• Home
  • မူလစာမျက်နှာ
  • ပအိုဝ်းသမိုင်း
    • ပအိုဝ်းလူမျိုးဆင်းလာပုံ
    • လူမျိုးနှင့်ဘာသာစကား
    • ပအိုဝ်းယဉ်ကျေးမှုနှင့်စာပေ
    • ပအိုဝ်းတို့၏စီးပွားရေး
    • ပအိုဝ်းတို့၏လူမှုရေး
    • ဘာသာရေးနှင့်ပွဲလမ်းသဘင်
    • ပအိုဝ်းတို့၏လှုပ်ရှားမှု
    • ပအိုဝ်းတိုင်းရင်းသား
You are here : Home »
Showing posts with label အထွေထွေ. Show all posts

ကျွန်တော်တို့်ရဲ့ နေ့စဉ်ဘ၀တွေမှာ အဆင်ပြေတဲ့ကိစ္စတွေ.ကောင်းတာတွေနဲ့ ကြုံရသလို အဆင်မပြေမှုတွေနဲ့လည်း ခဏခဏတွေ့ပြီး ရင်ဆိုင်ဖြေရှင်းနေကြရတာဟာ နေ့စဉ်နဲ့အမျှလိုပါဘဲနော်. ကောင်းတဲ့အရာတွေ. အကောင်းဆုံးတွေဖြစ်နေတဲ့ အချိန်မှာတော့ အားလုံးအဆင်ပြေတယ်. ကြည်နူးနှစ်သိမ့်ပီတိ ဖြစ်နေမိတော့တာပါပဲနော်. လုပ်ငန်းခွင်ထဲမှာ လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရတဲ့အခါမှာ စိတ်သဘောထား ကောင်းတဲ့သူ. ဆိုးတဲ့သူအမျိုးမျိုးပါပဲ.


...လူမျိုးပေါင်းစုံရဲ့ စိတ်နေသဘောထားသောင်းပြောင်း ထွေလာတွေကို ပုံစံပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံကြရပါတယ်.တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးမှု မရှိသေးတဲ့အချိန် အခိုက်အတန့်လေးမှာတော့ စိတ်သဘောထား ကွဲလွဲမှုတွေ ရှိကြပါတယ်. အနေကြာလာလို့ တစ်ဦးရဲ့စိတ်သဘောကို တစ်ဦးနားလည်လာတဲ့အချိန်. ခင်မင်ရင်းနှီးလာတဲ့ အချိန်ကျတော့လည်း တစ်ဦးကိုတစ်ဦး ခွင့်လွတ်သည်းခံနိုင်လာကြတယ်. ယိုင်းပင်းကူညီချင်တဲ့စိတ်တွေ ပေါ်လာကြရတယ်.

...လူတွေအားလုံးဟာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေရှိကြမယ်. မေတ္တာစိတ်တွေ ပြည့်ဝနေကြမယ်. မိသားစုစိတ်ဓါတ်တွေနဲ့ ကူညီယိုင်းပင်းကြဖို့. စေတနာ.မေတ္တာတရားတွေ ရင်ထဲမှာ ကိန်းအောင်းနေကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ကမ္ဘာလောကကြီးဟာ အရမ်းကို သာယာလှပပြီး ပျော်စရာအတိဖြစ်မှာပါ။ တွေးကြည့်တာနဲ့တင် စိတ်ချမ်းသာဖို့ကောင်းလှပါတယ်။ လူသားတွေအားလုံး ကမ္ဘာလောကကြီးတစ်ခုလုံးကိုလည်း ငြိမ်းချမ်းပျော်ရွှင်မှုတွေ ရရှိစေချင်မိပါတယ်။


… လူတိုင်းရဲ့သဏ္ဍာန်မှာ.လူတိုင်းရဲ့ နှလုံးအိမ်ထဲမှာ ကောင်းမြတ်တဲ့စိတ်စေတသိတ်တွေ. အသိအမြင်တွေ ရှိနေကြမယ်ဆိုရင် ကိုယ်ချင်းစာတရား. မေတ္တာတရားတွေဟာ အလိုလိုပေါ်လာမှာပါ. ဒီလိုကောင်းမြတ်တဲ့စိတ်တွေရရှိဖို့.
မှန်ကန်စွာ တွေးခေါ်မျှော်မြင်မှုနဲ့ အမှန်တရားတွေကို ချစ်မြတ်နိုးတတ်ဖို့. တန်ဖိုးထားတတ်ဖို့အတွက် ကျွန်တော်တို့ဟာ
အနှစ်သာရရှိတဲ့၊ တန်ဖိုးရှိတဲ့ စာပေတွေကို လေ့လာမှတ်သားကြရမှာပါ.

