• Home
  • မူလစာမျက်နှာ
  • ပအိုဝ်းသမိုင်း
    • ပအိုဝ်းလူမျိုးဆင်းလာပုံ
    • လူမျိုးနှင့်ဘာသာစကား
    • ပအိုဝ်းယဉ်ကျေးမှုနှင့်စာပေ
    • ပအိုဝ်းတို့၏စီးပွားရေး
    • ပအိုဝ်းတို့၏လူမှုရေး
    • ဘာသာရေးနှင့်ပွဲလမ်းသဘင်
    • ပအိုဝ်းတို့၏လှုပ်ရှားမှု
    • ပအိုဝ်းတိုင်းရင်းသား
You are here : Home »
Showing posts with label feature. Show all posts
ပအိုဝ်းလူငယ်များစုစည်းပြီးတော့ ပအိုဝ်းဘာသာဖြင့် စုပေါင်းရေးသားပြီး လစဉ်ထုတ်ဝေလျက်ရှိတဲ့ “အာ;ရုဏ်;တသာလိတ်စောင်;” ခေါ် ၊ အာရုဏ်သစ်စာစောင်ဟာ ယခုအကြိမ် (သြဂုတ်လ အတွက်) ဆိုရင် အမှတ်စဉ် (၅) သို့ ရောက်ရှိပြီပါတယ်။

ယင်း သြဂုတ်လ (၀ါခေါင်လ) ထုတ်၊ အာရုဏ်သစ်စာစောင် အမှတ်စဉ် (၅) အား၊ ပြည်တွင်း ပြည်ပနှင့် ကမ္ဘာ့အရပ်ရပ်တွင် ရောက်ရှိနေထိုင်သည့် ပအိုဝ်းလူမျိုး ပအိုဝ်းစာပေ စာဖတ်ဝါသနာရှင်များဖြစ်သည့် ပအိုဝ်းကျောင်းသား ကျောင်းသူများ၊ ပြည်ပရောက်ပအိုဝ်းအလုပ်သမားများ၊ ပအိုဝ်းတောင်သူလယ်သမားများ၊ ပအိုဝ်းရဟန်းသင်္ဃာတော်များ၊ ပအိုဝ်းလူငယ် လူရွယ်များ၊ အမျိုးသားရေးနှင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်သူများ၊ အရောင်းအ၀ယ်ကုန်သယ်သမားများနှင့် အခြားသော အလွှာပေါင်းစုံ ပအိုဝ်းပြည်သူလူထုများ လေ့လာဖတ်ရှုနိုင်ရန် အတွက် ဖြန့်ဝေလိုက်ပါတယ်။

"အာ;ရုဏ်;တသာလိတ်စောင်;" အမှတ်စဉ် ၅ အား၊ လေ့လာဖတ်ရှုရန် Click လုပ်ပါ။

ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည
ဣဿရီ တဲ့။ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး
တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ
အလှစိုက်ထားလေ့ရှိတယ်။အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင်
အနဲငယ်သမ်းနေတယ်။အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲအနည်းငယ်ရှိန်းသလိုလိုဖြစ်ပြီး

ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည
ဣဿရီ တဲ့။ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး
တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ
အလှစိုက်ထားလေ့ရှိတယ်။အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင်
အနဲငယ်သမ်းနေတယ်။အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲအနည်းငယ်ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့်
သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦးဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။
စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေတစ်ယောက်က ဣဿရမူလီ ကို
သုံးကြည့်ခိုင်းတယ်။သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက်ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ
အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကိုဆေးစစ်သွားတော့ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ဘာဆေးတွေ သုံးကြောင်း မေးလာတော့သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု
သူကျန်းကျန်းမာမာပါပဲ။

*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။
(၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။
(၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊
ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက်
တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ်
ကုသိုလ်ယူကြပါရန် . . . . *


