အဆိုပါကွယ်လွန်သူ၏ဇာတိမှာရှမ်ြး
ခွန်သန်းလေးသည်စီးပွားရေးမြေ
သို့ရောက်လာခဲ့ပြီး ကာကျန်းတွင် Sony company ၌အလုပ်လုပ်ကိုင်ခဲ့ သော်လည်းအဆင်မပြေသောကြောင့် (၂၀၁၁)ခုနှစ်၊ (၄)လပိုင်းခန့်တွင်ပီနန်းမြို့
ဤကဲ့သို့ကွယ်လွန်သွားကြောင်းသိ
တစ်ရက၊်နှစ်ရက်အတွင်းသင်္ဂြိုလ်
ပအိုဝ်းလူငယ်များစုစည်းပြီးတော့ ပအိုဝ်းဘာသာဖြင့် လစဉ်ထုတ်ဝေတဲ့ ပအိုဝ်းလို "အာ;ရုဏ်;တသာလိတ်စောင်;" ဗမာလို "အာရုဏ်သစ်စာစောင်" အိင်္ဂလိပ်လိုအားဖြင့် "New Dawn Journal" အတွဲ ၁၊ အမှတ် ၄ အား ထွက်ရှိပြီဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဇူလိုင်လထုတ် ပအိုဝ်းဘာသာ အာရုဏ်သစ်စာစောင် အမှတ်-၄ အား၊ ပြည်တွင်းပြည်ပတွင်ရှိသည့် ပအိုဝ်းစာပေစာဖတ်ပရိသတ်များဖြစ်ကြသည့် ပအိုဝ်းကျောင်း သူကျောင်းသားများ၊ ပအိုဝ်းအလုပ်သမားများ၊ ပအိုဝ်းရဟန်းသံဃာတော်များ၊ ပအိုဝ်းတောင်သူလယ်သမားများနှင့် အခြားသော အလွာပေါင်းစုံမှ
ပအိုဝ်းပြည်သူစာဖတ်ပရိသတ်များ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ဖြန့်ဝေလိုက်ပါတယ်။
စာစောင်အားဖတ်ရှုလေ့လာလို့ပါက ဒီမှာနိပ်ပြီး ဖတ်ရှုနိုင်ပါသည်။
ပအိုဝ်းပြည်သူစာဖတ်ပရိသတ်များ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ဖြန့်ဝေလိုက်ပါတယ်။ စာစောင်အားဖတ်ရှုလေ့လာလို့ပါက ဒီမှာနိပ်ပြီး ဖတ်ရှုနိုင်ပါသည်။
နန်းကြည်ဝင်းမေ (ခ) ခမ်းလောင်းသည် (၂၃.၅.၂၀၁၁) ရက်နေ့တွင် ဦးသန်းလွင်အိမ်မှ ထွက်ပြေးသွားပါသည်။ ပျောက်ဆုံးချိန်ညနေ(၅း၀၀) နာရီ အချိန်ခန့်တွင် ပျောက်ဆုံးသွားပါသည်။ သူကပအိုဝ်းလူမျိုးဖြစ်ပါသည်။ အရွယ် (၁၂)နှစ်၊ ဗမာစကားအနည်းငယ်ပြောတတ်ပါသည်။ တွေ့ရှိပါက အမြန်အကြောင်းကြားပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
ကျေးဇူးတင်းပါသည်။
တွေ့ရှိပါက အကြောင်းကြားရန်လိပ်စာ
ဦးပညာဗလ၊ ထီရီး
တောင်ကြီးကျောင်းတိုက်
အမှတ် (၇၁)၊ မဟာစည်သာသနာ့ရိပ်သာလမ်း၊ ဗပာန်းမြို့နယ်၊ ဖုန်း- ၀၁-၅၄၂၅၀၂
ဦးကောဝိဒ ၊
ဝိဇာလင်္ကာရကျောင်းတိုက်၊
သာကေတမြို့နယ်၊ ရန်ကုန်။ ဖုန်း- ၀၉-၇၃၁၄၅၂၂၀
နန်းကြည်ဝင်းမေ (ခ) ခမ်းလောင်း ဇာတိရွာ၏ လိပ်စာမှာ
အဖအမည် - ဦးခွန်ဖေ
ထီရီကျေးရွာ၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ဆီဆိုင်မြို့နယ်၊ တောင်ကြီးခရိုင်၊ ရှမ်းပြည်တောင်ပိုင်း။
နန်းကြည်ဝင်းမေ (ခ) ခမ်းလောင်း၏ ရန်ကုန်ရှိ နေအိမ်လိပ်စာမှာ
ဦးသန်းလွင်
ဆီးဆုံလမ်း၊ ရှမ်းလမ်းမှတ်တိုင်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၁-၅၁၀၄၃၀
နီပအိုဝ်းပေး အတွက်တာ လွဉ်သွူနော .....တညတ၀်းဒွုမ်...........
သွ.ပေးရဲုင်းဖက်မူးခို ခွန်နင်.သီးဖုံးဗွေသြ…
ယိုန၀်.နီသွဉ်းသီး “အနာဂတ် ပအိုဝ်းပေး” မလေးသျှားစွို. ယို အီးထွုတ်ထေလွေ. ရီးသွုတ်အနေး
ပထမ ခင်းကာ လိတ်စောင်းမက်ဂသိဉ်းလိတ်ကျေားညား
“အနာဂတ် ပအိုဝ်းပေး မက်ဂသိဉ်း"လိတ်ကျေားညား တဲင်

ကထွာဒါး သွ.ပေးရဲုင်းဖက် မူးခိုခွန်နင်.သီး ယံဖေးက ပသာနွောင်.
လိတ်မှူတဲင် လောဝ်းဟွိုန်ရီးဗား နဲင်းယိုသွူသြ……
ဂန္ဒပေါင်.စွုမ်း ဖေးကပါနွောင်
န၀်.ထွူတကားတ၀်း ပအိုဝ်းရပ်ရား၊ပအိုဝ်းလိတ်လဲုင်၊
ပအိုဝ်းယေဉ်းငဲရေ၊စီပွာ.ရေ.၊
အားကစား၊အနုပညာရဲုင်.တသွိုးမှု၊ကာတွန်း၊ကဗျာလင်္ကား၊
ဆောင်းပါး၊ဖေးပညားလိတ်ရဲဉ်း၊၀တ္ထု၊နွောင်ရာဖဲ့.မဲုင်.ဖေးကပါသွော့.လွဝင်တဲင်…..
ဖေးပသာသွော့လိတ်မှူ အကျောင်. အွဉ်ဟွိုန်လွေဗားနဲင်ယိုသွူ………….
ပသာဖေးလိတ်မှူ ခင်းလမ်းန၀်.
(မှတ်ချက်) ပသာတွမ်း email တဲ့လဒျားအကျောင်…….

