ- ကူးပြောင်းခြင်းဖြစ်သည်။ လ- လာဖြစ်သည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးသောလကို ဆိုလိုပါသည်။
(၂) ဒုတိယလ (ကဆုန်လ)
ဒုတိယလမှာ (ကစဆို့လာ)ဖြစ်သည်။ ကစ- အစဟု ဆိုလိုသည်။ ဆို့- ကောက်ပဲသီးနှံကို စိုပျိုးခြင်းဖြစ်သည်။ ကောက်ပဲသီးနှံကို စတင်စိုက်ပျိုးသည့်လဟု ဆိုလိုပါသည်။
(၃) တတိယလ (နယုန်)
တတိယလမှာ (နံးယုံလာ) ဖြစ်သည်။ နံး- ပေါင်းပင်မြက်ပင်ဖြစ်ပြီး၊ ယုံ- ရှင်းခြင်းဖြစ်သည်။ ဒုတိယလမှ စိုက်ပျိုးထားသော ကောက်ပဲသီးနှံပင်များကြားတွင် ပေါက်လာသော ပေါင်းမြက်များကို ရှင်းရသည့်လဟု ဆိုလိုသည်။
(၄) စတုတ္တလ (၀ါဆို)
စတုတ္ထလမှာ (၀ါးဆို့လာ) ဖြစ်သည်။ ၀ါး- ၀ါး(ပင်) ဖြစ်ပြီး (တနည်း) ရဟန်းသံဃာများ ၀ါဆိုဝါကပ်ခြင်း ကိုလည်း ဆိုလိုသည်။ ဆို့- စိုက်သည်ဟု ဆိုလိုသည်။ ၀ါးပြင်များ စိုက်သောလဟု ဆိုလိုသည်။ ယခင် ပအိုဝ်းလူမျိုးတို့သည် ကဆုန်လမှ မိုးကျသည်နှင့် ၀ါးအမျိုးကောင်းများကို ရှာပြီး နီးစပ်ရာ ချောင်းအိုင် များထဲ့သို့ စိမ်ထား၍ ၀ါဆိုလတွင် စတင်စိုက်ကြသည့် ဓလေ့ရှိသည်။ ထို့ကြောင့် ဤလကို ၀ါးစိုက်လဟု ဆိုလိုသည်။
(၅) ပဉ္စမလ (၀ါခေါင်လ)
ပဉ္စမလမှာ (၀ါးခေါင်းလာ) ဖြစ်သည်။ ၀ါး-၀ါး(ပင်) ဖြစ်ပြီး၊ ခေါင်း- တဲခေါင်မိုးကို ကျော်လာခြင်းဖြစ်သည်။ ထိုလတွင် ၀ါး(မျှစ်)ပင်များသည် တဲခေါင်မိုးကို ကျော်လာသောလဟု ဆိုလိုသည်။
(၆) ဆဌမလ (တော်သလင်းလ)
ဆဌမလမှာ (တ၀်သလင်/လင်တော်လာ) ဖြစ်သည်။ တ၀်/တော်- တော ဖြစ်ပြီး၊ သလင်- သလင်း ဆိုလိုသည်။ ထိုလကို တောဆင်းသည့်လ၊ အပင်ကြီးများကို ချန်ထားပြီး တောင်ယာလုပ်ရန် ကြားတောကို ရှင်းသည့်လဟု ဆိုလိုသည်။
(၇) သတ္တမလ (သီတင်းကျွတ်လ)
သတ္တမလမှာ (သံပြွတ်/တင်ပွတ်လာ) ဖြစ်သည်။ ထိုလသည် သမ္မာသမ္ဗုဒ္ဓမြတ်ဘုရားသည် တာဝတိံသာ နတ်ပြည်မှ လူပြည်သို့ ပြန်လည်ကြွမြန်းတော်မူရာ မြတ်စွာဘုရားအား ကြိုဆိုပင့်ဆောင် ကပ်လှူသည့် အနေဖြင့် ယာယီစံကျောင်းတော်အဖြစ် သီးနှံပဒေသစင် (ပအိုဝ်းအခေါ် တင်ပြွတ်စင်း)ကို အမှတ်တရ တည်ဆောက်ပြီး ရာသီပေါ်သီးနှံများကို ကပ်လူပူဇော်သည့် ဓလေ့ ပြုလေ့ရှိသောလဟု ဆိုလိုသည်။
(၈) အဌမလ (တန်ဆောင်မုန်းလ)
အဌမလမှာ (ကထိန်/တင်းဆောဝ်မွူးလာ) ဖြစ်သည်။ တင်းဆောဝ်- တောက်ပခြင်းဖြစ်ပြီး၊ မွူး- အပင်ဖြစ်သည်။ ထိုလတွင် မီးပဒေသပင်များကို လင်ထိန်တောက်ပစွာ ထွန်းညှိပူဇော်သည့်လ ဟု ဆိုလိုသည်။
(၉) န၀မလ (နက်တော်လ)
န၀မလမှာ (နတ်တ၀်/နက်တော်လာ) ဖြစ်သည်။ နတ်/နက်- အချိန်လုပြီး လုပ်ရသည့်ကာလဖြစ်ပြီး၊ တ၀်/တော်- တော ဖြစ်သည်။ ဆဌမလ (တော်သလင်းလ)မှ တောဆင်းသည့်ချိန်တွင် ကြားတောသာရှင်းပြီး ချန်ထားသော သစ်ပင်ကြိးများကို သတ္တမလ(သီတင်းကျွတ်)နှင့် ဆဌမလ(တန်ဆောင်မုန်း)လများတွင် ဘာသာရေးအလှူပွဲများကြောင်း တောမဆင်းနိုင်သဖြင့် ဤနမ၀လတွင် သလင်းမှ ချန်ထားသော အပင်ကြီးများကို အချိန်လု ခုတ်လဲပြီး တောဆင်းထင်ခွေရသည့်လဟု ဆိုလိုသည်။
(၁၀) ဒဿမလ( ပြာသိုလ)
ဒဿမလမှာ (ပြားသိုးလာ)ဖြစ်သည်။ ပြား- ခွဲဖြန့်ထားခြင်းဖြစ်ပြီး၊ သိုး- ထင်း ဖြစ်သည်။ န၀မလမှ ခုတ်ထားသော အပင်များမှာ ဖြတ်ထားသော ထင်းများအား သယ်ယူရ ပေါ့ပါးအောင် ဤလတွင် ထင်းများ ခွဲဖြန့်လှန်းထားသည်။ ထို့ကြောင်း ထိုလကို ထင်းများ ခွဲဖြန့်သည့်လဟု ဆိုလိုသည်။
(၁၁) ဧကာဒဿမလ (တပို့တွဲလ)
