နာဆာ (NASA-National Aeronautics and Space Administration) မှ အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိနိုင်ကြောင်း လက္ခဏာများ တွေ့ရှိရာ၊ သက်ရှိများလည်း ရှိနိုင်သည်ဟု ယူဆစရာဖြစ်လာသည်။
နာဆာ (NASA) ၏ အင်္ဂါဂြိုဟ်အား စူးစမ်းရှာဖွေသော အစီအစဉ်ဖြစ်သော (Mars Exploration Program) သည် အနီရောင်ဂြိုဟ် (Red Planet) ဟုလည်း ခေါ်သော အင်္ဂါဂြိုဟ် (Mars) ပေါ်တွင် သက်ရှိ အမျိုးအစားများ ရှိနိုင်မည်လားဟု အဖြေပေးနိုင်ရန် ပို၍ နီးစပ်လာပြီး ဖြစ်သည်။
ထို့ကြောင့် အင်္ဂါဂြိုဟ်သည် အနာဂတ်တွင် လူတို့၏ အာကာသ စူးစမ်းမှု ခရီးများ၏ ပန်းတိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည်ဟု နာဆာ၏ စီမံခန့်ခွဲရေး အရာရှိ ချားလ်စ် ဘိုလ်ဒဲန် (NASA Administrator Charles Bolden) ကပြောသည်။
အင်္ဂါဂြိုဟ်အား ပတ်၍ ထောက်လှမ်းသော (Mars Reconnaissance Orbiter)အား “တိုက်တန် ၅” ဒုံးပျံဖြင့် ၂၀၀၅ သြဂုတ် ၁၂ ရက်နေ့တွင် လွှတ်တင်စဉ်။
အင်္ဂါဂြိုဟ်၏ ပူနွေးသောလများတွင် ဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် ရေစီးဆင်းမှုရှိနိုင်ကြောင်းအား အင်္ဂါဂြိုဟ်ကို ပတ်၍ ထောက်လှမ်းသော (Mars Reconnaissance Orbiter) က မကြာမီတွင် တွေ့ရှိခဲ့သည်။ ဂြိုဟ်၏ နွေဦးနှောင်းပိုင်းမှ နွေရာသီတစ်လျှောက်တွင် ဆင်ခြေလျှော မျက်နှာပြင်များတွင် လူ၏လက်ချောင်း ကလေးများ ပုံသဏ္ဌာန်တွေ့ရပြီး ဆောင်းတွင်းတွင် ၎င်းသဏ္ဌာန်များ ပြတ်ပြတ်သားသား မရှိဘဲ နွေဦးတွင် ပြန်၍ပေါ်လာသည်။
ပန်းချီဆရာ၏ ပုံဖော်ထားသော အင်္ဂါဂြိုဟ်ပတ်ယာဉ်
၎င်းပုံသဏ္ဌာန်များ ပေါ်လာပုံ၏ အကြောင်းရင်းမှာ ဆားငံရည်စီးဆင်းမှု ရှိသောကြောင့်ဟု အများဆုံး ထင်ရသည်ဟု အဲဖရက် မက်အီဝဲန် (Alfred McEwen) ကပြောသည်။ မက်အီဝဲန် (McEwen) မှာ အမေရိကန်ပြည်ထောင်စု အာရီဇိုးနား (Arizona) ပြည်နယ် တူးစန် (Tucson) မြို့ရှိ အာရီဇိုးနာ တက္ကသိုလ် (University of Arizona) မှ ဖြစ်သည်။ သူသည် အင်္ဂါဂြိုဟ်အား စူးစမ်းသော (Mars Reconnaissance Orbiter) ၏ ပုံရိပ်နှင့်ပတ်သက်သော စမ်းသပ်ချက် (High Resolution Imaging Science) တွင် ပါဝင် လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်။
ဆားငံရေ စီးဆင်းမှုရှိသည်ဆိုသော ယူဆချက်မှာ တိကျမှု မရှိသေးသော်လည်း အခြားထင်မြင်ယူဆချက် များနှင့် နှိုင်းယှဉ်လျှင် အဖြစ်နိုင်ဆုံးဖြစ်သည်။ ဆားငံရေ မဟုတ်ပါဘဲ ရေချိုဆိုပါက စီးဆင်းမှုမရှိဘဲ ရေခဲနေမည် ဖြစ်သည်။ ဆားငံရေသည် ရေချိုထက်ပို၍ ခဲမှတ်နိမ့်မည်။
Ref : Internet

| http://ecovisionjournal.com/article/?year=5&month=4&VOL=126... | |||||||||||
| ၂ဝ၁၁-၂ဝ၁၂လောက်ဆို ကမ္ဘာ့လူဦးရေ သန်းခုနစ်ထောင် ပြည့်တော့မည်။ ကမ္ဘာကြီး မှာ လူတွေကျပ်ပြီး အစာရေစာတွေ ရှားပါး လာလေမလား၊ စိုးရိမ်စရာတွေကော များ လာမလား ကြည့်ရအောင်ပါ။ | |||||||||||
| ၂ဝ၁၁ခုနှစ်အောက်တိုဘာ ၁၂ရက်နေ့ဆို အာနန်နက်ဗစ်တစ်ယောက်အသက် ၁၂နှစ် ပြည့်တော့မည်။ အာနန်နက်ဗစ်ကား နှယ်နှယ် ရရကလေးမဟုတ်။ သူ့ကို ဘော့စနီးယားနိုင်ငံ ၏ မြို့တော် ဆာရာယေဗိုမှာ ၁၉၉၉ခု အောက်တိုဘာလ ၁၂ ရက်နေ့ ည ၁၂နာရီ ထိုးပြီး ၂မိနစ်မှာ မွေးဖွားခဲ့သည်။ ၄င်းအာနန် နက်ဗစ်ကား ကမ္ဘာ့သန်းခြောက်ထောင်မြောက် လူသားဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး က အတည်ပြုထားသူဖြစ်သည်။ ကမ္ဘာ့လူဦး ရေ သန်းခြောက်ထောင်သည် ၄င်းမွေးသည့် အချိန်တွင် ပြည့်ကြောင်း တစ်ကမ္ဘာလုံးက လက်ခံထားကြသည်။ | |||||||||||
| လာမည့် ၂ဝ၁၁-၂ဝ၁၂ စပ်ကြားကာလ တွင်လည်း နောက်ထပ်အာနန်တစ်ယောက် မွေးဖွားလာဦးမည်ဖြစ်သည်။ ယခုတစ်ခေါက် တွင်ကား သန်းခုနစ်ထောင်မြောက်လူသားတစ် ဦးကို ရွေးချယ်ကြမည်ဖြစ်သည်။ သန်းခုနစ် ထောင်မြောက်လူသားတစ်ယောက် မွေးဖွား လာချိန်နီးကပ်လာသည်နှင့်အမျှ အဆိုးမြင်သမားများကလည်း ကမ္ဘာကြီးမှာ လူဦးရေတွေ ထူထပ်လာပြီး အစာရေစာတွေရှားပါးကုန်တော့ မှာပဲ၊ နေစရာထိုင်စရာတွေ ကျဉ်းကျပ်ကုန် တော့မှာပဲနဲ့ ပြောဆိုနေကြကုန်သည်။ ရာသီဥ တုပြောင်းလဲမှုတွေကလည်း တဖြည်းဖြည်းပို မြန်ဆန်ပိုပြင်းထန်လာနေရာ တစ်နေ့ထက်တစ် နေ့တိုးလာနေသော လူအုပ်ကြီးနဲ့ ဘယ်လိုများ ရှေ့ဆက်စခန်းသွားရပါ့မလဲဟု တွေးပူနေသူ များလည်း ရှိနေချေသည်။ ကမ္ဘာ့တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ကြီး(WWF)က ဆို ကမ္ဘာကြီးကလူတွေ ခုနှုန်းအတိုင်းသာ သဘာ ဝအရင်းအမြစ်တွေ သုံးဖြုန်းနေကြရင် လာမယ့် နှစ်၂ဝအတွင်းမှာပဲ နောက်ကမ္ဘာသစ်တစ်ခုရှာ ရတဲ့ကိန်းထိ ဆိုက်နိုင်တယ်လို့ ဟောကိန်းထုတ် ထားသည်။ အဆိုးမြင်သမားများအတွက် အ ဆိုးမြင်စရာ ကုန်ကြမ်းတွေကလည်း များလှ သည်။ ခုဆို ကမ္ဘာကြီးရဲ့ လူဦးရေတိုးနှုန်းက အရင်တုံးတွေကထက်ကို ပိုမြန်လာပြီး ပေါက် ကွဲထွက်သလားမှတ်ရအောင် အရှိန်အဟုန် ကောင်းကောင်းနဲ့ တိုးပြီးရင်း တိုးလို့သာလာ နေသည်။ တိုးနှုန်းများလာသလို၊ တိုးနှုန်းက မြန်လည်းမြန်လာသည်။ သန်းခြောက်ထောင် ကနေ သန်းခုထောင်ရောက်ဖို့ ၁၂နှစ်လောက် ပဲ ကြာသည်။ သန်းငါးထောင်ကနေ သန်း ခြောက်ထောင်ထိရောက်ဖို့တုံးကလည်း ၁၂နှစ် ၁၃နှစ်ဝန်းကျင်သာ ကြာခဲ့သည်။ ထိုနှုန်းများ သည် ကမ္ဘာ့လူဦးရေတိုးနှုန်းသမိုင်းတစ်လျှေက် သန်းတစ်ထောင်ပြည့်ဖို့ အတိုဆုံးကာလများ ဖြစ်သည်။ အဆိုးမြင်သမားများက ထိုအချက် ကိုကိုင်ပြီး ခုအတိုင်းသာ လူဦးရေးတွေ ထပ် တိုးနေမယ်ဆို ကမ္ဘာပေါ်မှာ နေစရာမှကျန်ပါ ဦးမလားဘာလားနဲ့ ပြောဆိုနေကြချေသည်။ လူဦးရေတွေ လက်ရှိမှာ တိုးနေတာမှန်သည်။သို့သော် ဆက်ပြီးတိုးစရာအခြေခံအရင်းအမြစ် တဖြည်းဖြည်းနည်းလာပြီဖြစ်ကြောင်းကိုကား သူတို့သတိမထားမိကြ။ | |||||||||||
| ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်အမှတ် ကိုရောက်ဖို့ နှစ်ပေါင်းနှစ်သိန်းခွဲတိတိ အချိန် ယူခဲ့ရသည်။ ၁၈ဝဝ ခုနှစ်လောက်တွင် လူ သန်းတစ်ထောင်ပြည့်ခဲ့သည်။ သန်း နှစ် ထောင်အမှတ်ကို ရောက်ဖို့ကျတော့ နှစ် ပေါင်းတစ်ရာကျော်ပဲ အချိန်ယူရတော့သည်။ ၁၉၂၇ခုနှစ်တွင် သန်းနှစ်ထောင်ပြည့်ခဲ့သည်။ ထို့နောက်သန်းသုံးထောင်အမှတ်ကို ရောက်ဖို့ ကျတော့ ၃၃နှစ်ပဲ အချိန်ုယူရတော့သည်။ ၁၉၆ဝမှာပြည့်သွားသည်။ သန်းလေးထောင် အမှတ်ရောက်ဖို့ကျတော့ ၁၄နှစ်သာ အချိန် ယူခဲ့ရသည်။ ထိုနောက်ပိုင်းနှုန်းက မြန်သထက် ပိုမြန်လာကာ သန်းငါးထောင်အမှတ်ရောက်ဖို့ ၁၃နှစ်၊ သန်းခြောက်ထောင်အမှတ်ရောက်ဖို့ ၁၂နှစ်သာ အချိန်ယူရတော့သည်။ သန်းတစ်ထောင်နှင့် နောက်တစ်ထောင် အကြား တိုးနှုန်းက မြန်သထက်မြန်လာခဲ့သည် မှန်သော်လည်း ဤနောက်ပိုင်းကစ၍ ထိုမြန် နှုန်းသည် ပြန်လျော့သွားတော့မည်ဖြစ်ကြောင်း အတိအလင်းပြောချင်ပါသည်။ ကမ္ဘာ့လူဦးရေ ကတော့ တိုးသထက်တိုးနေလိမ့်မည်။ သို့သော် တိုးနှုန်းကျတော့ အရှိန်တဖြည်းဖြည်းပြန်နှေး သွားလိမ့်မည်။ ပြန်နှေးသွားလိမ့်မည်ဟု ဘာ ကြောင့် ပြောနိုင်သလဲကို ကြည့်ရအောင်။ လူဦးရေတိုးနှုန်းကို တိုင်းတာသည့်အခါ မျိုး ဆက်သုံးဆက်ကို ခွဲကြည့်ရသည်။ အမျိုးသမီး တွေအပိုင်းကိုပဲကြည့်။ ရှေ့မျိုးးဆက်မိခင်တွေက မွေးလိုက်သည့်သမီးတွေသည် ယနေ့မျိုးဆက်မှာ သမီးတွေထပ်မွေးကြမည်ဖြစ်ရာ ထိုသမီးများ သည် ၄င်းတို့၏ အနာဂတ်မျိုးဆက်ကို ထပ် ဖြန့်ကြလိမ့်မည်။ လက်ရှိ အခြေအနေအရ ကျွန်ုပ်တို့၏ ရှေ့မျိုးဆက်သည် တစ်အိမ်ထောင် လျှင် ကလေးများစွာယူသောမျိုးဆက်မို့ ကျွန်ုပ်တို့ ယနေ့မျိုးဆက်တွင် လူတွေများလာသလို ကလေးမွေးနိုင်သော မိခင်အရေအတွက်က လည်းများနေရာ လာမည့်ရှေ့မျိုးဆက်တွင် လူသားတွေ တိုးပွားနှုန်းက ပိုမြန်လာမှာက တော့ ဧကန်ဖြစ်သည်။ ယခုအခါ ကမ္ဘာတစ် ဝန်းကျင့်သုံးနေသော မိသားစုနည်းရေး စီမံ ကိန်းက ရှေ့တစ်မျိုးဆက်ပြီးနောက် တစ်မျိုး ဆက်လောက်မှ အကျိုးးသက်ရောက်မှု အရာ ထင်လာလိမ့်မည်။ | |||||||||||
| ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်အမှတ် ကိုရောက်ဖို့ နှစ်ပေါင်းနှစ်သိန်းခွဲတိတိ အချိန် ယူခဲ့ရသည်။ ၁၈ဝဝ ခုနှစ်လောက်တွင် လူ သန်းတစ်ထောင်ပြည့်ခဲ့သည်။ သန်း နှစ် ထောင်အမှတ်ကို ရောက်ဖို့ကျတော့ နှစ် ပေါင်းတစ်ရာကျော်ပဲ အချိန်ယူရတော့သည်။ ၁၉၂၇ခုနှစ်တွင် သန်းနှစ်ထောင်ပြည့်ခဲ့သည်။ ထို့နောက်သန်းသုံးထောင်အမှတ်ကို ရောက်ဖို့ ကျတော့ ၃၃နှစ်ပဲ အချိန်ုယူရတော့သည်။ ၁၉၆ဝမှာပြည့်သွားသည်။ သန်းလေးထောင် အမှတ်ရောက်ဖို့ကျတော့ ၁၄နှစ်သာ အချိန် ယူခဲ့ရသည်။ ထိုနောက်ပိုင်းနှုန်းက မြန်သထက် ပိုမြန်လာကာ သန်းငါးထောင်အမှတ်ရောက်ဖို့ ၁၃နှစ်၊ သန်းခြောက်ထောင်အမှတ်ရောက်ဖို့ ၁၂နှစ်သာ အချိန်ယူရတော့သည်။ သန်းတစ်ထောင်နှင့် နောက်တစ်ထောင် အကြား တိုးနှုန်းက မြန်သထက်မြန်လာခဲ့သည် မှန်သော်လည်း ဤနောက်ပိုင်းကစ၍ ထိုမြန် နှုန်းသည် ပြန်လျော့သွားတော့မည်ဖြစ်ကြောင်း အတိအလင်းပြောချင်ပါသည်။ ကမ္ဘာ့လူဦးရေ ကတော့ တိုးသထက်တိုးနေလိမ့်မည်။ သို့သော် တိုးနှုန်းကျတော့ အရှိန်တဖြည်းဖြည်းပြန်နှေး သွားလိမ့်မည်။ ပြန်နှေးသွားလိမ့်မည်ဟု ဘာ ကြောင့် ပြောနိုင်သလဲကို ကြည့်ရအောင်။ လူဦးရေတိုးနှုန်းကို တိုင်းတာသည့်အခါ မျိုး ဆက်သုံးဆက်ကို ခွဲကြည့်ရသည်။ အမျိုးသမီး တွေအပိုင်းကိုပဲကြည့်။ ရှေ့မျိုးးဆက်မိခင်တွေက မွေးလိုက်သည့်သမီးတွေသည် ယနေ့မျိုးဆက်မှာ သမီးတွေထပ်မွေးကြမည်ဖြစ်ရာ ထိုသမီးများ သည် ၄င်းတို့၏ အနာဂတ်မျိုးဆက်ကို ထပ် ဖြန့်ကြလိမ့်မည်။ လက်ရှိ အခြေအနေအရ ကျွန်ုပ်တို့၏ ရှေ့မျိုးဆက်သည် တစ်အိမ်ထောင် လျှင် ကလေးများစွာယူသောမျိုးဆက်မို့ ကျွန်ုပ်တို့ ယနေ့မျိုးဆက်တွင် လူတွေများလာသလို ကလေးမွေးနိုင်သော မိခင်အရေအတွက်က လည်းများနေရာ လာမည့်ရှေ့မျိုးဆက်တွင် လူသားတွေ တိုးပွားနှုန်းက ပိုမြန်လာမှာက တော့ ဧကန်ဖြစ်သည်။ ယခုအခါ ကမ္ဘာတစ် ဝန်းကျင့်သုံးနေသော မိသားစုနည်းရေး စီမံ ကိန်းက ရှေ့တစ်မျိုးဆက်ပြီးနောက် တစ်မျိုး