...ဘ၀အတွေ့အကြုံတွေ၊ ဘ၀သင်ခန်းစာတွေ အများကြီး ကိုယ်တိုင်တွေ့ကြုံ ခံစားခဲ့ရတဲ့  ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေရဲ့ ရင်ထဲကထွက်လာတဲ့ တန်ဖိုးရှိတဲ့စကားတွေ. အတွေးအခေါ်အယူအဆတွေ. အဆိုအမိန့်တွေကို ဖတ်ရတာဟာ အမှောင်ထဲမှာ  အလင်းရောင်ကို မြင်တွေ့ရသလို စိတ်ကို ပွင့်လင်းစေပါတယ်။ အရာအားလုံးကို သိမြင်နားလည်စေပါတယ်. ဒီလိုစိတ်ဓါတ်ကောင်းတွေ မွေးဖွားပေးတဲ့ အတွက်လည်း ကမ္ဘာကျော်တို့ရဲ့ တန်ဖိုးရှိသောစကားများဆိုပြီး တင်စားခဲ့တယ်လို့ထင်ပါတယ်။ ကျွန်မအတွက်တော့ အလုပ်ပင်ပန်းလာတဲ့အချိန်တွေမှာ….. အဆင်မပြေမှုတွေနဲ့တွေ့လို့ စိတ်ညစ်နေတဲ့အချိန်တွေမှာ….. ကမ္ဘာကျော်တို့ရဲ့ အတွေးအမြင် ဒဿနတွေကို ဖတ်လိုက်ရတဲ့အချိန်ခဏလေးဟာ… ပင်ပန်းမှုတွေ. စိတ်ညစ်နေမှုတွေကို သက်သာရာရစေခဲ့ပါတယ်. စိတ်ဓါတ်အင်အားတွေ ပြန်ပြီး ပြည့်ဝလာစေပါတယ်. အရှုံးတွေကို ရဲရဲရင်ဆိုင်နိုင်လာတယ်. ဖြစ်တတ်တဲ့ သဘောကို လက်ခံနိုင်လာတယ်.ကိုယ်ကိုယ့်ကို အားတင်းလာနိုင်ခဲ့ပါတယ်.

…ဒါကြောင့် ကမ္ဘာသစ်က သူငယ်ချင်းတို့ကိုလည်း တူညီသောအကျိုးကို ရရှိကြစေဖို့  သုတေသီ ဘုန်းမြင့်သွေးရဲ့ ကမ္ဘာကျော်တို့ရဲ့ တန်ဖိုးရှိသောစကားများ အပိုင်း ( ၂ )ကို မျှဝေပေးလိုက်ပါတယ်နော်…..

********************************


(၁)   သင်တို့သည် တဲများထဲ၌ အိပ်မနေကြနှင့်၊ ကမ္ဘာကြီးသည် ရှေ့သို့သွားနေတယ်၊ ကမ္ဘာကြီးနှင့်အတူ ရှေ့သို့ ချီတက်သွားကြပါ။        (မာဇင်နီ )

(၂)   လုံလ၀ီရိယရှိခြင်းက ကံကောင်းခြင်းရဲ့ မိခင်ဖြစ်တယ်။  ( ဆာဗန်တီ )

(၃)   တရားမျှတသောသူသာလျှင် စိတ်ငြိမ်းချမ်းခြင်းကို ရတယ်။ ( ဒီဆိုင်ရပ်အီးရပ်မတ် )

(၄)   ဥာဏ်ပညာရှိသူ၏ ဦးတည်ချက်မှာ ပျော်ရွှင်ကျေနပ်မှုကို ခိုင်မြဲအောင်လုပ်ရန်ထက် ထိခိုက်နစ်နာမှုကို ရှောင်ရှားရန် ဖြစ်တယ်။          ( အရစ်စတိုတယ် )