ဧကာဒဿမလမှာ (တဖွူးတွယ်လာ)ဖြစ်သည်။ တဖွူး- ထမ်းပိုးဖြစ်ပြီး၊ တွယ်- အတွဲလိုက် အဆိုင်းလိုက် ဖြစ်သည်။ ထိုလတွင် ဒဿမလ(ပြာသိုလ)မှ ခွဲဖြန့်ထားသောထင်းများကို ထမ်းပိုးဖြင့် အတွဲလိုက် အဆိုင်းလိုက် သယ်ဆောင်ရသောလဟု ဆိုလိုသည်။
(၁၂) ဒွါဒဿမလ (တပေါင်းလ)
ဒွါဒဿမလမှာ (စ/တဖွေါင်လာ)ဖြစ်သည်။ တဖွေါင်- ခြံစည်းရိုး ဖြစ်ပြီး စ- အစ ဖြစ်သည်။ လာမည့် တစ်လနှစ်လတွင် ကောက်ပဲသီးနှံစိုက်ပျိုးရန် မြေယာများနေရာတွင် ကျွဲနွားများမ၀င်နိုင်ရန် ခြံစည်းရိုးများဖြင့် ကြိုကာကြပြီး ထိုလကို ခြံစည်းရိုးစကာသည့်လဟု ဆိုလိုသည်။
လဆန်းကို ပအိုဝ်းတို့က (လာဆန်=လာချန်)ဟုခေါ်သည်။ ချန်= ထိပ်သို့အပေါ်သို့ ရောက်အောင် ဆန်တက်သည်ဟု ဆိုလိုသည်။ လကွယ်မှ လပြည့်သို့ အလင်းစွမ်းအားသည် လ၏အ၀န်းအ၀ိုင်းတွင် ပြည့်လာအောင် အလင်းရောင် ဆန်တက်သည်ကို ဆိုလိုသည်ဟု ယူဆရသည်။
လဆုပ်ကို ပအိုဝ်းတို့က (လာလောင်း) ဟုခေါ်သည်။ လောင်း= လျောဆင်းခြင်းဖြစ်သည်။ လပြည့်မှ လကွယ်သို့ အလင်းရောင်သည် နည်း/နိပ်ရာသို့ တဖြည်းဖြည်းလျောဆင်းသည်ကို ဆိုလိုသည်ဟု ယူဆရသည်။
သို့သော်လည်း ပအိုဝ်းတို့သည် ရှမ်းတိုင်းရင်းသား ညီအစ်ကိုများနှင့် ဆုံတွေ့ပေါင်းစည်းမှုရှိလာသောအခါ တစ်ဆယ့်နှစ်လရာသီ အခေါ်အဝေါ်များတွင် အချို့ကို ရှမ်းလေသံလိုက်၍ ရှမ်းအခေါ်ဒွိုန်-လ ကို ပအိုဝ်းတို့က ဒဲဉ် အသံဖြင့် လိုက်ခေါ်ကြသည်ကိုတွေ့ရသည်။
ကျမ်းကိုး
ပြည်ထောင်စုထဲ့က ပအိုဝ်း- PNO
သုဝဏ္ဏသတင်းစာအမှတ်-၂ (ပအိုဝ်းဘာသာ)- ပအိုဝ်းလူငယ်အစည်းအရုံး 
Pa-o People မှကူးယူပါသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် နေအိမ်များကို ခြောက်သွေ့သည့် နွေရာသီတွင် ဆောက်လုပ်ကြသည်။ အဆောက်အဦးအတွက် လိုအပ်သည့် သစ်ဝါးများကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ကြား၌ ခုတ်ထားကြသည်။ ထိုအချိန်ကာလတွင် ခုတ်ထားသည့် သစ်၊ ၀ါးများသည် ပိုးမထိုးခြင်း၊ ပိုးမစားခြင်းဟု ဆိုသည်။ သစ်၊ ၀ါး ခုတ်ရာတွင် သစ်ပင်၊ ၀ါးပင်များပေါ်၌ ဌက်ဥဌက်သိုက်ရှိခြင်း၊ ပျားများစွဲနေခြင်း၊ နွယ်ပင်များ လိမ်ယှက်နေခြင်း၊ ခြောက်နေသည့်အပင်ဖြစ်ခြင်း စသည့်အပင်များကို ရှောင်ကြသည်။ ထိုသို့သော အပင်များကို ခုတ်ပါက အိမ်ပိုင်ရှင်သည် နောင်တွင် အချုပ်အနှောင်ခံရတတ်သည်ဟု ယူဆကြသည်။ နေအိမ်ဆောက်လုပ်ရန် လိုအပ်သည့် သစ်၊ ၀ါးများကို သုံးနှစ်၊ လေးနှစ် အချိန်ယူ စုဆောင်းပြီးမှ ဆောက်လုပ်ကြသည်ကို တွေ့ရသည်။ နေအိမ်အတွက် ၀ါးထာရံကာမည့်အိမ်သည် ၀ါးထာရံကို အိမ်မဆောက်ခင်အချိန်တွင် ကြိုတင် ရက်လုပ်ထားကြသည်။
အိမ်ဆောက်ရန် မြေကွက်ကို ရွေးချယ်ပြီးပါက လသာသောညများတွင် ရွာတွင်းရှိလူလတ်ပိုင်းများသည် လာရောက်၍ မြေကွက်ကိုတူးကူခြင်း၊ ညှိ့ကူခြင်း စသဖြင့် လုပ်အားလာကူကြသည်။ အိမ်တိုင်ထူမည့်နေ့ကို ရှေ့မှီနောက်မှီရွာသမာဓိလူကြီးများ၊ ဘုန်းကြီးသံဃာများကို မေးမြန်းရွေးချယ်ပြီးမှ ယင်းနေ့ နံနက်မိုးသောက်သည်နှင့် အိမ်ဦးတိုင်မကြီးကို ထူရန် ကျင်းကို စတင်တူးကြသည်။ ငွေကြေးချမ်းသာသော သူများသည် ငွေစရွှေစများဖြင့် အိမ်ဦးတိုင်မကြီးကျင်းထဲ့သို့ စွန့်ကြဲချထားပြီး ဆန်ဆေးရည်ဖြင့် လောင်းထဲ့သည်။ ဤသို့ပြုလုပ်ခြင်းသည် ပထ၀ီမြေကို ပူဇော်သည်ဟု ဆိုသည်။ ဥယျာဉ်တိုင်ကို မတ်သည့်အခါ တိုင်ထိပ်တွင် ပိတ်ဖြူစ၊ ရှားပန်းနီစဖြင့် ပတ်၍ ချည်ထားရသည်။ လေးနှင့် မြားကို ကောင်းကင်သို့ ချိန်၍ ချည်ထားရသည်။ ဌက်ပျောဖီ၊ အုန်းသီးနှင့် သပြေပန်းများလည်း ချည်ထားရသည်။ ၎င်းသည် တိုင်ထူမတ်ပြီး အလိုအလျောက်ကြသည်အထိ ချိတ်ဆွဲထားရသည်။ အိမ်ပိုင်ရှင်သည် ဥယျာဉ်တိုင်မကြီး ထူပြီးချိန်တွင် ကိုယ်တိုင် မြေစာများကို ဖိသိပ်ပေးရသည်။
