• Home
  • မူလစာမျက်နှာ
  • ပအိုဝ်းသမိုင်း
    • ပအိုဝ်းလူမျိုးဆင်းလာပုံ
    • လူမျိုးနှင့်ဘာသာစကား
    • ပအိုဝ်းယဉ်ကျေးမှုနှင့်စာပေ
    • ပအိုဝ်းတို့၏စီးပွားရေး
    • ပအိုဝ်းတို့၏လူမှုရေး
    • ဘာသာရေးနှင့်ပွဲလမ်းသဘင်
    • ပအိုဝ်းတို့၏လှုပ်ရှားမှု
    • ပအိုဝ်းတိုင်းရင်းသား
You are here : Home »
Showing posts with label health. Show all posts
ဒီနေ့ ဆေးနည်းတစ်ခုကို ပြောပြချင်တယ် ။နာမည်က ရွှေစင်ရုပ်အားတိုးဆေးပါ။ဆေးနည်းက
လွယ်ကုပြီး အလွန်အကျိုးများတဲ့ ဆေးဖြစ်နေပါတယ်။၁။ထောပတ် ၁၀ သားကိုကျက်အောင်ချက်ပါ။
ကျက်လျှင် ကြက်သွန်နီ ၁၀ သား၊ရှားစောင်းလက်ပတ် ၁၀ သားတို့ ကိုအညက်ထောင်း၍ ထည့်ပါ။ ထိုအထဲသို့ ပျားရည်၊ထန်းလျက်တို့ ကို ၁၀ ကျပ်သားစီးထည့်ပါ။ဆေးကို မတူးမချစ်စေရန် ကြွက်မြီးတန်း
သည်အထိ ကျိုချက်ပါ။
နံနက်၊ည တစ်နေ့ ကို ၂ ကြိမ်၊ဟင်းစားဇွန်းကြိး ၁ ဇွန်းစားပါ။ဇရာကို ကာကွယ်၍ အသက်ကို ရှည်စေပါသည်။ကိုယ်ခံအားစနစ်ကို ကောင်းစွာပင်တိုးတက်ကောင်းမွန်စေနိုင်ပါသည်။ သွေးလေမမှန်သော ရောဂါ
၊သွေးထဲတွင်အငုပ်အခိုးများကိန်းဝင်အပြစ်ပြုသောရောဂါ၊သည်းခြေဒေါသနှင့် လေဒေါသတို့ ယှဉ်တွဲအပြစ်ပြု
သည့်ရောဂါများအတွက် သက်သာပျောက်ကင်းစေနိုင်ပါသည်။

ခုခံအားကျရောဂါနှင့်ရိုးရာဆေးပညာ စာအုပ်မှ
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည
ဣဿရီ တဲ့။ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး
တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ
အလှစိုက်ထားလေ့ရှိတယ်။အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင်
အနဲငယ်သမ်းနေတယ်။အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲအနည်းငယ်ရှိန်းသလိုလိုဖြစ်ပြီး

ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည
ဣဿရီ တဲ့။ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး
တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ
အလှစိုက်ထားလေ့ရှိတယ်။အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင်
အနဲငယ်သမ်းနေတယ်။အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲအနည်းငယ်ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့်
သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦးဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။
စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေတစ်ယောက်က ဣဿရမူလီ ကို
သုံးကြည့်ခိုင်းတယ်။သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက်ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ
အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကိုဆေးစစ်သွားတော့ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ဘာဆေးတွေ သုံးကြောင်း မေးလာတော့သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု
သူကျန်းကျန်းမာမာပါပဲ။

*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။
(၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။
(၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊
ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက်
တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ်
ကုသိုလ်ယူကြပါရန် . . . . *


မှတ်ချက်။ ။fwd mail မှ
Liver
အသည်းဟာ လူ့ခန္ဓာကိုယ်မှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ဇီဝဖြစ်စဉ် တော်တော်များများမှာ သူပါဝင်ပါတယ်။ အညစ်အကြေးတွေ စွန့်ပစ်ခြင်းနဲ့ အဆိပ်အတောက်တွေကို ဓာတ်ပြယ်အောင်လည်း သူကပဲ လုပ်ပေးပါတယ်။ အစာခြေဖို့အတွက် အစာခြေရည်တွေကိုလည်း သူကပဲ ထုတ်ပေးတယ်။ ကိုယ်စားလိုက်တဲ့ ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေကို လိုရင်သုံး မလိုရင် သိုလှောင်ဖို့အတွက်လည်း အသည်းကပဲ အဓိက လုပ်ဆောင်ပေးတာပါ။ ဒါ့ကြောင့် တသက်လုံး သုံးရမယ့် အသည်းကို မလိုအပ်ဘဲ အလွန်အကျွံ မခိုင်းမိစေဖို့ အရေးကြီးပါတယ်။ နောက်ပြီး လူတွေက နှလုံးရောဂါ၊ သွေးတိုးရောဂါတွေနဲ့ ဆီးချိုရောဂါတွေ အကြောင်းက သိသင့်သလောက် သိလာတော့ ရှောင်တာဆောင်တာတွေ လုပ်လာကြတယ်။ သွေးတိုးတို့ ဆီးချိုတို့ ကြောက်စရာကောင်းသလို အသည်းကလည်း မမေ့သင့်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အသည်းကျန်းမာရေးကို ကောင်းအောင် မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။
နံပါတ်(၁)။ ။အစားအသောက်စားတဲ့အခါမှာ ကိုယ့်ခန္ဓာကို ကိုယ်နားထောင်ပါ။ ဗိုက်မဆာလျှင်မစားပါနှင့်။ ဆာတယ်မဆာဘူးဆိုတာက ကိုယ့်ရဲ့ စိတ်နဲ့လည်း ဆိုင်သေးတယ်။ ဒါ့ကြောင့် တကယ်မလိုအပ်လျှင် ငါမစားဘူးဟု စိတ်ကို တင်းထားရမည်။ ဥပမာ။ နေ့လည် ၁၂ နာရီလောက်က နေ့လည်စာ စားထားလျှင် ညနေ ၄ နာရီလောက်အထိတော့ နေနိုင်မည်ဖြစ်သည်။ အဲဒါကို ၂ နာရီလောက်မှာ မိတ်ကောင်းလို့ အပြင်မှာ တစ်ခုခုစားလိုက်တာမျိုးဖြစ်သည်။ ဒါမှ မဟုတ် အသုတ်သည်ကိုတွေ့လို့ ၀ယ်စားတာမျိုးဖြစ်သည်။ လိုတာထက် ပိုစားတော့ ဘာဖြစ်ပါသလဲ။ အသည်းက ကိုယ်စားလိုက်တဲ့အစာထဲမှာ ပါဝင်တဲ့ အစာအာဟာရတွေကို စီမံခန့်ခွဲနေရတယ်။ ကိုယ်က အများကြီးစားရင် အသည်းမှာ တာဝန်ပိလာတယ်။ ကြာလာတော့ metabolism လို့ခေါ်တဲ့ ဇီဝဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်လာတယ်။ စားလိုက်တဲ့ ကစီဓာတ် တွေကို သွေးထဲမှာ မများလာအောင် pancreas အကူအညီနဲ့ အင်ဆူလင် ဟော်မုန်းတွေကို အများကြီးထွက်စေတယ်။ ကြလာတော့ pancreas က ပင်ပန်းပြီး အင်ဆူလင်မထုတ်နိုင်တော့ဘူး။ အဲဒီမှာ အမျိုးအစား- ၂ ဆီးချိုက ၀င်လာပါရော။ စားလိုက်တဲ့ အဆီတွေကို ကောင်းကောင်းမခြေဖျက်နိုင်တော့ဘဲ အသည်းမှာ အဆီတွေ စုလာမယ်။ တခြားနေရာတွေမှာ အဆီတွေ စုလာမယ်။ အသည်းမှာ အဆီစုတာကို fatty liver လို့ခေါ်ပါတယ်။ အသည်းရောင်ခြင်း မရှိဘဲနဲ့ အသည်းခြောက်တဲ့ အဆင့်ကို ကူးသွားနိုင်တဲ့အတွက် ကြောက်စရာ ကောင်းလှပါတယ်။ ဒါ့ကြောင့် အစားအသောက်ကို လိုအပ်သလောက်သာ စားသုံးဖို့လိုပါတယ်။ စားတဲ့အခါမှာလည်း ကောင်းမွန်စာ ချက်ပြုပ်ထားတဲ့ ဟင်းလျာတွေကို စားသုံးဖို့ လိုပါတယ်။

Liver
နံပါတ်(၂)။ ။ရေကို နေ့စဉ် လုံလောက်စွာ သောက်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့တာမှာ သောက်ရည် ၂ လီတာ ခွဲစာလောက် သောက်ရပါမယ်။ အဲဒီလောက်မှာ မသောက်ရင် ကျောက်ကပ်ဟာ အညစ်အကြေးများ စွန့်ပစ်ဖို့ အလုပ်ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျောက်ကပ်က မနိုင်ရင် အသည်းက ကူပေးရတဲ့အတွက် မလိုအပ်ဘဲ အလုပ်ရှုပ်တာပေါ့။ ဒါ့ကြောင့် တနေ့တာကာလမှာ ရေကို နည်းနည်း နဲ့ ခဏခဏသောက်ပေးခြင်းအားဖြင့် အသည်းအတွက်ကောင်းသလို ကျောက်ကပ်ကိုပါ ဆေးပြီးသား ဖြစ်သွားမှာပါ။ ဗမာတွေက ဆီးခဏခဏသွားရင် မကြိုက်ကြဘူး။ ဆီးသွားတာနဲ့ ကျောက်ကပ်ကစစ်ထုတ်တာနဲ့ က တိုက်ရိုက်တော့လည်း မဆိုင်ပါဘူး။ ရေများများသောက်ပြီး ခဏခဏ မသွားချင်ရင် အောင့်ထားတတ်အောင် ကျင့်ထားခြင်းက အသုံးဝင်မှာ ဖြစ်ပါတယ်။
နံပါတ်(၃)။ ။တတိယမြောက်အချက်ကတော့ အရမ်းချိုတဲ့ အစားအသောက်တွေကို မစားဖို့ပါပဲ။ သဘာဝအတိုင်းချိုတဲ့ အသီးအနှံတွေကိုတော့ စားလို့ရပါတယ်။ မစားသင့်တာကတော့ junk food လို့ခေါ်တဲ့ အသင့်စားအချိုစာတွေ၊ သကြားလုံးတွေ၊ အရမ်းချိုတဲ့ ပေါင်မုန့် ကိတ်မုန့်တွေ ဖြစ်ပါတယ်။ သူတို့ဆီမှာ ပါဝင်တဲ့ သကြားတွေဟာ သွေးထဲကို ရောက်သွားတာနဲ့ သွေးထဲက သကြား level ကို အရမ်းမြှင့်တင်လိုက်တယ်။ ဒီအခါမှာ အသည်းဟာ အင်ဆူလင် ဟော်မုန်းရဲ့ အကူအညီနဲ့ သွေးထဲက ပိုလျှံနေတဲ့ သကြားတွေကို လျော့နည်းသွားအောင် လုပ်ရပါတယ်။ ခဏခဏ လုပ်နေရရင် အသည်းဟာ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ဆီချိုရောဂါ အ၀လွန်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကိုယ်က အချိုဓာတ်ကို ကြိုက်သူဆိုရင် အကောင်းဆုံးနည်းလမ်းက သဘာဝအသီးအနှံ၊ ပျားရည် အစရှိတဲ့ green product တွေကိုသာ စားသုံးသင့်ပါတယ်။
နံပါတ်(၄)။ ။စတုထ္တအချက်ကတော့ အစာလမ်းကြောင်းကို ကျန်းမာအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ စားလိုက်သမျှကို အူတွေထဲမှာ ခြေဖျက်ပြီးရင် အသည်းဆီ အရင်ဆုံးရောက်တာပါ။ ကိုယ်စားတဲ့အစာတွေက မသန့်ရှင်းတဲ့ အစာတွေ ဖြစ်နေရင် ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ၊ သန်ကောင်ဥတွေ ပါလာတတ်ပါတယ်။ အူတွေထဲမှာ ရှိတဲ့ ခုခံတဲ့ စနစ်တွေက ဒီကောင်တွေကို နှိမ်နင်းနိုင်တယ်ဆိုပေမယ့် အရည်အတွက်နဲ့လည်း ဆိုင်ပါသေးတယ်။ ကာလ၀မ်းရောဂါပိုးဟာ အကောင်အရေအတွက် နည်းနည်း စားမိရင် လူကို ဘာမှ ဒုက္ခမပေးနိုင်ပေမယ့် လုံလောက်တဲ့ အရေအတွက်ကို စားမိရင် ကာလ၀မ်းရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ အသည်းကို အဓိက ဒုက္ခပေးနိုင်တာက သန်ကောင်ဥတွေပါပဲ။ အချို့သော သန်ကောင်တွေက အူထဲမှာ အကောင်ပေါက်ပြီးရင် အသည်းထဲ အထိရောက်အောင် သွားပါတယ်။ မြန်မာပြည်မှာ သန်ကောင်ပိတ်လို့ သည်းခြေပြွန်လမ်းကြောင်းရောင်ရမ်းပြီး ဆေးရုံရောက်တဲ့ လူနာအရေအတွက်လည်း မနည်းလှပါဘူး။ ရောဂါဖြစ်တဲ့သူတွေကို ရောဂါရာဇ၀င်မေးကြည့်ရင် ဆင်းရဲနွမ်းပါးသူတွေ အဖြစ်များပြီး လမ်းဘေးစာတွေ အသုတ်တွေ ၀က်သားဒုတ်ထိုးတွေ ပုံမှန်စားသူတွေ ဖြစ်ကြပါတယ်။ ကိုယ်က လုံလောက်တဲ့ ၀င်ငွေမရှိလို့ အဆင်ပြေသလိုစားရတာကို အပြစ်မပြောလိုပေမယ့် လမ်းဘေးမှာ ဖုန်တောထဲမှာ ရောင်းတဲ့ အစာတွေ ကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေကိုတော့ တားမြစ်ချင်ပါတယ်။ အစားအသောက်ကို သန့်ရှင်းလတ်ဆတ်တာကို စားပါ။ မှိုတက်နေသော အစားအသောက်များသည်လည်း လူကို ဒုက္ခပေးနိုင်ပါတယ်။ မှိုရှိမရှိကို အရောင်ပြောင်းလဲခြင်းနှင့် အနံ့တို့ အပေါ် မူတည်၍ ခွဲခြားနိုင်ပါတယ်။ မှိုသည် အသည်းခြောက်စေနိုင်သည်။ အသည်းကင်ဆာဖြစ်စေနိုင်သည်။
နံပါတ်(၅)။ ။အသည်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းနဲ့ တွဲဖက်ပြီး အလုပ်လုပ်ရတဲ့အတွက် အူလမ်းကြောင်းမကောင်းရင် သူလည်း ဖောက်တတ်ပါတယ်။ အထူးသဖြင့် ၀မ်းချုပ်တဲ့ အခါတွေမှာ အူတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားလာတတ်တယ်။ သာမန်လူတွေမှာတော့ သိပ်ပြီး မသိသာလှပေမယ့် အစကတည်းက အသည်းကောင်းစွာ အလုပ်မလုပ်သူတွေ၊ အသည်းခြောက်ရောဂါရှိသူတွေအတွက် အသက်အန္တာရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ထို့ကြောင် မူလက အသည်းမကောင်းရင် ၀မ်းမချုပ်အောင် သတိထားဖို့လိုပါတယ်။
နံပါတ်(၆)။ ။သဘာဝအရောင်မဟုတ်တဲ့ ဆိုးဆေးပါတဲ့ အစားအသောက်တွေ၊ ကြာရှည်ခံအောင် ထည့်တဲ့ ယမ်းစိမ်းတွေဟာ အသည်းရဲ့ ရန်သူတွေ ဖြစ်ပါတယ်။ အလွယ်ဆုံး မှတ်တဲ့ နည်းလမ်းကတော့ အဲဒါတွေ ပါတဲ့ အစာများများစားလေလေ အသည်းက မြန်မြန်ပျက်စီးလေ ဆိုတာပါပဲ။ အသည်းမကောင်းရင် အသက်တိုပါလိမ့်မယ်။ ဒါ့ကြောင့် အသက်ကို ဥာဏ်စောင့်သည့် သဘောရှိသောကြောင့် ရှောင်ကြရှားကြပါ။
နံပါတ်(၇)။ ။နောက်ဆုံးအချက်ကတော့ လူအများသိကြသည့် အရက်နှင့် ဆေးလိပ်ပင် ဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်လို့ကတော့ ထပ်မံမပြောလိုတော့ပါဘူး။ အရက်ထဲမှာတောင်မှ အရက်အတု၊ အရက်အပြင်းသောက်သူက ပိုထိတယ်။ အကောင်းစားအရက် သောက်တဲ့သူက သိပ်ပြီး မထိဘူး။ သောက်ပုံသောက်နည်းမှာလည်း ခွေးသောက်သောက်သူက သူဌေးသောက်သောက်သူထက် ပိုထိတယ်။ အမြည်းမပါဘဲ သောက်သူက အမြည်းစားပြီး သောက်သူထက် ပိုဆိုးပါတယ်။
2011/3/30
ကျွန်မ ကလေးမွေးထားတာ မကြာသေးပါဘူး။ ကိုယ်ဝန်ဆောင်စဉ် သွေးစစ်ကြည့်မှ စီပိုး ရှိနေတာ တွေ့ရပါတယ်။
အကာကွယ်သုံးပစ္စည်း မသုံးပဲ ခင်ပွန်းသည်နဲ့ ဆက်ဆံလျှင် ခင်ပွန်းသည်ပါ ကူးစက်နိုင်ပါသလား။

April 4, 2011 9:03 PM
မိန်းခလေးတစ်ယောက်က စီးပိုးဖြစ်နေရင် ဘာလုပ်ရမလဲ၊ ဘာဆေးသောက်ရမလဲ၊ ဘာတွေရှောင်ရမလဲ၊ ဘယ်လို ကုရမလဲဆရာ အဲဒါကို သိချင်ပါတယ်။

အသဲရောင် (စီ) ဆိုတာ ရက်တိုနဲ့ နာတာရှည် ၂ မျိုး ဖြစ်နိုင်တယ်။ ၇၅ ကနေ ၈၅% နာတာရှည် ဖြစ်နိုင်တယ်။