(၅)   မိမိကိုယ်မိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဦးဆုံးသော သော့ချက်ပဲ။  ( နီကီတာခရုရှက် )


(၆)   အကောင်းဆုံးသော သာယာချမ်းမြေ့မှုမှာ ကောင်းမွန်သည့်အလုပ်ကို လူမသိအောင်လုပ်ပြီး ထိုသို့လုပ်သည်ကို အမှတ်တမဲ့ သိသွားစေခြင်းပင်ဖြစ်တယ် ( ကစ်ပလင်း )

(၇)   လျှို့ဝှက်နက်နဲခြင်းက သင့်အား လှည့်ဖြားပေလိမ့်မယ်၊ ရိုးသားဖြောင့်မတ်တည်ကြည်ခြင်းက ဘယ်တော့မှ မလှည့်ဖြားပါ။      (အိုလီဗာခရွှန်းဝဲ )

(၈)   ဥာဏ်ပညာရှိကြောင်း အသေချာဆုံးဖော်ပြသည့်အချက်မှာ အမြဲစိတ်ကြည်လင် ချမ်းမြေ့နေခြင်းပင် ဖြစ်တယ်။

( မစ်ချယ်ဒီမွန်တေဂျင် )

(၉)   သန္နိဋ္ဌာန် ချရာ၌ နှေးပါ။ လုပ်ဆောင်ရန်၌ မြန်ပါ။  ( ဂျွန်ဒရိုင်းဒန် )

(၁၀)  ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးပဲ မိမိဘာသာမိမိ ရပ်တည်သောသူသာလျှင် အတော်ဆုံးလူဖြစ်တယ်။
 ( ဟင်းရစ်အစ်ဆန် )


(၁၁)  လူယုတ်မာများသည် ကြောက်ခြင်းတရားအား နာခံကြ၍ လူကောင်းသူကောင်းများမှာ မေတ္တာတရားကို နာခံကြတယ်။      (အရစ်စတိုတယ် )

(၁၂)  အမှန်တရားသည် ပြောသူအား ဘယ်တော့မှ ထိခိုက်နစ်နာစေခြင်းမရှိ။

         (ရောဘတ်ဘရောင်းနင်း )

(၁၃)   သင်သောကဖြစ်နေသောအရာအားလုံးကို ရေးချပြီးသောအခါ ခဲတံတစ်ချောင်းကိုယူ၍ အရေးမကြီးသော အရာများကို ဖျက်ပစ်ပါ။ ထိုအခါ တစ်ကယ်သောကဖြစ်စရာ အနည်းငယ်သာ ကျန်တော့တာ တွေ့ရပေမယ်။
      ( ဟားဗတ်အင်ကက်ဆင် )

(၁၄)  လူတစ်ယောက် ဘယ်လိုသေဆုံးသည်ဆိုသည်မှာ အရေးမကြီး၊ ဘယ်လိုနေထိုင်သည်သာ အရေးကြီးတယ်။ ( ဟိုးမား )

(၁၅)  ဆင်ဆင်ခြင်ခြင် နေထိုင်ခြင်းနှင့် အလုပ်လုပ်ခြင်းသည် လူသား၏ အကောင်းဆုံး ဆရာဝန်နှစ်ဦး ဖြစ်တယ်။                                 ( ဂျေ၊ဂျေ၊ ရူးဆိုး )


(၁၆)  အချိန်နဲ့ ကြိုးစားအားထုတ်မှုဟာ နေ့စဉ်အသိအမြင်သစ်ကို ပေးတယ်။      (သောမတ်ဟောဘ် )

(၁၇)  အမှန်တရား၌ သတ္တိရှိခြင်းဟာ တွေးခေါ်ခြင်းဆိုင်ရာ လေ့လာဆည်းပူးမှု၌ ဦးဆုံးလိုအပ်သော အရည်အသွေးဖြစ်တယ်။                  ( ဂေဟယ် )

(၁၈)  သည်းခံခြင်းသည် အကောင်းဆုံး ဘာသာတရားပင်ဖြစ်တယ်။ ( ဗစ်တာဟူဂို )

(၁၉)  ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနှင့် ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။