မှတ်ချက်။ ။fwd mail မှ
အင်္ဂါဂြိုဟ်၏ ဆင်ခြေလျှောများတွင် တွေ့ရသော ဂြိုဟ်မျက်နှာပြင်ပုံ
နာဆာ (NASA-National Aeronautics and Space Administration) မှ အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိနိုင်ကြောင်း လက္ခဏာများ တွေ့ရှိရာ၊ သက်ရှိများလည်း ရှိနိုင်သည်ဟု ယူဆစရာဖြစ်လာသည်။
နာဆာ (NASA) ၏ အင်္ဂါဂြိုဟ်အား စူးစမ်းရှာဖွေသော အစီအစဉ်ဖြစ်သော (Mars Exploration Program) သည် အနီရောင်ဂြိုဟ် (Red Planet) ဟုလည်း ခေါ်သော အင်္ဂါဂြိုဟ် (Mars) ပေါ်တွင် သက်ရှိ အမျိုးအစားများ ရှိနိုင်မည်လားဟု အဖြေပေးနိုင်ရန် ပို၍ နီးစပ်လာပြီး ဖြစ်သည်။
ထို့ကြောင့် အင်္ဂါဂြိုဟ်သည် အနာဂတ်တွင် လူတို့၏ အာကာသ စူးစမ်းမှု ခရီးများ၏ ပန်းတိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည်ဟု နာဆာ၏ စီမံခန့်ခွဲရေး အရာရှိ ချားလ်စ် ဘိုလ်ဒဲန် (NASA Administrator Charles Bolden) ကပြောသည်။
အင်္ဂါဂြိုဟ်အား ပတ်၍ ထောက်လှမ်းသော (Mars Reconnaissance Orbiter)အား “တိုက်တန် ၅” ဒုံးပျံဖြင့် ၂၀၀၅ သြဂုတ် ၁၂ ရက်နေ့တွင် လွှတ်တင်စဉ်။
အင်္ဂါဂြိုဟ်၏ ပူနွေးသောလများတွင် ဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် ရေစီးဆင်းမှုရှိနိုင်ကြောင်းအား အင်္ဂါဂြိုဟ်ကို ပတ်၍ ထောက်လှမ်းသော (Mars Reconnaissance Orbiter) က မကြာမီတွင် တွေ့ရှိခဲ့သည်။ ဂြိုဟ်၏ နွေဦးနှောင်းပိုင်းမှ နွေရာသီတစ်လျှောက်တွင် ဆင်ခြေလျှော မျက်နှာပြင်များတွင် လူ၏လက်ချောင်း ကလေးများ ပုံသဏ္ဌာန်တွေ့ရပြီး ဆောင်းတွင်းတွင် ၎င်းသဏ္ဌာန်များ ပြတ်ပြတ်သားသား မရှိဘဲ နွေဦးတွင် ပြန်၍ပေါ်လာသည်။
ပန်းချီဆရာ၏ ပုံဖော်ထားသော အင်္ဂါဂြိုဟ်ပတ်ယာဉ်
၎င်းပုံသဏ္ဌာန်များ ပေါ်လာပုံ၏ အကြောင်းရင်းမှာ ဆားငံရည်စီးဆင်းမှု ရှိသောကြောင့်ဟု အများဆုံး ထင်ရသည်ဟု အဲဖရက် မက်အီဝဲန် (Alfred McEwen) ကပြောသည်။ မက်အီဝဲန် (McEwen) မှာ အမေရိကန်ပြည်ထောင်စု အာရီဇိုးနား (Arizona) ပြည်နယ် တူးစန် (Tucson) မြို့ရှိ အာရီဇိုးနာ တက္ကသိုလ် (University of Arizona) မှ ဖြစ်သည်။ သူသည် အင်္ဂါဂြိုဟ်အား စူးစမ်းသော (Mars Reconnaissance Orbiter) ၏ ပုံရိပ်နှင့်ပတ်သက်သော စမ်းသပ်ချက် (High Resolution Imaging Science) တွင် ပါဝင် လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်။
ဆားငံရေ စီးဆင်းမှုရှိသည်ဆိုသော ယူဆချက်မှာ တိကျမှု မရှိသေးသော်လည်း အခြားထင်မြင်ယူဆချက် များနှင့် နှိုင်းယှဉ်လျှင် အဖြစ်နိုင်ဆုံးဖြစ်သည်။ ဆားငံရေ မဟုတ်ပါဘဲ ရေချိုဆိုပါက စီးဆင်းမှုမရှိဘဲ ရေခဲနေမည် ဖြစ်သည်။ ဆားငံရေသည် ရေချိုထက်ပို၍ ခဲမှတ်နိမ့်မည်။
Ref : Internet
previous home
  • ပို့စ်အသစ်များ
  • မှတ်ချက်ရေးသားမှုများ
ADVERTISEMENT
မလေးရှားမြန်မာငွေဈေး ရင်းဂစ် ၁ = ၂၅၀ ကျပ်

နေ့စဉ် ကဏ္ဍများ

Total Pageviews

Sparkline
2011 PA-OH Kham. All rights reserved.
Designed by myanmarpress.net