Hepatitis C က သွေးကတဆင့် အဓိက ကူးတယ်လို့ ကနေ့အထိ သိထားတယ်။
1. သွေးလှူတာ၊
2. ဆေးထိုးအပ်၊
3. ပိုးရှိနေသူ မိခင်ကနေမွေးတဲ့ကလေး၊
4. သွေးထွက်စေမဲ့ နည်းတမျိုးမျိုး သုံးတာတွေကနေ ကူးစက်တာက အများဆုံး ကူးစက်နည်းတွေ ဖြစ်တယ်။

(၁) မုတ်ဆိတ်ရိတ်ဒါး၊ (၂) သွားပွတ်တံ၊ (၃) လိင်ဆက်ဆံတယ်ဆိုတာက နည်းနည်းပါးပါး ကူးစက်နည်းတွေ ဖြစ်တယ်။

လိင်ဆက်ဆံရာကနေ မကူးစက်ပါဘူးလို့ မပြောနိုင်ပါ။ ဖြစ်နိုင်ခြေက မများပါ။ ပိုတိကျဘို့ သုတေသနတွေ လုပ်နေဆဲ ဖြစ်ပါတယ်။
(၁) လိင်ဆက်ဆံဘက် များသူတွေ၊
(၂) ဆက်ဆံဘက်မှာ တခြား လိင်ကတဆင့်ကူးစက်ရောဂါ တခုခုရှိနေရင်၊
(၃) လိင်ဆက်ဆံတာ ကြမ်းတမ်းရင်၊ ပိုပြီး ကူးစက်ဘို့ အခွင့်အလမ်း ပိုမယ်။

• (တက်တူး) ထိုးတာ၊ အလှအပအတွက် ကွင်းတပ်ဆင်တာ၊ နားကပ်ဝတ်တာတွေကနေ ကူးစက်တယ်ဆိုတာ အများ လေးစားလောက်တဲ့ သုတေသနကြီးတွေကတော့ ဖြစ်တယ်လို့ မတွေ့ရသေးပါ။ ဒါပေမဲ့ ပိုးသန့်စင်မှု အားနည်းရင် ဘယ်လုပ်လုပ် စီ ပိုး အပါအဝင် ကူးစက်ရောဂါမှန်သမျှ ကူးစက်စေနိုင်ပါတယ်။
• တအိမ်ထဲ အတူနေသူတွေ ကူးစက်နိုင်ပါတယ်။ အဖြစ်များတာ မတွေ့ရသေးပါ။ ကူးမယ် ဆိုတာလဲ သွေးကနေ ဝင်လို့သာ ဖြစ်ပါမယ်။
• ပန်းကန်၊ ဇွန်း၊ ဖန်ခွက်၊ အိုး-ခွက် အတူသုံးလို့ မကူးပါ။ ရင်ချင်းအပ်-ပါးချင်းကပ်-လက်ဆွဲနုတ်ဆက်တာတွေကနေ မကူးပါ။ အသာအယာ နုတ်ခပ်ချင်းစုပ်တာနဲ့လဲ မကူးပါ။ ရေအတူသောက်လဲ မကူးပါ။
• မူးယစ်ဆေး သုံးစွဲသူတွေ၊ သွေးနဲ့ သွေးထဲက ပစ္စည်း သွင်းနေရသူတွေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူတာ လက်ခံရသူတွေ၊ Hemodialysis ကျောက်ကပ်ဆေးနေရသူတွေ၊ ဆေးရုံး-ဆေးခန်းမှာ အလုပ်လုပ်နေရသူတွေ၊ HIV ပိုးရှိနေသူတွေ၊ Hepatitis C နေတဲ့ မိခင်ရဲ့ကလေးတွေမှာ ကူးနိုင်တဲ့အခွင့်အလမ်းတွေ ပွင့်နေတယ်။
• မိခင်လောင်းမှာ စီပိုးရှိနေရင် ကလေး ၁ဝဝ မွေးရင် ၄ ယောက်မှာ ကူးစက်တယ်။ မိခင်မှာ HIV ပါ တွဲရှိနေရင် ပိုများတယ်။
• ခြင်နဲ့ အင်းဆက်ပိုးတွေကနေ ကူးစက်တာ မတွေ့သေးပါ။
• စီ ပိုးရှိနေသူဟာ Blood သွေးမလှူရပါ၊ Organs အင်္ဂါအစိတ်အပိုင်း မလှူရပါ၊ Semen သုတ်ပိုး မလှူရပါ။
• သွေးစစ်လို့ စီပိုး တွေ့ပေမဲ့ ၇ဝ-၈ဝ% မှာ ဘာမှ မခံစားရသလိုရှိနေမယ်။
• ခံစားရသူတွေမှာလဲ ဆိုးတာမပါဘူး။ ကိုယ်ပူ၊ အားယုတ်၊ အစားပျက်၊ ပျို့ချင်၊ အန်ချင်၊ ဗိုက်နာ၊ ဆီးအရောင်ရင့်၊ ဝမ်းအရောင်ပျော့၊ အဆစ်နာ၊ ဆီး-အသားအရေ-မျက်လုံး ဝါ၊
• ရက်တို ရောဂါလက္ခဏာတွေဟာ ကူးစက်ပိုး ဝင်လာခဲ့တဲ့နောက် ၆-၇ ပါတ်အကြာမှာ ဖြစ်တယ်။ တချို့မှာ ၂ ပါတ်ကနေ ၆ လ လဲ ကြာနိုင်တယ်။
• သူတို့အထဲက ၇၅-၈၅% က နာတာရှည် ဖြစ်လာရင်လဲ ရောဂါလက္ခဏာတွေဟာ ရှိသူတွေမှာသာ ရှိမယ်။ သူ့အသဲက ပျက်စီးစပြုလာမယ်။ နှစ်တွေ ကြာမှလဲ ဖြစ်နိုင်တယ်။
• နာတာရှည် Chronic Hepatitis C ဆိုတာ ဆိုးဝါးတဲ့ရောဂါတခု ဖြစ်တယ်။
o Liver damage အသဲပျက်စီးတာ၊
o Cirrhosis liver အသဲခြောက်တာ၊
o Liver failure အသဲက နိုင်အောင် အလုပ်မလုပ်နိုင်တာ၊
o Liver cancer အသဲကင်ဆာတွေ ဖြစ်နိုင်တယ်။
o ၆ဝ-၇ဝ% ကနေ နာတာရှည် ဖြစ်လာနိုင်တယ်။
o ၅-၂ဝ% ဟာ အနှစ် ၂ဝ-၃ဝ အတွင်း Cirrhosis အသဲခြောက်တာ ဖြစ်လာနိုင်တယ်။
o ၁-၅% ဟာ Cirrhosis အသဲခြောက်တာ ဒါမှမဟုတ် Liver cancer အသဲကင်ဆာကြောင့် သေဆုံးနိုင်တယ်။
• Hepatitis C ပိုးရှိနေသူဟာ Liver enzyme (ALT) အသဲ (အင်ဇိုင်းမ်) စစ်ရင် နည်းတာ၊ များတာ၊ ပုံမှန် ဖြစ်တာတွေ ဖြစ်နိုင်ကြတယ်။ နာတာရှည်အဆင့် ရောက်နေတာတောင် ပုံမှန် ဖြစ်နေနိုင်တယ်။ ဒီလိုဖြစ်နေသူဟာ နောက် ၆ လ ၁ နှစ်အကြာ တခါထပ်စစ်ရမယ်။
• ဆေးစစ်ဘို့ လိုသူတွေကတော့ -
o မူးယစ်ဆေးထိုးနည်းသုံးနေသူတွေ၊
o အရင်က သွေးခဲစနစ်ရောဂါကို ကူသခံဘူးသူတွေ၊
o အရင်က သွေးသွင်း ကုသဘူးသူတွေ၊
o အရင်က ကျောက်ကပ် ဆေးနေရသူတွေ၊
o အရင်က အသဲရောဂါ ရှိဘူးသူတွေ၊ အသဲဆေးစစ်တာ ပုံမှန်မဟုတ်သူတွေ၊
o ဆေးခန်း-ဆေးရုံ တာဝန်ထမ်းနေသူတွေ၊
o HIV ရှိနေသူတွေ ဖြစ်တယ်။
• ကိုယ်ဝန်ဆောင်နေသူတိုင်းတော့ မလိုပါ။
• ရက်တိုသမားတွေအတွက် ဆေးကုဘို့ မရှိသေးပါ။ ဆေးစစ်တာ၊ အစာကောင်းကောင်းစားတာ၊ ရေ-အရည် ပိုသောက်သုံးတာသာ လိုမယ်။
• နာတာရှည် ဖြစ်လာသူတွေကတော့ အသဲကို အမြဲစောင့်ကြည့်နေရမယ်။ ကုသရမယ်။ Interferon နဲ့ Ribavirin ဆေး ၂ မျိုးသုံးနေတယ်။ လူတိုင်းလိုတာတော့ မဟုတ်ပါ။ ဘေးထွက်-ဆိုးကျိုးတွေ များတယ်။
• ကံကောင်းသူ ၁၅-၂၅% ဟာ ဆေးကုစရာမလိုဘဲ ပိုးကို ကိုယ်ထဲက ရှင်းသွားတာတွေ့ရတယ်။ နာတာရှည်လဲ ဖြစ်မလာဘူး။
• နာတာရှည်ဖြစ်နေသူ အထူးကုဆရာဝန်နဲ့ အမြဲဆက်စပ်နေရမယ်။ အရက် လုံးဝဖြတ်ရမယ်။ တခြားရောဂါဖြစ်ရင် ထိုးမဲ့ သောက်မဲ့ ဆေးတွေ ရွေးရမယ်။
• Hepatitis A and Hepatitis B ကာကွယ်ဆေးတွေ ထိုးသင့်တယ်။ စီ အတွက် ကာကွယ်ဆေး မပေါ်သေးပါ။
• ပိုးတွေ့သူတွေကို ဝိုင်းပယ်ထားဘို့ ကူးစက်ရောဂါ ထိန်းသိမ်းရေးဌာနက တားမထားပါ။
• HIV နဲ့ Hepatitis C virus တွေ တွဲရှိတတ်တယ်။ မူးယစ်ဆေးထိုးသူတွေမှာ ပိုဖြစ်တာတွေ့ရတယ်။ HIV ရှိနေသူတွေထဲက ၅ဝ-၉ဝ% မှာ Hepatitis C virus လဲရှိနေကြတာတွေ့ရတယ်။
• Hepatitis C virus ဗိုင်းရပ်စ် ဟာ သာမန် အပူချိန်မျိုးမှာ ကိုယ်ခန္ဓာအပြင်မယ် ၁၆ နာရီကနေ ၄ ရက်အထိ ရှင်နေနိုင်တယ်။
• ပိုးရှိနေသူကနေ ထွက်လာတဲ့ သွေးကို ရေ ၁ဝ ဆ ထဲမှာ Household Bleach (ကလိုရင်း) ချွတ်ဆေးမှုံ့ ၁ ဆ ရောထားတာနဲ့ ဆေးကြောပေးနိုင်တယ်။ လက်အိတ် သုံးရမယ်။

Hepatitis C (စီ) ပိုး နဲ့ တွဲဖတ်ပါ။ http://health.ngoinmyanmar.org/2009/09/hepatitis-c.html

Dr. တင့်ဆွေ
၎-၄-၂ဝ၁၁
သင့်ကို ကျန်းမာနေစေမယ့် သဘာဝအစားအစာ ၁ဝ မျိုးရှိပါတယ်။ သင့်ပတ်ဝန်းကျင်မှာပဲ ရှိနေပြီး သတိ မထားလိုက်မိတဲ့ အစားအစာတွေ ထဲမှာ သင့်ကို အကျိုးပြု အာဟာရတွေ ရှိပါတယ်။

၁။ ဟင်းခတ် အမွှေးအကြိုင်များ  

အီတလီ လူမျိုးတွေဟာ ဟင်းထဲမှာ ဟင်းခတ် အမွှေးအကြိုင် တချို့ကို ထည့်စားတတ်ကြပါတယ်။ ဒါဟာ ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှား တွေကို တိုက်ထုတ်နိုင်တယ်လို့လည်း ယုံကြည်ကြပါတယ်။ သဘာဝ ဘက်တီးရီးယား ဆန့်ကျင်နိုင်တဲ့ အစားအစာ အဖြစ် ဟင်းတွေထဲမှာ ထည့်ချက်သင့်ပါတယ်။

၂။ အမဲသား  

အာဟာရ ပြည့်စေတဲ့ အသားတစ်မျိုး ဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တဲ့ ရောဂါကို သက်သာစေပါတယ်။

၃။ ကြက်သွန်မြိတ်  

သွေးဖိအား ကျစေပါတယ်။ သွေးလည်ပတ် စီးဆင်းမှုကို ကောင်းစေတာကြောင့် စိတ်ရော၊ ခန္ဓာပါ သက်သောင့်သက်သာ ဖြစ်စေပါတယ်။

၎။ ထောပတ်သီး  
ထောပတ်သီးမှာ သဘာဝ အဆီနဲ့ ကျန်းမာရေး အတွက် လိုအပ်တဲ့ အဆီတွေ ပါဝင်တာကြောင့် အရေပြား ခြောက်သွေ့မှုကိုလည်း ကာကွယ်နိုင်ပါတယ်။

၅။ သစ်ကြံပိုးခေါက်


ဟင်းထဲ ထည့်ချက်ရာမှာ အရသာရှိလှတဲ့ သစ်ကြံပိုးခေါက်ဟာ သွေးတွင်း သကြားဓာတ်ကို ကျစေပါတယ်။

၆။ ပန်းဂေါ်ဖီစိမ်း  
ရင်သားကင်ဆာ အန္တရာယ်ကို လျော့ကျစေမယ့် အစိမ်းရင့်ရောင် အစားအစာပါ။ ကင်ဆာရောဂါဖြစ်နှုန်းကို လျော့ကျစေတာကြောင့် နေ့စဉ် စားသင့်ပါတယ်။

၇။ ဆီးချိုသီး  

သွေးကြော ကျဉ်းတာနဲ့ သွေးခဲ ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်တဲ့ သဘာဝ အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။

၈။ ဖရဲသီး  
ဗီတာမင်ဘီစစ် ပါဝင်ပြီး ကျန်းမာရေး အတွက် အံ့သြလောက်အောင် အထောက်အကူပြုတဲ့ သဘာဝ အာဟာရ ဖြစ်ပြီး အရေပြား ကိုလည်း ကျန်းမာစေပါတယ်။

၉။ ပြောင်းဖူး
ဘိုင်အိုတင် (Biotin) ဓာတ် ပါဝင်ပြီး သင့်ဆံသားကို သန်မာ ရှင်သန်စေတဲ့ အာနိသင် ရှိပါတယ်။

၁ဝ။ ပန်းသီး  

ပန်းသီးဟာ ခန္ဓာကိုယ် အလေးချိန် ကျချင်သူတွေ အတွက် အရေးပါတဲ့ အာဟာရ တစ်မျိုးပါပဲ။ သကြားဓာတ် ပါဝင်ပြီး အမျှင်ဓာတ် လည်း ပါဝင်ပါတယ်။ သဘာဝ အချိုဓာတ် ဖြစ်ပြီး အစာလည်း ခံတာကြောင့် အချိန်ကြာကြာ အစာ စားချင်စိတ်ကို ထိန်းချုပ် နိုင်ပါတယ်။  
နေ့စဉ် သင်စားနေတဲ့ အစားအသောက်တွေ ထဲမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ကို မပါမဖြစ် စားသုံးပေးပါ။ ဒီလိုစားသုံးပေး ပါက ဗီတာမင်၊ သတ္တုဓာတ်၊ ဓာတ်တိုး ဆန့်ကျင်စေတဲ့ အင်တီအောက်ဆီးဒင့်တွေနဲ့ အမျှင်ဓာတ်တွေကို လူတို့တီထွင် ဖန်တီးမှုတွေ မပါဘဲ သဘာဝအတိုင်း ရရှိတာကြောင့် သင့်ခန္ဓာကိုယ်မှာ ကူးစက် မဟုတ်ဘဲ ရောဂါတွေ စွဲကပ်ခြင်းကနေ ကင်းဝေးစေနိုင်ပါတယ်။
နှလုံးရောဂါ
အမေရိကန်၊ အင်္ဂလန်နဲ့ နယ်သာလန်တို့မှာ ပြုလုပ်တဲ့ သုတေသနတွေအရ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးစားသုံးတာဟာ နှလုံးရောဂါကို ကာကွယ်တားဆီးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းလို့ ဆိုထားပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူတွေတောင် လေ့ကျင့်ခန်းပုံမှန်လုပ်မယ်၊ အဆီမပါတဲ့ အစားအစာတွေစားမယ်၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို စားသုံးပေးမယ်ဆိုရင် နှလုံးသွေးကြောပိတ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

ကင်ဆာရောဂါ
ကမ္ဘာ့ကင်ဆာ သုတေသနရန်ပုံငွေအဖွဲ့နဲ့ အမေရိကန်တက္ကသိုလ် ကင်ဆာသုတေသန အဖွဲ့တို့ သုတေသနပြု ထုတ်ပြန်ခဲ့ရာမှာ စားသောက်တဲ့ အစားအစာတွေထဲမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးစားသုံးတာဟာ ကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ ဆိုထားပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်ဖြစ်တဲ့ ပါးစပ်၊ လည်ချောင်း၊ အစာရေမျိုပြွန်၊ အစာအိမ်၊ အူမကြီးနဲ့ အစာဟောင်းအိမ်တို့ရဲ့ ကင်ဆာဖြစ်နှုန်းကို သိသိသာသာ လျော့နည်းသွားစေပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးစားသုံးမယ့်အစား ဓာတုဓာတ်ပေါင်းတွေကို ဖန်တီးပြုလုပ်ထားတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံပါတဲ့ အားဆေးတွေ သောက်သုံးတာက ကင်ဆာဖြစ်ပွားမှုအပေါ် အကျိုးသက်ရောက်မှု မရှိဘူးလို့ ဆိုထားပါတယ်။ ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက ကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းခြင်းကို ကာကွယ်ပေးပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေဟာ ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ် အမျိုးအစားဖြစ်တဲ့ ဆဲလူးလို့စ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကာကွယ်တားဆီးပေးနိုင်တာပါ။

လေဖြတ်ရောဂါ
ဆေးပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများများ စားသုံးတာက လေဖြတ်တာကို ၂၅ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။