 ( အယ်လင်နွာရုစဗဲ့ )

(၂၀)  ပညာဖြင့် ဆုံးဖြတ်၍ သည်းခံခြင်းဖြင့် လုပ်ဆောင်ပါ။ ( ရစ်ချယ်လူ )

(၂၁)  ဤလောက၌ ပြင်းပြတဲ့စိတ်ဆန္ဒ မရှိဘဲနှင့် ထူးခြားပြောင်မြောက်တဲ့ အရာများကို လုံးဝမပြုလုပ်နိုင်ကြောင်း

ကျွန်ုပ်တို့ အခိုင်အမာ ပြောဆိုရပေမယ်။ ( ဂေဟယ် )

(၂၂)  မှတ်ဥာဏ်ကောင်းစေသောနည်းက အာရုံစိုက်ခြင်းပင်ဖြစ်တယ်။   ( ဟိုးမား )

(၂၃)  အရာရာကို မလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်၊
သို့သော်မလုပ်တတ်ပဲနှင့် လုပ်ခြင်း၊ သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလည်း ကောင်းလှတယ်။ ( ပလူးတက် )

(၂၄)  ကံဆိုးမှုများဟာ တစ်ခါတစ်ရံ၌ ထူးခြားသော အစွမ်းအစများ ဖြစ်ပေါ်စေတယ်။ ( အိုဗစ်တပ်နိုဆော့ )

(၂၅)  စကားပြောမှာ စကားကို တိုတိုနဲ့ လိုရင်းပြောခြင်းဟာ စကားပြောကောင်းခြင်းရဲ့ အဓိက ဆွဲဆောင်မှုတစ်ခုပင် ဖြစ်တယ်။ (စီဆာဂို )

(၂၆)  လုပ်ငန်းအောင်မြင်၍ ငွေကြေးချမ်းသာလိုရင် ပူပန်သောက ပွားတတ်တဲ့ အကျင့်ကို ဖျောက်ဖျက်ရပါမယ်၊
သောကဟာ စိတ်ဓါတ်နဲ့ အားမာန်ကို ထိခိုက်ပျက်ပြားစေနိုင်တယ်။ ( ဟားဗတ်အင်ကတ်ဆင် )

 (၂၇)  ကျွန်ုပ်ငယ်စဉ်ကတည်းက ဖြစ်ပေါ်လာပြီး ဖော်ပြ၍ မရအောင် မြတ်နိုးခုံမင်သော စာဖတ်ခြင်းကို အိန္ဒိယပြည်မှ ရတနာများနှင့် မလဲလှယ်နိုင်။ ( အက်ဒွတ်ဂစ်ဘွန်း )

(၂၈)  ခွင့်လွတ်ခြင်းဟာ အောင်ပွဲများအနက် အမြင့်မြတ်ဆုံးသော အောင်ပွဲဖြစ်သည်။

( ဖရက်ဒရစ်ရှီလာ )

(၂၉)  အလင်းရှိလျှင် အရိပ်ရှိမည်။ ထို့အတူ ဘ၀ရှိလျှင် အမှားရှိရမည်မှာ အမှန်ပင်။ ( အာဒီ )

(၃၀) ပူပန်ခြင်းသည် ကြောက်ရွံ့ခြင်းတစ်မျိုးဖြစ်သည်။ ကြောက်ရွံ့ခြင်းဟူသမျှသည် ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသည်ချည်းပင်၊ ကြောက်ရွံ့ခြင်းစိတ်ကို ပယ်ဖျောက်နိုင်သောသူအဖို့ နေ့စဉ်ဘ၀၌ ကြုံတွေ့နေရသော ပင်ပန်းနွမ်းနယ်မှု အများအပြား ပပျောက်သွားပေလိမ့်မည်။ (ဘာထရန်ရပ်ဆဲလ် )

(၃၁)  လောကတွင် မိမိလုပ်လိုသော အလုပ်ကို အကောင်အထည်မဖော်လိုက်ရပဲ သေသွားသူလောက် စရာ ကောင်းသူမရှိပေ။ လူသည် ဒုက္ခကိုနိုင်နင်းသော စိတ်ထားရှိမှသာ အောင်မြင်မှုကို ရနိုင်ပေသည်။ ( အမည်မသိစာဆို )