ဆက်လောက်မှ အကျိုးးသက်ရောက်မှု အရာ ထင်လာလိမ့်မည်။ ယခုမျိုးဆက်မှာတော့ လူဦးရေတိုးနှုန်းက မြန်သထက်မြန်နေလိမ့်ဦးမည်။ ၁၉၆ဝ၊ ၁၉၇ဝ လောက်တွေမှာ မွေးနှုန်းတွေ တအားမြင့် တက်ပြီး ထိုစဉ်က လူ့ပြည်ရောက်လာသူများ မှာ ယခုဆို ၃ဝ၊၄ဝရွယ်များမို့ ထိုလူအုပ်ကြီး ၏ တိုးနှုန်းအရှိန်က ဆက်ရှိနေလိမ့်ဦးမည်။ ထို ကာလများသည် အမေရိကနှင့်ဥရောပနိုင်ငံ များတွင် ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက် မွေးဖွားနှုန်းများ ပြန်တက်လာသောအချိန် လည်းဖြစ်သလို၊ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တစ်မိသား စုကို ကလေး ကိုးယောက်ဆယ်ယောက်မွေး သော ကာလလည်းဖြစ်သည်။ ထိုကာလများက လူဖြစ်လာသူများက တစ်ဆင့်ထပ်မွေးလာ သော ဆပွားလူအုပ်ကြီးက ယနေ့ခေတ်၏ လူ ဦးရေကို ပြဋ္ဌာန်းသည်ဖြစ်ရာ လူဦးရေက အတက်ကိုချည်း ပြနေဆဲဖြစ်သည်။ သို့သော် ထိုအတက်ချည်းဖြစ်စေသော အခြေခံအဟုတ် က ယနေ့ခေတ်မှာတင် ကုန်ဆုံးချေပြီ၊ ယနေ့ ခေတ်မှာ တစ်မိသားစုကလေးသုံးယောက် လောက်က အလွန်ဆုံးပဲဖြစ်ရာ လာမည့်မျိုး ဆက်များတွင် လူဦးရေတိုးနှုန်းက ပြန်နှေးသွား လိမ့်မည်။ လူဦးရေကတော့ တိုးနေလိမ့်ဦးမည်၊ သို့သော် အထက်မှာ ပြောခဲ့သလို သန်းတစ် ထောင်နှင့် နောက်တစ်ထောင်အကြား တိုး ဖို့ ကြာချိန်က တဖြည်းဖြည်းပို၍ ပို၍ကြာသွား လိမ့်မည်။ ၁၉၆၅-၁၉၇ဝကာလပိုင်းလောက်ကဆို တစ်ကမ္ဘာလုံးအနေနှင့် ပျမ်းမျှတွက်ပါက အမျိုး သမီးတစ်ဦးလျှင် ကလေး ၄ ဒသမ ၈ ယောက် နှုန်း မွေးနှုန်းရှိခဲ့ရာမှ ၂ဝဝ၅-၂ဝ၁ဝကာလတွင် ၂ဒသမ၆ယောက်သာ ရှိတော့ကြောင်းကို တွေ့ ရသည်။ ဒါတောင် တစ်ကမ္ဘာလုံးအတိုင်းအ တာနှင့် ခြုံတွက်သောကြောင့် ဖြစ်သည်။ တစ်နိုင်ငံချင်းကြည့်မည်ဆို အလွန်အမင်းလျော့ ကျသွားသည့်နိုင်ငံတွေ အတော်များများရှိသည်။ ဥပမာ အီရန်၊ ၁၉၈၄တစ်ဝိုက်ကဆို အီရန် အမျိုးသမီးတစ်ဦးချင်းစီ၏ ပျမ်းမျှမွေးနှုန်းသည် ခုနစ်ယောက်ထိရှိခဲ့ရာမှ ၂ဝဝ၆ခုနှစ်တွင်တော့ နှစ်ယောက်အောက်ထိ ကျဆင်းသွားကြောင်း အံ့အားသင့်ဖွယ်တွေ့ရသည်။ အလားတူ ဘင်္ဂလားဒေ့ရှ်တွင်လည်း ၁၉၈ဝမှ ၂ဝဝဝပြည့် နှစ်ကာအတွင်း ပျမ်းမျှမွေးနှုန်း ခြောက်ယောက် မှ သုံးယောက်အထိ ကျဆင်းလာခဲ့ရသည်။ လာမည့်နှစ်အနည်းငယ်အတွင်းမှာပင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်သည် တစ် မိသားစုပျမ်းမျှကလေး ၂ ဒသမ ၁ ယောက် အောက်သာရှိသော နေရာဒေသများတွင် နေ ထိုင်လာကြလိမ့်မည်။ ထိုအခါ တိုင်းပြည်များ တွင် လူဦးရေသည် မတရားကြီးတိုးလာတာ မျိုးမရှိတော့ဘဲ တိုင်းပြည်အင်အားမလျော့ရုံ တမယ်ပုံစံမျိုးဖြင့် မွေးနှုန်းနှင့် သေနှုန်းမျှပြီး သွားနေလိမ့်မည်။ ကမ္ဘာပေါ်မှာ လူဦးရေတိုးနှုန်း သိပ်များ ပြားမြန်ဆန်တာမျိုးမရှိတော့ဘဲ သူ့ဟာသူပုံ မှန်လေးသွားနိုင်ပြီဆိုသောအခါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအလုပ်များကိုလည်း စနစ်တကျ နိုင်နိုင်နင်းနင်းလုပ်ကိုင်နိုင်လာလိမ့်မည်။ ရေချို ရေသန့်များကို ဘယ်လိုထိထိရောက်ရောက် အသုံးချကြမလဲ အစိမ်းရောင်တော်လှန်ရေး တွေကို ဘယ်လိုဘယ်ပုံထိရောက်အောင် ဆင် နွှဲမလဲက နည်းသစ်လမ်းသစ်တွေ ထပ်ထွက် လာမည်။ အချိန်တိုအတွင်း လူသားသန်းတစ်ထောင် တိုးလာသည့် ရေစီးသည်ယခုသန်းခြောက် ထောင်မှ သန်းခုနစ်ထောင်ကို တိုးသည့်အချိန် တွင်နောက်ဆုံးဖြစ်လိမ့်မည်။ သန်းခုနစ်ထောင် မှ သန်းရှစ်ထောင်ကို တိုးဖို့က ဤမျှအချိန်တို တိုနဲ့ တိုးနိုင်တော့မည်မဟုတ်။ အထက်မှာ ထောက်ပြခဲ့တဲ့အတိုင်း မွေးဖွားနှုန်းတွေက ကျလာပြီမို့ ရှေ့ဆက်ပြီး လူဦးရေတိုးနှုန်း အ တက်ကြမ်းဖို့ လမ်းမရှိတော့။ သန်းခုနစ်ထောင် ထိ တိုးဖို့ဆို ၁၄နှစ်၊ ၁၅နှစ်ခန့်အချိန်ယူရမည် ဖြစ်ပြီး ထို့နောက်က သန်းရှစ်ထောင်အမှတ် ကိုရောက်ဖို့ လူသန်းတစ်ထောင် ထပ်တိုးပွားဖို့ ဆို အနှစ်၂ဝမှ ၂၅နှစ်ထိကို အချိန်ယူရလိမ့် မည်။ ဆက်လက်ပြီးလည်း သန်းတစ်ထောင် နှင့် တစ်ထောင်ကြားတိုးပွားဖို့က အချိန်ပိုကြာ သထက် ကြာလာလိမ့်မည်။ ၂ဝ၅ဝလောက် ဆို ကမ္ဘာပေါ်တွင် မွေးနှုန်းနှင့် သေဆုံးနှုန်း သည် အတူတူလောက်ကျသွားပြီး လူဦးရေ တိုးနှုန်း သုညထိ ရောက်သွားလိမ့်မည်။ ထိုအ ချိန်လောက်ဆို ကမ္ဘာ့သန်းခြောက်ထောင် မြောက်လူသားအာနန်နက်ဗစ်လည်း အသက် ငါးဆယ်လောက်ရောက်လောက်ပြီ။ သူသာ မိန်းမရပြီး သားသမီးတွေရမည်ဆို ထိုအချိန် လောက်တွင် သူ့မြေးလေးသည် ယနေ့ခေတ် ကမ္ဘာမြေထက် ပိုလူများနေမည်ဖြစ်သော်လည်း လူဦးရေတိုးနှုန်းကျတော့ တည်ငြိမ်လျှက်ရှိ သော ကမ္ဘာကြီးတွင် လူဖြစ်လာရကိန်းရှိနေ သည်။ | |||||||||||
| သန်းထိုက်စိုးRef:Another Year,another billion(The Economist) | |||||||||||
By Popular Journal