လက္ခံ; စာမူ အဆဲုင်သွတ်မွူးနီန၀် 30.5.2011 သွူသြ........
ခွန်ရဲုင်း 017-6485659 (khunyaehan007@gmail.com)
ခွန်တင်မိုးဝင်း 017-2601767 (naingwinkhun@gmail.com)
ခွန်ခမ်းရား 014-7184665 (khamrar@gmail.com)
ခွန်ကျော်ခမ်း 010-2995122 (rakkham.khunrakkham7@gmail.com)
ခွန်ချစ်သဲ 016-5072519 (khunchittae@gmail.com)
ခွန်ထွဋ် 014-7373601 (hollolife13@gmail.com)
စုံစမ်းရန်
ခွန်သူရ 016-3424467 (khunpaoh777@gmail.com)ခွန်ရဲုင်း 017-6485659 (khunyaehan007@gmail.com)
ခွန်တင်မိုးဝင်း 017-2601767 (naingwinkhun@gmail.com)
ခွန်ခမ်းရား 014-7184665 (khamrar@gmail.com)
ခွန်ကျော်ခမ်း 010-2995122 (rakkham.khunrakkham7@gmail.com)
ခွန်ချစ်သဲ 016-5072519 (khunchittae@gmail.com)
ခွန်ထွဋ် 014-7373601 (hollolife13@gmail.com)
စစ်ဝန်များ ကိုယ်တိုင် ဆွေးနွေး၊ ရှင်းလင်းပြောကြား ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုင်ရာ၊ အမေရိကန်သံရုံးမှ ကောင်စစ်ဝန် Mr. Colin Furst နှင့် ဒု-ကောင်စစ်ဝန် Mr. Hayward M.G Alto တို့မှ အမေရိကန် ပြည်ထောင်စုတွင် ပညာ သင်ကြားလိုသော ကျောင်းသား ကျောင်းသူများ အတွက် ဦးတည် ရည်ညွှန်းပြီး "Student Visa" အကြောင်းသိကောင်းစရာ အဖြာဖြာကို မတ်လ (၁၅)ရက်၊ ညနေ (၄းဝဝ)နာရီ အချိန်က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တော် ဝင်လမ်းရှိ American Center တွင် ဟောပြော ရှင်းလင်းသွားခဲ့ပါတယ်။
အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ American Center တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၊ စာကြည့်တိုက်အသင်းဝင်များ ဗ.ဃ ရှိ စေတနာ့ဝန်ထမ်းများ စိတ်ပါဝင်စားစွာ တက်ရောက်နားဆင် ခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။ 'အမေရိကန် ဗီဇာလျှောက်ဖို့ အရမ်းခက်ခဲတယ် ဆိုတဲ့အသံတွေ၊ Student Visa ရဖို့ လုံးဝမလွယ်ဘူး ဆိုတဲ့ ကောလာဟလတွေ ကျွန်တော်တို့အမြဲ ကြားနေရပါတယ်။ တစ်ကယ်တော့ မကြာခဏ မှားယွင်းစွာ ထွက်ပေါ် နေတတ်တဲ့ ကောလာဟလ စကားတွေပါ။ အမှန်တရားကို သေချာ စစ်ဆေးလေ့လာနိုင်ဖို့ အမေရိကန်သံရုံးရဲ့ ဗီဇာဌာနကို ကိုယ်တိုင်လာရောက် လေ့လာနိုင်သလို ပြည်နယ်အစိုးရက လွှင့်တင်ထားတဲ့ ပညာရေး website တွေမှာလည်း ဝင်ရောက်လေ့လာ နိုင်ကြပါတယ်။
နောက်တစ်ချက် ကျွန်တော် စိတ်မကောင်း ဖြစ်ရတာက ကောင်စစ်ဝန်တွေကပုံမှန် မဟုတ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး ဗီဇာထုတ်မပေးဘူး ဆိုတာပါပဲ။ တကယ်တော့ အမေရိကန်ပြည်ထောင်စုမှာ သတ်မှတ်ချက် အရေအတွက်နဲ့ ပညာသင်ကြားခွင့်ပြုထားတဲ့ ကျောင်းသားဦးရေကြောင့်သာ သေချာစိစစ်ပြီးမှ ဗီဇာထုတ်ပေးနေတာ ဖြစ်ပါတယ်။'ဟု အမေရိကန်သံရုံးမှ ဒုကောင်စစ်ဝန် Mr.Hayward M.G Alto မှ လျှပ်တစ်ပြက်မှ မေးမြန်းမှုကို ဖြေကြားပေးခဲ့ပါတယ်။
Student Visa လျှောက်ထားလိုသူ များအနေဖြင့် လျှောက်လွှာပုံစံ အဆင့်ဆင့်ကို အင်တာနက် စာမျက်နှာဖြစ်သော https://ceac.state.gov/genniv တွင် ပြည့်စုံမှန်ကန်စွာ တင်သွင်း ဖြည့်စွက်ကြရမည် ဖြစ်ကြောင်း လျှောက်လွှာတင်သွင်းခမှာ အမေရိကန် ဒေါ်လာ(၁၄ဝ) ပေးသွင်းရမည်ဖြစ်ပြီး တင်သွင်းသူရဲ့ လက်ဗွေရာ ရိုက်နှိပ်ပြီးသည်နှင့် ကောင်စစ်ဝန်နှင့် ဒု-ကောင်စစ်ဝန်တို့ထံတွင် အင်တာဗျူးဖြေဆိုကြရမှာ ဖြစ် တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