(၃၂)  ကျွန်ုပ်တို့သည် ဘာမဆိုလုပ်နိုင်ကြသည်။ ကျွန်ုပ်တို့သည် အောင်မြင်မှုကို လိုလားပါက ထိုစိတ်အတိုင်း အားကြိုး မာန်တက်လုပ်လိုက်ပါ။ ကျိန်းသေအောင်မြင်ရမည် မလွဲတည်း။                      ( ဆင်မြူရယ်ခန်း )

(၃၃)  မည်မျှပင် ပညာတွေတတ်တတ်၊ ပစ္စည်းတွေရှိရှိ အတွင်းစိတ်ဓါတ်မကြံ့ခိုင်လျှင် ကျဆုံးမည်ဖြစ်၏။ ပစ္စည်းမဲ့၍
ဥစ္စာနွမ်းပါးသူဖြစ်စေဦး၊ စိတ်ဓါတ်ကြံ့ခိုင် ဇွဲလုံလ၀ီရိယ ရှိလျှင် အောင်မြင်မည် အမှန်၊ အောင်မြင်ရေးလျှို့ဝှက်ချက်ဟူသည်
လွယ်ကူရိုးထုံးစံမရှိ၊ ရရှိသောအခွင့်အရေးနှင့် အချိန်ကာလကို အရအမိယူနိုင်ခြင်းသာ အဓိကဖြစ်၏။ ( xxx )

(၃၄)  ရယ်မောပျော်ရွှင်၍ စိတ်ကြည်လင်နေလျှင် သင့်ကိုယ်တွင်းမှ ရောဂါများ ပျောက်ကင်းသွားပေလိုက်မည်။ လူသည်ဝမ်းသာခြင်းနှင့် ၀မ်းနည်းခြင်းကို တပြိုက်တည်း ထိတွေ့မခံစားနိုင်၊ တစ်ခုပြီးမှ တစ်ခုခံစား၍ရသည်။ ဤသည်မှာ စိတ်တို့၏ ထူးထွေ ဆန်းပြားသောသဘောဖြစ်သည်။ ( xxx )

(၃၅)  လူတစ်ယောက်သည် မိမိ၏ ဘ၀ခရီးလမ်းကို ဖြောင့်ဖြူးလိုစိတ် မရှိဘဲနှင့် တိုးတက်နိုင်မည် မဟုတ်ပေ။ မည်မျှပင် တစ်ပါးသူက ကူညီပါစေ အချည်းနှီးသာဖြစ်ပေလိမ့်မည်။ ( xxx )


(၃၆)  တည်ငြိမ်၍ အနှောက်အယှက်ကင်းမဲ့ခြင်းသည် ကြီးမားမြင့်မြတ်သော စိတ်၏သဘာဝဖြစ်၏။
( ဂရိတ်ပညာရှိဆီနဲကား )

(၃၇)  နေ၏အရောင်ကို အပေါက်ငယ်ကလေးများမှ  မြင်ရသည့်နည်းတူ လူတစ်ယောက်၏ စိတ်နေစိတ်ထားနှင့် သဘောသက္ကာယတို့ကို သူနှင့် ပတ်သက်သည့် အသေးအဖွဲ ကိစ္စကလေးများမှ ထင်ရှားစွာ သိမြင်နိုင်ပေသည်။
           ( ကြီးပွားရေးကျမ်းပြုဆရာကြီးဆင်မြူရယ်စမိုင်း )

(၃၈)  သူတစ်ပါး၏ အပြစ်ကို သည်းခံပါ။ တစ်ပါးသူ၏ အမှားကို မိမိအမှားကဲ့သို့ သဘောထားပါ။ သည်းခံမှုနှင့် နားလည်မှုကို လက်ကိုင်ပြု၍ ဘ၀တာသည် ရန်ညိုးဖွဲ့ရန် အလွန်တိုတောင်းလှ၏။ ထို့ထက် သဘောထား သေးသိမ်ခြင်းနှင့် ဂရုဏာကင်းမဲ့ခြင်းသည် သာ၍ တိုတောင်းသည်။  ( ဖီးလစ်ဘရက်စ် )