သွေးတိုးရောဂါ
လူပေါင်း ၄၅၉ ယောက်ကို သုတေသနပြုခဲ့ရာမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးစားသုံးသူ တွေဟာ သွေးပေါင်လျော့နည်းတာကြောင့် သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင် ကြောင်း တွေ့ရပါတယ်။

မွေးရာပါ ချို့ယွင်းချက်ပါခြင်း
ဖောလိတ်ဓာတ်က မွေးရာပါချို့ယွင်းချက်တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လိမ္မော်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ပဲအမျိုးမျိုးတို့မှာ ဖောလိတ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးစားသုံးတဲ့ မိခင်တွေဟာ ဖောလိတ်ဓာတ် အပြည့်အဝ ရရှိတာကြောင့် မွေးရာပါချို့ယွင်းချက် မရှိတဲ့ ကလေးငယ်တွေ မွေးဖွားကြောင်း သိပ္ပံပညာရှင်တွေရဲ့ သုတေသနတွေက သက်သေပြခဲ့ပါတယ်။ ဆေးဝါးတွေ သောက်သုံးမယ့်အစား သင့်ကလေးငယ်အတွက် ဖောလိတ်ဓာတ် ကြွယ်ဝတဲ့ သီးနှံတွေ စားသုံးပေးတာက ပိုမိုသင့်တော်ပါတယ်။

ဆီးချိုသွေးချိုရောဂါ
အမျှင်ဓာတ်များတဲ့ သီးနှံတွေစားသုံးပြီး ဆီးချိုသွေးချိုရောဂါရှိသူတွေရဲ့ သွေးချိုဓာတ်ကို ထိန်းသိမ်းနိုင်ပါတယ်။ ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ်က အစာလမ်းကြောင်းက ဂလူးကို့စ်သကြားဓာတ် စုပ်ယူမှုကို ဟန့်တားပေးပါတယ်။

ပန်းနာရင်ကျပ်ခြင်းနှင့် အဆုတ်ရောင်ခြင်း
ပန်းနာရင်ကျပ်ရောဂါရှိတဲ့ ကလေးငယ်တွေဟာ တစ်နေ့သစ်သီးတစ်ကြိမ် စားပေးရုံနဲ့ အဆုတ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်း တိုးတက်လာစေတယ်လို့ ဗြိတိန်သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားသုံးမယ်ဆိုရင်တော့ အဆုတ်တွေရဲ့ အသက်ရှူသွင်း၊ ရှူထုတ် လုပ်ဆောင်ချက် ပိုမိုကောင်းမွန်စေပါတယ်။

အဝလွန်ခြင်း
သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ စားသုံးတာဟာ အဝလွန်တာမဖြစ်အောင် ကာကွယ်နိုင်သလို အဝလွန်နေသူတွေကိုလည်း အဝလွန်တာကနေ လျော့ကျစေနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးစားသုံးပေးပါက ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။
ကင်ဆာရောဂါလို့ ဆိုလိုက်တာနဲ့ ၀မ်းနည်းဖွယ်ရာနိဂုံးအတော်များများ ရှိနေတဲ့ လူတိုင်းလိုလို သတ်မှတ်ထားတဲ့
ရောဂါဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၉ ခုနှစ်မှာ ကင်ဆာရောဂါဖြစ်ပွားသူ၁.၅ သန်း ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ထို့ပြင် ကင်ဆာရောဂါနဲ့သေဆုံးသူတွေဟာ တစ်ရက်ကို အယောက် ၁၅၀၀ ခန့် ရှိပါနေတယ်။ တနည်းအားဖြင့်
ဆိုရင်တော့ သေဆုံးသူ လေးယောက်မှာ တစ်ယောက်ဟာ ကင်ဆာ ရောဂါကြောင့်လို့ဆိုရပါလိမ့်မယ်။

ဒါဆို အဲဒီလို ဆိုးရွားတဲ့ ကင်ဆာရောဂါဆိုးကြီးကို တိတိကျကျမသိရှိဘဲနဲ့ မှန်းပြီး ကြောက်နေရမှာလား ဆိုတာ မေးစရာ ရှိလာပါတယ်။
ကင်ဆာရောဂါ အများစုမှာ သက်ဆိုင်ရာ နေရာကိုလိုက်ပြီး ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတချို့ရှိပါတယ်။ ဒီအချက်လေးတွေကို သတိထားခြင်းဖြင့် ကိုယ့်မှာကင်ဆာရောဂါရှိနေမလား ဆိုတာကို သတိထားနိုင်ပြီး အချိန်မနှောင်းခင်မှာ
ကျွမ်းကျင်တဲ့ ဆေးပညာရှင်များနဲ့ ပြသဆွေးနွေးပြီးတော့ လိုအပ်တဲ့ကုသမှုတွေကို ခံယူဖို့လိုအပ်ပြီလို့ ဆိုနိုင်ပါတယ်။

ကင်ဆာရောဂါမှာ တွေ့ရတတ်တဲ့ အချို့သော အချက်တွေဟာ တခြားရောဂါတွေမှာလည်း တွေ့နိုင်တာမို့ဒီလက္ခဏာရှိတဲ့သူတိုင်းကို ကင်ဆာရောဂါဖြစ်နေပါပြီလို့ ပြောလို့မရပါဘူး။သို့သော် ဒီအချက်တွေကို တွေ့တဲ့သူတွေဟာ ကင်ဆာဖြစ်ဖို့ အလားအလားရှိတဲ့
အုပ်စုမှာ ဆိုရင်တော့ ပိုမိုသတိထားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဥပမာဆိုရရင်တော့ ဆေးလိပ်သောက်သုံးသူ၊ ဟော်မုန်းဆေးများ သောက်သုံးသူ၊ဓာတ်ရောင်ခြည်များနှင့် အလုပ်လုပ်ရသူ၊ စက်ရုံအလုပ်ရုံများမှာ အလုပ်လုပ်သူ၊
ဓာတုဗေဒပစ္စည်းများကို အစဉ်မပြတ်ကိုင်တွယ် သုံးစွဲနေရသူ၊ကင်ဆာမျိုးရိုးဗီဇရှိသူနှင့် အသက်အရွယ်ကြီးရင့်သူ စသည်ဖြင့်ပေါ့။

သတိထားမိသင့်တယ်ဆိုတဲ့အချက်လေးတွေကတော့…

၁။ ချွဲသလိပ်များကြောင့် အသက်ရှုာကြပ်ခြင်း သို့မဟုတ် အသက်ရှုရပ်ခြင်း။
ဒီလက္ခဏာကို သာမန် အဆုတ်ရောဂါများမှာလည်း တွေ့နိုင်ပါတယ်။ထို့အပြင် အဆုတ်ကင်ဆာရောဂါရဲ့ လက္ခဏာများထဲက တစ်ခုအနေနဲ့လည်းတွေ့နိုင်ပါတယ်။ ကာလကြာရှည်စွာ ချောင်းဆိုးခြင်း နဲ့ ရင်ဘတ်အောင့်ခြင်း၊
သွေးကင်ဆာ၊ အဆုတ်ကင်ဆာသမားတွေမှာ ဆိုရင်တော့ ချောင်းကို ဆိုးဆိုးရွားရွား
ဆိုးတာမျိုးတွေ တွေ့ရတတ်ပါတယ်။

၂။ မကြာခဏ ဖျားနာခြင်းနှင့် ရောဂါပိုးဝင်လွယ်ခြင်း။
ဖျားနာခြင်းဟာ ယေဘုယျ လက္ခဏာ တစ်ခုဖြစ်သလို ဒါဟာ သွေးကင်ဆာရဲ့ လက္ခဏာ တစ်ခုဖြစ်နေနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သွေးကင်ဆာဖြစ်ပွားသူတွေမှာ ရိုးတွင်းခြင်ဆီကနေ ထုတ်လုပ်တဲ့ သွေးဖြူဥတွေကို
ပုံစံပျက်စေပါတယ်။ ခုခံအားစနစ်မှာ ပုံစံမမှန်တဲ့ သွေးဖြူဥတွေကြောင့်
ခုခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် သွေးကင်ဆာရှိသူတွေမှာ မကြာခဏ
ဖျားနာတတ်တာ ဖြစ်ပါတယ်။

၃။ အစားအသောက်များ မျိုချရာတွင် အခက်အခဲဖြစ်ခြင်း။
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ကင်ဆာတချို့နဲ့ လည်ပင်း ကင်ဆာတွေမှာ အစားသောက် မျိုချရတာ ခက်ခဲတတ်ပါတယ်။

 
၎။သနံ အကြိတ်လေးများ ရောင်ရမ်းခြင်း (သို့မဟုတ်) လည်ပင်းပေါင်ခြံ
တို့မှအဖုအကြိတ်များ။သနံကြိတ်လေးများ ရောင်ရမ်းခြင်းဟာ သနံအဖွဲ့အစည်းရဲ့ အလုပ်လုပ်ဆောင်မှု မမှန်ကန်ခြင်းကို ဖြော်ပပါတယ်။ ဒါဟာ
ကင်ဆာတစ်မျိုးမျိုးရဲ့ ရှေ့ပြေး လက္ခဏာ ဖြစ်နေနိုင်ပါတယ်။

၅။ အတွင်းကြေအနာ ဆိုးဆိုးဝါးဝါးဖြစ်ခြင်း (သို့မဟုတ်)သွေးတိတ်ရန်ကြာမြင့်ခြင်း။
သွေးကင်ဆာဖြစ်တဲ့သူတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သွေးဖြူဥနဲ့ သွေးဥမွှားတွေမှာ
ပြဿနာရှိခြင်းကြောင့်လို့ပဲ အကြမ်းဖျင်းပြောနိုင်ပါတယ်။

၆။ အလိုလို အားနည်းနေခြင်းနှင့် မောပန်းလွယ်ခြင်း။
ဒါကတော့ အမျိုးမျိုးသော ကင်ဆာတွေမှာ တွေ့ရတတ်ပါတယ်။ အကြောင်းပြချက်မရှိဘဲ မောပမ်းလွယ်နေမယ်၊
အားနည်းနေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၇။ အစားအသောက်ပျက်ခြင်း။
“ငါ ဆာလဲ မစားဘူး။ စားလဲ မစားနိုင်ဘူး” ဆိုတဲ့ စကားသံများကို တခါတလေ ကျွန်တော်တို့ ကြားရတတ်ပါတယ်။ ဒီလက္ခဏာကို
သားအိမ်ကင်ဆာသမားတွေမှာ တွေ့ရတတ်ပါတယ်။

၈။ တင်ပါးနှင့် ၀မ်းဗိုက်တစ်ဝိုက်တွင် နာကျင်ခြင်း။
လေပွခြင်းနှင့် တွဲပြီး ၀မ်းဗိုက်နှင့် တင်ပါးတ၀ိုက်တွင် နာကျင်ကိုက်ခဲပါက သားအိမ်ကင်ဆာကို
ထည့်ပြီး စဉ်းစားသင့်ပါတယ်။ ဒါ့အပြင် ၀မ်းဗိုက်တ၀ိုက် နာကျင်ခြင်းဟာ
ဆိုရင်ဖြင့် သွေးကင်ဆာကြောင့် ထိခိုက်ခံရတဲ့ သရက်ရွက်ကြောင့်လည်း
ဖြစ်နိုင်ပါတယ်။

၉။ စအိုမှ သွေးကျခြင်းနှင့် ၀မ်းသွားရာမှာသွေးပါခြင်း။
လိပ်ခေါင်းနဲ့ စအိုကွဲနာတွေမှာ ၀မ်းသွားလျှင် သွေးပါတတ်သလို အူမကြီး နဲ့ စအိုကင်ဆာတွေမှာ တွေ့တတ်ပါတယ်။ ဒါကြောင့်
ဆရာဝန်တွေက အိမ်သာမှာ သွေးတွေ့ပြီဆိုတာနဲ့ ဆေးခန်းပြသင့်ကြောင်းနဲ့
လိုအပ်ပါက ၀မ်းစစ်ဆေးခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းဖြင့်
ကြည့်ရှုခြင်းများကို လိုအပ်သလို လုပ်သင့်ကြောင်း အကြံပြုထားပါတယ်။

 
၁၀။အကြောင်းအရင်း ခိုင်ခိုင်မာမာမတွေ့ရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက်ကျခြင်း။
အူမကြီး၊ အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာတချို့မှာ ကိုယ်အလေးချိန် ကျတတ်ပါတယ်။
အသည်းကို ပျံ့နှံ့သွားတတ်တဲ့ ကင်ဆာမျိုးတွေမှာလည်း စားချင်စိတ်ကိုလျော့နည်းစေတာကို တွေ့ရပါတယ်။

၁၁။ အစာအိမ်မှာ မသက်မသာခံစားရခြင်း။အစာအိမ်နာခြင်း
နဲ့ ဗိုက်အောင့်တတ်ခြင်းတွေကိုလည်း အူမကြီးကင်ဆာမှာ တွေ့ရတတ်ပါသေးတယ်။


၁၂။သားမြတ် နီရဲ ရောင်ရမ်း နာကျင်ခြင်း။
သားမြတ်ကင်ဆာသမားတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတဲ့အတွက် အဲဒီလို အခြေအနေကို ကြုံလာခဲ့ပြီဆိုရင်တော့
တတ်ကျွမ်းတဲ့ ဆရာဝန်ကို သွားရောက် ဆွေးနွေးသင့်ပါတယ်။

၁၃။ သားမြတ်ခေါင်း ပုံစံပြောင်းလဲခြင်း။
သားမြတ်ကင်ဆာကတော့ ဆရာဝန်ဆီ မရောက်ခင်ကတည်းက အမျိုးသမီးတွေ သတိထားမိနိုင်တဲ့ အမျိုးအစားပါလို့ ပြောရင်
မမှားပါဘူး။ သားမြတ်ခေါင်း ပုံစံနဲနဲ ပြောင်းတာနဲ့ ရောဂါ
ရှာဖွေရေးလုပ်သင့်ပြီဆိုတဲ့ အချက်ကိုတော့ မမေ့အပ်ပါဘူး။

၁၄။ ဓမ္မတာမမှန်တော့ခြင်း။
တခါတလေမှာ အချိန်အခါမဟုတ် ရာသီသွေးလာတာ ကိုတွေ့ရပါတယ်။ ဒါ့အပြင် အလွန်အမင်း နာကျင်ခြင်းကိုလည်း ခံစားရတတ်ပါတယ်။
ဒါဟာဆိုရင်ဖြင့် သားအိမ်နဲ့ဆိုင်တဲ့ ကင်ဆာတွေရဲ့ လက္ခဏာပါပဲ။ ဒါကြောင့်
ရောဂါရှာဖွေကုသနိုင်ဖို့အတွက် ဆေးပညာရှင်များနဲ့ ဆွေးနွေးသင့်ပါတယ်။

 
၁၅။မျက်နှာ ရောင်ရမ်း ဖေါသွပ်ခြင်း။
တခါတရံ မျက်နှာမှာ ရောင်ရမ်းဖောသွပ်ခြင်းနဲ့ နီမြန်းခြင်းတွေကို အဆုတ်ကင်ဆာရဲ့ ရှေ့ပြေး
အနေနဲ့ တွေ့ရတတ်ပါတယ်။

၁၆။ အရေပြားတွင် အဖုအကြိတ်နှင့် အနီကွက်များ ပေါ်လာခြင်း။
အရေပြားမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်မဖြစ်ကို အမြဲတစေ စောင့်ကြည့်နေဖို့လိုအပ်ပါတယ် ။ ဒါမှသာလျှင် အရေပြားနဲ့ဆိုင်တဲ့
ကင်ဆာအမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၁၇။ လက်သည်းခြေသည်းခွံများတွင် ပြောင်းလဲခြင်း။
လက်သည်း ခြေသည်းများ ညိုမည်းလာခြင်းနှင့် အမည်းစက်လေးများ ပေါ်လာခြင်းကို အရေပြားကင်ဆာတွေမှာ
တွေ့ရပါတယ်။ လက်ချောင်းထိပ်လေးတွေမှာ တင်းပုတ်ပုံစံကဲ့သို့
ကြီးလာခြင်းကတော့ အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုပါ။ ဒါ့အပြင် လက်သည်းခြေသည်း
အရောင်များဖျော့ခြင်း၊ ဖြူခြင်းများကိုတော့ အသည်းကင်ဆာမှာ တွေ့ရတတ်
ပြန်ပါတယ်။

၁၈။ ခါးနာခြင်း။အသည်းကင်ဆာခံစားရသူ အများစုကတော့ ခါးနာတယ် လို့ပြောကြပါတယ်။ ဒါ့အပြင် သားမြတ်ကင်ဆာသမားတွေမှာလည်း ခါးနာတာကိုတွေ့ရတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကင်ဆာဆဲလ်တွေက နံရိုးတွေနဲ့
ကျောရိုးတွေကိုပါ ပျံ့နှံ့သွားနိုင်လို့ပါပဲ။

အမှန်တကယ်ကတော့ လူတိုင်းလူတိုင်း မိမိတို့ကိုယ်မှာ ဘာတွေ ပြောင်းလဲနေတယ်ဆိုတာကို အစဉ်မပြတ်
စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ အားလုံး သိတဲ့အတိုင်းပါပဲ ရောဂါတစ်ခုဟာ
စောစော သိတယ်ဆိုရင် ကုသရေးမှာ အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
နောက်ထပ်သိထားသင့်တဲ့ အချက်ကတော့ ကျန်းမားရေးနဲ့ ညီညွတ်စွာ
နေထိုင်တတ်ခြင်းဟာ ကင်ဆာရောဂါကို ကာကွယ်ရာမှာ ထိရောက်တဲ့ နည်းတစ်ခု
ဖြစ်ပါတယ်။ အိပ်ရေး၀၀အိပ်ခြင်း၊ သင့်တင့် မျှတစွာစားသုံးခြင်း၊
လေ့ကျင့်ခန်း၊ မှန်မှန်လုပ်ခြင်းနဲ့ စိတ်ဖိစီးမှုကို တတ်နိုင်သလောက်
လျှော့ချခြင်းတို့ကို လုပ်ဆောင်ကြည့်ပါ။ အမှန်တကယ် အကျိုးရှိကြောင်း
သိလာပါလိမ့်မယ်။

တကယ်ဆိုရင်တော့ ကင်ဆာရောဂါဟာ ကာကွယ်လို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကင်ဆာရောဂါ အများစုဟာ အ၀လွန်မှု၊
ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အစာအဟာရ ချို့တဲ့ခြင်းတွေနဲ့
ဆက်စပ်နေလို့ပါပဲ။ နောက်ကျွန်တော်တို့ သတိမထားမိတဲ့ အချက်ကတော့
ဗိုက်တာမင်ဒီ ချို့တဲ့ခြင်းပါပဲ။ အခု သိလာရတဲ့ အချက်တစ်ခုကတော့
ဗိုက်တာမင်ဒီကိုသာ ကောင်းကောင်း ဖြည့်တင်းထားမယ်ဆိုရင် ကင်ဆာရဲ့
၅၀ရာခိုင်နှုန်းလောက်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အချက်တစ်ခုပါပဲ။

ကင်ဆာရောဂါ
ဖြစ်ပွားမှု့ လျော့နည်းအောင် ဘယ်လိုကာကွယ်မလဲ ...