တစ်နေ့တာ ဖြေဆိုကြရမယ့် အင်တာဗျူးအတွက်လည်း သက်ဆိုင်ရာကျောင်းမှ ထောက်ခံချက် လက်ရေးမိတ္ထူ၊ သင်တန်းခွင့်ပြုလက်မှတ်များ၊ ငွေကြေးနှင့်သက်ဆိုင်သော သက်သေခံများ၊ စီးပွားရေး လုပ်ငန်းလိုင်စင်များ၊ TOEFL ရမှတ်စုစုပေါင်းနှင့် Passport မိတ္ထူတို့ကိုလည်း တစ်ပါတည်း ယူဆောင်လာကြရမှာ ဖြစ်တယ်လို့ Mr.Colin Furst ကဆိုပါတယ်။ အမေရိကန်သံရုံးမှ ကောင်စစ်ဝန်နှင့် ဒု-ကောင်စစ်ဝန်တို့က ဆွေးနွေးဟောပြောပွဲတွင် ရှောင်ကြဉ်သင့်သည့် အချက်အလက်များကိုလည်း သတိပေးပြောကြားခဲ့သည်မှာ ''ဗီဇာလက်ဝယ်မရရှိဘဲ လေယာဉ်လက်မှတ်ကို ကြိုတင် မဝယ်ယူသင့်သလို မိမိနှင့်ပတ်သက်သော အရေးကြီးသည့် ကိုယ်ရေး အချက်အလက်များကို ထိန်ချန်မထားဘဲ လျှောက်လွှာတွင် မှန်မှန်ကန်ကန် ဖြည့်စွက်သင့်ကြောင်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိသည့် အချိန်မှာလည်း သတ်မှတ် ဗီဇာရက်ထက် ပိုမနေသင့်ကြောင်း' ဥပမာများဖြင့် သတိပေးပြောကြား သွားခဲ့တာကြောင့် မှတ်သားလေ့လာစရာများ ရရှိခဲ့ပါတယ်။
ဒါ့အပြင် လူတွေ့အင်တာဗျူး မေးမြန်းရာတွင်လည်း မေးခွန်းပင် မစတင်ရသေး၊ နှုတ်ခွန်းဆက်စကား ဆိုလိုက်သည်နှင့်ပင် ကြောက်လန့်တကြီး ဖြစ်ကြသူများနှင့်လည်း မကြာခဏ ဆုံတွေ့ရကြောင်း ထို့အတွက်ကြောင့် စိတ်မလှုပ်ရှားဘဲ မေးမြန်းသမျှ တည်ငြိမ်စွာ ဖြေဆိုသင့်ကြောင်း ဒု-ကောင်စစ်ဝန် Mr.Hayward M.G Alto ကသူရဲ့လုပ်သက် အတွေ့အကြုံ တစ်နှစ်ခွဲကာလမှ ဖြစ်စဉ်များကို ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။ အမေရိကန်ဗီဇာနှင့် ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိရှိလိုသူများအနေဖြင့်https://burma.usembassy.gov/ သို့ဖြစ်စေ၊ Face book စာမျက်နှာဖြစ်သော https://www.facebook.com/pages/us-embassy Rangoon visa section/164487086904429 တွင်ရှာဖွေပြီး ဝင်ရောက် ကြည့်ရှုနိုင်ကြတယ် ဆိုတဲ့အကြောင်း ဆွေးနွေးပွဲရဲ့ အဆုံးသတ်မှာ အသိပေး ပြောကြားသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှ မေးခွန်းများ မေးမြန်းခဲ့ကြရာ ကောင်စစ်ဝန်နှင့် ဒု-ကောင်စစ်ဝန်တို့မှ စိတ်ဝင်တစား ဖြေကြားပေးခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။
EastwindBurma- မှကူးယူဖေါ်ပြ

“အနာဂတ် ပအိုဝ်းပေး”လိတ်ကျေားညား
သွ.ပေးရဲုင်းဖက်မူးခို ခွန်နင်.သီးဖုံးဗွေသြ… ယိုန၀်.နီသွဉ်းသီး “အနာဂတ် ပအိုဝ်းပေး”မလေးသျှားစွို. ယို အီးထွုတ်ထေလွေ. ရီးသွုတ်အနေး ပထမ ခင်းကာ လိတ်စောင်းမဂ္ဂဇင်းတဲင် ကထွာဒါး သွ.ပေးရဲုင်းဖက် မူးခိုခွန်နင်.သီး ယံဖေးက ပသာနွောင်. လိတ်မှူတဲင် လောဝ်းဟွိုန်ရီးဗား နဲင်းယိုသွူသြ……
ဂန္ဒပေါင်.စွုမ်း ဖေးကပါနွောင် န၀်.ထွူတကားတ၀်း ပအိုဝ်းရပ်ရား၊ပအိုဝ်းလိတ်လဲုင်၊ပအိုဝ်းယေဉ်းငဲရေ၊စီပွာ.ရေ.၊
အားကစား၊အနုပညာရဲုင်.တသွိုးမှု၊ကာတွန်း၊ကဗျာလင်္ကား၊ဆောင်းပါး၊ဖေးပညားလိတ်ရဲဉ်း၊၀တ္ထု၊နွောင်ရာဖဲ့.မဲုင်.ဖေးကပါသွော့.လွဝင်တဲင်…..ဖေးပသာသွော့လိတ်မှူ အကျောင်. အွဉ်ဟွိုန်လွေဗားနဲင်ယိုသွူ………….
ပသာဖေးလိတ်မှူ ခင်းလမ်းန၀်.
(မှတ်ချက်) ပသာတွမ်း email တဲ့လဒျားအကျောင်…….
ခွန်ရဲုင်း 017-6485659(khunyaehan007@gmail.com)
၂၀၁၁ ခုနှစ် ပအိုဝ်းတိုင်းရင်းသားရိုးရာ ဒဉ်ဆီးလာဗွေ တပေါင်းပွဲတော် အခမ်းအနားများကို မတ်လ ၁၉၊ ၂၀ ရက်နေ့များက တောင်ကြီးမြို့ တောင်ကြီးကျောင်းတိုက်နှင့် ကန်ကြီးရပ်ကွက်ရှိ ဂနိုင်ရေး ပအိုဝ်းတိုင်းရင်းသား ဘက်စုံအားကစားပြိုင် ကွင်းတို့တွင် ကျင်းပကြောင်း သိရှိရသည်။
မတ်လ ၁၉ ရက်နေ့ နံနက် ၈ နာရီတွင် မြို့မြောက်ဘက်ပိုင်း ညောင်ပင်သာစုရပ်မှ မြို့တောင်ဘက်ဘက်ပိုင်း တောင်ကြီးကျောင်းတိုက်သို့ မြို့လယ် ဗိုလ်ချုပ်အောင်ဆန်း လမ်းမတစ်လျောက် အလှူပဒေသာပင်များကို ထမ်းပိုး၍ အိုးစည်ဗုံမောင်း အကအခုန်များဖြင့် လှည့်လည်ပို့ဆောင်ခဲ့ရာ ရှမ်းပြည်နယ် တောင်ပိုင်းမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ပအိုဝ်းတိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ဝင်ပေါင်း ၅၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။
မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ရှမ်းပြည်နယ် တောင်ပိုင်းမြို့နယ်၊ ကျေးရွာများမှ ဆရာတော်ကြီးများအား သိက္ခာထပ် သိမ်ဆွမ်းလောင်းခဲ့ကြပြီး ပင့်သံဃာနှင့်တောင်ကျောင်းကြီး ကျောင်းတိုက်မှ သံဃာတော် အပါး ၄၀၀ ကျော်ကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ မဟာဂန္ဓ၀ါစကပဏ္ဍိတတစ်ပါး၊ ဓမ္မာစရိယ ငါးပါး၊ ၀ိနယဓရ တစ်ပါး၊ အင်္ဂုတ္တရနိကာယ၀ိဒူတစ်ပါး၊ ဗုဒ္ဓတက္ကသိုလ် ဒီလိုမာ နှစ်ပါး၊ သာမဏေကျော်နှစ်ပါး၊ ပထမကြီးတန်း ၅၄ ပါး၊ သီလရှင် ၁၂ ပါးတို့အား စာအောင်ဂုဏ်ပြုဆုများ ကပ်လှူပူဇော်ခဲ့ကာ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေ၍ အလှူပဒေသာပင် ငွေနှင့်ပစ္စည်းများကို ကျောင်းတိုက် အသီးသီးသို့ ခွဲဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။
မွန်းလွဲ ၂ နာရီတွင် အသင်းပေါင်း ၂၇ သင်း ၀င်ရောက်ယှဉ်ပြိုင်သည့် အမှတ်ပေးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ကျင်းပ၍ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ညနေ ၆ နာရီမှ စတင်၍ ပအိုဝ်းတိုင်းရင်းသားရိုးရာ ယိမ်းအကပြိုင်ပွဲ၊ အဆို ပြိုင်ပွဲ၊ အရေးပြိုင်ပွဲ၊ ကွက်စိပ်(မော်) ပြိုင်ပွဲ၊ ဘာဂျာပြိုင်ပွဲ၊ ပအိုဝ်း လှယဉ်ကျေးမယ် ရွေးချယ်ပွဲ၊ ဖိတ်ကြားထားသည့် အခြားတိုင်းရင်းသား ယဉ်ကျေးမှု အကများ၊ ပအိုဝ်းတေးသံရှင်များ၏ တေးသီချင်းများဖြင့် နံနက် ၅ နာရီအထိ ဖျော်ဖြေတင်ဆက်ကာ မတ်လ ၂၀ ရက်နေ့ညတွင် ဆုများ ပေးအပ်ချီးမြင့်ခဲ့ကြောင်း ကျင်းပရေး ကော်မတီမှ သိရှိရသည်။
Eleven News
By မသင်းသီရိ ဗုဒ္ဓဟူး, 16 မတ် 2011
မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းတွေအတွင်း ပုံမှန်မဟုတ်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ ဖြစ်နေပါတယ်။ နိုင်ငံရဲ့ နေရာတော်တော်များများမှာ မိုးများ စိုစွတ်ပြီး အုံ့မှိုင်းတဲ့ ရာသီဥတုအပြင် အေးတဲ့ဒဏ်တွေကိုပါ ကြုံနေကြရပါတယ်။ ဒါဟာ အာရှ၊ ပစိဖိတ် ဒေသတွင်း ဖြစ်နေတဲ့ လာနီညာ ရာသီဥတုရဲ့ အကျိုးဆက်တွေအဖြစ် အခုလို နွေကာလတွင်း မိုးရွာပြီး အေးနေတာ ဖြစ်တယ်လို့ မိုးလေ၀သ ပညာရှင်တွေက ပြောပါတယ်။ ဘယ်နေရာတွေ မိုးများနေပြီး ဘယ်လောက်ထိ အေးနေသလဲဆိုတာ မသင်းသီရိက တင်ပြပေးထားပါတယ်။
တကယ်တော့ မတ်လဆိုတာ နွေရာသီအစမို့ ပူပြင်း ခြောက်သွေ့ရမယ့်အစား အခုတော့ မိုးတွေလည်းရွာ၊ လေတွေလည်းတိုက်၊ တခါ ဆောင်းတွင်းအလား ရာသီဥတုကလည်း အေးနေပါတယ်။ ရန်ကုန်မှာဆို မိုးဆက်တိုက်ရွာနေတာ ဒီနေ့နဲ့ဆို ၂ ရက်ရှိနေပြီဖြစ်ပြီး အပြင်မထွက်ချင်လောက်အောင် အေးနေတယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲ ရန်ကုန်မြို့အတွင်းမှာ လေပြင်းတွေလည်း ကျခဲ့လို့ ပျက်စီးမှုတွေလည်း ကြုံခဲ့ရတာ ရှိတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
“မနေ့က မနက်ပိုင်းက ရွာတဲ့မိုးက တညလုံးရွာတယ်၊ အခုအချိန်ထိ ရွာနေတာပေါ့။ မိုးကမသည်းပေမဲ့ လေက တအားတိုက်တယ်။ တချက်တချက် လေက တော်တော်လေးတိုက်တယ်၊ ပြင်းပြင်းလေး။ ခါတိုင်း မိုးတွင်းတုန်းက အေးတယ်။ အဲဒီအအေးထက် ဆိုးတယ်။ အခုက မိုးရော ဆောင်းရော နှစ်ခုရောပြီး အေးသလို အေးနေတာ။
“ပြီးခဲ့တဲ့ သုံးလေးရက်လောက်ကတော့ မြို့စွန်တွေမှာ တော်တော်လေးဖြစ်တယ်လို့ ပြောတယ်။ လောလောဆယ်တော့ ဈေးသည်တွေက ဒုက္ခရောက်တာပေါ့။ ၈ နာရီ၊ ၉ နာရီလောက်ဆို ဈေးသည်တွေက တုန်ပြီးတော့ ဘယ်လိုမှ မခံနိုင်တော့လို့ ဈေးကို မရောင်းနိုင်ဘဲနဲ့ ကုန်တွေ ကုန်ကုန် မကုန်ကုန် သိမ်းသွားတာမျိုးတွေတော့ ရှိတယ်။”
တခါ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဘက်မှာတော့ အချိန်အခါမဟုတ်တဲ့ မိုးကြောင့် ရိတ်ဖို့ နောက်ကျနေတဲ့ ပဲခင်းတွေ ပျက်စီးတာမျိုး ကြုံနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ပဲခင်းထဲမှာ ရေတွေ တော်တော်ပြင်းနေတယ်လေ။ ပဲခင်းထဲမှာ ရေတွေ ၅ လက္မလောက် ၀င်နေတာ။ ပဲစိုက်တဲ့သူတွေက ပျက်စီးတယ်ဆိုတာ တလင်းထဲမှာ နယ်ထားရင်တော့ ပျက်စီးတာပေါ့လေ၊ မိုးကြောင့်။ စပါးကတော့ နည်းနည်း ပျက်စီးတာများတယ်။ အခက်အခဲတော့ နည်းနည်း ရှိတာပေါ့။”