(၃၉)  လူသုံးမျိုးသာရှိသည်။ ထိုလူသုံးမျိုးမှာ တိုးတက်နေသောသူ၊ ရပ်တန့်နေသောသူ၊ ဆုတ်ယုတ်နေသောသူ ဟူ၍ ဖြစ်သည်။               ( လာဗာတာ )

(၄၀)  လူယဉ်ကျေး ပီသသည်၊ မပီသသည်ကို သိလိုလျှင် လူသည် သူ့အတွက် အသုံးမ၀င်သည့် နိမ့်ကျသူများအား ရိုသေပါ၏လားဟု စိစစ်ပါ။ ( ဖလ်လစ် )


(၄၁)  လူသည် ကောင်းလွန်းလျှင် ဘေးဖြစ်သည်။ ( ဘားနဒ်ရှော )

(၄၂)  ဘ၀သည် တိုတောင်း၏။ အတတ်ပညာသည် ရှည်လျား၏။ ( လက်တင်စကားပုံ )

(၄၃)  သေရမှာ ကြောက်သည်ထက် ခံစားရသောအခါ၌ ပိုပြီးသတ္တိရှိရန်လိုသည်။ ( နပိုလီယံ )

(၄၄)  မေတ္တာသည် သစ္စာ၏ ရေသောက်မြစ်ဖြစ်၍ သစ္စာသည် မေတ္တာ၏ အပွင့်အဖူးဖြစ်လေသည်။ မေတ္တာတည်းဟူသော ရေသောက်မြစ်ခိုင်မြဲမှသာလျှင် သစ္စာတည်းဟူသော အပွင့်အဖူးသည် ငွားငွားစွင့်စွင့် ပွင့်လန်းနိုင်ပေသည်။
သို့သော် မေတ္တာတည်းဟူသော ရေသောက်မြစ်သည် သစ္စာတည်းဟူသော အပွင့်အဖူးမရှိက မတင့်တယ်ပေ။

( အာရပ်စကားပုံ )

(၄၅)  ဆုံးရှုံးပြီးမှ တန်ဖိုးသိရသော အရာနှစ်ခု၇ှိသည်။ ၄င်းတို့မှာ ငယ်ရွယ်နုပျိုခြင်းနှင့် ကျန်းမာခြင်းပင်ဖြစ်သည်။
 ( အာရပ်စကားပုံ )

(၄၆)  ရိုးသားမှုသည် အကောင်းဆုံးသော ကျင့်သုံးမှုဖြစ်၏။ ( အင်္ဂလိပ်စကားပုံ )


(၄၇)  ကာလကြာရှည်စွာ နေရုံဖြင့် အိုလာသည်ဟု မဆိုအပ်။ မိမိခံယူချက်များကို စွန့်ပစ်သူများကိုသာ အိုစာတတ်သည်။ အချိန်က ပါးရေကိုပဲ တွန့်စေသည်။ စိတ်ဝင်စားမှုကို ပယ်လိုက်လျှင်ကား စိတ်ဓါတ်ပါ ရှုံတွသွားတော့သည်။
( မက်အာသာ )

(၄၈)  သဘာဝတရား၊ အချိန်အခါနှင့် သည်းခံခြင်းတို့သည် ကြီးမြတ်သော သမားတော်ကြီး သုံးပါးပင်ဖြစ်သည်။
( အိပ်ဂျီဘုန် )

(၄၉)  အနုပညာဟူသည် သိပ္ပံပညာထက် အဆင့်အတန်းမြင့်၏။ သိပ္ပံပညာက ရှာဖွေသည်။ အနုပညာက ဖန်တီးသည်။ ( ဂျွန်အိုပီး )

(၅၀)  သစ္စာတရားဆိုသည်မှာ အတွေ့အကြုံနှင့် စမ်းသပ်မှုကို ခံနိုင်သောအရာဖြစ်၏။ ( xxx )


(၅၁)  အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိနေမည်သာပင်။ ( အာရပ်စကားပုံ )

(၅၂)  သတ္တိ ဗျတ္တိရှိသော ရန်သူကို မကြောက်ပါနှင့်၊ မာယာ ဥာဏ်များသော၊ လှည့်ပတ်လိမ်ကောက်သော မိတ်ဆွေကို ကြောက်ပါ။     
( အဂ္ဂါး )