အခုဆိုရင် Iron Cross တီးဝိုင်းရဲ့ သက်တမ်းက အနှစ် ၂၀ ကျော်ထဲကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ရာစုနှစ်တွေ ဘယ်လောက်ပဲ ပြောင်းသွားပြောင်းသွား ဒီတီးဝိုင်းနဲ့ ဒီအဆိုတော်တွေနဲ့ကတော့ တစ်သွေးတည်း တစ်သားတည်း ရှိနေခဲ့တာ အခုအချိန်ထိပါပဲ။ တီးဝိုင်းတစ်ဝိုင်း ဖွဲ့စည်းဖို့ဆိုတာ မလွယ်ကူသလို ဖွဲ့စည်းပြီးသွားပြန်တော့လည်း ရေရှည်တည်တံ့ဖို့ ဆိုတာကလည်း မလွယ်ကူပြန်ပါဘူး။ ဒါကြောင့် အခုလိုနှစ်ပေါင်း ၂၀ လောက်အထိ လက်တွဲလာနိုင်ခဲ့ကြတာ ဘယ်လို အကြောင်းအချက်တွေကြောင့်လဲ ဆိုတာကို လေးဖြူက... “နှစ်ပေါင်း ၂၀ အတွင်းမှာ Iron Cross ရဲ့ ဖြစ်တည်မှုကို ကြည့်ပြီးတော့ ကြိုတင်ကြံစည်မှုလို့ ထင်ယောင်မှားကြပါတယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့အားလုံးဟာ ရည်ရွယ်ချက်နဲ့ တွေ့ဆုံခဲ့ကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးက ညီအစ်ကိုတွေလိုပါပဲ။ အချိန်မရွေး အိမ်ပေါ်တက်ပြီး ထမင်းစားလို့ရသလို အချိန်မရွေး ဝင်အိပ်လို့လည်း ရတယ်။ အတူတူလည်း စတူဒီယိုတစ်ခုတည်းမှာ နှစ်ပေါင်းများစွာ နေခဲ့ဖူးတယ်။ ကိုယ့်အကြွေးသူရှင်း၊ သူ့အကြွေး ကိုယ်ရှင်းနဲ့ပေါ့။ ကျွန်တော်တို့က မွေးချင်းညီအစ်ကိုတွေထက်ကို သံယောဇဉ် ကြီးကြတယ်။ အငဲနဲ့ ကျွန်တော်နဲ့ကျတော့ သားချင်းပေါ့။ မျိုးကြီးနဲ့ ဝိုင်ဝိုင်းနဲ့ကျတော့ ညီအရင်းတွေလိုပါပဲ။ ကျွန်တော်တို့က ရည်ရွယ်ချက်နဲ့ရအောင် တွေ့ဆုံပြီးတော့ ရအောင်ဆက်စပ်ယူထားကြတာ မဟုတ်ပါဘူး။ ဒီကြားထဲမှာ လူမသိတဲ့ ပြဿနာတွေလည်း အများကြီးရှိခဲ့ပါတယ်။ အချင်းချင်း ထိုးကြတာတွေတောင် ဖြစ်ဖူးပါတယ်။ အဲဒီလိုမျိုးက ၁၀ နှစ် တစ်ခေါက်လောက် ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လှည့်မကြည့်ချင်လောက်အောင် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ နောက်ဆုံးတော့ ညီအစ်ကိုလိုပဲ ပြန်ဖြစ်သွားကြပါတယ်။ ဒါကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်ပေါ့” လို့ ရှင်းပြပါတယ်။
နောက်ပိုင်းမှာတော့ Iron Cross ရဲ့ နောက်ထပ်မျိုးဆက်သစ်တွေကို ဘယ်လို လက်တွဲခေါ်မလဲဆိုတာကို လေးဖြူက “ကျွန်တော်တို့ တစ်တွေလည်း တတ်နိုင်သမျှပွဲတွေမှာ လက်တွဲပြီးတော့ ဆိုနေပါတယ်။ အခုအထိတော့ မတွေ့သေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ကြိုပြီးတော့ ဘယ်သူ့ခေါ်ထားမယ်၊ ဘယ်သူ့ဆွဲထားမယ် ဆိုပြီးတော့ မရှိပါဘူး” လို့ ပြောပါတယ်။ တစ်စုံတစ်ခု ပြောင်းလဲမှုတစ်ခုက ဂီတလောကအပေါ်မှာကော ပြောင်းလဲမှု အသစ်အနေနဲ့ ရိုက်ခတ်မှု ရှိနိုင်မလားဆိုတဲ့ အပေါ်ကိုလည်း လေးဖြူက “ဥပမာ ဒီဘီယာထုတ်တာ ငါတို့လည်းမသိသလို ငါတို့လည်း စိတ်မဝင်စားဘူးပေါ့။ ဘီယာဆိုတာ ဘယ်အသီးကလဲ၊ ကြံသကာက လုပ်တာလားဆိုတာ မသိဘူး။ စိတ်မဝင်စားဘူး ဆိုပေမယ့် တစ်ချိန်ချိန်တော့ ပတ်သက်ရတာပါပဲ။ ကျွန်တော် နားလည်တာကတော့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစိတ်အပိုင်းအားလုံးဟာ ယန္တရားကြီးပါ။ အကုန်လုံး ချိတ်ဆက်နေသလို အကုန်လုံးက ဆက်နွှယ်နေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် တစ်ခုပြောင်းလဲရင် ကျန်တာအကုန်လုံးကလည်း လိုက်လျော ညီထွေပြောင်းလဲရမှာ ဖြစ်ပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲပါလိမ့်မယ်” လို့ သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။
St. Valentine
ကမ္ဘာတွင် ချစ်သူများနေ့ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာတစ်ဝှမ်းလုံး မှာရှိသော ချစ်သူများအကြား အမှတ်တရ ချစ်လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနှင့် အခြား ချစ်သက်လက်ဆောင်များကို St. Valentine အမည်နှင့် အပြန်အလှန် လဲလှယ် ပေးပို့လေ့ ရှိကြပါသည်။ သို့သော် St. Valentine ဆိုသည့် ထူးခြားသော သူတောင်စင်အကြောင်းကို မသိကြသလို ဘာကြောင့် St. Valentine အထိမ်းအမှတ်ပွဲကို အားလပ်ရက်အဖြစ် သတ်မှတ် ကျင်းပကြတယ်ဆိုတာကိုလည်း အမှတ်တမဲ့ ဖြစ်ကြတာများပါသည်။
ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဟာ အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ လတစ်လလို့ သိထားကြပါသည်။ ယနေ့ခေတ် နားလည်ထားကြသော St. Valentine Day သည် ရှေးခေတ် ရောမရိုးရာနှင့် ခရစ်ယာန် ဘာသာအတွက် အလေးအမြတ်ထားသော နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပါသည်။
ဒီနေ့ခေတ်မှာ ကက်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စင် သုံးဦးရှိပါတယ်။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးလို့ ဆိုထားပါတယ်။ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည်များကို မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှုထမ်းစေပါတယ်။ အဲဒီအခါ သူတော်စင် Valentine ဟာ ဘုရင် ကလောဒီးယပ်စ် တားမြစ်ထားတဲ့ ဥပဒေအပြင်ဘက် ကနေ စစ်မှုထမ်းသူ လူငယ်များကို သူတို့ရဲ့ ချစ်သူများနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့ လုပ်ရပ်များကို ဘုရင်သိသွားတဲ့ အခါ သေဒဏ်ချမှတ်လိုက်ပါတယ်။ အခြားပုံပြင်များမှာတော့ Valentine ဟာ အကျဉ်းထောင်များထဲက ခရစ်ယာန်အကျဉ်းသားများကို လွတ်မြောက်အောင် ကြိုးပမ်းပေးမှုကြောင့် သတ်ဖြတ်ခံလိုက်ရတယ်လို့လည်း ဆိုကြပါသေးတယ်။
နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ သူတော်စင် Valentine က ပမထဆုံးချစ်သက်လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ အကျဉ်းချခံရစဉ်မှာ Valentine ဟာ သူ့ထံ အလည်လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူ မသေဆုံးခင် စာတစ်စောင် ရေးသားခဲ့ရာမှာ "From Your Valentine" လို့ လက်မှတ်ရေးထိုးထားပါသတဲ့။ စာအရေးအသားကို ထောက်ရှုခြင်းအားဖြင့် ယနေ့ခေတ် အသုံးအနှုန်း ရင်ဖွင့်စာများနဲ့ တူညီနေတာကို တွေ့ရပါတယ်။ ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုး ကွဲလွဲနေပေမယ့် Valentine ဒဏ္ဍာရီများရဲ့ နောက်ကွယ်မှာ အမှန်တရားတစ်ခုတော့ တိမ်မြှုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကွဲနေတဲ့ Valentine ဒဏ္ဍာရီများမှာ ကြင်နာဂရုဏာတရား၊ သူရဲကောင်းပီသမှုနဲ့ အခြားအရေးပါသော ချစ်မေတ္တာရဲ့ သင်္ကေတများကို အထင်အရှား ပြဆိုနေပါတယ်။
ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန် နိုင်ငံများမှာ အတော်လေး ခေတ်စားနေခဲ့ပြီး အယူအဆ အမျိုးမျိုးကလည်း ဆင့်ပွားဖြစ်ပေါ်လာပါတယ်။ တစ်ချို့ကတော့ St.Valentine ဟာ ခေါင်းဖြတ် အသတ်ခံရကြောင်း အဆိုရှိပြီး အခြားပြော စကားများကတော့ St. Valentine ဟာ ထောင်ထဲမှာ နာဖျားပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၁၈၃၅ ခုနှစ်မှာ St. Valentine ရဲ့ ရုပ်ကြွင်း (သို့မဟုတ်) အရိုးပြာကို အိုင်ယာလန် ဘုန်းတော်ကြီး John Spratt ထံ ပုပ်ရဟန်းမင်းကြီး Gregory XVI က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ တရားဟော ကောင်းမှုကြောင့် ပုပ်ရဟန်းမင်းကြီးကို အိုင်ယာလန် ဘုန်းတော်ကြီးက များစွာ အထင်ကြီးလေးစားတယ်လို့ သိရပါတယ်။ ဒီ့အတွက် ရောမကို ပုပ်ရဟန်းမင်းကြီး အလည်အပတ်ရောက်ခိုက် ပုပ်ရဟန်းမင်းကြီးက အနက်ရောင်ပါသော ရွှေကြုပ်နဲ့ ထည့်ထားတဲ့ St. Valentine ရဲ့ အရိုးပြာများကို အိုင်ယာလန် ဘုန်းတော်ကြီးကို လက်ဆောင်ပေးခဲ့ခြင်း ဖ်ြစပါတယ်။ St. Valentine ရဲ့ အရိုးပြာများ ထည့်ထားတဲ့ ရွှေကြုပ်ကို Valentine's Day ရောက်တိုင်း အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့က Whitefriar Street Church မှာ လူတိုင်း သွားရောက် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။
သမိုင်းကြောင်း
ရောမပြည်က အချစ်အကြောင်းကတော့ ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစပါ။ ရောမမြို ဘုရင်တစ်ပါး လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြသည်။ ဒီအကြောင်း ဘုရင်ကြီးသိတော့ ရောမမြို့မှာ ချစ်သူရည်းစား မဖြစ်စေရ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမန့်ထုပ်ခဲ့သည်။ နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တက်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး Valentine ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး Valentineသည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထက်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖေါ်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါသည်။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့ဟု့ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။
လူအချို့ရဲ့ ယုံကြည်မှုအရ Valentine's Day ကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပခဲ့ကြတာ အေဒီ ၂၇၀ ၀န်းကျင်ကတည်းက ဖြစ်ပါတယ်။ အချို့က St. Valentine Day စားပွဲသောက်ပွဲ ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီလလယ်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှာ ကျင်းပကြဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။ St. Valentine Day ကို ကိုယ်စားပြုပြီး ခရစ်ယာန် ဘာသာဝင်များရဲ့ Pagan Lupercalia ပွဲတော်များကို ကျင်းပဖြစ်ဖို့ အခွင့်အခါ ကြုံသွားခြင်းလည်း ဖြစ်ပါတယ်။ ရှေးခေတ် ရောမမှာတော့ ဖေဖော်ဝါရီလဟာ နွေဦးပေါက်လာချိန်ဖြစ်ပြီး သန့်စင်ဆေးကြောချိန်လို့ သတ်မှတ်ထားကြပါတယ် အိမ်များမှာ ဘာသာရေးအရ သန့်စင်ဆေးကြောခြင်းများ ပြုလုပ်ကြပြီး ဆားများ၊ Spelt အမည်ရ ဂျုံများနဲ့ ကြဲဖြန့်ထားတတ်ကြပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်မှာတော့ စိုက်ပျိုးရေးကို ကိုယ်စားပြုတဲ့ ရောမနတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲတော် ကျင်းပလေ့ရှိသလို ရောမကို ထူထောင်တဲ့ Romulus နဲ့ Remus ကို ပူဇော်ပွဲလည်း ဖြစ်ပါတယ်။ ထိုပွဲတော်ကို စတင်ဖို့ Luperci အဖွဲ့ဝင်များနဲ့ ဘုန်းတော်ကြီးများဟာ Romulus နဲ့ Remus တို့ကို အထွတ်အမြတ်ထားသောအားဖြင့် ကလေးဘ၀က ခိုအောင်းခဲ့ကြတဲ့ ဂူထဲမှာ စုဝေးကြရလေ့ရှိပါတယ်။ ဘုန်းတော်ကြီးများဟာ ဆိတ်ကို ဖွံ့ဖြိုးတိုးတက်မှုအတွက် ယဇ်ပူဇော်ရပြီး ခွေးကို သန့်စင်မှုအတွက် ယစ်ပူဇော် တတ်ကြပါတယ်။ လူငယ် ယောက်ျားလေးများက ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့် သွေးထဲစိမ်ပြီး လမ်းများပေါ် ပက်ဖြန်းသွား ကြပါတယ်။ လမ်းတစ်လျှောက် စောင့်နေကြတဲ့ အမျိုးသမီးများနဲ့ ကောက်ပဲသီးနှံများပေါ်ကို ယဇ်ပူဇော်ထားတဲ့ ဆိတ်သားရေမှာ စိမ့်ဝင်နေတဲ့ သွေးများနဲ့ ခပ်သာသာကလေး ပက်ဖြန်းသွားကြပါတယ်။ အကြောက်အလန့်မဖြစ်ပဲ အမျိုးသမီးများဟာ ဆိတ်သားရေများနဲ့ သူတို့ကိုယ်သူတို့ ထိတွေ့စေပါတယ်။ ဆိတ်သားရေက သူတို့ကို နှစ်သစ်မှာ ကောင်းကျိုးတွေပေးမယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ ဒဏ္ဍာရီအရ အမျိုးသမီးငယ် များဟာ သူတို့အမည်များကို ခရားအိုးငယ်လေးထဲ ထည့်ထားကြပြီး မြို့ရဲ့ ကာလသားများက အဆိုပါခရားအိုးထဲက မိန်းမပျိုလေးများ အမည်ပါရှိတဲ့ စက္ကူလိပ်လေးများကို မဲနှိုက်ကြရပါတယ်။ မိမိရရှိတဲ့ မဲလိပ်ထဲက မိန်းကလေးအမည်ဟာ မိမိရဲ့ ချစ်သူ မိန်းကလေးဖြစ်ပါတယ်။ အဆိုပါ စုံတွဲ ရှာပွဲဟာ လက်ထပ်ပေါင်းသင်းဖြစ်တဲ့အထိ အရေးပါခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်မှာ St. Valentine Day ကို ဖေဖော်ဝါရီလ ၁၄ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရောမရဲ့ စုံတွဲရှာဖွေရေး ကံစမ်းမဲ စနစ်သစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ထိုစနစ်ဟာ ခရစ်ယာန်မဟုတ်သောသူများနဲ့ ဥပဒေစည်းမျဉ်းပြင်ပက လူများအတွက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခေတ်တွေရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကို ငှက်များ အဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine's Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။ အစောဆုံး Valentine Day အထိမ်းအမှတ် ကဗျာကို Charles Duke of Orleans မှ လန်ဒန်မျှော်စင်ပေါ်မှာ အကျဉ်းကျနေစဉ် သူ့ချစ်ဇနီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ Charles Duke of Orleans ဟာ Battle of Agincourt စစ်ပွဲမျာ ဖမ်းဆီးခံရပြီး လန်ဒန် မျှော်စင်ပေါ် အကျဉ်းချခံရသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ သူ့ကဗျာကို ၁၄၁၅ ခုနှစ်က ရေးသားခဲ့တာဖြစ်ပြီး လန်ဒန်မြို့က ဗြိတိန်စာကြည့် တိုက်က လက်ရေးမူများမှာ တွေ့နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့အခါ ဟင်နရီ၅ ဘုရင်က စာဆိုတစ်ဦး ငှားရမ်းပြီး သူ့ချစ်သူ Catherine of Valois ထံ Valentine ချစ်သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့ ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။ ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့ Apphrodite ရဲ့ သားတော် Eros လို့ သိကြပါတယ်။
Great Britain မှာတော့ ၁၇ ရာစုမှာ Valentine's Day ကို စတင်ကျင်းပခဲ့ပါတယ်။ ၁၈ ရာစုအလယ်မှာ လူမှုအသိုင်းအ၀ိုင်းမှာ ချစ်သူများ အတွက်သာမက ပွဲလမ်းသဘင်နှစ်သက်သူများအတွက်ပါ အကျုံးဝင်လာပါတယ်။ ချစ်သူခင်သူ အချင်းချင်း အမှတ်တရဖြစ်ဖွယ် တိုကင်ကဒ်ပြား များ အပြန်အလှန် ပေးပို့ကြတဲ့ အလေ့အထ ဖြစ်လာပါတယ်။ ရာစုနှစ်အဆုံးမှာ လက်ရေးမူနဲ့ ချစ်သ၀ဏ်လွှာ ရေးပို့ခြင်းများအစား ပုံနှိပ်ထုတ်ဝေ ထားတဲ့ အမှတ်တရကဒ်များဟာ မိမိတို့ ခံစားချက်ကို ရင်ဖွင့်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အချစ်ရေးမှာ သတ္တိကြောင်သူများအတွက် အားကိုးဖော်ရလာတဲ့နည်းသစ်ပါ။ စာပို့ခ သက်သက်သာသာနဲ့ Valentine's Day ရဲ့ အကျိုးသက်ရောက်မှုနဲ့ နာမည်ကြီးမှုဟာ ထိရောက်မှုများ ရှိခဲ့ပါတယ်။ အမေရိကန်များကတော့ လက်လုပ် Valentine's Day လက်ဆောင်များကို ၁၇၀၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ပြုလုပ်ခဲ့ ကြပါတယ်။ ၁၈၄၀ ပြည့်နှစ်များက အမေရိကန်လူမျိုး Esther A. Howland ဆိုသူဟာ ပထမဆုံး Valentine လက်ဆောင် စတင်တီထွင်သူ ဖြစ်ပါတယ်။
Greeting Card Association က ခန့်မှန်းချက်အရ နှစ်စဉ် Valentine လက်ဆောင်ကဒ် တစ်ဘီလီယံကို ပို့သပေးရကြောင်းနဲ့ ခရစ္စမတ်ကဒ်များပြီးလျှင် ဒုတိယအများဆုံး ရောင်းချရတဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ Valentine လက်ဆောင် ၈၅% ကို အမျိုးသမီးများက ပေးချေကြပါတယ်။ အမေရိကမှာ Valentine's Day ကို ကျင်းပကြသလို ကနေဒါ၊ မက္ကဆီကို၊ အင်္ဂလန်၊ ပြင်သစ်နဲ့ သြစတေးလျတို့ အပါအ၀င် ကမ္ဘာနိုင်ငံ အနှံ့အပြားမှာလည်း Valentine's Day ကို ကျင်းပလျက်ရှိပါကြောင်း…။
စွယ်စုံကျမ်းမှ-ဖေါ်ပြခြင်းဖြစ်ပါသည်။

> ထိပ်ဆုံးကိုရောက်ချင်ရင်
လိုအပ်တဲ့အခါအားလုံးကို
စွန့်လွှတ်ဝံ့ရဲရတယ် ....