နေအိမ်များမှာ ပျှမ်းမျှအားဖြင့် အလျားပေ (၃၀)နှင့် အနံ (၁၅)ပေ အိမ်များဖြစ်ကြသည်။ ပအိုဝ်းတို့၏ နေအိမ်ဆောက်လုပ်ရာတွင် အိမ်ပုံစံ (၃)မျိုးတွေ့ရသည်။ ၎င်းတို့အခေါ်ဖြင့် လမ်းဒေ့ဆုန်း (ခေါင်ဆောင့်အိမ်)၊ လမ်းမြောက်စု (အုန်းလေးဘက်ခေါင်)နှင့် လမ်းမန်း (အုန်းနှစ်ဘက်ခေါင်)ဖြစ်သည်။ လမ်းဒေ့ဆုန်းကို မျက်မှောက်ခေတ်တွင် ဝေးဝေးတရွာမှ တွေ့ရသည်။ ထိုအိမ်မျိုးသည် တံခါးပေါက်နိမ့်ပြီး အိမ်တွင်းသို့ ၀င်လာသူတိုင်း ခေါင်းငုတ်ရသဖြင့် အိမ်ထဲ့ဝင်လာသူတိုင်း အိမ်ရှင်ကို ရိုသေလေးစားအောင် ဆောက်ထားပုံစံဖြစ်သည်။
လမ်းမြောက်စုကို ပုံစံအမျိုးမျိုးဖြင့် ဆောက်လုပ်ကြသည်။ တချို့သည် အိမ်ကိုယ်ထည်နှစ်ဆောင်တွဲပြီးဆောက်ကြသလို တချို့က အိမ်ကိုယ်ထည် တစ်ဆောင်သာဆောက်လုပ်ထားကြသည်။ ထိုအိမ်ပုံစံမျိုးသည် လေ၀င်လေထွက်ကောင်းပြီး အိမ်းတွင်းရှိ အပူဓါတ်တို့ မီးခိုးတို့သည် အပြင်သို့ အလွယ်တကူ ထွက်နိုင်အောင် တချို့က ခေါင်မိုး နှစ်ဆင့်ဖြင့် ဆောက်လုပ်ထား တတ်သည်။ ခေတ်ရေစီးကြောင်းနှင့် အညီဆောက်လုပ်ကြသည်။ “လမ်းမြောက်စု” နေအိမ်ပုံစံသည် ယခင်က ဆောက်လုပ်တာများပြီး နောက်ပိုင်းတွင် ငွေကြေးချမ်းသာသူတာ ဆောက်လုပ်နိုင်သည်။ သစ်၊ ၀ါး အကုန်အကျ များသည့် အပြင် လက်သမားပညာ ကျွမ်းကျင်သောသူများမှသာ ဆောက်တတ်သည်။
ယခုခေတ်တွင် “လမ်းမန်း” ပုံစံကို ဆောက်လုပ်တာ များသည်။ “လမ်းမန်း” ခေါ် ထိုအုန်းနှစ်ဘက်ခေါင်ပုံစံ ဆောက်ခြင်းသည် သစ် ၀ါးများသက်သာသည်ဟု ဆိုသည်။ သို့သော်လည်း အုန်းလေးဘက်ခေါင်လောက် နှစ်ရှည် မခံနိုင်ပေ။
တောရွာတွင် နေထိုင်သော ပအိုဝ်းတို့သည် အိမ်ဆောက်ရာတွင် အင်ဂျင်နီယာဖြင့် ထွက်ချက်ခြင်း မဟုတ်ပဲ မိမိတို့ ယုံကြည်သည့် ဓလေ့ဖြင့် “ဆြားတန်း”ခေါ် လင်ဗန်းထဲ့က ဌက်ပျော်ခိုင်၊ သပြေခက်၊ လက်ဖက်၊ လက်သမားဆရာ ဥာဏ်ပူဇော်ခ စသည်ဖြင့် ထည့်ထားပြီး အိမ်ဆောက်ကြသည်။ အိမ်ဆောက်ရာတွင် “ဆြားတန်း” မထားပါက ထိုအိမ်သည် အလျားအနံ မညီညာခြင်း အခင်းများ မညီခြင်း ဖြစ်တတ်သည်ဟု ယုံကြည်သည်။ အိမ်တိုင်းလိုလိုသည် လာသာဆောင်များ ဆောက်လုပ်ထားကြသည်။ ၎င်းကို ခြံထွက်သီးနှံများ အခြောက်လှန်းရန် ဆောက်လုပ်ထားခြင်းဖြစ်သည်။ အိမ်အောက်ထပ်ကို တောင်ယာထွက်သီးနှံများနှင့် ခြံလုပ်ငန်းတွင် အသုံးပြုသော ခြင်းတောင်းများ၊ ပေါက်ပြားများ၊ ကျွဲနွားများ လည်းထားကြသည်။ များသောအားဖြင့် ချက်ပြုတ်ရေးအတွက် မီးဖိုကို အိမ်ကိုယ်ထည် (သို့) ဧည့်ခန်း၏ အလယ်တွင် ထားပြီး ဆောက်ကြသည်ကို တွေ့ရသည်။ တချို့သည် နေအိမ်ကို ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုချောင် စသည်ဖြင့် ခွဲထားကြသည်။
Pa-O People မှကူးယူပါသည်။
မင်္ဂလာပါခင်ဗျာ.... ဒီတစ်ပါတ်တင်ဆက်မည့် တိုင်းရင်းများဓလေ့ရိုးယာအစီအစဉ်မှာတင်ဆက်မှာကတော့ ပအိုဝ်းလူမျိုးတွေရဲ့ ရိုးယာဝတ်ဆုံအကြောင်းဖြစ်ပါတယ်။ ပအိုဝ်းရိုးယာ ၀တ်ဆုံအကြောင်းတင်ပြရင်း ဒီဝတ်ဆုံတွေအပေါ်မူတည်ပြီး ပအိုဝ်းတွေကို ပအိုဝ်းဖြူ၊ ပအိုဝ်းနက် ၊ ပအိုဝ်းနီဆိုပြီး ဘာဖြစ်လို့  အမျိုးမျိုးခွဲးခြားခေါ်ဝေါ်ကြတယ်ဆိုတာကို တင်ဆက်သွားမှာဖြစ်ပါတယ်...။