တချို့ကျတော့လည်း ပဲရိတ်အပြီး နွေစပါးစိုက်ဖို့ ပြင်ဆင်နေသူတွေ ပျက်စီးမှု ကြုံနေရတယ်လို့လည်း သူက ပြောပါတယ်။ ဧရာဝတီတိုင်းဘက်မှာ မိုးဆက်တိုက်ရွာနေပေမဲ့ လေပြင်းကျတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ မနေ့ကတော့ မြစ်ကြီးနားနဲ့ မန္တလေးသွားတဲ့ ရထားလမ်းတွေ မိုးများလို့ လမ်းချော်တာတွေ ဖြစ်တာကြောင့် နာရီ ၂၀ ကျော်ကြာ ရထားသွားလာမှု ရပ်ထားရပါတယ်။ ဒီအချိန်က ကချင်ပြည်နယ်မှာရှိတဲ့ အင်းတော်ကြီး ဘုရားပွဲ ကျင်းပချိန် ဖြစ်တဲ့အတွက် ဘုရားပွဲ သွားတဲ့သူတွေ မိုးကြောင့် ဆက်မသွားနိုင်တော့တာ၊ သွားတဲ့ဆိုင်ကယ်နဲ့ ယာဉ်တချို့ လမ်းပျက်တာကြောင့် တိမ်းမှောက်တာမျိုး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ်မှာတော့ နေရောင်မမြင်ရဘဲ အုံ့မှိုင်းတဲ့ ရာသီဥတုအပြင် မိုးရွာပြီး အရမ်းအေးနေတယ်လို့ ပြောသလို မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာတော့ ရာသီဥတုက အုံ့မှိုင်းပြီး မိုးက ခပ်စွေစွေလေး ဖြစ်နေပြီး အေးတယ်လို့ ပြောပါတယ်။
အခုလို ရာသီဥတု ဖောက်ပြန်မှုတွေဟာ အာရှ၊ ပစိဖိတ် ဒေသအတွင်း ဖြစ်နေတဲ့ လာနီညာ ရာသီဥတုရဲ့ အကျိုးဆက်တွေကြောင့် ကြုံနေရတာ ဖြစ်တယ်လို့ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
“ဒီဥစ္စာတော့ မနှစ် နိုဝင်ဘာလကတည်းက ဖြစ်နေတဲ့ လာနီညာ ရာသီဥတုပါ။ လာနီညာ ရာသီဥတုက အေးပြီးတော့ စွတ်စိုတဲ့ ရာသီဥတုကို ဖြစ်စေတာ သူ့ရဲ့ ၀ိသေသ လက္ခဏာပါပဲ။ အခုထိလည်း ဖြစ်နေဆဲပါပဲ။ မတ်လကုန်ထိ ရှိဖို့ ၈၀% ရှိတယ်လို့ ကျနော်တို့ လွန်ခဲ့တဲ့ ဇန်န၀ါရီ၊ ဖေဖော်ဝါရီကတည်းက ကြေညာထားပါတယ်။ ရေငွေ့ပါတဲ့လေတွေ ဖုံးလွှမ်းသွားတဲ့ အချိန်ကစပြီး ဒီရာသီဥတုမျိုး ယနေ့အချိန်ထိ တွေ့နေရတာ ဖြစ်ပါတယ်။ ဒါ မိုးရွာတဲ့အကြောင်းပါ။”
မြန်မာနိုင်ငံဟာ နွေရာသီအပြီး မိုးရာသီဘက်ကို ကူးတော့မှာမို့ ရှေ့ဆက်ပြီး ဒီ့ထက်မိုးများတာမျိုး ကြုံရနိုင်တယ်လို့ ဦးထွန်းလွင်က သူ့ခန့်မှန်းချက်ကို ပြောပြပါတယ်။
“ရှေ့လျှောက်ကတော့ မိုးရာသီဘက် သွားနေတာဆိုတော့ တိုးဖို့ပဲရှိတာပေါ့။ မိုးရာသီက သူ့ဟာသူကို ဒီလိုရာသီဥတုတွေ ဖြစ်တဲ့ကာလပဲလေ။ အဲဒီကာလတိုးလေ ဒါတွေကို ပိုတိုးလာလေပဲ ဖြစ်မယ်။ အထူးသဖြင့် ကျနော်တို့ အဓိက ကြည့်ရမှာကတော့ လာနီညာ မတ်လကုန်မှာ ပြီးမလား၊ ဒါမှမဟုတ် နောက်ပိုင်း သူတို့ခန့်မှန်းသလို မေလအထိ ရှိမလား၊ အဲဒီအပေါ်မှာ အဓိက တည်ပါလိမ့်မယ်။
“အကယ်၍သာ လာနီညာ မတ်လကုန်မှာ မပြီးဘဲ မေလအထိ ဆက်လက်ရှိဦးမယ် ဆိုရင်တော့ ရာသီဥတု အခြေအနေတွေဟာ နောက်ပိုင်းလတွေမှာ ကျနော့်အယူအဆ ပိုပြီးတော့ သတိထားဖို့ လိုပါလိမ့်မယ်။ ပိုဆိုးလာနိုင်စရာ ရှိပါတယ်။”
မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
အခု ပစိဖိတ် သမုဒ္ဒရာ အလယ်ပိုင်းမှာ ဖြစ်နေတဲ့ လာနီညာ ရာသီဥတု ဖောက်ပြန်မှုဟာ ကမ္ဘာ့ တောင်ဘက်ခြမ်းဖြစ်တဲ့ သြစတြေးလျ၊ နယူးဇီလန် အပြင် တောင်အမေရိက နိုင်ငံတချို့မှာ ကြုံခဲ့ရတာကို ကြည့်ခြင်းအားဖြင့် ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံးပဲလို့ မိုးလေ၀သ ပညာရှင်များက မှတ်ချက် ထုတ်ပြန်ထားပါတယ်။
VOA News

မလေးရှားနိုင်သို့ ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်ကြသော ပအိုဝ်းလူးမျိုးများသည် မိမိတို့၏ နေ့ထူးရက်မြတ်ဖြစ် သော (မွူးနီတန် ခွို.ပအိုဝ်း ဒဲဉ်သီးလာဗွေ)ပအိုဝ်းအမျိုးသားနေ့ကို ၁၃.၃.၂၀၁၁ နေ့ရက်တွင် မလေးရှားနိုင်ငံ ကွာလာ လမ် ပူ မြို့ (Chinese Assambly Hall) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
(၃၃)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အစီစဉ်ကို နံနက် ၁၀ နာရီတွင် တရားနာကြပြီး ဘုန်းတော်ကြီးများအား ဆွမ်းကပ်လှူဒါန်းခဲ့ကြပါသည်။ တပြိုင်နက် ပအိုဝ်းအမျိုးနေ့ကို တတ်ရောက်လာကြသော တိုင်းရင်းသားညီအကို များနှင့် ပအိုဝ်းမောင်မယ်များအားနေ့လည်စာ ထမင်း ဖြင့် ကျွေးမွေးဧည့်ခံ ခဲ့ပါသည်။