> အကြီးမားဆုံးအခက်အခဲဟာ
အကြီးမားဆုံးအခွင့်အရေးလည်ြး ဖစ်နိုင်တယ် ....
> လောကမှာမသိတဲ့အရာကို
သိဟန်ဆောင်တာလောက်
ပင်ပန်းဆင်းရဲတာမရှိဘူး ....
> မာန်မဲခြင်းဟာထောင်လွှားမူပါပဲ
ပညာရှိဆိုတာ
နားဝင်အောင်ဆုံမတတ်တယ်....
> မနာလိုဝန်တိုမူဆိုတာ
မိမိကိုမိမိယုံကြည်မူနည်းပြီး
အလိုလောဘကြီးသူတွေမှာဖြစ်တတ်တယ်....
> အနိုင်ရှိမယ်
အရှုံးရှိမယ်
စိတ်လှူပ်ရှားမှုတွေရှိမယ်
အဲဒါ......ဘ၀ပဲ....
> ခြွေရံသင်းပင်းကို
ငွေကဖန်တီးနိုင်တယ်
ဗီဇစရိုက်ကိုတော့
ဘုရားကတောင်...မပြုပြင်နိုင်ဘူး....
> ရည်မှန်းချက်ထာပြီးရင်
ရောက်အောင်လျှောက်ပါ
လမ်းဆိုတာအလိုလိုပေါ်လာတတ်တယ်....
> မြေခွေးကြားထဲမှာနေရင်
မြေခွေးလိုအူရဲရမယ်....
> ပျင်းရိညည်းငွေ့ခြင်းကို...စွန့်လွှတ်ကြည့်ပါ
ဘ၀အတွက်...အချိန်တွေ
သိပ်နည်းနေပြီဆိုတာ
ထိတ်လန့်ဖွယ်....တွေ့၇လိမ်.မယ်...
> ဆင်းရဲတွင်းထဲကို...၀ုန်းခနဲ
တွန်းချနိုင်တာဟာ
ပျင်းရိခြင်း...လက်တစ်ဖက်ပါပဲ..
> တာဝန်ဆိုတာ
စွမ်းပကားရှိသူတို့ရဲ့
ကျေးကျွန်ပါ...
> အခွင့်အလမ်းဆိုတာ
စည်တီးပြီးရောက်မလာဘူး
တိတ်တဆိတ်လည်းဝင်မလာဘူး
အခွင့်အလမ်းကို...ရယူနိုင်တဲ့
အရည်အချင်းဟာ
ကိုယ့်မှာပဲရှိတယ်...
> သင့်ဦးခေါင်းကို
ဘယ်တော့မှငုံ့မထားပါနဲ့
မျှော်လင့်ချက်အပြည့်အ၀နဲ့
အထက်ကိုမော့်ကြည့်လိုက်စမ်းပါ
သင့်ဘ၀အတွက်
မျှော်လင့်ချက်အလင်းရောင်တွေ
ဖြာဝေနေပါတယ်..
> ကိုယ့်ကိုကိုယ်အထင်ကြီး
ကိုးကွယ်တဲ့ဘ၀င်သမားဟာ
နေမင်းကြီထွက်ပေါ်လာတာကို
သူတွန်တာနားထောင်ဖို့လို့
အထင်ရောက်နေတဲ့
ကြက်ဖနဲ့တူပါတယ်...
> လူတွေဟာဘာနဲ့...တည်ဆောက်ထားသလဲဆိုရင်
လိင်စိတ်ရယ်....မိမိကိုယ်ကို
အထင်ကြီးလိုစိတ်ရယ်တဲ့...
> မခံချင်စိတ်ကိုအကျအနထူထောင်ပြီး
ဘ၀ရဲ့တိုးတက်ရာတိုးတက်ကြောင်းကို
အရယူရမယ်...
> သင်ကတစ်စုံတစ်ယောက်ကို
ပြုံးပြလိုက်တယ်
အဲဒီလိုပြုံးပြလိုက်တဲ့အတွက်
သင့်မှာဘာမှလျော့မသွားဘူး
ဒါပေမဲ့.....
တစ်ဖက်သားမှာ...အများကြီး
ရသွားသလိုပဲ..
> လူ့လောကမှာပြောတဲ့သူများတယ်
နားထောင်တဲ့သူနည်းတယ်
တစ်ဖက်သားပြောတာကို
တစ်လေးတစ်စားနားထောင်တာဟာ
အင်မတန်ကြီးမားတဲ့ယဉ်ကျေးမှူပဲ..
> ကိုယ့်စိတ်ထဲမှာမရှင်းရင်
ရဲရဲမေးဝံ့ရမယ်
ရဲရဲတွေးဝံ့ရမယ်
ပြောစရာရှိ၇င်
ရဲရဲပြောဝံ့ရမယ်..
> ထိပ်ဆုံးကိုရောက်ချင်ရင်
လိုအပ်တဲ့အခါအားလုံးကို
စွန့်လွှတ်ဝံ့ရဲရတယ်..
> အကြီးမားဆုံးအခက်အခဲဟာ
အကြီးမားဆုံးအခွင့်အရေးလည်ြး ဖစ်နိုင်တယ်...
> လောကမှာမသိတဲ့အရာကို
သိဟန်ဆောင်တာလောက်
ပင်ပန်းဆင်းရဲတာမရှိဘူး...
> မာန်မဲခြင်းဟာထောင်လွှားမူပါပဲ
ပညာရှိဆိုတာ
နားဝင်အောင်ဆုံမတတ်တယ်...
> မနာလိုဝန်တိုမူဆိုတာ
မိမိကိုမိမိယုံကြည်မူနည်းပြီး
အလိုလောဘကြီးသူတွေမှာဖြစ်တတ်တယ် ...