ကျနော်က အောင်ကျော်ပါခင်ဗျာ...။ ဒီတပါတ်မှာ ကျနော်နဲ့အတူ... (ခိုင်ခိုင်အသံ) ကျမ ခိုင်ခိုင်နဲ့ (ဦးတင်ဆွေအသံ)ကျနော်ဦးတင်ဆွေတို့က ပါဝင်တင်ပြသွားမှာပါ...။
အောင်ကျော်။ ။ ပထမဆုံးတော့ ရိုးယာဝတ်ဆုံတွေအကြောင်းနဲ့ ဘဲစလိုက်ကြရအောင်...။ ပအိုဝ်းအမျိုးသာ၊အမျိုးသမီးတွေ ဘယ်လိုဝတ်ဆင်တယ်ဆိုတာ တင်ပြပေးပါမယ်...။
ဦးတင်ဆွေ။ ။ ပအိုဝ်းတွေက အမိနဂါး၊ အဖ၀ိဇ္ဇာဆိုတဲ့ ယုံကြည်မှုတွေရှိကြတော့ အမျိုးသားတွေက ၀ိဇ္ဇာနဲ့ တူအောင်ဝတ်ပြီး အမျိုးသမီးလေးတွေကတော့ နဂါးမှလေးတွေနဲ့ တူအောင် ၀တ်တတ်ကြပါတယ်...။ အမျိုးသားတွေရဲ့ဝတ်ဆုံကို စပြောရမယ်ဆိုရင်တော့ ပအိုဝ်းအမျိုးသားတွေဟာ ဘောင်းဘီပွ အပေါ်အိင်္ကျီတိုက်ပုံ အိင်္ကျီကိုဝတ်ဆင်ကြပါတယ်...။ ဘောင်းဘီကတော့ ရှမ်းဘောင်းဘီလိုမျိုးပါဘဲ...။ အတွင်းအိင်္ကျီကတော့ အဖြူရောင်ရှပ်အိင်္ကျီကို အများဆုံးဝတ်ဆင်ကြပါတယ်...။ အခြားအရောင်တွေကိုလည်း တခါတရံ ၀တ်ဆင်ကြတာကိုလည်း တွေ့ ရပါတယ်။ ခါးပါတ်ပါတ်ပြီး ကွမ်းအစ်ထည့်ထားတဲ့လွယ်အိပ် ဒါမှမဟုတ် ပလိုင်းပြား လွယ်လေ့ရှိကြပါတယ်...။
အောင်ကျော်။ ။ ပအိုဝ်းတွေက ခေါင်းပေါင်းလည်း ပေါင်းလေ့ရှိပါတယ်...။ ဟိုးအရင်ကတော့ ဖဲခမောက်ပေါ့...။ အရှည်က ဆယ်တောင်ကနေ ဆယ့်နှစ်တောင်ခန့်ရှိတဲ့ ခေါင်းပေါင်းမျိုးပါ...။ အခုအခါမှာတော့ ခေါင်းပေါင်းအဖြစ်နဲ့ ဖူးဆောင်တွေကိုဘဲပေါင်းကြပါတော့တယ်...။ အနီအ၀ါ ကွက်ကြားအရောင်ခေါင်းပေါင်းတွေကို ပေါင်းပြီး ခေါင်းပေါင်းစကို အောက်ဆိုက်ပြီး ပေါင်းလေ့ရှိကြပါတယ်...။
ခိုင်ခိုင်။ ။ ပအိုဝ်းအမျိုးသမီးတွေကတော့ နဂါးပေါ့...။ နဂါးမလေးတွေနဲ့ တူအောင် ၀တ်တတ်ကြပါတယ်...။ အနက်ရောင်အပေါ်တင်တိုင်း အိင်္ကျီ၊ အိင်္ကျီလက်ရှည်အနက်၊ လက်မောင်းစွတ်အနက်၊ ထမိန်အနက်၊ ခြေသလုံးပါတ်အနက် စသဖြင့်ဝတ်ဆင်ကြတာပါ...။ ခြေသလုံးကနေ ခြေမျက်စိအထိ နှစ်ဖက်လုံးကို အ၀တ်အနက်နဲ့ ပါတ်ထားလေ့ရှိကြပါတယ်...။ အဲးဒီအပေါ်မှာမှ ထမိန်အနက်ကို ဒူးအောက်နားအထိ ၀တ်ဆင်တတ်ပါတယ်။ လုံချည်အပေါ်မှာ တင်တိုင်းကိုထပ်ပြီး အထပ်ထပ်ပေါ့...။ နဂါးအကြေးခွံနဲ့ တူအောင်လို့  ၀တ်တတ်ကြတာပါ..။ ဆံထုံကိုတော့ အ၀ိုင်းနဲ့ အချွန်နှစ်ခုကိုသုံးတတ်ပြီး အချွန်ကတော့ နဂါးမရဲ့ အမှောက်နဲ့ တူအောင်လို့  ဖြစ်ပြီး အ၀ိုင်းနဲ့ ကတော့ နဂါးမ မျက်စိနဲ့ တူအောင်လို့ ဖြစ်ပါတယ်...။
(သီချင်း)xxxx ပအိုဝ်းပိုမူ ဆဲင်ခွမ်လာ.... နီဖြေင်းဆဲင်ဖြေင်းဗွန်တောဝ်းပါ... ကွန်ကတရေယမ်ငါ... ခွမ်လာနောဝ်ဖြေင်းယာသမ်ဗွာ မဲ့ငါလွောင်းလွိုးလါက်... လွိုက်ဖက်မွေးစွဉ်ဒျာ.... တမဲုင်ထီးလဲ့တမဲုင်ထွားဒျာ... တဲးဝါးယမ်မွေးပအိုဝ်ပိုမူးဗွာ....xxxx
အောင်ကျော်။ ။ ပအိုဝ်းယိုးယာဝတ်ဆုံတွေအနေနဲ့ ကတော့ အနက်ရောင်ဝတ်ဆုံတွေကို အများဆုံးတွေ့ ရမှာပါ....။ ဒါပေမယ့် တခြားအရောင်ဝတ်ဆုံတွေလည်းရှိပါသေးတယ်...။ အဲးဒီဝတ်ဆုံတွေကွဲးပြားသွားတဲ့အပေါ်မူတည်ပြီး လူမျိုးလဲသုံးမျိုးကွဲးပြားသွားပါတယ်...။ ပအိုဝ်းလူမျိုးတွေမှာ ပအိုဝ်းဖြူ၊ ပအိုဝ်းနီ နဲ့  တောင်ကြီးပအိုဝ်းဆိုတဲ့ ပအိုဝ်းနက်ဆိုပြီး သုံးမျိုးကွဲးပြားသွားပါတယ်...။ လူမျိုးအများဆုံးကတော့ ၀တ်ဆုံအနက်ရောင်ကို ၀တ်ဆင်ကြတဲ့ ပအိုဝ်းနက်တွေဘဲဖြစ်ပါတယ်...။ ပအိုဝ်းနီတွေရဲ့အကြောင်းကိုတော့ အဲးဒီဒေသမှာသွားရောက်နေထိုင်ခဲ့ဖူးတဲ့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ခွန်ဥက္ကာက အခုလိုရှင်းပြထားပါတယ်....