၁။ ဗိုက်တာမင်ဒီ ပမာဏကို မလျော့ကျအောင်ထိန်းထားခြင်း။
အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်းပါပဲ။ ဗိုက်တာမင်ဒီ ပမာဏကို လျော့ကျမနေအောင် ထိန်းထားဖို့ လိုအပ်ပါတယ်။ ဆိုတော့
ဘယ်နည်းတွေနဲ့ ဗိုက်တာမင်ဒီကို ရယူမလဲ။ အကောင်းဆုံးနဲ့ သဘာဝအကျဆုံးကတော့
နေရောင်ခြည်ကနေ ရယူခြင်းပါပဲ။ နေရောင်ခြည်ကို ထိတွေ့ခြင်းနဲ့
ကျွန်တော်တို့ဟာ ဗိုက်တာမင်ဒီကို ရယူနိုင်ပါတယ်။ မလုံလောက်ခဲ့ရင်တော့
ဗိုက်တာမင်ဒီ ပါတဲ့ ဆေးဝါးများကနေ တဆင့် ဗိုက်တာမင်ဒီ ပမာဏကို
ဖြည့်တင်းနိုင်ပါတယ်။

၂။ အ၀လွန်မှုမှ ကာကွယ်ခြင်း။နောက်တစ်ခုကတော့
ကာဗိုဟိုက်ဒြိတ် ပမာဏကို တက်စေမယ့် ဆန်၊ ပြောင်း၊ အာလူး စတာတွေကို
တတ်နိုင်သလောက် လျှော့စားဖို့ပါပဲ။ ဒီအစားသောက်တွေဟာ အ၀လွန်ခြင်းနဲ့
ဆက်စပ်နေပါတယ်။ ဒါ့အပြင် ကင်ဆာဟာ အ၀လွန်မှုနဲ့ ဆက်စပ်နေတဲ့အတွက်
ဒီအစားအသောက်တွေကို လျှော့ချခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို
လျော့ကျစေမှာ ဖြစ်ပါတယ်။

၃။ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း။လေ့ကျင့်ခန်း
မှန်မှန်လုပ်မယ်ဆိုရင်တော့ ကင်ဆာရောဂါကို အတိုင်းအတာတစ်ခုအထိ
ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ လေ့ကျင့်ခန်း
လုပ်ခြင်းအားဖြင့် အ၀လွန်မှုကနေ ကာကွယ်ပေးတဲ့ အပြင် ဆဲလ်ထဲက
ဆက်သွယ်ရေးစနစ်ကိုပါ ကောင်းမွန်စေတဲ့အတွက် ထိရောက်တဲ့ ကာကွယ်နည်း တစ်ခုလို့
ဆိုနိုင်ပါတယ်။

၎။ မျှတစွာစားသုံးပြီး အိပ်ရေးဝအောင် အိပ်စက်ခြင်း။ကင်ဆာရောဂါကို
အဓိက ကုသတဲ့ ဆေးရုံတစ်ခုကနေ လုပ်ထားတဲ့ သုသေသန တစ်ခုအရ ကျန်မာရေးနဲ့
ညီညွတ်စွာ စားသုံးပြီး အိပ်စက်ချိန် မှန်ကန်ခြင်းဟာ ကင်ဆာရောဂါကို
ထိန်းချုပ်နိုင်တဲ့ နည်းတစ်ခုပဲဖြစ်တယ်လို့ သူတို့က အခိုင်အမာ ဆိုပါတယ်။

 
၅။အဆိပ်တောက်များ ဓါတုဗေဒပစ္စည်းများမှ တတ်နိုင်သမျှရှောင်ရှားခြင်း။
ဖြစ်နိုင်သမျှတော့ အဆိပ်တောက်ဖြစ်စေသော အရာများမှ ရှောင်ရှားသင့်ပါတယ်။ ဥပမာဆိုရရင်တော့
ပိုးသတ်ဆေးများ၊ လေထုညစ်ညမ်းခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုတဲ့
ဓာတုဗေဒဆေးများပါပဲ။

ု၆။လက်ကိုင်ဖုန်း အသုံးပြုမှုကို လျှော့ချုခြင်း။
လက်ကိုင်ဖုန်းတွေဟာ ဓာတ်ရောင်ခြည်ဖြာထွက်မှုကို ဖြစ်စေတဲ့ အကြောင်းတစ်ချက်ပါပဲ။ ဓာတ်ရောင်ခြည် ဖြာထွက်မှုဟာ ကင်ဆာရောဂါကို
ဖြစ်ပွားစေနိုင်တဲ့ အတွက် တတ်နိုင်သလောက် လက်ကိုင်ဖုန်း အသုံးပြုမှုကို
လျှော့ချသင့်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ အချက်တွေကို လိုက်နာမယ် ဆိုရင်တော့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို တော်တော်လေး တားဆီး
ပေးနိုင်ပါလိမ့်မယ်။

ကင်ဆာဖြစ်လာရင် ဘာလုပ်ကြမလဲ.....

ကင်ဆာ ဖြစ်လာပြီဆိုရင်တော့ ကင်ဆာရောဂါကို ကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ပြသပြီး
ဓာတုဗေဒ ဆေးသွင်း ကုသခြင်း (chemotherapy)၊ ဓာတ်ရောင်ခြည်ပေး ကုသခြင်း
(radiation therapy) နဲ့ ခွဲစိပ်ကုသခြင်း (surgical operation) များကို
လိုအပ်သလို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတဲ့ စကားအတိုင်း တတ်နိုင်သမျှ ကင်ဆာ မဖြစ်အောင်
ကာကွယ်ကြပါစို့။




ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး
( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

ပန်းဂေါ်ဖီစိမ်း၊
ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ပန်းဂေါ်ဖီ၊ ကိုက်လန်၊
မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တို့ဖြစ်ပါသည်၊
အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့
ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ
ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့်
ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။


( ၂ ) မုန်လာဥ-၀ါ

ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံး
မှန်မှန်စားပေးနိုင်ရုံနဲ့
ရောဂါလျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥ၀ါဟာ
စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုနဲ့ အသားအရေ
ဓာတ်ဖောက်မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်း
ချုံ့ပေးတတ်ပါတယ်၊ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ
သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ ပတ်သက်တဲ့
ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတတ်ပါတယ်။
သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့
ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီး
ဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့အာနိသင်ကို
ကောင်းစွာခံယူရရှိနိုင်တော့မှာ
မဟုတ်ပါဘူး။

( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း
ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ
Capsaicinလို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်းတွေဟာ
ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကို ကာကွယ်ပေးတတ်ပါမယ်၊
ထို့ပြင်လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့်
သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်၊ Capsaicinဓာတ်ဟာ ကိုက်ခဲမှုကို
ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက်စေတယ်၊
ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲက ခဲကျပ်မှုတွေကိုလည်း
အရည်ပျော်စေတတ်တယ်။

( ၄ ) ရှောက်၊ သံပရာ၊ အသီးအနံ
သဘာဝအင်ဇိုင်းတွေပါဝင်ပြီး
ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့
ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊
သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊ Limoneneလို့ ခေါ်တဲ့
ဓာတ်သဘာဝတွေဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇင်းတွေကို
မြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase
ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့
ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ
တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။

( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီAllium ကွန်ပေါင်းတွေ
ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင့်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာ
စူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊
ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့ အမျှပဲ
ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ
ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ ဟင်းခတ်ကြက်သွန်မြိတ်တို့ကလည်း
ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။

( ၆ ) စပျစ်သီး
စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့်
Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါတယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့်
ရတ်စဘယ်ရီသီးတို့ထဲမှာလည်း
အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေပါတယ်၊
Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန်
လှမယ့်ဓာတ်တွေ
စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့်
သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူးသဖြင့်
အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။

( ၇ ) ဖရဲသီ၊ သခွားသီး
ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး
ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါ
မြင်တွေ့ခဲ့ပါတယ်၊
ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့
Carotenoids နှင့် Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို
တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊
တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့်
မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့်
ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ြေူနဲ့
ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကို အရည်ပျော်စေတဲ့ သဘာဝကောင်းတွေ
ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကုစားရာမှာပါ
ဆက်စပ်သုံးစွဲခဲ့ပါတယ်။

( ၈ ) ပဲပိစပ်
ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာ
ပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ
Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့်လည်း
ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊
ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာနိုင်တတ်မယ့် ရင်သားကင်ဆာနှင့်
သားအိမ်ကင်ဆာတို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊
Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ
အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို
အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့
စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါတယ်၊ မြေပဲ၊
လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။

( ၉ ) လက်ဖက်
လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာ
ရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ
ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ် ကူးပြောင်းပြီး
ဆက်လက်ပွားတိုးလာတော့မယ့်
အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ
တွေကပဲ မပြန့်ပွားအောင် တားဆီးကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ်
ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊
ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင်
ပိုထက်မြက်နိုင်ပါမယ်။

( ၁၀ ) ခရမ်းချဉ်သီး
လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ပိုယ်ထဲက ဖရီးရယ်ဒီကယ်
အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင်စီဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ
အများဆုံး ပျော်ဝင်နေတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက် အတော်များများမှာ
ပါဝင်နေပေမယ့်
ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်
ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့ နိုက်ထရစ်အက်ဆစ်တွေကို ဖယ်ရှားစေမယ့်
Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီး
နီနီထဲမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊
စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်း တွေ့နိုင်ကြောင်း
တင်ပြလိုက်ပါတယ်။

 
သွေးကင်ဆာဝေဒနာရှင်များအတွက် အသက်ကယ်ဆေး
လက်ဖက်စိမ်း ဖျော်ရည် သည် သွေး ကင်ဆာ ဝေဒနာရှင်များ အတွက် အသက်ကယ် ဆေး တခု ဖြစ်ကြောင်း ပညာရှင်များ က ထောက်ခံ ခဲ့ကြပြီး
ဖြစ်သည်။

သွေးကင်ဆာ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစား နေရသည့် လူနာများ အား လက်ဖက်စိမ်း ဖျော်ရည် ပုံမှန် တိုက်ကျွေး ကြည့်ရာ ပြန်ရည်ကြော
အဖွဲ့အစည်းများ ရောင်ရမ်းမှုကို (၅၀) ရာခိုင်နှုန်း ထိ လျော့ကျ စေကြောင်း
သုတေသီများ က တွေ့ရှိခဲ့ကြသည်။

အလေ့ကျ ပေါက်လေ့ ရှိသော လက်ဖက်စိမ်း သည် သွေးကင်ဆာ ရောဂါရှင် များ၏ အသက်ရှင် ရပ်တည်ခွင့် ကို ပိုမို
တိုးမြှင့်ပေးနိုင်ကြောင်း မင်နီဆိုးတား ပြည်နယ်၊ ရိုချက်စတာ ရှိ မေယို
ဆေးခန်းမှ ဒေါက်တာ တိတ်ရှာနာဖတ် က ထောက်ခံ ခဲ့သည်။

၎င်း နှင့် အတူ အခြား ဆရာဝန်များသည် လက်ဖက်နှင့် သွေးကင်ဆာ ရောဂါ ဆက်စပ်မှုကို အသေးစိတ်
လေ့လာခဲ့ကြ ပြီးနောက် ယခု တွေ့ရှိမှု ကို အတည်ပြု ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့်
လက်ဖက်စိမ်း တွင် ပါဝင်သော Polyphenon E ဓါတ်သည် သွေးကင်ဆာ အတွက် အလွန်
ထိရောက်သော ဓာတု ဓာတ်ပေါင်းတမျိုးဟု ဒေါက်တာ ရှာနာဖတ်က ရှင်းပြ သွားခဲ့
သည်။
ဆေးလိပ်၊ စီးကရက် စဖြတ်ပြီ ဆိုပါစို့။ အနည်းနဲ့အများ အစပိုင်းတွေ မှာ ခက်ခဲမှာပဲ။ ဒီအတွက်...
(၁) ရေအေးလေး တစ်ကျိုက်စီငုံ
သေးသေးဖွဲဖွဲလေးတွေ စား ဝါး။ စီးကရက်ကို စုပ်ရှိုက်ရခြင်းကို အစားထိုးတာပဲ။ သုတေသနတွေ့ရှိ ချက်အရ ရေအေးလေးကို ပိုက်နဲ့စုပ်ငုံခြင်းက dopamine ထွက်စေတယ်။ dopamine သည် “မကောင်းစိတ်” တွေကို လျော့စေတယ်။ အစားနည်းနည်း နှင့် ဝါးစားခြင်း ကလည်း မီးခိုးငွေ့အလွမ်းကို လျော့စေတယ်။ အစားတော့ ရွေး နော်။ တော်ကြာနေ ဝလာဦးမယ်။
(၂) ကောင်းကျိုးစဉ်းစား
စီးကရက်၊ ဆေးလိပ်မသောက်ခြင်းရဲ့ ကောင်းကျိုးတွေ ကို စဉ်းစားပါ။ ကိုယ့်စိတ်ကိုယ် နိုင်ခြင်း၊ ငွေကုန် သက်သာခြင်း၊ အစားအသောက် အရသာပြည့်ပြည့် ဝဝ စားနိုင်ခြင်း၊ အမောခံနိုင်ခြင်း။
(၃) သွားခဏခဏတိုက်
ခံတွင်းနံ့လေး ကောင်းလာတတ် တဲ့ ကောင်းကျိုးရရှိဖို့ ဖြစ်တယ်။ ခံတွင်းရနံ့လေးကို ချစ်ပါ။
(၄) အယ်လ်ကိုဟော ရှောင်
အယ်လ်ကိုဟောသည် ဆေးလိပ်၊ စီးကရက် သောက်လိုစိတ်ကို အားပေးတယ်။ အကြောင်းပြ ချက်များစွာရှိနေ ပါတယ်။ အယ်လ်ကိုဟောသည် လုပ်ချင်ရာ လုပ်မိအောင် အားပေးတတ် တာကလည်း တစ်ကြောင်းပေါ့။
(၅) မိမိကိုယ်မိမိ ဆေးလိပ်၊ စီးကရက် ကန့်သတ်နယ်မြေသတ်မှတ်
လူရှေ့သူရှေ့ မသောက်တာ၊ အလုပ်ထဲမှာ မသောက်တာ၊ လူကြီး သူမတွေရှိရင် မသောက်တာမျိုး။
(၆) အကြောင်းပြချက် သတိရ
ကိုယ်ဘာကြောင့် ဒါတွေ ဖြတ်ချင်သလဲဆိုတဲ့ အကြောင်းပြချက် ကိုယ်စီရှိကြမှာပါ။ အဲဒါလေးကို မပြတ်သတိရ။
(၇) နေ့စဉ် တက်ကြွလန်းဆန်း
နေ့စဉ် လှုပ်ရှားတက်ကြွလန်းဆန်း လတ်ဆတ်ခြင်းကလည်း ဟိုဟာမလုပ်ရ မနေနိုင်၊ ဒီဟာမလုပ်ရ မနေနိုင် ဆိုတာတွေကို ဟန့်တားနိုင်တယ်။
(၈) ပြက္ခဒိန်မှာ မှတ်
ဒီနေ့တစ်လိပ်မှ မသောက်ဖြစ်ရင် အဲဒီရက်ကလေးကို ပြက္ခဒိန်မှာ မှတ်လိုက်။ ရက်တွေ တိုးပွားလာစိတ် ဖြစ်လာလိမ့်မယ်။
(၉) ပါးစပ်ထဲ တစ်ခုခုထည့်ထား
ပီကေ၊ မြေပဲ၊ နေကြစေ့ စသည်
(၁၀) အပေါင်းအသင်းလိုတယ်
ယခင်က ဆေးလိပ်၊ စီးကရက် သောက်ခဲ့ပြီး ယခုအောင်မြင်စွာ ဖြတ်ထားနိုင်ပြီးသော အပေါင်းအသင်း တစ်ယောက်ရှာပါ။
(၁၁) ကဖိန်းကန့်သတ်
ကော်ဖီ၊ လက်ဖက်ရည်ကို ဆိုလိုတယ်။ ကော်ဖီ၊ လက်ဖက်ရည်သည် နံနက်ပိုင်းမှာ လန်းဆန်းစေတာ မှန်ပါတယ်။သို့သော် စိတ်ဖိစီးမှု၊ စိတ်လိုလားမှုတွေ များစေတယ်။ ဒီအတွက် ကန့်သတ်လျှော့ချ ရလိမ့်မယ်။ မကန့်သတ်ရင် ဆေးလိပ် ပြန်သောက်ဖြစ်မယ်။
(၁၂) မကောင်းတဲ့ အနောက်တွေကိုသတိပြု
စိတ်ဆိုးတာ၊ စိတ်အလိုမကျတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာရင် ကိုယ့်စိတ် ကိုယ်ပြန်ရှုမှတ်ပါ။ အဲဒီ မကောင်းစိတ်တွေက ဆေးလိပ်၊ စီးကရက် ပြန်သောက်မိစေတယ်။
(၁၃) မကောင်းကျင့် အပေါင်းအသင်း ကိုရှောင်
ဘယ်သူတွေနဲ့ဆုံရင် ပြန်သောက် မိသလဲ။ အဲဒီလူတွေကို ရှောင်ပါ။
(၁၄) စိတ်ရှည်ပါ...ပြေးလမ်းပေါ်မှာ
၁၄ ရက်ကြာ ပြတ်နိုင်ရင် ဒါ ပြေးလမ်းပေါ်ရောက်ပြီ။ ဒီအချိန်မှာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စားသောက်ဖို့လိုတယ်။ ကိုယ်လက် လှုပ်ရှားမှုလိုတယ်။ ဆေးလိပ်၊ စီးကရက် ပြတ်ခြင်း၊ မပြတ်ခြင်းသည် ကြားမှာ ပါးလွှာ လွန်းလှတယ်။ “တစ်လိပ်” ပဲခြားပါတယ်။ မီးခြစ်တစ်ခြစ်ပဲ ခြားပါတယ်။ ပြန်စသောက်မိရင် ပြန်ဖြတ်ပါ။ အောင်နိုင်မည်...မုချ။
ကျမ္မာရေးဂျာနယ်မှ
ဆေးလိပ် တစ်လိပ် သောက်လိုက်ရင် ခန္ဓာကိုယ်ရဲ့ ဗီဇဓာတ်တွေ ပျက်စီး မှုဟာ နှစ်ပေါင်း များစွာကြာမှ ဖြစ်လာတာ မဟုတ်ဘဲ မိနစ်အနည်းငယ် အတွင်း ဖြစ်နိုင်တယ်လို့ သုတေသီတွေက ပြောကြား လိုက်ပါ တယ်။ ဆေး ရွက် ကြီးမှာ ပါတဲ့ ကင်ဆာဖြစ်ဓာတု ပစ္စည်းတွေဟာ ဆေးလိပ် မီးခိုးရှူရှိုက် လိုက်တာနဲ့ ကိုယ်တွင်းထဲ လျင်လျင် မြန်မြန် ပျံ့နှံ့သွားတယ်လို့ ဆိုပါတယ်။ အင်္ဂလန်မှာ အရွယ်ရောက်ပြီးသူ (၅) ဦးမှာ (၁) ဦးက ဆေးလိပ် သောက်ပြီး အဲ့ဒီ အကျင့်ကြောင့်ပဲ တစ်နှစ်ကိုသေဆုံး (၈၀၀၀၀) ကျော်လောက်ရှိပြီး ဆေးလိပ်ကို ရေရှည် သောက်နေသူ တစ်ဝက်လောက်ကတော့ ပုံမှန်ထက်စောစီးစွာ သေဆုံးနိုင်ပါတယ်။ ဗင်နီဆိုးတား တက္ကသိုလ် က ဒေါက်တာ စတီဖင်ဟက်ရှ် ဦးဆောင်တဲ့ သုတေသီအ ဖွဲ့ဟာ Polycyclic aromatic hydrocarbons (PAHs) လို့ခေါ်တဲ့ဘေး ဖြစ် ပစ္စည်းပမာဏကို ဆေးလိပ်သောက်သူ (၁၂) ဦးမှာ လေ့ လာခဲ့ကြပါတယ်။
PAHs ဟာ အဆုတ်ကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်း အရင်းထဲကတစ်ခုဖြစ် တယ်လို့ သိပံ္ပပညာရှင်တွေက ယုံကြည်နေ ပေမဲ့ လူသားတွေရဲ့ DNA ပျက်စီးမှုကို ဘယ်လိုနည်းနဲ့ ဖြစ်စေလဲဆိုတာကိုတော့ အခုထိ မသိသေးပါဘူး။ အဲဒီနောက် ဒေါက်တာ ဟက်ရှ်တို့အဖွဲ့ဟာ Phenanthrene (PAH) ခေါ် ဓာတုပစ္စည်း တစ်မျိုးကို ဆေးလိပ်တွေထဲ ထည့်ပြီး အဆိုပါ လူ (၁၂) ယောက်ကို အဲဒီဆေးလိပ်တွေ ထပ်သောက်စေတဲ့ အခါမှာတော့ PAH ဟာ သွေးထဲက အဆိပ်အတောက်ပစ္စည်း တစ်ခု ကိုလျင်လျင်မြန်မြန် ဖြစ်စေပြီး DNA ကို လုံးလုံးပျက်စီးလိုက်တာကြောင့် ဗီဇပြောင်းလဲမှုတွေ ဖြစ်ပေါ်ကာ ကင်ဆာဖြစ်စေတာ တွေ့ရပါတယ်။ ဓာတုပစ္စည်းဟာ ဆေးလိပ်သောက်ပြီး ၁၅-၃၀ မိနစ်အတွင်းမှာပဲ ဆေးလိပ် သောက်သူတွေရဲ့ကိုယ်တွင်းထဲမှာ အမြင့်ဆုံး ပမာဏအထိ ရောက်သွား တယ်လို့ဆိုပါတယ်။     