> အနိုင်ရှိမယ်
အရှုံးရှိမယ်
စိတ်လှူပ်ရှားမှုတွေရှိမယ်
အဲဒါ......ဘ၀ပဲ
> ခြွေရံသင်းပင်းကို
ငွေကဖန်တီးနိုင်တယ်
ဗီဇစရိုက်ကိုတော့
ဘုရားကတောင်...မပြုပြင်နိုင်ဘူး
> ရည်မှန်းချက်ထာပြီးရင်
ရောက်အောင်လျှောက်ပါ
လမ်းဆိုတာအလိုလိုပေါ်လာတတ်တယ်
> မြေခွေးကြားထဲမှာနေရင်
မြေခွေးလိုအူရဲရမယ်
> ပျင်းရိညည်းငွေ့ခြင်းကို...စွန့်လွှတ်ကြည့်ပါ
ဘ၀အတွက်...အချိန်တွေ
သိပ်နည်းနေပြီဆိုတာ
ထိတ်လန့်ဖွယ်....တွေ့၇လိမ်.မယ်
> ဆင်းရဲတွင်းထဲကို...၀ုန်းခနဲ
တွန်းချနိုင်တာဟာ
ပျင်းရိခြင်း...လက်တစ်ဖက်ပါပဲ
> တာဝန်ဆိုတာ
စွမ်းပကားရှိသူတို့ရဲ့
ကျေးကျွန်ပါ
> အခွင့်အလမ်းဆိုတာ
စည်တီးပြီးရောက်မလာဘူး
တိတ်တဆိတ်လည်းဝင်မလာဘူး
အခွင့်အလမ်းကို...ရယူနိုင်တဲ့
အရည်အချင်းဟာ
ကိုယ့်မှာပဲရှိတယ်
> သင့်ဦးခေါင်းကို
ဘယ်တော့မှငုံ့မထားပါနဲ့
မျှော်လင့်ချက်အပြည့်အ၀နဲ့
အထက်ကိုမော့်ကြည့်လိုက်စမ်းပါ
သင့်ဘ၀အတွက်
မျှော်လင့်ချက်အလင်းရောင်တွေ
ဖြာဝေနေပါတယ်
> ကိုယ့်ကိုကိုယ်အထင်ကြီး
ကိုးကွယ်တဲ့ဘ၀င်သမားဟာ
နေမင်းကြီထွက်ပေါ်လာတာကို
သူတွန်တာနားထောင်ဖို့လို့
အထင်ရောက်နေတဲ့
ကြက်ဖနဲ့တူပါတယ်.
> လူတွေဟာဘာနဲ့...တည်ဆောက်ထားသလဲဆိုရင်
လိင်စိတ်ရယ်....မိမိကိုယ်ကို
အထင်ကြီးလိုစိတ်ရယ်တဲ့
> မခံချင်စိတ်ကိုအကျအနထူထောင်ပြီး
ဘ၀ရဲ့တိုးတက်ရာတိုးတက်ကြောင်းကို
အရယူရမယ်
> သင်ကတစ်စုံတစ်ယောက်ကို
ပြုံးပြလိုက်တယ်
အဲဒီလိုပြုံးပြလိုက်တဲ့အတွက်
သင့်မှာဘာမှလျော့မသွားဘူး
ဒါပေမဲ့.....
တစ်ဖက်သားမှာ...အများကြီး
ရသွားသလိုပဲ
> လူ့လောကမှာပြောတဲ့သူများတယ်
နားထောင်တဲ့သူနည်းတယ်
တစ်ဖက်သားပြောတာကို
တစ်လေးတစ်စားနားထောင်တာဟာ
အင်မတန်ကြီးမားတဲ့ယဉ်ကျေးမှူပဲ..
> ကိုယ့်စိတ်ထဲမှာမရှင်းရင်
ရဲရဲမေးဝံ့ရမယ်
ရဲရဲတွေးဝံ့ရမယ်
ပြောစရာရှိ၇င်
ရဲရဲပြောဝံ့ရမယ်..
> ပျော်ရွှင်မူဆိုသည်မှာ
သင်ရောက်ရှိရမည့်....စခန်းမဟုတ်
ပျော်ရွှင်မှူဖြင့်
လိုရာခရီးသွားရန်ဖြစ်သည် ....
> လူတိုင်းအတွက် မိမိတွင်ရှိသောအရည်းဖြင့်
အကောင်းဆုးံဖြစ်အောင်လုပ်နိုင်သူသည်
နံပတ်( ၁ ) ပင်ဖြစ်သည်....

လိုရာခရီးသွားရန်ဖြစ်သည်...
> လူတိုင်းအတွက် မိမိတွင်ရှိသောအရည်အချင်းဖြင့်
အကောင်းဆုးံဖြစ်အောင်လုပ်နိုင်သူသည်
နံပတ်( ၁ ) ပင်ဖြစ်သည် ....
သင်ရောက်ရှိရမည့်....စခန်းမဟုတ်
ပျော်ရွှင်မှူဖြင့်
လိုရာခရီးသွားရန်ဖြစ်သည်...
> လူတိုင်းအတွက် မိမိတွင်ရှိသောအရည်အချင်းဖြင့်
အကောင်းဆုးံဖြစ်အောင်လုပ်နိုင်သူသည်
နံပတ်( ၁ ) ပင်ဖြစ်သည် ....
fwd mail မှ
ကိုယ့်ဘေး ပတ်ဝန်းကျင် က လူ တွေကိုပါ ဒုက္ခ ရောက်စေတဲ့ အပြင် အသက် သေတဲ့ အထိ ဖြစ်စေ နိုင်တဲ့ ဆေးလိပ် သောက်သုံးခြင်း မျိုးကို လူတိုင်း လျှော့ချ သင့်နေ ပါပြီ။ အခု လမ်းညွှန်ပေး မှာ က စီးက ရက်ဖြတ်လိုသူတွေအတွက် အဆင့်မြင့် နည်းပညာထောက်ကူပြုပစ္စည်း E-Healthy Cigarette ပါ။ WHO က အသိအမှတ်ပြုထားပါတယ်လို့ဆိုပါတယ်။ ဒီစီးကရက်ကို အသုံးပြု သောက်သုံးမယ် ဆိုရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ရိုးရိုးသာမန်စီးကရက်သောက်ချင်စိတ် တွေ တဖြည်းဖြည်း လျော့နည်းသွားစေ နိုင်တယ်လို့ ရောင်းချသူတွေက ဆိုတယ်။ လေထုညစ်ညမ်းမှုကိုလည်း တားဆီးနိုင်ပါတယ်တဲ့။
ဒီ E-Healthy Cigarette တစ်ဘူးမှာ ပြန်လည်အားသွင်း အသုံးပြုနိုင်တဲ့ Electronic- Cigarette တစ်ခုနဲ့ အဆီခံအပို ခြောက်ခု ပါဝင် ပါတယ်။ အဆီခံတစ်ခုကို အကြိမ် ၂၀၀လောက်အထိ အသုံးပြုနိုင်ပါတယ်တဲ့။ အဆီခံတွေကုန်သွားလို့လည်း စိတ်ပူ စရာမလိုပါဘူး။ တစ်ဘူးမှာ ၁၀ ခုပါဝင် တဲ့ အဆီခံအပိုဘူးတွေကိုလည်း ၀ယ် ယူနိုင်ပါတယ်။ ဒီစီးကရက်ကို နှစ်နာရီအားသွင်း ထားရင် တစ်ပတ် ကောင်းကောင်းအသုံးပြုနိုင်ပါလိမ့်မယ်။ စီးကရက် အပြင်ဆေးတံတွေ၊ ဆေးပြင်းလိပ်တွေနဲ့ နောက်ဆုံးပေါ်ဒီဇိုင်းဆေးလိပ်တွေ လည်းရှိပါတယ်။ ဈေးနှုန်းကတော့ ကျပ် ၁၆၀၀၀ ကျော်ကနေ ကျပ် တစ်သိန်းကျော်အထိ အသီးသီးရှိပါ တယ်။
တရုတ်(တိုင်ပေ) က ထုတ်လုပ် ထားတာဖြစ်ပြီး ၀ယ်ယူလိုသူတွေအနေ နဲ့ Billion Bright Group Co., Ltd. ဖုန်း-၅၁၅၁၀၄၊ ၅၃၆၅၉၅၊ ၇၃၀၄၆၀၀၈ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ အခု အသစ်ဖွင့်မယ့် တော်ဝင်ပလာဇာမှာ လည်း ဆိုင်ခန်းဖွင့်လှစ်ဖို့ရှိတယ်လို့ သိရပါတယ်။