ခွန်ဥက္ကာ။ ။ သံလွင်အရှေ့ ကမ်းမှာ ပအိုဝ်းနီလို့ ခေါ်တဲ့ ဒီ...အ၀တ်အစားနည်းနည်းအနီရောင်ရှိတဲ့အတွက် ပအိုဝ်းနီလို့ ခေါ်တာဖြစ်ပြီတော့... ဒီလိုပအိုဝ်းကျေးရွာကတော့ ဆယ်ရွာကျော်ကျော်လောက်ကျန်တယ်...။ လက်ရှိအဲးဒီရွာတွေကတော့ ကျတော်တို့  ခွေးအော်၊ နောက်ပြီးတော့ ကျနော်တို့  ပန်တ၀ီး၊ ပန်ပိ စသဖြင့် အဲးဒီရွာတွေကနေလာကြတာဖြစ်ပါတယ်...။ လူဦးရေကတော့သိပ်မများဘူး...။ သို့ သော်လည်းဘဲ သူတို့က ဒီအနီရောင် အ၀တ်အစားရှိတဲ့အတွက် ပအိုဝ်းနီဆိုပြီးတော့..... ဘာသာစကားကတော့သိပ်မကွာပါဘူး...တချို့ ပအိုဝ်းစကားထဲမှာကို ရှမ်းဘာသာစကာရောနှောသုံးတာလောက်ဘဲရှိပါတယ်....။ အဲးဒါကို တချို့ က ပအိုဝ်းနီလို့ ခေါ်ကြတာဖြစ်ပါတယ်...။
အောင်ကျော်။ ။ ပအိုဝ်းနီလို့ခေါ်ကြတာရှိသလို ပအိုဝ်းဖြူလို့ ခေါ်ကြတာလဲရှိပါတယ်...။ ဒီလိုအဖြူအနီကွဲးပြားခေါ်ဝေါကြတာကတော့ ကွန်မြူနစ်တို့ ၊ အမျိုးသားရေးတို့ စသဖြင့် နိုင်ငံရေးရပ်တည်ချက်နဲ့ မဆိုင်ပါဘူး...။ သူတို့ ရဲ့ဝတ်ဆားဆင်ယင်မှုအပေါ်မှာမူတည်ပြီး ခေါ်ဝေါ်ကြတာဖြစ်ပါတယ်...။ ခွန်ဥက္ကာကတော့ အခုလိုရှင်းပြထားပါတယ်.....။
ခွန်ဥက္ကာ။ ။ ဟုတ်ကဲ့... ဒီပအိုဝ်းဖြူလို့ ခေါ်တဲ့ဒီလူနေမှုကတော့ ဒီကျနော်တို့ ကရင်ပြည်နယ်အထဲမှာ နေထိုင်ကြတာကိုတွေ့ ရတယ်....။ ဒီပအိုဝ်းဖြူတွေက... အထူးသဖြင့်တော့ ၀တ်ဆုံအဖြူတွေဝတ်ဆင်ကြပြီးတော့... ဒီသူတို့ ရဲ့ဒီဝတ်ဆုံအဖြူတွေဝတ်တဲ့ ဟာကတော့ ဘာသာရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ နောက်ပြီးတော့ သတ်သတ်လွတ်စားပြီးတော့ သူတပါးအသက်ကို မသတ်တဲ့ ဒီသီလငါးပါးစောင့်ထိန်းရေးဆိုတဲ့  အခြေခံတွေအပေါ်မှာ ဖြူဆင်တဲ့သဘောကိုပြတဲ့အနေနဲ့  ၀တ်ဆင်ကြတဲ့အခါကျတော့ သူတို့ ကို ပအိုဝ်းဖြူလို့ ခေါ်ဝေါ်သတ်မှတ်တာလည်းဖြစ်နိုင်တယ်...။
(သီချင်း) ရက်ငါ သီနောဝ်ရာ မဲဉ်ခွဲးမဲဉ်မော့ မဲဉ်အုံဗွော့ငါ ဒေါ့ရီခွဲတော.လဲင်ပျော်…သွုန်းသလဲပြေနော်ဟွေး.. ရက်ထဲင်းဆား တသောင်မို့ လောင်း မို့ ကုတ် ကိုထန်ပတ္တမြာ ခံဟောဝ်နီးလာ ပလဲ. နီရက်ထွတောဝ်းသီ… ကွယ်တွော့ခွမ်လာပအိုဝ်းယို နီရက်ကယ်းထဲင်းသီ… ကွယ်တွော့ ခွမ်လာပအိုဝ်းယို…. နီ..ရက်..ကယ်..ထဲင်း..သီ……
အောင်ကျော်။ ။ ၀တ်ဆုံအရောင်တွေအပေါ်မူတည်ပြီး ပအိုဝ်းဖြူ၊ ပအိုဝ်းနီ၊ ပအိုဝ်းနက်လို့ ကွဲးပြားကြပေမယ့် ဓလေ့ထုံးစမ်နဲ့ ဘာသာစကားမှာတော့ တမျိုးနဲ့ တမျိုး ကွဲးပြားခြားနားခြင်းသိပ်မရှိလှဘူးလို့  ခွန်ဥက္ကာကပြောပါတယ်...။
ခွန်ဥက္ကာ။ ။ တကယ်တော့ ပအိုဝ်းမှာ ပအိုဝ်ဖြူ၊ ပအိုဝ်းနီ၊ ပအိုဝ်းနက်ဆိုတာကတော့ ၀တ်ဆားဆင်ယင်မှုပေါ်မှာ ဘဲသတ်မှတ်တာဖြစ်တဲ့အတွက် ဒီထက်ပိုပြီးတော့လေးနက်တဲ့ ကွဲးပြားခြားနားမှုမရှိပါဘူး...။ ဘာသာရေးယုံကြည့်ကိုယ်းကွယ်မှု ဗုဒ္ဓဘာသာစစ်စစ်တွေဖြစ်ကြပြီးတော့ ကျင့်သုံးတဲ့ဓလေ့ထုံးတမ်းတွေ၊ ဘာသာရေးပွဲးတွေ၊ သာရေးနာရေးတွေ အားလုံးတူတူဘဲဖြစ်ပါတယ်...။ ဘာသာစကားပြောဆိုတာကလည်း... လေယူလေသိမ်းနည်းနည်းပါးပါးကွာတာကလွဲးလို့  အခြေခံအားဖြင့်ဘာသာစကားသုံးနှုန်းတာအားလုံးတူပါတယ်...။