(၅၃)  အများကောင်းကျိုးကို သင်ကြည့်တတ်လျှင် အများကလည်း သင့်ကောင်းကျိုးကို ပြန်လည်ကြည့်တတ်မည်ကား မလွဲပါ။      
( အဂ္ဂါး )

သူငယ်ချင်းများအားလုံး စိတ်ခွန်အားတွေ ရရှိနိုင်ကြပါစေ…

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်းက ဂျာနယ်စာမျက်နှာတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ (FDA) တို့ ပူးပေါင်းပြီး အကြော် လုပ်ငန်းတွေ အကြော်မျိုးစုံ ကြော်တဲ့ နေရာမှာ ရေသန့်ဘူးတွေ ဆီထဲ ထည့်ကြော် မကြော် လိုက်စစ်ပြီး ကြော်တာ စစ်ဆေးတွေ့ရှိရင် စည်ပင်သာယာ ဥပဒေနဲ့ရော FDA ဥပဒေနဲ့ပါ နှစ်မျိုး အရေးယူ သွားမယ် လို့ ဖတ်လိုက်ရလို့ ၀မ်းသာမိပါတယ်။ ရေသန့်ဘူးတွေဟာ ဓာတုနည်းနဲ့ ပြုလုပ်ထားတဲ့ ပေါ်လီမာ ပလတ်စတစ် တွေဖြစ်လို့ ဒါတွေကို အပူချိန်မြင့်မားတဲ့ ဆီပူပူထဲမှာ ထည့်ကြော် မယ်ဆိုရင် ပလတ်စတစ် တွေထဲက Bisphenol-A (BPA) အပါအ၀င် အဆိပ်ဒြပ် ပေါင်းများစွာ ထွက်လာပြီး အကြော်တွေထဲ စိမ့်ဝင်သွားပါတယ်။

ဒါတွေကို နေ့စဉ်နဲ့အမျှ စားမယ်ဆိုရင် လူသားတွေရဲ့ အာရုံကြောစနစ် နဲ့ မျိုးပွားစွမ်းရည်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ဆီးအိမ်ကင်ဆာ အပါအ၀င် ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီလို အန္တရာယ် ရှိတဲ့ ရေသန့်ဘူးတွေ အကြော်စုံတွေထဲကို ဘာလို့ ထည့်ကြော် ကြရတာလဲ ဆိုတော့ အဲလိုရေသန့်ဘူး ထည့်ကြော်ထားတဲ့ အကြော်ဟာ အထူးကြွပ်မွနေပြီး အဲလို ကြွပ်ရွ စားကောင်းမှုကလဲ အရမ်းကို တာရှည်ခံတယ်လို့ အကြော်လုပ်ငန်းအကူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။

အဲဒီလို လုပ်ရပ်တွေကို အကြော်ဖိုတွေနဲ့ နှစ်ပြန်ကြော် လုပ်ငန်းအချို့က လုပ်ကိုင် နေတယ်လို့ အတည် မပြုနိုင်သေးတဲ့ သတင်းတွေအရ ကြားသိနေရတာ ကြာပါပြီ။ ဒါကြောင့် ဒီလို ၀ိသမလောဘနဲ့ စီးပွားရှာတဲ့ လုပ်ရပ်ကို လိုက်လံစစ်ဆေးပြီး အပြစ်ပေး တားဆီးနိုင်ဖို့ လိုအပ်လှသလို ပြည်သူ့ ကျန်းမာရေးကို ဦးစားပေး စောင့်ရှောက်တဲ့ အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ဥပဒေတွေ ကျွန်တော်တို့ နိုင်ငံမှာ အခိုင်အမာ ရှိလာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ရေသန့်ဘူး ကိစ္စအတွက် ၀မ်းသာရပေမယ့် ကျွန်တော် နောက်ထပ် ဘ၀င်မကျဖြစ်နေလို့ တင်ပြချင်တဲ့ အချက်က အချိုမှုန့် ပါပဲ။ ကျွန်တော် သိသလောက် ကတော့ ယနေ့ကမ္ဘာပေါ်မှာ အချိုမှုန့်ကို နိုင်ငံနဲ့အ၀ှမ်း တွင်တွင်ကျယ်ကျယ် စားသုံးနေတဲ့ နိုင်ငံဆိုလို့ ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း ရှိမလားပဲ။ သေချာတာကတော့ အချိုမှုန့်ထုတ်ပြီး ကျွန်တော်တို့နိုင်ငံကို တင်သွင်းနေတဲ့ နိုင်ငံတွေကတော့ အချိုမှုန့် လုံးဝမစားကြဘူးဆိုတဲ့ အချက်ပါပဲ။