ဖိတ်ကြားထားသော တိုင်းရင်းသားခေါင်းဆောင်များနှင့် အထူးဧည့်သည်များအား KFC အစားအစာဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြပါသည်။
နေ့လည် ၁၂ နာရီတွင် အမျိုးသားနေ့ အခမ်းအနားကိုစတင်ကြပြီး အခမ်းနားမှူး မဖြစ် နာင်းနွယ်နီသန်း မှဆောင် ရွက်ပြီး ခွန်ဒီလုံး၊ခွန်သွေးနီ၊ခွန်မောင်းဗွာ တို့မှ သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ပအိုဝ်းအလံတော်အားအလေးပြုခြင်း၊နီခမ်းနီထီ အလံတော်သီချင်းသီဆိုခြင်း၊ ခွန်ဒီလုံး မှ အဖွင့်မိန့်ခွန်း ပြောကြားခြင်း၊ ခွန်သွေးနီ မှ ပအိုဝ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းပြောကြားခြင်း၊ ပအိုဝ်း မောင်မယ်များမှ (ပအိုဝ်းသွီး) သီချင်းကို သီဆိုခြင်း၊ Malaysia Karen Organization (M.K.O) ဥက္ကဌ မှ မိန့်ခွန်းပြော ကြားခြင်း၊ Malaysia Shan Organization (S.R.O) ဥက္ကဌမှ မိန့်ခွန်းပြောကြားခြင်း၊ တောင်ကိုးရီးယားနိုင်ငံမှ Rev. Joshua En မှ အားပေးစကားပြောကြားခြင်း၊ ခွန်တီးမှ ပအိုဝ်းလူမျိုးအတွက် တိုက်တွန်း နိုးဆော်ခြင်း၊ နာင်းနုကြည် မှ ပအိုဝ်းမောင်မယ်များအား တိုက်တွန်း နိုးဆော်ခြင်း၊ ခွန်မောင်းဗွာ မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ၎င်းနောက် သဘာပတိ ၏ နိဂုံးချူပ်မိန့်ခွန်း ပြောကြားပြီး မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ခန့်တွင် အစီအစဉ်ကို အောင်မြင်စွာ ရုပ်သိမ်း လိုက်ကြပါသည်။
၎င်းနောက် ပအိုဝ်းယဉ်ကျေးမှု အက ပဒေသာများဖြင့် တင်ဆက်ကပြခြင်း၊ UNHCR (I.A.D) ဌာနမှ ကျန်းမာရေး ပြကွက် များဖြင့် ပညာပေးတင်ဆက်ခြင်း၊ ပအိုဝ်း Culture Show တင်ဆက်ပြသခြင်း၊ မလေးရှား ပအိုဝ်း စတီရီယို အဆိုတော် များမှ သီဆို ဖျော် ဖြေ ခြင်း များဖြင့် ဝေေ၀ဆာဆာ တင်ဆက်ကြရာ ညနေလေးနာရီတွင် ပအိုဝ်းအမျိုးသားနေ့ အစီအစဉ်ကို ရုပ်သိမ်းလိုက်ပါသည်။
အခမ်းအနားတွင် မလေးရှား နိုင်ငံ ဂျိုဟိုးပြည်နယ်၊ပီနန်းပြည်နယ်၊စလန်ကောပြည်နယ်နှင့်ကွာလာလမ်ပူရှိ ပအိုဝ်းလူမျိုးများ ၅၀၀ ကျော်ခန့် တတ်ရောက်ကြကာ မိမိအမျိုးသားနေ့အတွက် ဂုဏ်ယူလျှက်ပါဝင်ဆင်နွဲကြပါသည်။
အမျိုးသားနေ့၏ ရည်ရွယ်ချက်များမှာ
(၁) အမျိုးဂုဏ် ဇာတိဂုဏ် ထက်မြက်ရှင်သန်ရေး
(၂) ပအိုဝ်းအမျိုးသားများ သွေးစည်းညီညွတ်ရေး
(၃) စာပေ၊စကားနဲ့ယဉ်ကျေးမှု ကို မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်ရေး
(၄) လူမှုရေးနှင့် အသိပညာ၊အတတ်ပညာ အဆင့်အတန်း မြင့်မားရေး တို့ဖြစ်ပါသည်။
ကျွန်တော်များ (ခွို,ပအိုဝ်း မွူးနီတန်ဒဲဉ်သီ;လာဗွေ) လေးကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား (မလေးရှား) ကိုအောက်ပါအစဉ်အစဉ်အတိုင်းစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ်ပါ၍ကြွ ရောက်ချီးမြှင့်အားပေးပါရန် မလေးရှားရောက် ပအိုဝ်း ခွန်-နာင်း အားလုံးကို လေးစာစွာဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
နေ့ရက် - ၁၃.၃.၂၀၁၁ (တနင်္ဂနွေနေ့)
အချိန် - ၉း၃၀ မှ ၁၀း၃၀ - ဆွမ်းကြွေးတရားနာခြင်း
- ၁၀း၃၀ မှ ၁၁း၃၀ ထမင်းစားချိန်
-၁၂း၀၀ မှ ၅း၀၀ အမျိုးသားနေ့အခမ်းအနား
နေရာ - Chinese Assembly Hall, No. 1 Jalan Maharrajalela, 50150 Kuala Lumpur (ကိုတာရာယာအနီး)
ဖုန်း - ၀၁၄၇၂၅၄၇၇၆ ၊ ၀၁၇၉၃၇၆၅၀၄ ၊ ၀၁၀၉၁၀၈၉၆၄ ၊ ၀၁၀၂၀၀၉၈၂၇ ၊ ၀၁၇၂၆၀၁၇၆၇ ၊ ၀၁၆၉၂၉၅၁၆၉
To
----------------------------------- 3rd February 2011
----------------------------------- PROM/0012/2011
Subject: : Invitation to the 33th Anniversary of
the PA-OH National Day.
the PA-OH National Day.
We would like to cordially invite you that the 33th Anniversary of the PA-OH National Day celebration will be held according to the program below mention.
Date - 13th February 2011 (Sunday).