ခိုင်ခိုင်။ ။ ဒါပေမယ့် အခုခေတ်ကာလမှာတော့ အထူးသဖြင့်လူငယ်တွေကြားမှာ ရိုးယာဝတ်ဆုံ ၀တ်ဆင်တာတွေ လျော့နည်းလာတာနေပါတယ်။ ဘယ်လိုလူတွေ ဘာကြောင့် ရိုးယာဝတ်ဆုံတွေကို အ၀တ်နည်းလာရသလဲးဆိုတာကိုတော့ ပအိုဝ်းလူငယ်တစ်ယောက်ဖြစ်တဲ့ ခွန်ထွန်းလှက အခုလိုရှင်းပြထားပါတယ်...။
ထွန်းလှ။ ။ ကျေးလက်ဒေသတွေမှာ ကိုယ့်ရဲ့ရိုးယာဝတ်ဆုံတွေကိုထိန်းသိမ်းတဲ့အနေနဲ့ သော်၎င်း ပိုပြီးတော့ ၀တ်ဆင်တဲ့အနေအထားမှာ မြို့ ကလူတွေထက်ပိုများပါတယ်...။ ဘာကြောင့်လဲဆိုတော့သူတို့ က မြို့ နဲ့ အလှမ်းဝေးတယ်... ပြီးတော့မှ မြို့ ကယဉ်ကျေးမှုတွေဝင်လာနိုင်ဖို့ လည်းခဲးယဉ်းတယ်.. တောရွာမှာ ဗွီဒီယိုကြည့်ရဖို့ ၊ ရုပ်မြင်သံကြားကြည့်ရဖို့ကမလွယ်ဘူးလေ...။ အဲးဒါကြောင့်မြို့ ကနေ ဒီခေတ်ပေါ်တဲ့ မော်ဒန်ကဟာတွေဘာညာတွေကို သူတို့ ကသိပ်စိတ်မ၀င်စားဘူး...။ ဒီကိုယ့်ရဲ့ရိုးယာဝတ်ဆုံကို ဒါဘဲရှိလည်း ဒါဘဲဝတ်ဆင်နေကြတယ်ဆိုတော့ ကျေးရွာမှာ နေထိုင်တဲ့လူတွေက ရိုးယာဝတ်ဆုံတွေကို ထိန်းသိမ်းတဲ့နေရာမှာ မြို့ ကလူတွေထက် သာတယ်လို့ ကျနော်မြင်တယ်....။ မြို့ မှာရှိနေတဲ့လူတွေကျတော့ ဒီလူငယ်လူရွယ်တွေဆိုရင် အသစ်အဆန်းကြိုက်ကြတာချည်းဘဲ...။ ဆိုတော့ ပေါ်လာတဲ့ ဖက်ရှင်အတိုင်း လိုက်ဝတ်ကြတာဆိုတော့ ကိုယ့်ရဲ့ရိုးယာက အဲးဒီဖက်ရှင်အတိုင်းလိုက်လုပ်ဖို့ ကမဖြစ်နိုင်...။ ဆိုတော့ မြို့ မှာရှိတဲ့လူငယ်သော်၎င်း၊ လူကြီးသော်၎င်း မ၀တ်ဆင်ကြဘူးပေါ့ဗျာ....။
အောင်ကျော်။ ။ ဒါပေမဲ့ ရိုးယာပွဲးလမ်းသဘင်တွေမှာတော့ ပအိုဝ်းရိုးယာဝတ်ဆုံကို တွေ့ မြင်နေရဆဲဖြစ်သလို ကျေးလက်ဒေသတွေမှာလည်း ရိုးယာဝတ်ဆုံတွေကို ခုံခုံမင်မင် ၀တ်ဆင်နေကြဖြစ်တာတွေ့ ရပါတယ်......။
http://www.paopeople.info/ မှကူးယူဖေါ်ပြပါသည်။
      ပအိုဝ်းအမျိုးသား ဆင်းသက်လာပုံနှင့် အမျိုးသားနေ့ ပေါ်ပေါက်လာပုံ
     ဂါရဝသြ
     ယနေ့(၂၀၁၀)ခုနှစ်၊ဖေဖေါ်ဝါရီ(၂၇)ရက်စနေနေ့တွင်ကျရောက်သောတပေါင်းလပြည့်ပအိုဝ်းအမျိုးသား
နေ့ အခမ်းအနားကို ကြွရောက်လာကြသောတိုင်းရင်းသားညီအစ်မောင်နှမများနှင့်ဧည့်ပရိဿတ်အပေါင်းကို
လည်းကောင်းလိက်လှဲစွာကြိုဆိုအပ်ပါကြောင်းရှေးဉီးစွာပြောကြားလိုပါတယ်။
ပအိုဝ်းအမျိုးသားတို့မှာမိမိတို့လူမျိုးဆင်းသက်လာသောမိမိတို့ဘိုးဘွားမျိုးနွယ်ဆက်များ၏ကျေးဇူးတရား
ကိုပြန်လည်အောက်မေ့သတိရသည့်စိတ်ဓါတ်မှ ထူးခြားသည့်သမိုင်းအစဉ်အလာကို အကြောင်းပြုပြီးတပေါင်းလပြည့်နေ့ ရောက်တိုင်း“ပအိုဝ်းအမျိုးသားနေ့”ကိုရိုးရာမပျက်အစဉ်အဆက် ကျင်းပခဲ့တဲ့ သမိုင်းကြောင်းလေးကိုမိတ်ဆက်ပေးချင်ပါတယ် ။
၁။ လူမျိုးဆင်းသက်လာမှု ခေတ်ဉီးအစ
ပအိုဝ်းလူမျိုးတို့သည် မွန်ဂိုလွိုက်နွယ်မှ ဆင်းသက်လာသူများဖြစ်ပြီး သံလွင် မဲခေါင် ယံစီမြစ်များမှတဆင့်
ယနေ့မြန်မာ၊ ကမ်ပူချား၊ ဗီယက်နမ် နိုင်ငံများဖြစ်သော ဒေသများသို့ ပျံ့နှံ့နေထိုင်လာကြသည်။
သထုံဒေသသို့ ရောက်ရှိနေထိုင်သော အုပ်စုမှာ ဘီစီ(၂၅၀ဝ)မတိုင်မှီကတည်းက ယင်းဒေသသို့ အစောဆုံး
ရောက်ရှိနေထိုင်သူများဖြစ်ပြီး ဘီစီ(၆၈၀)ခန့်တွင် သုဝဏ္ဏဘုမ္မိ(သထုံ)မင်းနေပြည်တော်ကို တည်ထောင်