ရိုးရာလေး သတင်းမှ
ယနေ့ခေတ်မှာ အရမ်းကို ကူးစက်မှု များလာတဲ့ အသည်းရောင် အသားဝါ B ရောဂါအကြောင်း
Written by : သီဟသစ်(ဆေး-၂) 2010-08-07 06:12:40


ယနေ့ခေတ်မှာ အရမ်းကို ကူးစက်မှု များလာတဲ့ အသည်းရောင် အသားဝါ B ရောဂါအကြောင်း
အသည်းရောင်အသားဝါ B ဆိုတာ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ် (Hepatitis B Virus, HBV) ကြောင့် ဖြစ်ပွားရတဲ့ ကူးစက်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လူအပါအ၀င် အဆင့်မြင့်သတ္တ၀ါများရဲ့ အသည်းကို ကူးစက်နိုင်ပြီး အသည်းရောင်ယမ်းခြင်းကို ဖြစ်စေပါတယ်။

ယနေ့ကမ္ဘာပေါ်မှာ ရှိရှိသမျှသော လူဦးရေတွေ အားလုံးရဲ့ သုံးပုံတစ်ပုံခန့် ဖြစ်တဲ့ လူပေါင်း သန်းနှစ်ထောင်ကျော်မှာ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ် ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက ခန့်မှန်းပြောဆိုပါတယ်။ အဲဒီအထဲမှာမှ ၆ပုံ ၁ပုံ ဖြစ်တဲ့ သန်း ၃၅၀ သော လူသားများဟာ နာတာရှည်ပိုးသယ်ဆောင်သူများ (chronic carriers) များ အဖြစ် တည်ရှိနေကြတယ်လို့ သိရပါတယ်။

2002 estimate of disability-adjusted life year for hepatitis B per 100,000 inhabitants.[57]
no data ≤ 10 10–20 20–30 30–40 40–50 50–80
80–100 100–120 120–150 150–200 200–500 ≥ 500

အခုဆိုရင် ဒီ အသည်းရောင်အသားဝါ B ရောဂါဟာ အာရှတိုက်နဲ့ အာဖရိကတိုက်ရဲ့ နေရာ အတော်များများမှာ ကူးစက်မှုမြန်သော ကပ်ရောဂါ အသွင်ဆောင်နေတယ်လို့ သိရပါတယ်။ လူဦးရေ များလွန်းလှတဲ့ တရုတ်နိုင်ငံမှာတော့ ပြည်နယ်ဒေသတစ်ခုရှိ အတူနေလူများမှာ အစုလိုက်အပြုံလိုက် တွေ့ရှိရတဲ့ ရောဂါတစ်ခုတောင် ဖြစ်နေတယ်လို့ တရုတ်အစိုးရရဲ့ တရားဝင်ထုတ်ပြန်တဲ့ ကျန်းမာရေး အချက်အလက်တွေအရ သိရပါတယ်။

ပိုးဟာ ကိုယ်ထဲမှာ ရှိနေရာကနေ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားကျသွားရင် ရုတ်တရက် ရောဂါ စဖြစ်လာတတ်ပါတယ်။ ဒီလို အသည်းအသန်ကာလတို ကာလ (Acute Stage) မှာ အသည်းရောင်ယမ်းခြင်း၊ အော့အန်ခြင်း၊ အသားဝါလာခြင်းတွေ ဖြစ်လာပြီး တချို့ဆို အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီပိုးဟာ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာ တို့ကို ဖြစ်စေနိုင်လို့ပါ။

အသည်းကင်ဆာဟာ တကယ်ကို ကြောက်စရာကောင်းတဲ့ သေနိုင်လောက်တဲ့ ရောဂါမျိုးပါ။ ဘာလို့လဲဆိုတော့ လက်ရှိ အကောင်းဆုံး အထိရောက်ဆုံး ကင်ဆာဆေးသွင်းကုထုံး (Chemotherapy) တွေ (ခီမိုသွင်းသည်ဟု လူသိများသည်) ကိုတောင်မှပဲ တုံ့ပြန်မှုပမာဏ အရမ်းနည်းလွန်းလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မကြောက်ပါနဲ့။ ဒီရောဂါဟာ ကာကွယ်ဆေးနဲ့ စိတ်ချစွာ ကာကွယ်နိုင်ပါတယ်။

အသည်းရောင်အသားဝါ B ပိုးရဲ့ တည်ဆောက်ပုံကို ရိုးရှင်းစွာ ရှင်းပြထားတဲ့ ပုံလေးပါ
ဒီအသည်းရောင်အသားဝါ B ပိုးဟာ HIV ပိုးနဲ့လည်း မျိုးပွားပုံချင်း တူတဲ့အတွက် အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က HIV ပိုးရဲ့ မျိုးပွားခြင်းကို နှောင့်ယှက် တားဆီးနိုင်တဲ့ ဆေးတစ်မျိုးကို အသည်းရောင်အသားဝါ B ရောဂါမှာလည်း ကုသနိုင်ကြောင်း မကြာသေးမီကမှ ထောက်ခံချက် ပေးခဲ့ပါတယ်။ ဒီပိုးကို နိုင်နင်းတဲ့ တခြားဆေးတွေလည်း ပေါ်နေပြီ ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ
အသည်းရောင် စပြုလာတဲ့ အချိန်မှာ လူဟာ ဘာဖြစ်လို့ ဖြစ်မှန်းမသိဘဲ တရှောင်ရှောင် တပိန်ပိန်နဲ့ လူမမာ ဖြစ်လာပါတယ်။ စားရသောက်ရတာ အရသာမရှိဘဲ ခံတွင်းပျက်တယ်။ ပျို့တတ် အော့အန်တတ်တယ်။ ကိုယ်တွေလက်တွေ နာပြီး အဖျားငွေ့ငွေ့ ရှိနေတတ်ပါတယ်။ ဆီးအရောင်ရင့်လွန်းအားကြီးပြီး တဖြည်းဖြည်းနဲ့ အသား စ ၀ါလာပါတယ်။
အသည်းရောင် အသားဝါ ဆိုရင် ဘယ်ပိုးကြောင့် ဖြစ်စေ အရေပြားတွေ ယားယံတတ်ပါတယ်။ အသည်းရောင်ခြင်းရဲ့ ထူးထူးခြားခြား ရောဂါလက္ခဏာ တစ်ခုက စီးကရက် သောက်သူတွေမှာဆိုရင် စီးကရက်ကို အရသာမတွေ့တော့တာ ဖြစ်ပါတယ်။ လူနာအများစုဟာ ဒါတွေ ဖြစ်ပြီးရင် ရက်သတ္တပတ်အနည်းငယ် အတွင်းမှာ ပြန်ကောင်း လာတတ်ပါတယ်။

ပင်ကို ကိုယ်ခံအားမကောင်းတဲ့ အရက်အလွန်အကျွံသောက်တဲ့ လူအနည်းစုဟာ အလွန်ပြင်းထန်တဲ့ ရောဂါတစ်မျိုး ဖြစ်တဲ့ အသည်း၏လုပ်ငန်းများ အားလုံးရပ်ဆိုင်းသွားခြင်း (Fluminant Hepatic Failure) ဖြစ်ပြီး ကျန်ခဲ့တတ်ကြပါတယ်။ ဒါဖြစ်ရင်တော့ အသက်အန္တရာယ်က တော်တော် နီးစပ်ပါတယ်။ တချို့လူတွေမှာလဲ ဒီဗိုင်းရပ်စ်ဟာ ကိုယ်ထဲမှာ ရှိနေပေမယ့် လုံးဝလက္ခဏာမပြဘဲ လိုအပ်မှု တစ်ခုခုကြောင့် ဆေးစစ်တော့မှ ရှိနေကြောင်း သိရတာမျိုးလည်း ရှိပါတယ်။

ဒီလိုလူတွေမှာကျတော့ ကိုယ်ထဲမှာ အသည်းက ရောင်လိုက် အဲလိုရောင်တဲ့အချိန်မှာ ဖျားလိုက်၊ နေလို့မကောင်း ဖြစ်လိုက်၊ ညာဖက်နံရိုးအောက်က ထိုးအောင့်လိုက်၊ တင်းတင်းကြပ်ကြပ်ကြီး ဖြစ်လိုက်နဲ့ တစ်ခါတစ်လေ သိတောင်မသိလိုက်ဘဲ ပြန်ကောင်းသွားလိုက်နဲ့ ဖြစ်နေတတ်ပါတယ်။ ဒီလိုနာတာရှည် အသည်းရောင်ခြင်း (Chronic Hepatitis) မျိုးကျတော့ တဖြည်းဖြည်း နဲ့ နှစ်ပေါင်းများစွာကြာလာရင် အသည်းခြောက်ရောဂါ ဖြစ်သွားပြီး အသည်းကင်ဆာကူးဖို့ အရမ်းနီးစပ်တယ်လို့ သိရပါတယ်။

ဒါကြောင့် အသည်းရောင်အသားဝါ B ပိုး ရှိနေပြီဆိုတာ သိတာနဲ့ အရက်သေစာကို လုံးဝရှောင်ဖို့အထိ လိုအပ်ပါတယ်။ ပိုးရှိလျက်သားနဲ့ မရှောင်ရင်တော့ ပုံမှန်သောက်တဲ့သူတွေထက် အသည်းခြောက် အသည်းကင်ဆာဖြစ်ဖို့ အဆပေါင်းများစွာကို နီးစပ်ပါတယ်။

နောက်တစ်ခုက အဲလို အသည်းရောင်အသားဝါ B ရောဂါ ရှိတဲ့သူတွေမှာ Membranous Glomerulonephritis လို့ခေါ်တဲ့ အမြှေးပါးကျောက်ကပ်ရောင်ရောဂါလည်း ရှိနေနိုင်ပါတယ်။ ဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးရုံဆေးခန်းတွေမှာ ကျောက်ကပ်ရောင်လို့ ရောက်လာတဲ့ လူနာတိုင်းကို B ပိုးရှိမရှိ စစ်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် Polyarteritis nodosa လို့ခေါ်တဲ့ အဆစ်တွေအများကြီး တပြိုင်နက်ရောင်တဲ့ အဆစ်ရောင် ရောဂါတစ်မျိုးလည်း တွဲဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို အဆစ်ရောင်ရောဂါနဲ့ လာရင်လည်း အသည်းရောင်အသားဝါ B ပိုး ရှိမရှိ စစ်ရတာ ဖြစ်ပါတယ်။

အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ကြောင့် အသည်းထိခိုက်ပျက်စီးပုံ
ဒီပိုးဟာ ၀င်လာတာနဲ့ အသည်းမှာ စုစည်းပြီး အသည်းဆဲလ်တွေ ပုံမှန်ပွားများနေတဲ့ ဖြစ်စဉ်ကို ၀င်ရောက်နှောင့်ယှက်ပါတယ်။ ဒီလို အသည်းဆဲလ်တွေ အသစ်ပွားလာခြင်းမှာ နှောင့်နှေးသွားစေခြင်းဟာ ဒီဗိုင်းရပ်စ်ရဲ့ အဓိက ရောဂါပုံစံဖြစ်ပါတယ်။

ဒီအခါမှာ ကိုယ်ခံအားစနစ်က ဒီပိုးကို ပြန်တိုက်ပါတယ်။ စစ်ဖြစ်တော့ ရွာပျက် ဆိုသလို ခုခံအားစနစ်က ထုတ်လိုက်တဲ့ လက်နက်တွေဟာ ဗိုင်းရပ်စ်တွေကို ရှင်းလင်းသုတ်သင် ပစ်ရုံမက အသည်းဆဲလ်တွေကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ ဒီမွေးရာပါ ကိုယ်ခံအားစနစ် (Innate Immunity) ကြောင့် ထိခိုက်မှုက မပြောပလောက်တဲ့ အနေအထားပဲ ရှိပါသေးတယ်။ Adaptive Immunity လို့ခေါ်တဲ့ ဆင့်ပွားပြောင်းလဲကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို သုတ်သင်ဖို့ Virus-Specific Cytotoxic T Lymphocytes (CTLs) လို့ခေါ်တဲ့ သွေးဖြူဥဆဲလ်တစ်မျိုးကို နောက်ဆုံးပေါ် လက်နက်ဆန်းအနေနဲ့ ထုတ်ပြီး တိုက်တော့မှပဲ အသည်းဟာ တကယ်အနာတရ ဖြစ်တော့တာပါပဲ။

CTLs တွေဟာ ဟော့ရမ်းပြီး အသိဥာဏ်နည်းတဲ့ စစ်ဦးစီးချုပ်တွေပါပဲ။ အသည်းရောင် အသားဝါ B ဗိုင်းရပ်စ်တွေကို ရှင်းတဲ့နေရာမှာ ဗိုင်းရပ်စ်ကိုသာမက ဗိုင်းရပ်စ်ရှိနေတဲ့ အသည်းဆဲလ်တွေကိုပါ antiviral cytokines တွေ ထုတ်လွှတ်ပြီး ဖျက်ဆီးပစ်ပါတယ်။ CTLs တွေဟာ ဗိုင်းရပ်စ်ကိုပဲ သတ်ဖို့တော့ ရည်ရွယ်တာပါပဲ။ ဒါပေမယ့် သူ့တို့ကြောင့် အသည်းဆဲလ်တွေ ပျက်စီးစေတဲ့အပြင် သူ့တို့ကြောင့်ပဲ ဘာမှန်းညာမှန်းမသိဘဲ အကုန်ဖျက်မယ်ဆိုတဲ့ တောကြောင်တွေ လို့ တင်စားရမယ့် antigen-nonspecific inflammatory cells တွေ ထွက်လာခြင်းဟာလည်း အဆိုးဆုံး ပျက်စီးမှုကို တွန်းပို့လိုက်တာပါပဲ။ မြှောက်ပေးတဲ့ platelets လို့ခေါ်တဲ့ သွေးဆဲမွှားတွေ ကြောင့်လည်း အသည်းရဲ့ အခြေအနေဟာ ပိုဆိုးလာနေပါတယ်။