Time - 12:00 pm to 5:00 pm
Venue – Chinese Assembly Hall
No.1. Jalan Maharajalrla. 5o150 Kuala Lumpur, Malaysia
PA-OH National Day Celebration Committee
Kuala Lumpur, Malaysia
Contact Phone Numbers –
+601 472 54776, +601 634 24467, +601 793 76504, +601 726 1767, +601 020 09827,
+601 091 08964, +601 491 39946, +601 079 02362, +601 667 11683, +601 464 59034
ကျွန်တော်များ (ခွို,ပအိုဝ်း မွူးနီတန်ဒဲဉ်သီ;လာဗွေ) လေးကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား (မလေးရှား) ကိုအောက်ပါအစဉ်အစဉ်အတိုင်းစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ်ပါ၍ကြွ ရောက်ချီးမြှင့်အားပေးပါရန် မလေးရှားရောက် ပအိုဝ်း ခွန်-နာင်း အားလုံးကို လေးစာစွာဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
နေ့ရက် - ၁၃.၃.၂၀၁၁ (တနင်္ဂနွေနေ့)
အချိန် - ၉း၃၀ မှ ၁၀း၃၀ - ဆွမ်းကြွေးတရားနာခြင်း
- ၁၀း၃၀ မှ ၁၁း၃၀ ထမင်းစားချိန်
-၁၂း၀၀ မှ ၅း၀၀ အမျိုးသားနေ့အခမ်းအနား
နေရာ - Chinese Assembly Hall, No. 1 Jalan Maharrajalela, 50150 Kuala Lumpur (ကိုတာရာယာအနီး)
ဖုန်း - ၀၁၄၇၂၅၄၇၇၆ ၊ ၀၁၇၉၃၇၆၅၀၄ ၊ ၀၁၀၉၁၀၈၉၆၄ ၊ ၀၁၀၂၀၀၉၈၂၇ ၊ ၀၁၇၂၆၀၁၇၆၇ ၊ ၀၁၆၉၂၉၅၁၆၉
KUALA LUMPUR: The Internet was abuzz yesterday as rumours spread that the popular social networking site Facebook would be shutting down on March 15.
A glance on online trend-tracking system GoogleTrends indicated the rumour started gaining traction yesterday at 4am before peaking seven hours later.
If true, the shutdown could affect some 500 million users worldwide, including some 9.9 million users in Malaysia.
It is unclear where the rumour began, although some publications have attributed it to a widely-linked article posted by US-based news website, the Weekly World News.
The article stated that “users will no longer be able to access their Facebook account” starting March 15, and quoted Facebook founder Mark Zuckerberg.
“Facebook has gotten out of control and the stress of managing this company has ruined my life.
“I need to put an end to all the madness,” he was reported to have said.
Weekly World News, however, is known for its comedic news spoofs and blatantly false reports, with its recent articles claiming that United States First Lady Michelle Obama was pregnant and that actor George Clooney would be running for president next year.
Facebook representatives have yet to address the rumour. For now, however, it is fairly safe to assume the speculation is a hoax.
The rumour came on the heels of major developments in the industry, with online services corporation
Yahoo! announcing last month that it would be shutting down its
Yahoo! Video service, also on March 15.
The Facebook corporation’s value is also set to rise to US$50 billion (RM153 billion) following a recent announcement that global investment firm Goldman Sachs and Russia’s Digital Sky Technologies would be investing some US$500 million investment in the social networking giant.
Meanwhile, MySpace.com, another social networking site which has struggled to compete with Facebook’s success, is reported to be planning a massive restructuring project, which would reduce its international workforce to a skeleton staff.
Read more: Facebook shutdown a hoax http://www.nst.com.my/nst/articles/Facebookshutdownhoax/Article/#ix...
မကြာသေးမီ ရက်ပိုင်း အတွင်း ထွက်ရှိလာတဲ့ သတင်း ကို ကြားမိ သူများ ကတော့ အတော်လေး ဇဝေဇ၀ါ ဖြစ်သွား နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ သတင်းကတော့ ကမ္ဘာပေါ် ရှိ လူသန်းပေါင်း ၅၀၀ ကျော် နေ့စဉ် နှင့် အမျှ သုံးစွဲ နေကြတဲ့ Facebook ကို March လ အတွင်း ဖျက်သိမ်း သွားတော့ မှာ ဖြစ်တယ် ဆိုတာ ပါပဲ။
အဆိုပါ သတင်း အတွင်း ဖော်ပြ ထားတာ ကတော့ Facebook တည်ထောင်သူ Mark Zuckerberg မှ Facebook အား March လ အတွင်း ဖျက်သိမ်း သွားတော့မှာ ဖြစ်ကြောင်း ၄င်းအနေဖြင့် ကုမ္ပဏီ အား ဆက်လက် ထိန်းသိမ်း လိုစိတ် မရှိတော့ ကြောင်း နှင့် Facebook ၏ ရှုပ်ထွေးမှု မျိုးစုံ ကို အဆုံးသတ် သွားတော့မှာ ဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။
ထပ်မံပြီး Facebook ၏ တာဝန်ရှိသူ တစ်ဦးဖြစ်သူ Avrat Humarthi မှလည်း Facebook အသုံးပြုသူများ အနေဖြင့် March 15 ရက်နေ့မှ စတင်ကာ Facebook ကို အသုံးပြုလို့ ရရှိတော့မှာ မဟုတ်ကြောင်း သို့အတွက်ကြောင့် Facebook ပေါ်ရှိ မိမိ၏ ဓါတ်ပုံများ ကို အလုံးစုံ ပြန်လည် ကူးယူထားရန် လိုအပ် ကြောင်း ဖော်ပြထား ပါတယ်။