လာခဲ့ကြသည်။ မင်းဆက်(၁၅၈)ဆက်ရှိခဲ့သည့်အနက် နောက်ဆုံးမင်းဖြစ်သော မနူဟာမင်း မတိုင်မှီ မင်းသုံး
ဆက်မှစ၍ မွန်မိဖုရားမြှောက်ရာမှ မွန်သွေးနှောသော မင်းများဖြစ်လာကြသည်။
၂။ ရိုးရာ ဒဏ္ဍာရီ ယုံကြည်မှု
ရိုးရာည အိပ်ယာဝင် ဒဏ္ဍာရီပုံပြင်အဖြစ်၊ ပအိုဝ်းလူမျိုးများသည်၊ အဖဝိဇ္ဇာ၊ အမိနဂါးတို့မှ ဆင်းသက်ပေါက်
ဖွားလာသည်ဟု ယုံကြည်ကြသည်။ ရှေးနှစ်ပေါင်းများစွာက မွန်ဂိုးလီးယား ကုန်းမြေမြင့်အရပ်၌ ကြာဖြူ၊
ကြာနီ၊ ကြာညို ပန်းအလှတို့နှင့် တင့်တယ်သာယာလှပသော ရေကန်ကြီး တကန်ရှိ၍ နဂါးပြည်မှ
နဂါးမင်းသမီးတို့သည်၊ လူအသွင်ဖန်ဆင်းကာ ပျော်ရွှင်ကြည်နူးစွာဖြင့် လာရောက်ရေ ကစားလေ့ရှိကြသည်။
၎င်းတို့ထဲမှ အထွေးဆုံးဖြစ်သည့် နဂါးမင်းသမီးလေးသည် ၊ ဝိဇ္ဇာ ဇော်ဂျီ(ခေါ်)နတ်သားတပါးနှင့် တွေ့ဆုံချစ်
óကိက်မိကြပြီး ပေါင်းသင်း နေထိုင် နေခဲ့ကြသည်။ တနေ့၌ ဝိဇ္ဇာနတ်သားမှ ဆေးမြစ် ဆေးဉများ ရှာထွက်စဉ်
နဂါးမင်းသမီးလေးမှာ လွတ်လပ်စွာအိပ်မောကျရာမှ ဖန်ဆင်းထားသော လူ့အသွင်တို့ ပျောက်ပြီး၊
နဂါးအသွင်သို့ ပြန်လည်ရောက်ရှိသွားလေသည်။ ယင်းအချိန်၌ ပြန်ရောက်လာသောချစ်သူဝိဇ္ဇာနတ်သား
တွေ့ရှိသွားလေရာ အံ့သြတုန်လပ်မိလျှက် ရှောင်ခွာ ထွက်သွားတော့သည်။
ချစ်သူစွန့်၍ ဝမ်းနည်းကြေကွဲစွာ ခံစားရသော နဂါးမင်းသမီးလေးမှာ ချစ်သူနှင့်ရခဲ့သော ပËိသနြွေမှ
ဉသုံးလုံးကို ဉထားခဲ့ပြီး နဂါးပြည်သို့ ပြန်သွားတော့သည်။ ယင်း ဉသုံးလုံးမှနေ၍ ပထမဆုံး ဉ မှာ ပအိုဝ်းတို့
“ စောဝ်ဗွာ” ဟုခေါ်သည့် ကရင်လူမျိုးတို့ ပေါက် ဖွားလာပြီး၊ ဒုတိယ ဉ သည် “ပအိုဝ်း” လူမျိုးဖြစ်ကာ ၊
တတိယ ဉ မှ “စောဝ်တနျာ” ဟုခေါ်သည့် ကရင်နီလူမျိုးတို့ ပေါက်ဖွားလာကြသည်ဟုဆိုပါသည်။ ပအိုဝ်း၊
ကရင်နီနှင့် ကရင်လူမျိုးတို့ မျိုးနွယ်စုတခုတည်းမှ ဆင်းသက် လာသော ညီနောင်ရင်းခြာများဖြစ်သည်ကို
နောင်လာ နောက်သားများ သိရှိအောင့်မေ့လျှက် ချစ်ခင်ညီညွတ် ကြစေရန်၊ ရှေး ဖိုးဖိုး၊ ဖွားဖွား တို့၏
ချစ်ကြည်နူးဖွယ် ဒဏ္ဍာရီလေးပင် ဖြစ်ပါသည်။
၃။ သုဝဏ္ဏဘုမ္မိ နိုင်ငံတော်ကျဆုံးခြင်း
မနူဟာမင်းလက်ထက်တွင် ပိဋကတ်သုံးပုံအရေး ပုဂံပြည့်ရှင်အနော်ရထာမင်းစောမှ စစ်ထိုးလာရာ တိုင်းသူ
ပြည်သားများ စစ်ဘေးစစ်ဒဏ် မခံရလေအောင် မနူဟာမင်းအလျော့ပေးအညံ့ခံလိုက်သဖြင့် ပအိုဝ်းတို့၏
သုဝဏ္ဏဘုမ္မိနိုင်ငံတော် ပျက်စီးဆုံးရံးခဲ့ရလေသည်။ ယ္ခု ပုဂံ ညောင်ဉီးမြို့နယ် မြင်းကပါရွာရှိ မနူဟာစေတီကို
မနူဟာမင်းမှ “နောင်ဘဝတွင် သူတပါး၏ ကíန်ဘဝမှ လွတ်မြောက်ပြီး စည်းစိမ်ချမ်းသာရ ပါလိုကြောင်း”
အဓိဌာန်ပြုဆုတောင်း၍ တည်ထားခဲ့သည်ကို ယနေ့တိုင် ဖူးမြင်နိုင်ပါသည်။ စစ်ဘေးစစ်ဒဏ်ကြောင့်
လည်းကောင်း၊ တပါးကျွန်ဘဝဖြစ်မနေလို၍လည်းကောင်း၊ ဇာတိမြို့ရွာများမှ စွန့်ခွာလာသူများသည်
မော်ချီး၊ သံတောင်၊ တောင်ကြီး၊ ဟိုပုံး၊ လွှိုင်လင်၊ မိုင်းကိုင် ဒေသများသို့ရောက်ရှိလာပြီး သာသနာ
သက္ကရာဇ် ၁၆၀၆ ခုနှစ် ကောဇာ သက္ကရာဇ် (၄၂၄) ခုနှစ်တွင် မင်းမျိုးမင်းနွယ်ဖြစ်သော ခွန်မောင်နိုင်နှင့်