ဒီအသည်းမျိုးပိုင်ရှင်က ဒီလိုအခြေအနေမျိုးမှာမှ အရက်ထပ်သောက်ဦးမယ်ဆိုရင် အသည်းဆဲလ်တွေဟာ တိုင်းပြည်ပျက်ချိန် လာဝေတဲ့ ရိက္ခာတွေစားပြီး အစာအဆိပ်သင့်ရသလို မနှေးအမြန် မျိုးပြုတ်ကုန်ကြမှာ သေချာပါတယ်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း
အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ပိုးရဲ့ အဓိကကူးစက်လမ်းကြောင်းဟာ ပိုးပါတဲ့ သွေးသွင်းမိခြင်းနဲ့ ရောဂါရှိသူရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်များကို ထိတွေ့မိခြင်း တို့ကြောင့်ဖြစ်ပါတယ်။ အကာအကွယ်မပါတဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးပါတဲ့ သွေးသွင်းမိခြင်း၊ ဆေးထိုးအပ်တွေ ဆေးထိုးပြွန်တွေကို တစ်ခါသုံး မသုံးဘဲ ပြန်သုံးခြင်း၊ ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးဆီကို မွေးဖွားစဉ် မွေးလမ်းကြောင်းကို ဖြတ်ချိန်မှာ ကူးတတ်ခြင်း တို့ဟာ အများဆုံး ကူးစက်ရတဲ့ အကြောင်းအရင်းတွေပါပဲ။ မိခင်ဟာ သွေးဖောက်စစ်ထားလို့ HBsAg (+) ဆိုရင် ကလေးဆီကို ကူးဖို့ ၂၀% အန္တရာယ် ရှိပြီး HBeAg (+) ဆိုရင်တော့ ၉၀%လောက် အန္တရာယ် ရှိတယ်လို့ လေ့လာမှတ်သားဖူးပါတယ်။

(ကြိုတင်ကာကွယ်မှုတွေ လုပ်ထားမယ်ဆိုရင်တော့ ဒီရာခိုင်နှုန်းတွေကို လျှော့ချလို့ သေချာပေါက်ရပါတယ်လို့ အသည်းအထူးကုဆရာဝန်ကြီး တစ်ဦးက ကျွန်တော်တို့ ကျောင်းသားဘ၀က သင်ကြားပေးခဲ့ဖူးပါတယ်)

အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ပိုးဟာ တစ်ဦးတစ်ယောက်မှာ ရှိနေရင် သူနဲ့ အတူနေသူများ သတိထားရမှာ ဖြစ်ပါတယ်။ အသားချင်း ထိရုံနဲ့ လုံးဝမကူးပေမယ့် အရေပြားမှာ ပေါက်ပြဲမှု တစ်ခုခု ရှိနေမယ်ဆိုရင် ကူးနိုင်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ တံတွေး စတာတွေကို ထိတွေ့မိရင်လည်း ကူးစက်နိုင်ပါတယ်။

(ကျွန်တော့်အမြင်ပြောရရင် ကျွန်တော်တို့ နိုင်ငံမှာ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ပိုး ကူးစက်မှု အများဆုံး လမ်းကြောင်းကတော့ လမ်းဘေး စားသောက်ဆိုင်တွေက ဖြစ်နိုင်ပါတယ်။ တစ်ယောက်စားပြီးသွားတဲ့ ပန်းကန်နဲ့ ဇွန်းကို ရေကလေးနဲ့ အသာလေးကျင်းပြီး နောက်တစ်ယောက်ကို ထည့်ပေးနေတဲ့ အတွက် ရောဂါရှိတဲ့သူ စားသွားပြီးနောက် အဲဒီဇွန်းမှာ သေချာပေါက် အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ပိုး ရှိနေမှာ သေချာပါတယ်။ ဒီဇွန်းနဲပ စားလိုက်ရုံနဲ့ ကူးမှာ သေချာတယ်။ အိမ်ကိုပါဆယ်ထုပ်ပြီး စားရင် ဒါမှမဟုတ် နိုင်ငံခြားသားတွေလို ကိုယ့်ဇွန်းနဲ့ ကိုယ် ယူလာစားရင် အကောင်းဆုံးပါပဲ လို့ အကြံပြုချင်ပါတယ်)

ဒါပေမယ့်လည်း လက်ရှိ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ပိုး ရှိနေတဲ့ လူတွေအားလုံးရဲ့ အနည်းဆုံး ၃၀%မှာ အထက်ပါ ကူးစက်နိုင်သည့် နည်းလမ်းများ တစ်ခုမှ ထင်ထင်ရှားရှား မရှိကြတာ ထူးဆန်းစွာ သိရပါတယ်။

(ဆိုလိုချင်တာက ကာကွယ်ဆေး ထိုးထားခြင်းသည်သာ စိတ်အချရဆုံး ကာကွယ်နည်း ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးပုံ အကြောင်းအသေးစိတ်ကို ထပ်မံပြီး ဆောင်းပါးတစ်ပုဒ်အနေနဲ့ တင်ပေးပါ့မယ်)

ကုသမှု
ရုတ်တရက် အသည်းရောင်ယမ်းခြင်းအတွက် အတိအကျ ကုသမှု မလိုပါဘူး။ လူနာရဲ့အခြေအနေကို ကြည့်ပြီး စောင့်ရှောက်ကုသမှု (Supportive Treatment) မျိုး ပေးရုံနဲ့ အရွယ်ရောက်ပြီး လူနာတွေမှာ ဆိုရင် သူ့အလိုလို ပြန်ကောင်းသွားပါတယ်။ အရမ်းကို ကိုယ်ခံအားကျနေတဲ့ အခြေအနေမျိုး၊ ဒါမှမဟုတ် အသည်းကြီးတစ်ခုလုံး ရောင်ယမ်းနေတဲ့ အခြေအနေမျိုး ရှိသူတွေမှာပဲ ဗိုင်းရပ်စ်သတ်ဆေးနှင့်ကုသမှု (antiviral treatment) ပေးစရာ လိုတယ်လို့ သိရပါတယ်။ ဒီလိုမျိုး လိုအပ်တဲ့ လူနာအရေအတွက်ကလည်း ၁% အောက် နည်းတယ်လို့ သိရပါတယ်။

နာတာရှည် အသည်းယောင်ရမ်းခြင်း မှာကျတော့ အသည်းပျက်စီးမှု အခြေအနေကို တိုင်းဖို့ အသည်းအင်ဇိုင်းပမာဏတွေ စစ်ဆေးရပါတယ်။ ဗိုင်းရပ်စ်ရဲ့ DNA ပမာဏ အနည်းအများ ပမာဏကိုပါ စစ်ဆေးပြီး ကုသမှုတွေ ပေးပါတယ်။

ယနေ့ပေါ်ပြီးသမျှ ဆေးတွေမှာ ဘယ်ဆေးကမှ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ပိုး တွေအားလုံးကို ကိုယ်ထဲကနေ ရာနှုန်းပြည့် ဖယ်ရှားနိုင်စွမ်း မရှိသေးပေမယ့် ပွားများခြင်းကို တားဆီးနိုင်ပြီး အသည်းထိခိုက်မှုဒဏ်ကို အနည်းဆုံးလျှော့ချနိုင်တဲ့ ဆေးကောင်းတွေ ပေါ်နေပြီ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဘေးကင်းအစွမ်းထက်ကြောင်း လိုင်စင်ရပြီးသား ဆေး ၇ မျိုး လက်ရှိပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။
ဒီဆေးတွေကတော့
1. lamivudine (Epivir),
2. adefovir (Hepsera),
3. tenofovir (Viread),
4. telbivudine (Tyzeka)
5. entecavir (Baraclude) နဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့်
6. interferon alpha-2a နဲ့
7. PEGylated interferon alpha-2a (Pegasys) တို့ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

(မြန်မာနိုင်ငံက အထူးကုဆေးခန်းတွေမှာလည်း ဒီဆေးတွေထဲက အချို့နဲ့ ကုသမှုတွေ ပေးနိုင်နေပြီ ဖြစ်ပါတယ်)

ရောဂါရလဒ်အဆိုးအကောင်း (Prognosis)
အသည်းရောင်အသားဝါ B ရောဂါဟာ ဖြစ်တဲ့လူရဲ့ ခန္ဓာကိုယ် ခံနိုင်အားအပေါ် မူတည်ပြီး လပိုင်းအတွင်း သူ့ဟာသူပျောက်သွားသော (self-limiting) ရောဂါမျိုးလည်း ကံကောင်းရင် ဖြစ်နိုင်သလို နာတာရှည် (long-standing) ရောဂါမျိုးလည်း ဖြစ်သွားနိုင်တဲ့ ရောဂါဖြစ်ပါတယ်။
ကလေးတွေ ကူးစက်ခံရရင်တော့ ပိုးတွေကို လူကြီးတွေလို ကိုယ်ခံစွမ်းအားသက်သက်နဲ့ ရှင်းပစ်နိုင်ဖို့ မလွယ်လှပါဘူး။ ကလေးကြီးတွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ ဆိုရင်တော့ အသည်းရောင်ပြီးနောက် ၉၅% ဟာ အပြည့်အ၀ပြန်ကောင်းသွားပြီး ရာသက်ပန် ဒီဗိုင်းရပ်စ်ကို ပြီးသွားတယ် လို့ သိရပါတယ်။ ဒါပေမယ့် ကလေးတွေမှာ ဆိုရင် ဒီမျှော်လင့်ချက်က ၃၀% လောက်ပဲ ရနိုင်ပြီး အမေဆီက ကူးသွားတဲ့ မွေးကင်းစကလေးတွေဆိုရင် ၅% လောက်ပဲ ရနိုင်ပါတော့တယ်။

ဒီလို အကူးစက်ခံလိုက်ရတဲ့ မွေးကင်းစကလေးတွေဟာ ဆိုရင် လူ့သက်တမ်းရဲ့ ၄၀% လောက်ပဲ နေရတော့မှာ ဖြစ်ပြီး အသည်းခြောက်ရောဂါ (သို့) အသည်းကင်ဆာရောဂါ တစ်ခုခုကြောင့် သေဆုံးရဖို့ သေချာသလောက်ပဲလို့ သိရပါတယ်။ အသက် ၁ နှစ်ကနေ ၇ နှစ်အထိ ကလေးငယ်တွေ ကူးစက်ခံရရင်တော့ ၇၀%လောက်သော အရေအတွက်လောက်က ပိုးတွေကို ကိုယ်ခံအား တက်လာတာနဲ့အမျှ ရှင်းပစ်နိုင်တယ်လို့ ၀မ်းမြောက်ဖွယ် တွေ့ရှိထားတဲ့ သုတေသနရလဒ် တစ်ခုလည်း ရှိပါတယ်။

အသည်းရောင်အသားဝါ B ရှိတဲ့သူတွေမှာ အသည်းရောင်အသားဝါ D ပါ တွဲလာတတ်တာလည်း ရှိပါတယ်။ ဒီလို ပိုးနှစ်မျိုး တွဲဖြစ်ရင်တော့ အသည်းခြောက် အသည်းကင်ဆာတွေ ဖြစ်နိုင်စွမ်း ပိုများလာစေ နိုင်ပါတယ်။