ဒီလို ဘေးအန္တရာယ် ရှိတယ်လို့ နိုင်ငံတော်က ကြေငြာထားပေမယ့် အချိုမှုန့် အရသာကို ပြည်သူတွေ စွဲနေလို့ ဆက်သုံးနေကြတာ မဖြစ်သင့် တော့ပါဘူး၊ ဖြတ်သင့်ပါပြီ။

အဆိုးဆုံးကတော့ သူ့အရသာနဲ့သူ ဆိမ့်မွှေးကြွပ်ရွနေတဲ့ မြန်မာ့ရိုးရာ နှစ်ပြန်ကြော်များ ထဲမှာ အချိုမှုန့်တွေ အတုံးလိုက် အခဲလိုက် ထည့်နေတဲ့ ကိစ္စပါပဲ။ ပြည်သူတွေဘက်က တောင်းဆိုတာလည်း မဟုတ်ဘဲနဲ့၊ အဲဒီလောက်လဲ ထည့်စရာ မလိုဘဲနဲ့ကို ကိုယ့်အကြော်စုံ အရောင်းသွက်ရေး အတွက် ပြည်သူတွေ အချိုမှုန့်အန္တရာယ် များများတွေ့ပစေ ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ (တချို့ဆို အချိုမှုန့်နဲ့ မဆိုင်တဲ့ လက်ဖက်ရည်၊ ပူတင်း၊ ရွှေကြည် စတဲ့ စားစရာတွေမှာပါ ထည့်နေကြတာ အသိဥာဏ် မဲ့ရာ ရောက်ပါတယ်)

အချိုမှုန့် ဆိုတာ ဘာလဲ။

  • ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Mono-Sodium Glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစား အသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေး လိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား

  • ပုံမှန်သုံးသင့်တဲ့ ဟင်းခတ် အမွှေး အကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစား အသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

  • (၁)ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့် အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူ ပြုပါတယ်။
  • (၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွား ဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့ အဖော် အပေါင်းတွေပါ ပါလာပါလိမ့်မယ်။
  • (၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစ ကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။
  • (၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက် ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။
  • (၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့် ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာ တစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။(ဒါဟာ အချိုမှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့ အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)
  • (၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ် စားတော်ဆက် ရောဂါစု ဖြစ်စေ နိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်း ထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ် နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။
  • (၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင် ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။
  • (၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူ ထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride၊ အချိုမှုန့်က Mono-Sodium Glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်း ဆိုဒီယမ် မြင့်တက်မှု အရမ်းများ လာစေကာ သွေးတိုး ရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ် လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူး ရှောင်ကြဉ် သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

  • (၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။
  • (၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည် ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။
  • (၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။
  • (၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစား အသောက် တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက် ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။
  • (၅) ရိုးရာ ဟင်းခတ် အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

           မူရင်း။ ။
          Apytz
တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို
ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက
တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ
လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက
“ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက
ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ
လိုတယ်။

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က
“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ”
လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင်
တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း
ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ
လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို
တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ
ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။
ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။
ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက
သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ
မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက
ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊
လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊
ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ
လိုတယ်။

(fwd : မေးလ်မှ)
ကလေးသူငယ်များ ဖွံ့ဖြိုးရေး
previous home
  • ပို့စ်အသစ်များ
  • မှတ်ချက်ရေးသားမှုများ
ADVERTISEMENT
မလေးရှားမြန်မာငွေဈေး ရင်းဂစ် ၁ = ၂၅၀ ကျပ်

နေ့စဉ် ကဏ္ဍများ

Total Pageviews

Sparkline
2011 PA-OH Kham. All rights reserved.
Designed by myanmarpress.net