ခွန်သာတို့မှ ဉီးဆောင်၍ သထုံမြို့ ရွှေစာရံစေတီတော်အနီးမှ ရေကိုးထမ်း၊ မြေကိုးထမ်းကို ယူဆောင်လာပြီး
လောင်းချ ဌာပနာ ပြု၍ သထုံလေး (ခေါ်) ဆီဆိုင်မြို့ကို တည်ထောင်နေထိုင်လာခဲ့ ကြပါသည်။
ယင်းသို့ဖြင့် ပြန့်နှံ့နေထိုင်လာကြသော ပအိုဝ်းလူမျိုးတို့သည် ခေတ်အဆက်ဆက် တပါးသောလူမျိုးများ၏
ပဒေသရာဇ်စနစ် အုပ်ချုပ်မအောက်၌ နေလာကြရသဖြင့် ဘာသာ၊ စာပေ၊ ယဉ်ကျေးမ၊ စီးပွားရေး၊
ပညာရေးကျဆင်းလာပြီး ဇာတိဂုဏ် ထိမ်းသိမ်းမလျော့ရဲဆုတ်ယုတ်လာခဲ့ကြသည်။ ဘာသာတရား၏
အရိပ်အာဝါသကြောင့်သာ သမိုင်းနှင့်ယဉ်ကျေးမအချို့ ရှင်သန်ရပ်တည်နိုင်ခဲ့သည်ဟု ဆိုရပေမည်။
၎။ အမျိုးသားရေးစိတ်ဓာတ်နိးကြားလာခြင်း
ကိုလိုနီခေတ် နှောင်းပိုင်းသို့ရောက်သောအခါ တောင်ပေါ်ဒေသရှိ ပအိုဝ်းအမျိုးသားတို့သည် ပဒေသရာဇ်
စနစ်၏ ဖိနှိပ်မကို လက်နက်ကိုင် ပုန်ကန်ခြင်းဖြင့်လည်းကောင်း၊ သံဃာတော်များမှ ဉီးဆောင်၍ မြို့တိုင်း
ရွာတိုင်းတွင် “ငါးပါးသီလအဖွဲ့” များကိုဖွဲ့၍ ပဒေသရာဇ်တို့ ဖွင့်လှစ်သော လောင်းကစား၊ ဘိန်းခန်း၊
အရက်ဆိုင်များကိုသပိတ်မှောက်ဆန့်ကျင်ကြ၍ လည်းကောင်း၊ အမျိုးသားရေးလပ်ရှားမများ စတင်လာ
ကြပြီး ၁၉၄၇ ခုနှစ်တွင် ဆီဆိုင်စော်ဘွားကြီး ခွန်ကြည်မှကြီးမှူးဉီးဆောင်၍ ငါးပါးသီလအဖွဲ့မှ“ပအိုဝ်း
လွောင်းဗူး” ပအိုဝ်းအမျိုးသားညီညွတ်ရေးအဖွဲ့သို့ တက်လှမ်းဖွဲ့စည်းကာနိုင်ငံရေးလပ်ရှားမပြုခဲ့ကြပါသည်။
၅။ ပအိုဝ်းအမျိုးသားနေ့ပေါ်ပေါက်လာပုံ
သုဝဏ္ဏဘူမ္မိသထုံပြည်၏ ပအိုဝ်းမင်းဆက်များအနက်မှ သူရိယစန္ဒာမင်းသည် မင်းကျင့်တရား(၁၀)ပါးနှင့်အညီ
တိုင်းပြည်အား စီမံအုပ်ချုပ်ခဲ့ခြင်းကြောင့် ၊ တိုင်းပြည်အထူးသာယာဝပြောပြီး ၊ ပြည်သူပြည်သားတို့၏
ကြည်ညိုလေးစားမကို ရရှိခဲ့သည်။ ယင်းကာလ မဟာသက္ကရာဇ် (၁၁၁) ၊ (Bဃ ၅၉၈) ခုနှစ်၊ ဗုဒြွရှင်ကိုယ်
တော်(၈)ဝါမြောက်၌ ကိုယ်တော်တိုင် ºကွရောက်လာပြီး ချီးမြှင့်ပေးတော်မူခဲ့သော ဗုဒြွသာသနာတော်နှင့်
ဓါတ်တော်မွေတော်များဖြင့်၊ သူရိယစန္ဒာမင်း အမှူးပြု လျှက် ပအိုဝ်းအမျိုးသားတို့ တည်ထားခဲ့ကြသော
သထုံ “ရွှေစာရံ”စေတီတော်မြတ်ကြီး သည် ပအိုဝ်းအမျိုးသားတို့၏ ဖျောက်ဖျက်မရသော သမိုင်းမှတ်တိုင်
အမွေတရပ်အဖြင့် တည်ရှိနေခဲ့ပါသည်။ ယင်းဂုဏ်ကျေးဇူးကို အောင်မေ့ဂုဏ်ပြုလျှက် သုဝဏ္ဏဘုမ္မိပြည့်ရှင်
သူရိယစန္ဒာမင်း၏မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့ကို ပအိုဝ်းတမျိုးသားလုံး၏ နေ့ထူးနေ့မြတ် အဖြစ်
ဘာသာရေးအခမ်းအနားများ ကျင်းပခဲ့သည်မှာ ရာစုနှစ်များစွာကပင်ဖြစ်သည်။
သိုက်မြိုက်စွာ ကျင်းပလာခဲ့ကြပါသည်။ ယင်းသို့ကျင်းပရာတွင် ရာစုနှစ်များစွာကတည်းက ကျင်းပလာခဲ့
ကြသော မိဘဘိုးဘွားတို့၏ အစဉ်အလာကို တန်ဖိုးထားလေးစားခြင်းအားဖြင့် ကျင်းပသည့်အကြိမ်
အရေအတွက်ကို တည့်သွင်းသတ်မှတ်ခြင်းမပြုပဲ ကျင်းပကြပါသည်။
previous home
  • ပို့စ်အသစ်များ
  • မှတ်ချက်ရေးသားမှုများ
ADVERTISEMENT
မလေးရှားမြန်မာငွေဈေး ရင်းဂစ် ၁ = ၂၅၀ ကျပ်
နေ့စဉ် ကဏ္ဍများ
Total Pageviews
Sparkline
2011 PA-OH Kham. All rights reserved.
Designed by myanmarpress.net