Post by www.mutdfan.com
Written by : သီဟသစ်(ဆေး-၂)
ဂေါက် သို့မဟုတ် ဒူလာရောဂါ ဆိုတာဘာလဲ
ဂေါက် သို့မဟုတ် ဒူလာရောဂါ ဆိုတာ အဆစ်အမြစ် ရောင်ရောဂါတွေ ထဲက တစ်မျိုးဖြစ်ပါတယ်။ အမျိုးသမီး တွေထက် အမျိုးသားတွေ ပိုအဖြစ်များ ပါတယ်။ ခန္ဓာကိုယ်က အဆစ်တစ်ခုခု ရုတ်တရက် ပူလောင်သလို နာကျင်လာခြင်း၊ တောင့်တင်းလာခြင်း၊ ရောင်ရမ်း လာခြင်းတွေနဲ့ အစပျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ခြေမအဆစ် မှာ စဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ လက် အပါအဝင် တစ်ကိုယ်လုံးက အဆစ်တွေ မှာလည်း ခံစားရနိုင်ပါတယ်။
ဒီရောဂါက ခန္ဓာကိုယ်ရဲ့ဇီဝရုပ် ဖြစ်ပျက်မှုဖောက်ပြန်လို့ ဖြစ်တဲ့ရောဂါ (Metabolic Disease)၊ ပျက်စီးချို့ယွင်း သွားစေသောရောဂါ (Degenerative Disease) တစ်ခုဖြစ်လို့ မကုဘဲနေရင် ပိုပိုဆိုးလာတတ်တဲ့ သဘာဝ ရှိပါတယ်။ ကာလကြာလာတာနဲ့အမျှ အဆစ်တွေ၊ အရွတ်တွေ၊ တစ်သျှူးတွေ ပျက်စီးလာ မှာ အသေအချာပါပဲ။
အကြောင်းရင်းတွေက ဘာတွေလဲ
သွေးထဲမှာ ယူရစ်အက်ဆစ်ပမာဏ မြင့်တက်လာလို့ ဖြစ်ရတာပါ။ တော်ရုံ မြင့်ရုံနဲ့တော့ ဂေါက်မဖြစ်ပါဘူး။ အဆ မတန်များလွန်းလို့သာ မာကျောလှတဲ့ ယူရစ်အက်ဆစ် ပုံဆောင်ခဲ (Uric Acid Crystals) တွေ ဖြစ်လာရတာပါ။ အဝလွန် ခြင်း၊ အရက်အလွန် အကျွံသောက်ခြင်း၊ နေ့စဉ်ပုံမှန် အသားများများစားခြင်းတွေ နဲ့ တိုက်ရိုက်ဆက်စပ်ပါတယ်။ အသား စားကြူးတယ်ဆိုတာကို စားသမျှအစား ရဲ့ ငါးပုံနှစ်ပုံဟာ အသားဖြစ်နေခြင်းလို့ အကြမ်းဖျင်း ယူဆနိုင်ပါတယ်။ အသားချင်းတူရင်တောင် Sea Food လို့ခေါ်တဲ့ ပင်လယ်စာ အမျိုးမျိုးဟာ ဂေါက်ကို အထူးဖြစ်စေ၊ ထကြွစေတယ်ဆိုတာ လေ့လာတွေ့ရှိ အတည်ပြုပြီး ဖြစ်ပါတယ်။ သွေး တိုးရောဂါရှိလို့ Thiazides အမျိုးအစား ဆီးချဆေးတွေ စွဲသောက်နေရသူများမှာ လည်း ဖြစ်တတ်ပါတယ်။
(ဒါပေမဲ့ ယနေ့ မြန်မာဆေးလောကမှာ ဆီးဆေးပေးရင် Thiazides အမျိုးအစားတွေ ရှောင်ပေးတာ၊ အသုံးမပြုသလောက် နည်းသွားတာ တွေ့ရပါတယ်) မျိုးရိုးလိုက်ခြင်းဟာလည်း အတော် အသင့်ဖြစ်စေတတ်တဲ့ အကြောင်းတရား တစ်ခုပါ။ လေ့လာစစ်တမ်းကောက်ယူမှု များအရ ဂေါက်ရောဂါရှိသူ အားလုံးရဲ့ ၁၈ ရာခိုင်နှုန်းဟာ မိသားစု ရောဂါ ရာဇဝင်ရှိဖူးသူတွေ ဖြစ်ကြပါတယ်။ ခဲဆိပ်သင့်စေနိုင်တဲ့အလုပ် နေ့စဉ်လုပ် သူတွေ (ဥပမာ-စနစ်တကျ အကာအကွယ် ဝတ်ဆင်မထားတဲ့ ဘက်ထရီ စက်ရုံလုပ်သားတွေ၊ ခဲပါဝင်မှုမြင့်မား တဲ့ ရေသောက်သုံးသူတွေ) ဟာ ဂေါက်ရောဂါဖြစ်ဖို့ အရမ်းနီးစပ်ပါတယ်။
ရောဂါလက္ခဏာတွေက ဘာတွေလဲ
ဂေါက် ခေါ် ဒူလာရောဂါရဲ့အဖြစ် အများဆုံးနဲ့ အထင်ရှားဆုံး လက္ခဏာ တစ်ခုကတော့ ခြေမအဆစ် နီရဲရောင်ရမ်းပြီး စူးရှစွာ နာကျင်လာခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တစ်နေ့တာ လှုပ်ရှားမှုတွေ ရပ်ဆိုင်းလိုက်တဲ့ ညဘက်မှာ ပိုဖြစ်လေ့ရှိပါတယ်။ ခြေမအဆစ်က အများဆုံး စဖြစ်တယ်ဆိုပေမယ့် ခြေကျင်းဝတ်၊ ဒူးခေါင်းနေရာတွေမှာလည်း အထက်က ပြောခဲ့တဲ့ နာကျင်မှုမျိုး ခံစား ရနိုင်ပါတယ်။ ဒီလိုနာကျင်မှုဟာ သုံးလေးရက်ကနေ တစ်ပတ်နှစ်ပတ်အထိ ကြာနေနိုင်ပြီး သူ့အလိုလို ပျောက်သွားကာလနဲ့ ချီပြီး ပြန်မဖြစ်ဘဲလည်း ဖြစ်နိုင်တဲ့အတွက် ဆေးခန်းသွားရမှာ ပျင်းသော အမျိုးသား များအနေနဲ့ ဒီရောဂါအပေါ်မှာ အထူး ဂရုစိုက် မကုသမိတတ်ကြပါဘူး။
ဒီတော့ အထူးသတိပေးချင်တာဟာ အထက်က ပြောခဲ့တဲ့ နာကျင်မှုမျိုး သင် တစ်ကြိမ် စခံစားရပြီ ဆိုတာနဲ့ ဆေးခန်းသွားပါ။ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒီလိုမဟုတ်ရင် သင့်ရဲ့ ယူရစ်အက်ဆစ် မြင့်တက်လာမှု ဟာ အချိန်နဲ့အမျှ ပိုမိုလာမှာမို့ သင့်ရဲ့ ဂေါက်ရောဂါဟာ ဆက်လက်တိုးတက် ဖြစ်ပွားလာပြီး အဆစ်တွေ ပျက်စီးကုန် မှာ ဖြစ်ပါတယ်။ (ဒီနေရာမှာ အလေး အနက်ထားပြီး ပြောချင်တာက အမျိုးသား ပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ထိခိုက် ဒဏ်ရာကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ အဆစ်တစ်နေရာရာက ကိုက်ခဲ ရောင်ရမ်း လာရင် ဆရာဝန်နဲ့ သွားရောက်ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ကာ ရောဂါအဆင့် ဆက်မတက်အောင် ထိန်းသိမ်းကုသသင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါဟာ လေးဖက်နာအမျိုးမျိုး ထဲက တစ်ခုခု ဖြစ်နိုင်တာမို့ပါ)
ဂေါက်ရောဂါဖြစ်ကြောင်း ဘယ်လို အတည်ပြုမလဲ
ဆရာဝန်က သင့်ရဲ့ နာကျင်မှု အနေအထားအကြောင်း အသေးစိတ်မေးပြီး လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပါလိမ့်မယ်။ သွေးဖောက်ပြီး သွေးတွင်း ယူရစ်အက်ဆစ်ပမာဏ တိုင်းတာပါလိမ့်မယ်။ လိုအပ်ရင် အဆစ်ထဲက ခြင်ဆီရည် (Synovial Fluid) ဖောက်ပြီး ယူရစ် အက်ဆစ်ပုံဆောင်ခဲလေးများ ရှိ၊ မရှိ ရှာရပါမယ်၊ ဓာတ်မှန်ရိုက်ရပါမယ်။ ဒါတွေလုပ်ပြီးရင် သင့်ရဲ့ ရောဂါ အခြေအနေကို ဂဃနဏ သိရှိနိုင်ပါပြီ။ ဂေါက်ရောဂါ ရှိနေတယ်ဆိုပြီး ဘာမှ စိုးရိမ်ထိတ်လန့်သွားစရာ၊ စိတ်ဓာတ်ကျ စရာလည်း မလိုပါဘူး။ အစားအသောက် ဆင်ခြင်ပြီးနေရင် ဘာမှမဖြစ်သလို ဘဝ တစ်လျှောက်လုံး နေထိုင်နိုင်သွားပါလိမ့်မယ်။ ရှောင်ရမယ့် အစားအသောက် တွေကို အကြမ်းဖျင်းပြောရရင် ဥအနှစ် အမျိုးမျိုး၊ ငါးဥ၊ မျှစ်၊ မှို၊ တွင်းအောင်း သတ္တဝါသား၊ ပင်လယ်စာနဲ့ အနီရောင် အသားများ၊ ကလီစာများ၊ ပေါင်မုန့်၊ ခရမ်းချဉ်သီး၊ အာလူး၊ ခရမ်းသီး၊ အချို မှုန့်နဲ့ ဘီယာတို့ ဖြစ်ပါတယ်။
ဘယ်လိုကုသမလဲ
လတ်တလော ထကြွနာကျင်နေတဲ့ ဂေါက်ရောဂါကို သက်သာအောင်တော့ ဆရာဝန်က သင့်ကို စတီးရွိုက် အပါအဝင် ဆေးတွေ ပေးပါလိမ့်မယ်။ ဝေဒနာတွေ လျော့လာတာနဲ့အမျှ သောက် ရတဲ့ဆေးပမာဏလည်း လျော့ကျသွား ပါတယ်။ နာကျင်ရောင်ရမ်းမှု အားလုံး ဟာ ၂၄ နာရီအတွင်း လျော့ပါးပျောက် ကင်းနိုင်ပါတယ်။ မြန်မြန်သက်သာချင်ရင်တော့ အဲဒီ ရောင်ရမ်းနာကျင်နေတဲ့ အဆစ်ကို အနားယူပေးဖို့ လိုအပ်ပါတယ်။ အကိုက် အခဲပျောက်ဆေးထဲမှာ အက်စပရင် (Aspirin) ကလွဲလို့ အဆင်ပြေရာ အကိုက်အခဲ ပျောက်ဆေးသောက်ထားလို့ ရပါတယ်။ အက်စပရင်က ယူရစ်အက်ဆစ် ကို တက်စေတာမို့ ရှောင်ကြဉ်ရပါမယ်။ ဒါပေမဲ့ အက်စပရင်က ဒီနေ့ဒီအချိန်မှာ အကိုက်အခဲ ပျောက်ဆေးအနေနဲ့ ခေတ် မရှိတော့ပါဘူး။ (Aspilet ဆိုတဲ့ နာမည် နဲ့ သွေးခဲမပိတ်ဆေးအနေနဲ့ပဲ ရှိပါတော့ တယ်)
ဘယ်လို ကာကွယ်မလဲ
ယူရစ်အက်ဆစ်ပမာဏတက်ခြင်း ကို ကာကွယ်ပေးဖို့ သင့်ရဲ့ဆရာဝန်က သင့်ကို ဆေးတွေ ပေးပါလိမ့်မယ်။ ညွှန်ကြားတဲ့အတိုင်း အတိအကျသောက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဆေးတွေ သောက်နေပေမယ့်လည်း သင်ဟာ ဆရာဝန်ပြောတဲ့အတိုင်း အစားအသောက် ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ သင်ခိုင်းသမျှ တာဝန်ကျေခဲ့၊ တာဝန်ကျေ နေဆဲ အဆစ်လေးတွေကို သနားပါ။ အဝ မလွန်အောင်လည်း ထိန်းသိမ်းသင့်ပါတယ်။ အရက်၊ ဘီယာ အလွန်အကျွံသောက်ရင် သေချာပေါက် ဂေါက်ဖြစ်မှာမို့ ထိန်းသိမ်း ဆင်ခြင်ပါ။
ကာကွယ်ချင်ရင် ပုံမှန် သောက်သူ အမျိုးသားများအနေနဲ့ တတ်နိုင်ရင် အသက် ၃၅ နှစ်ကျော်တာနဲ့ သွေးတွင်း ယူရစ်အက်ဆစ်ပမာဏ တိုင်းတာကြည့်သင့်ပါတယ်။ အဝမလွန် အောင်လည်း ထိန်းသိမ်းပါ။ သွေးတိုး ဖြစ်ရင် ဂေါက်လည်း လိုက်ဖြစ်လာတတ်တာမို့ သွေးတိုးရောဂါကိုပါ ကာကွယ်ပါ။ အရည်ရွှမ်းတဲ့ သီးနှံများဟာ (အထူးသဖြင့် စတော်ဘယ်ရီသီး၊ ချယ်ရီ သီးများဟာ ဂေါက်ရောဂါကို မထကြွအောင် ထိန်းပေးနိုင်တဲ့ အာနိသင်ရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်) ဂေါက်ရောဂါကို တစ်ဖက်တစ်လမ်းက ထိရောက်စွာ ကာကွယ်ပေးနိုင်တာမို့ အထက်ကပြောခဲ့တဲ့ အစားအသောက်တွေ တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပြီး ရေ နဲ့ သဘာဝ သစ်သီးဖျော်ရည်တွေ နေ့စဉ် များများသောက်ပေးပါ။ ဒါဆို ရောဂါ ရှိပြီးသားဆိုရင်လည်း ဂေါက်ရောဂါဟာ သင့်ဆီမှာ ပေါ်မနေတော့ဘဲ ပျောက်ကွယ်နေပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနေနိုင် ပါလိမ့်မယ်။ မရှိသေးတဲ့သူတွေလည်း ကာကွယ်ပြီးသား ဖြစ်သွားပါမယ်။
ရိုးရာလေးမှကူးယူပါသည်။
ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်း စိတ်ဓာတ်ကျနေတဲ့ အမျိုးသမီးတွေက မွေးလာတဲ့ ကလေးငယ်တွေဟာ စိတ်ဖိစီးမှု ဟော်မုန်းပမာဏ မြင့်မားပြီး ကြွက်သား ထုထည်လျော့နည်းကာ တခြားအာရုံကြောနဲ့ အပြုအမူပိုင်းဆိုင်ရာတွေမှာ အားနည်းချက် ရှိတတ်ကြောင်း လေ့လာမှု အသစ်တစ်ရပ်က ဆိုပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ စိတ်ဓာတ်ကျ ခြင်းနဲ့ မွေးကင်းစကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုကို လေ့လာခဲ့ရာ အသက် ၂၀ ကျော် ကိုယ်ဝန်ဆောင်မိခင်ဦးရေ ၁၅၄ ဦး ပါဝင်ခဲ့ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းအဆင့်ကိုသိနိုင်ဖို့ ကိုယ်ဝန် ၂၈၊ ၃၂ နဲ့ ၃၇ ပတ်တွေအပြင် ချက်ကြိုးရဲ့ သွေးနမူနာကိုလည်း ယူခဲ့ပါတယ်။
ရလဒ်အရ စိတ်ဓာတ်ကျနေတဲ့ မိခင်ကမွေးလာတဲ့ ကလေးတွေကို အချိန်နှစ်လအကြာမှာ စစ်ဆေးခဲ့တဲ့အခါ စိတ်ဖိစီးမှုအပေါ် ခံနိုင်ရည်နည်းပြီး ထိန်းချုပ်နိုင်စွမ်း နည်းပါးကာ ကျန်းမာရေး ချို့တဲ့တတ်ကြောင်း သိရပါတယ်။ ရေရှည်အနေနဲ့ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးပြီး စိတ်ဓာတ်ကျတဲ့ မိခင်တွေကြောင့် ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ဘယ်လောက်အထိ ထိခိုက်မှုရှိနိုင်သလဲဆိုတာကိုတော့ ဆက်လက်လေ့လာနေပါတယ်။
အမျိုသမီး ငါးဦးအနက် တစ်ဦးဟာ ကိုယ်ဝန်ဆောင်ချိန်အတောအတွင်းနဲ့ ကလေး မွေးပြီးချိန် အတောအတွင်း စိတ်ဓာတ်ကျလေ့ရှိတတ်ကြောင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတို့အနေနဲ့ စိတ်ဓာတ်ကျနေပါက ဆရာဝန်နဲ့ တွေ့ဆုံကာ ကုသမှုပြုလုပ်ဖို့ အထူးလိုအပ်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။
Ref: Good Health
၁။ လူသားခန္ဓာကိုယ်မှာ နာရီတိုင်းဆဲလ် (ကလာပ်စည်း) ပေါင်း သန်းတစ်ထောင် အစားထိုးဖြစ်ပေါ်နေတယ်။
၂။ လူသားတစ်ယောက်ရဲ့ မျက်လုံးဟာ မီးခိုးရောင်ရဲ့ အရိပ်ပေါင်း ၅၀၀ ကို ပုံဖော်နိုင်စွမ်းရှိတယ်။
၃။ လူသားတွေမှာ နားတွေ၊ သွားတွေ၊ နှာခေါင်းတွေ ကြီးလာပေမယ့် မျက်လုံးကတော့ မွေးကတည်းက အရွယ်အတိုင်း သေတဲ့အထိပဲ။
၎။ လူသားတစ်ယောက် ချောင်းတစ်ခါဆိုးရင် တစ်နာရီ မိုင် ၆၀ နှုန်း ပြင်းအားရှိတယ်။
၅။ လူသားတွေမှာ မုတ်ဆိတ်မွေးဟာ အသန်ဆုံးပဲ။ တကယ်လို့သာ မရိတ်ဘဲထားရင် ပေ ၃၀ လောက် ရှိသွားနိုင်တယ်။
၆။ အသက်ခြောက်ပတ်မှ ရှစ်ပတ်အတွင်းမှာ ကလေးငယ်တွေဟာ ငိုပေမယ့် မျက်ရည် မထုတ်တတ်သေးဘူး။
၇။ လူသားတစ်ယောက်ရဲ့ နှာချေနှုန်းဟာ တစ်နာရီ မိုင် ၁၀၀ နှုန်းရှိတယ်။
၈။ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲက ကလာပ်စည်း (ဆဲလ်) အသေတွေဟာ နောက်ဆုံး ကျောက်ကပ်ထဲကို ရောက်သွားပြီး အညစ်အကြေးအဖြစ် စွန့်ထုတ်ပစ်ခံရတယ်။
၉။ လူသားတွေ တစ်ခါပြုံးရင် မျက်နှာပေါ်က ကြွက်သားမျှင် ငါးခုကနေ ၅၃ ခုအထိ လှုပ်ရှားသွားတယ်။
၁၀။ လူ ၂၀ မှ တစ်ယောက်လောက်က အပိုနံရိုးပါတတ်တယ်။
၁၁။ အသားညိုတဲ့လူတွေဟာ အသားဖြူတဲ့လူတွေလောက် ပါးရေတွန့် မမြန်တတ်ကြဘူး။
၁၂။ ၈၅ ရာခိုင်နှုန်းသော လူဦးရေဟာ သူတို့ရဲ့ လျှာတွေကို ပြွန်ထဲမှာ လိပ်ထည့်နိုင်ကြတယ်။
၁၃။ ပါးစပ်ကနေ အစာအိမ်အထိ အစာရောက်ဖို့ ၇ စက္ကန့်ပဲ ကြာတယ်။
၁၄။ မိန်းမတွေဟာ ယောက်ျားတွေထက် နှလုံးခုန်မြန်တယ်။
၁၅။ လူတစ်ယောက် တစ်နေ့ကို နှလုံးခုန်နှုန်း အကြိမ်တစ်သိန်းရှိတယ်။
၁၆။ ဆံပင်နဲ့ ခြေသည်းတွေရဲ့ ဖွဲ့စည်းပုံက အတူတူပဲ။
Ref: Good Health
အလှအပကိုကြိုက်နှစ်သက်ကြတဲ့ မမ..တို့ ရေ..
ကြက်တောင်ပံကြော်ကို နေ့ စဉ်ရက်ဆက်စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက်တကယ့်
အန္တရာယ်တခုဆိုတာကို မျှဝေလိုက်တာပါ…
ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။
မကြာသေးမီက ကျမ သူငယ်ချင်းမ တယောက် သူ့ ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်တည်သလိုလို အခဲတခု ဖြစ်ပြီး ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး ထုတ်ပြစ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်…
အဲဒီအခဲဟာ ခွဲစိတ်ပြိးကြည့်လိုက်တော့ မဲပုပ်နေတဲ့သွေးခဲကြီးပါတဲ့...
သူမကတော့ ခွဲစိတ်ကုသပြီးနောက်မှာ ပုံမှန်ပြန်ကောင်းလာမယ်လို့ ပဲ ထင်ခဲ့တာပေါ့..
ဒါပေမယ့်.. သူထင်တာနဲ့ တတ်တတ်စင်အောင်လွဲခဲ့ပါ့တယ်..
ခွဲစိတ်ထုတ်ပစ်ပြီး လအနည်းငယ်အကြာမှာ အရင်လိုပဲ ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို ပြန်ဖြစ်လာပြန်ရောတဲ့…


ဒုက္ခပါပဲနော်..
သူလဲ အရမ်း စိတ် သောကရောက်ရတာပေါ့..
ဒါနဲ့ သားဖွားမီးယပ်ပါရဂူ တယောက်ဆီ ချက်ချင်းသွားပြကြည့်တော့..
ဆရာဝန်က သူမကို မေးခွန်းတခုမေးတယ်.. မေးခွန်းက သူမအတွက်တော်တော်ကိုထူးဆန်းနေတယ်....
ကြက်တောင်ပံကို နေ့ စဉ်ရက်ဆက်စားသလား .. တဲံ့...
သူမက.. စားပါတယ် လို့ ပဲဖြေတယ်.. စားလဲ စားတာကိုး..
သူမ ကြက်တောင်ပံကြော်အမြဲတမ်းစားနေကျဆိုတာ ဘယ်လိုသိပါသလဲလို့  တောင်အံ့သြတကြီးပြန်မေး မိသေးတယ်..
ကဲကြည့်.. ဘာကြောင့်သူဒီလိုရောဂါဖြစ်တာလဲ ..



ဒီနေ့ ခေတ်မှာ
့ကြက်တွေ မြန်မြန်ကြီးထွားလာစေဖို Steroids ဟိုမုန်းတွေပါတဲ့ကြီးထွားဆေးတွေ သုံးလာကြပါတယ်.. .
Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးကို ကြက်တွေရဲ့.တောင်ပံနဲ့ လည်ပင်းနေရာတွေမှာ
ပဲ အမြဲထိုးပေးလေ့ရှိတယ်..
ဒါကြောင့်. Steroids ဟိုမုန်းတွေအများဆုံးစုနေတဲ့နေရာကတော့တောင်ပံနဲ့ လည်ပင်းတွေမှာပါပဲ..
ဒီ Steroids ဟိုမုန်းတွေဟာ မြန်မြန်ကြီးထွားစေတတ်တဲ့သဘောကြောင့် ခန္ဒာကိုယ်ထဲမှာ ကြောက်စရာကောင်းလောက်အောင် အကျိုးဆက်တွေဖြစ်လာတာပေါ့..
ဒါဟာဘာအတွက်လဲ..
တကယ်တော့ သူတို့ ရဲ့ လိုအပ်ချက်က .. ကြက်တွေမြန်မြန်ကြီးထွားလာစေဖို့ ပဲမဟုတ်လား… .
ဒါပေမယ့်.. အခု အမျိုးသမီးတွေကို တိုက်ရိုက် ထိခိုက်လာပါပြီ…
အမျိုးသမီးတွေမှာ လက်ရှိ ရှိနေတဲ့ မ.ဟော်မုန်းတွေကိုပါ အန္တရာယ် ကျရောက်စေတဲ့အပြင်..
ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို မဲပုပ်နေတဲ့ အခဲတွေ ကြီးထွားလာစေတတ်တဲ့ ရောဂါတမျိုး ပိုပြီးဖြစ်လွယ်လာစေပါတယ်..
ကျမတို့ မှာ အရသာရှိလှတဲ့ ရိုးရာဟင်းလျာတွေ ရှိကြတာပေါ့နော်.. ဒါပေမယ့်..
ကျမတို့ရဲ့ ကျန်းမာရေးက အသက်ဆက်လက်ရှင်သန်ဖို့ ရာ ပိုပြီိးအရေးကြီးပါတယ်..
ဒါကြောင့် မမတို့ုကို ဝေမျှလိုက်ပါတယ်နော်.. မမတို့ ခန္ဒာကိုယ် အလှမပျက်ရအောင် ကိုယ်အလေးချိန်ကိုလဲ ထိန်းရာရောက်အောင် ကြက်တောင်ပံ ကို နေ့ စဉ်ရက်ဆက် စားသုံးခြင်းက နေ တတ်နိုင်သလောက် လျှော့စားကြပါလို့ ...
အခြား မမ .တွေ.. (မမ.ရှိသူတွေ) ဆီကိုလဲ ဒါကို လက်ဆင့်ကမ်းပေးကြပါဦးနော်

P.S.
U.S, Canada နှင့် Europe မှာတော့ ဒါကိုသူတို့ နိုင်ငံတွေမှာ တရားမ၀င်ပါဘူးလို့ ငြင်းဆန်ထားပါတယ်..
တိရိစ္ဆာန်တွေကိုဆေးထိုးခြင်း အစာကျွေးခြင်းတွေမှာ ဒီလို ဟော်မုန်းတွေသုံးခွင့်မပြုဘူးလို့ ပြောပါတယ်..
ဒီထဲမှာ ထပ်တွေ့ ရတာက အမျိုးသားတယောက် ဟာ ကြက်လည်ပင်းနဲ့ ထမင်းကိုပဲ နှစ်နှစ်ခြိုက်ခြိုက် နှစ်အတော်ကြာ စားခဲ့ပြီးနောက့် သူ့ ရဲ့ရင်ဘတ်တွေဟာ ကြီးထွားလာတာပါတယ်တဲ့.. :)
( website တစ်ခုကနေတွေ့လို့တင်ပေးလိုက်တာပါ)
ဆေးပညာအသိတစ်ခုနဲ့မျှဝေလိုက်တာဖြစ်ပါတယ်။္တ

ဘဝမှာ လုပ်ဆောင်နေကျ အလေ့အထတွေ ကို အကြီးအကျယ် ပြောင်းလဲလိုက်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ အဲဒီလို မလွယ်ကူတာ ကြောင့်ပဲ ကောင်းမှန်း သိနေတဲ့ အလေ့အထ တွေကို ပြောင်းလဲ မလုပ်ဆောင်ဖြစ်တာ ကြောင့် ကျန်းမာရေး ချို့တဲ့နေရသူတွေ အများသားပါ။ ဒါကြောင့် ကျန်းမာရေး ပိုကောင်းလာစေဖို့ အများကြီး မပြောင်းလဲ နိုင်ရင်တောင် နည်းနည်းလောက်ပြောင်းလဲပေးလိုက်ပါ။ ဒါဆိုရင် ပိုကျန်းမာတဲ့ ဘဝမှာ အသက်ရှင် နေထိုင်သွားနိုင်ပါလိမ့်မယ်။

သင့်ထမင်းပန်းကန်ထဲ အရောင်အသွေး အစုံပါဝင်ပါစေ
အရောင်စုံ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံမျိုးစုံပါဝင်တဲ့ ထမင်းစားသူ အမျိုးသားတွေကို ၁၄ နှစ်ကြာလေ့လာခဲ့ရာ အစာခြေလမ်းကြောင်းကင်ဆာဖြစ်နှုန်း ၇၀ ရာခိုင်နှုန်း လျော့ကျခဲ့ကြကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ထမင်းစားတိုင်း ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံအစုံပါပါစေ။
ခရမ်းချဉ်သီးဆော့စ်စားပါ
ခရမ်းချဉ်သီးဆော့စ်ကို တစ်ပတ်မှာ နှစ်ကြိမ် - လေးကြိမ်ခန့် စားပေးတာက အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နှုန်းကို ၃၄ ရာခိုင်နှုန်း လျော့ကျစေပါတယ်။
တစ်ပတ်အနည်းဆုံး တစ်ကြိမ် ငါးစားပါ
တစ်ပတ်မှာ အနည်းဆုံး ငါးတစ်ကြိမ်စားပေးထားတာက ရုတ်တရက် နှလုံးရောဂါထနိုင်ခြေ ကို ထက်ဝက်နီးပါး လျော့ကျစေပါတယ်။ အဆီများတဲ့ ငါးထဲမှာ အိုမီဂါ သရီးဖက်တီး အက်စစ် ပါဝင်မှုများ ပါတယ်။ ဆယ်လ်မွန်ငါးထဲမှာဆိုရင် အိုမီဂါသရီး ပါဝင်မှု အများဆုံးပါ။
ကော်ဖီနောက်တစ်ခွက် မသောက်ပါနဲ့
ကော်ဖီနှစ်ခွက်ထဲက ကဖင်းဓာတ်ဟာ သင်ရဲ့ ပုံမှန်နှလုံးခုန်နှုန်းကို ထိခိုက်စေတာကြောင့် တစ်နေ့ကော်ဖီတစ်ခွက်ထဲ သောက်ပါ။
ငှက်ပျောသီးတစ်လုံး စားပါ
ငှက်ပျောသီးထဲမှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ဟာ သွေးဖိအားကို ထိန်းသိမ်းပေးပါတယ်။
သွားတိုက်တံအခြောက်နဲ့ သွားတိုက်ပါ
သွားတွေကို နူးညံ့တဲ့သွားတိုက်တံအခြောက်နဲ့ သွားတိုက်ပေးတာဟာ သွားချေးတွေကို ၆၀ ရာခိုင်နှုန်း ကင်းစင်စေပြီး သွားဖုံးသွေးထွက်ခြင်းကို တစ်ဝက်နီးပါး လျော့ကျစေပါတယ်။ ရေနဲ့ ပလုတ်ကျင်း၊ ထွေးထုတ်ပြီးမှ သွားတိုက်ဆေးထည့်ပြီး ပုံမှန်အတိုင်းပြန်တိုက်ပါ။
လေ့ကျင့်ခန်းလုပ်ပြီး စိတ်ဖိစီးမှု လျှော့ချပါ
မိနစ် ၄၀ လောက် လေ့ကျင့်ခန်း လုပ်တာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်တာက စိတ်ကျရောဂါကုသဆေးသောက်တာလိုပဲ အာနိသင်ရှိပါတယ်။
နံနက်စာကို မစားဘဲ မနေပါနဲ့
လူနှစ်ထောင်ကျော်ကို လေ့လာမှုအရ တစ်ပတ်မှာ ခုနစ်ရက်လုံး နံနက်စာကို ပုံမှန်စားလေ့ရှိသူတွေဟာ ပုံမှန်မစားသူတွေထက် ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ရှိနေအောင် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။
ကူညီပါ
တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ်ခန့် စေတနာ့ ဝန်ထမ်းအလုပ်လုပ်ကိုင်ပေးတဲ့ အမျိုးသားတွေဟာ မလုပ်ကိုင်သူတွေထက် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ငါးဆယ်ရာခိုင်နှုန်း လျော့နည်းတတ်ပါတယ်။
အိမ်ထောင်ရေးကို ပျော်ရွှင်အောင် တည်ဆောက်ပါ
မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးတွေဟာ နာမကျန်းဖြစ်နိုင်ခြေကို ၃၅ ရာခိုင်နှုန်း တိုးမြင့်စေပြီး ဘဝသက်တမ်းကို လေးနှစ်လောက် တိုသွားစေနိုင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးကို တည်ဆောက်သင့်ပါတယ်။
ဗီတာမင်အီးနှင့် အက်စ်ပရင် မှီဝဲ
အင်တီအောက်ဆီးဒင့် ဗီတာမင်အီးနဲ့ သွေးကျဲစေတဲ့ အက်စပရင်ဆေးတွေဟာ သွေးခဲဖတ်ဖြစ်နှုန်းကို ၈၀ ရာခိုင်နှုန်း လျော့ကျစေကြောင်း လေ့လာသူတွေက ဆိုပါတယ်။ ဒီဆေးဝါးနှစ်မျိုးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သုံးပေးပါ။ သင့်ကျန်းမာရေး အခြေအနေအရ သောက်လို့ရရင် မှန်မှန်သောက်ပေးပါ။ အမျိုးသားတွေမှာ နှလုံးသွေးကြောကျဉ်းခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
Ref: Good Health

ညညကောင်းကောင်း အိပ်မပျော် ဖြစ်နေပါသလား။ ညဘက် အိပ်ကောင်းခြင်းနဲ့ အိပ်ပျော်စေဖို့ အောက်ပါအတိုင်း သူ့အချိန်နဲ့သူ လုပ်ကြည့်ပါ။
မနက် ၇ နာရီ
အချိန်မှန်ထပါ

အချိန်မှန်ထဖို့ အရင်ဆုံး အချိန်တစ်ခုသတ်မှတ်ပြီး နှိုးစက်သုံးကာ တစ်ပတ်လောက်ထပါ။ နောက်ပိုင်းမှာ အကျင့်ဖြစ်သွားတာကြောင့် နှိုးစက်မလိုဘဲ အလိုလိုနိုးထလာပါလိမ့်မယ်။ ဒီလိုပဲ အိပ်ချိန်ကိုလည်း ပုံမှန်လုပ်ပါ။ အချိန်မှန်အိပ်၊ အချိန်မှန်ထခြင်းဖြင့် ညဘက်မှာ ကောင်းကောင်း အိပ်ပျော်လာမှာပါ။
မနက် ၉ နာရီ
ကယ်လ်စီယမ် သုံးဆောင်ပါ

မနက်စာစားတဲ့အခါ ကယ်လ်စီယမ်ဓာတ်ပါရှိတဲ့ အစာစားဖို့ မမေ့ပါနဲ့။ ဒီသတ္တုဓာတ်ဟာ အိပ်ကောင်းခြင်း အိပ်စေနိုင်တဲ့ ဆီရိုတိုနင်နဲ့ မယ်လတိုနင်ဟော်မုန်းတွေကို ခန္ဓာကိုယ်ကနေ ပမာဏများပြားစွာ ထွက်ရှိလာစေနိုင်ခြင်းကြောင့်ပါ။ ကယ်လ်စီယမ်ပါတဲ့ ကွေကာအုတ်သောက်ပါ။ တစ်နေ့ကို ကယ်လ်စီယမ် ၁၂၀၀ မီလီဂရမ် သုံးဆောင် သင့်တာကြောင့် လိုအပ်ပါက ကယ်လ်စီယမ် အားဆေးသောက်ပါ။
မနက် ၁၀ နာရီ
နေရောင်ခံပါ

နေရောင်ခြည်ခံယူခြင်းဖြင့် ခန္ဓာကိုယ် ဇီဝနာရီဖြစ်ပျက်မှု မှန်ကန်ပြီး နေ့လယ်နေ့ခင်း ငိုက်မျဉ်းခြင်းနဲ့ ညဘက်မျက်စိကြောင်ခြင်း မဖြစ်တော့မှာပါ။ အိပ်ကောင်းခြင်း အိပ်ပျော်စေဖို့ နေ့ပိုင်းမှာ နေအလင်းရောင်များစွာလိုပြီး ညပိုင်းမှာ လုံးဝမှောင်ချထားဖို့ လိုပါတယ်။ ဒါကြောင့် နေ့လယ်နေ့ခင်း အိမ်ထဲ၊ အခန်းထဲမှာပဲ အောင်းနေမယ့်အစား အလင်းရောင် ခံယူလိုက်ပါ။
နေ့လယ် ၁ နာရီ
လေ့ကျင့်ခန်းလုပ်ပါ

အိပ်မပျော်ရခြင်းရဲ့ အကြောင်းရင်းများစွာထဲမှာ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းက အဖြစ်အများဆုံး အကြောင်းအရာတွေပါ။ အဲဒါတွေ ပျောက်ကင်းဖို့ လေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။ ပုံမှန်လမ်းလျှောက်ခြင်း၊ ပြေးခြင်းက စိတ်ဓာတ်ကျ ကာကွယ်တဲ့ဆေးတွေလိုပဲ အစွမ်းထက်လှပါတယ်။ ပြင်ပမှာ လေ့ကျင့်ခန်းလုပ်ခြင်းက Gym ထဲမှာလုပ်ခြင်း ထက်စာရင် ပိုပြီးအကျိုးရှိပါတယ်။
ညနေ ၃ နာရီ
ကဖင်းဓာတ်လျှော့ပါ

ညနေပိုင်းမှာ ကော်ဖီ၊ လက်ဖက်ရည် မသောက်ပါနဲ့တော့။ ခန္ဓာကိုယ်ကနေ ကဖင်းဓာတ်ကို ဖယ်ရှားစွန့်ထုတ်ဖို့ အချိန်အနည်းဆုံး ခြောက်နာရီလိုပါတယ်။ ညနေပိုင်းမှာ ကော်ဖီခါးခါးတစ်ခွက် သောက်လိုက်ပါက ညကိုးနာရီအထိ ခန္ဓာကိုယ်ထဲ ကဖင်းဓာတ်ရှိနေဦးမှာပါ။ အဲဒီကဖင်းဓာတ်က မျက်စိကြောင်စေနိုင်ပါတယ်။
ည ၆ နာရီ
အယ်လ်ကိုဟော လျှော့ပါ

အိပ်ရာဝင်ခါနီး အရက်၊ ဝိုင်၊ ဘီယာစတဲ့ အယ်လ်ကိုဟောပါ အရည်သောက်ပေးခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးပါတယ်။ အိပ်နေစဉ် သွေးတွင်းရှိ အယ်လ်ကိုဟော အဆိပ်ဓာတ်တွေကို ခန္ဓာကိုယ်က ဖယ်ရှားပေးရတာကြောင့် ခြေလက်လှုပ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်းဖြစ်ကာ အိပ်ကောင်းခြင်းနဲ့ မအိပ်ရတော့ပါဘူး။ ဒီလိုမဖြစ်ရအောင် မအိပ်ခင် အနည်းဆုံး သုံးနာရီအကွာမှာ မသောက်ပါနဲ့။ ညပိုင်းတွေမှာ ဝိုင်တစ်ခွက်၊ နှစ်ခွက်ထက် ပိုမသောက်ပါနဲ့။ အကယ်၍ ညစာစားပွဲတွေမှာ သောက်မိပါက ရေများများသောက်ပေးလိုက်ပါ။
ည ၉ နာရီ
မီးရောင်လျှော့ပါ

ကွန်ပျူတာ၊ တီဗီနဲ့ ဒစ်ဂျစ်တယ်နာရီတွေက ထွက်ရှိတဲ့ အလင်းတန်းတွေက ငိုက်မျဉ်းခြင်း ဖြစ်ပေါ်စေတဲ့ မယ်လတိုနင်ဟော်မုန်း သဘာဝအတိုင်း ထွက်ရှိမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီဟော်မုန်းက ငိုက်မျဉ်းခြင်းကိုသာမက အိပ်မက် ပုံမှန်မက်စေဖို့လည်း ပြုလုပ်ပေးပါတယ်။ အိပ်မက်မက်ခြင်းက စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျမှုကို သက်သာစေ ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီး တီဗီကြည့်ခြင်း၊ ကွန်ပျူတာကြည့်ခြင်း မလုပ်ပါနဲ့။
ည ၁၀ နာရီ
အိပ်ဆေးမသောက်ပါနဲ့

အိပ်မပျော်လို့ အိပ်ဆေးသောက်တာမျိုး မလုပ်ပါနဲ့။ အိပ်ဆေးပုံမှန်သောက်နေပါက နောက်ပိုင်း ဆေးမတိုးဘဲ ဖြစ်သွားပါလိမ့်မယ်။ ဒါ့အပြင် နေ့လယ်ဘက်မှာ ပင်ပန်းနွမ်းလျခြင်း၊ အတွေးအခေါ် အားနည်းခြင်းတို့ ဖြစ်လာတတ်ပါတယ်။ သဘာဝအတိုင်း အိပ်ပျော်အောင်သာ ကြိုးစားပါ။
ည ၁၀ နာရီခွဲ
စိတ်ဖြေလျှော့ကာ အသက်ရှူပါ

အပေါ်သွား နောက်ဘက်နားမှာ အာခေါင်းကို လျှာနဲ့ထောက်ပြီး အသက်ဝဝရှူသွင်းပါ။ တစ်ကနေ ခုနစ်အထိ စိတ်ထဲကရေပြီး အသက်အောင့်ထားပါ။ ပြီးတော့ တစ်ကနေ ရှစ်ထိရေကာ အသက်ရှူထုတ်ပါ။ အစအဆုံး သုံးကြိမ်လုပ်ပါ။ သဘာဝအတိုင်း အိပ်ပျော်သွားပါလိမ့်မယ်။
Ref: Good Health
အာလူးချောင်းကြော် အမြောက်အမြား စားသုံးသူများအနေဖြင့် ကင်ဆာဖြစ်ပွားမည့်ဘေးဥပဒ် နှင့် ကြုံတွေ့ရဖွယ်ရှိသည်ဟု အကြော်အလှော်နှင့် မီး ဖုတ်၍ပြုလုပ်သည့် အဆာပြေအစာများကို စမ်းသပ် ရာမှ တွေ့ခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင် စားသုံးသူ ကောင်စီနှင့် အစားအစာဘေးကင်းလုံခြုံရေးစင်တာ (CFS)တို့က အဆာပြေအစားအစာအမျိုးပေါင်း ၉၀ ကို စမ်းသပ်စစ်ဆေးမှုပြုခဲ့ရာ အကြော်အလှော်နှင့် မီး ဖုတ်၍ပြုလုပ်သော အဆာပြေအစားအစာများတွင် Acrylamideပါဝင်လျက်ရှိကြောင်း တွေ့ရှိခဲ့ကြရသည်။
    စမ်းသပ်စစ်ဆေးသည့်အဖွဲ့က လူတစ်ဦးလျှင် အာလူးကြော်အထုပ် မည်မျှစားသုံးပါက အန္တရာယ်ရှိ နိုင်သည်ကို ရှင်းလင်းသေချာစွာပြောကြားခြင်းမရှိသော် လည်း နည်းနည်းစားလေပိုကောင်းလေဟူ၍သာ အကြံ ပြုထားသည်ဟုဆိုသည်။
*အားလုံးအတွက်*
ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည
ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး
တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ
အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင်
အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။
အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ
အနည်းငယ်ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့်
သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး
ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ
ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။
စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေတစ်ယောက်က ဣဿရမူလီ ကို
သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက်
ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ
အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို
ဆေးစစ်သွားတော့
ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊
ဘာဆေးတွေ သုံးကြောင်း မေးလာတော့
သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု
သူကျန်းကျန်းမာမာပါပဲ။
*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။
(၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။
(၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊
ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက်
တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ်
ကုသိုလ်ယူကြပါရန် . . . . *
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)



--
Have a nice day.
May u be free from dangers, happy & healthy.
May all being be free from dangers, happy & healthy.

အနန္တစကြာဝဠာအတွင်း ရှိ အနန္တအရပ်မျက်နှာမှ အနန္တ သတ္တဝါ အနန္တ နတ်ဗြဟ္မာ အနန္တ သူတော်စင် သူတော်အပေါင်း တို့
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည့်စုံပါစေသား ။ ။
Note: Copy From Forward Mail
previous home
  • ပို့စ်အသစ်များ
  • မှတ်ချက်ရေးသားမှုများ
ADVERTISEMENT
မလေးရှားမြန်မာငွေဈေး ရင်းဂစ် ၁ = ၂၅၀ ကျပ်

နေ့စဉ် ကဏ္ဍများ

Total Pageviews

Sparkline
2011 PA-OH Kham. All rights reserved.
Designed by myanmarpress.net