Mark Zuckerberg မှလည်း ယခု လို Facebook အား ပိတ်သိမ်း သွားရန် ဆုံးဖြတ် လိုက်ခြင်းမှာ ခက်ခဲကြောင်း ၊ အသုံးပြုသူများ အနေဖြင့်လည်း ကျေနပ် နိုင်လိမ့်မည် ဟု ထင်ကြောင်း ဖော်ပြ ထားပါတယ်။
အဆိုပါ သတင်း ထွက်ရှိ လာသည် နှင့် တစ်ပြိုင်နက် Facebook အသုံးပြုသူများ မှာ အံ့အား သင့်လျှက်ရှိနေကြပြီး မယုံကြည် နိုင်လောက်အောင် ဖြစ်နေကြပါတယ်။ ထို့အပြင် အဆိုပါ သတင်း နှင့် ပတ်သက် ကာ စဉ်းစား စရာ အချက်များ လည်း အများအပြား ထွက်ပေါ် လျှက်ရှိနေပါတယ်။
ဘီလီယံ ပေါင်းများ စွာ မြတ်နေသော Facebook ကုမ္ပဏီ အား Mark Zuckerberg မှ အမှန်တစ်ကယ် စွန့်လွှတ် နိုင်ခြင်း ရှိမရှိ ပဲ ဖြစ်ပါတယ်။ လက်ရှိတွင် Facebook မှာ ကမ္ဘာပေါ်တွင် ဘီလီယံ နှင့် ချီကာ ချမ်းသာ လျှက်ရှိသော လုပ်ငန်းစု များ ထဲတွင် တစ်ခု အပါ အ၀င်ဖြစ်ပြီး ကုမ္ပဏီ ၏ တန်ဖိုးမှာ လည်း ၇.၉ ဘီလီယံ ခန့်ရှိကြောင်း သိရှိရပါတယ်။
ထိုကဲ့သို့သော ထောက်ပြမှုများ ရှိနေ သော်လည်း Mark မှ ၄င်း၏ ဆုံးဖြတ်ချက် အတိုင်းသာ ရပ်တည် သွားမည် ဖြစ်ကြောင်း သတင်းဌာန တစ်ခု မှ ဖော်ပြ ထားပြီး Facebook မှ လည်း အသုံးပြုသူများ ကို ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက် အများ စု ကို ပြန်လည် ရယူ သွားရန် အကြံဥာဏ် များ ပေးထားကြောင်း ဖော်ပြထားပါတယ်။
နောက်ဆုံး ရ သတင်းများ အရ Facebook မှ ၄င်းတို့၏ စာမျက်နှာမှ အဆိုပါ သတင်းများ ကို ငြင်းဆန်ထား ပြီး Facebook မှာ အဆုံးသတ် သွားရန် မဟုတ် ကြောင်း နှင့် ယခု မှသာ Facebook အား အမှန်တစ်ကယ် စတင်တော့ မှာ ဖြစ်ကြောင်း ကြော်ငြာ ထားပါတယ်။
အသုံးပြုသူ အများ စု မှလည်း သို့လောသို့လော ဖြစ်နေကြပြီး Facebook မှ အမှန် တစ်ကယ် ပိတ်သိမ်း သွားမည်လား နောက်ထပ် ပိုင်ရှင် အသစ် လက်ထဲ ရောက်ရှိ သွားမည်လား ဟု အမြင် အ မျိုးမျိုးဖြင့် ထင်မြင်ချက်များ ပေးလျှက်ရှိ နေကြောင်း တင်ပြလိုက်ရပါတယ်။
Source : http://www.myanmarict.com/news/will-facebook-shut-down/

ကရင်ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ရုံး ဆောက်လုပ်ရေး နှိုးဆော်လွှာ

ရုံးအဆောက်အအုံပြီးစီးနိုင်ဖို့ ပါဝင်လှူဒါန်းကြပါစို့
ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှူအဖွဲ့၏ သက်တမ်းကား ဘာလိုလိုနှင့် အနှစ်(၂၀)ကျော်ခဲ့လေပြီ။ သို့ရာတွင် ရုံးဟူ၍ အတည် တကျမရှိခဲ့ပါ။ အဖွဲ့၏လှုပ်ရှားမှူတစ်ခု စတင်ပြီဆိုသည်နှင့် ရုံးပြင်ကန္နားဟူ၍ သီးသန့်မရှိဘဲ အဆင်ပြေသည့်နေရာတွင်သာ တွေ့ဆုံချိန်းတွေ့စည်းဝေးခဲ့ရသည်ကများပေပြီ။ တဖြည်းဖြည်းနှင့် အဖွဲ့၏လုပ်ငန်းတာဝန် များပြားလာသည်နှင့်အမျှ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ရုံးအဆောက် အအုံက လိုအပ်လာပါသည်။ အဖွဲ့မှလူကြီးများကလည်း ဤကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်မှာ အတော်လေးကြာလှချေပြီ။ အမှန်တကယ် အကောင်အထည်မဖော်ဖြစ်သေးပေ။ သို့ရာတွင် ဒီနှစ်အတွင်း ဖြစ်အောင်လုပ်မည်ဟူသော သန္ဒိငှာန်ဖြင့် အားစိုက်ထုတ်လုပ်ကိုင်လာရာမှ ယခုဆိုလျှင် အဆောက်အဦး မြေနေရာ၊ ပုံကြမ်းနှင့် အလှူငွေ ထည့်ဝင်သူများဖြင့် ရုပ်လုံးပေါ်လာပေပြီ။ သို့ရာတွင် အဆောက်အဦး ကုန်ကျစရိတ် များပြားလွန်းရကား အပြည့်အစုံအောင်မြင်ရန်အတွက် လိုအပ်ချက်များ ရှိနေစဲပင်။ရုံးအဆောက်အအုံပြီးစီးနိုင်ဖို့ ပါဝင်လှူဒါန်းကြပါစို့
အကယ်၍ ရုံးအဆောက်အအုံ ရှိလာပါက အဖွဲ့အနေဖြင့် ပိုမိုစုစည်းလာနိုင်မည်။ စည်းရုံးရေးများကို ထိရောက်စွာ ပိုမိုဆောင်ရွက်လာနိုင်မည်။ ပအိုဝ်းအမျိုးသားတို့၏ လူမှုရေး၊ ပညာရေး၊ စီးပွားရေးတို့ကို တစ်ဖက်တစ်လမ်းဖြင့် တစ်စုတစ်စည်းတည်းထောက်ကူပေးလာနိုင်တော့မည်။ စာပေနှင့်ယဉ်ကျေးမှု သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလာနိုင်တော့မည်။ နောက်ဆိုလျှင် အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်ခြင်း၊ အင်တာနက် ချိတ်ဆက်၍ တစ်ကမ္ဘာလုံးနှင့် ဆက်သွယ်ပြီး အနာဂတ်ပအိုဝ်း အမျိုးသားများ၏ ကွန်ယက်ချိတ်ဆက်မှုများ ပိုမိုတိုးမြှင့်လာနိုင်တော့မည် ဖြစ်ပေသည်။
တစ်ခါတစ်ရံ ထူးချွန်ပအိုဝ်းကျောင်းသားများ မြို့ပြတွင် တက္ကသိုလ်ဆက်တက်ရန်အတွက် နေရာထိုင်ခင်းအခက် အခဲများစွာရှိပါသည်။ အကယ်၍ အသင်းရုံးပေါ်ပေါင်လာပါက ပအိုဝ်းသက္ကသိုလ်ကျောင်းသားများ၏ တစ်ထောက်တစ်နေရာ ကွန်းခိုရာနေရာလည်းဖြစ်ပါသည်။
ရုံးအဆောက်အအုံပြီးစီးပါက ရရှိလာနိုင်မည့် အကျိုးကျေးဇူးများက အံမခန်းပင်။ တစ်နည်းအားဖြင့် လက်ရှိအဖွဲ့၏ အနေအထားကိုတစ်ဆင့် မြှင့်တင်ပေးလိုက်ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ အမျိုးကိုချစ်သော၊ ယဉ်ကျေးမှုကိုမြတ်နိုးသော ပအိုဝ်းအမျိုးသားတစ်ဦးအနေဖြင့် အဖွဲ့ရုံးပေါ်ပေါက်လာစေရန်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ၀ိုင်းဝန်းကူညီလှူ ဒါန်းကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။
အဖွဲ့၏လုပ်ဆောင်ချက်များ
လက်ရှိတွင် နာယက(၇)ဦး၊ ဥက္ကဌ(၁)ဦး၊ ဒု-ဥက္ထဌ(၁)ဦး၊ အလုပ်မှုဆောင် (၁၀) ဦးဖြင့် အဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများကို လည်ပတ်နေပါသည်။ အမြဲတမ်းရုံးထိုင်ခြင်းမရှိဘဲ လက်ရှိတည်ဆောက်နေသည့် ရုံးအဆောက်အဦးပြီးစီးမှသာလျှင် ရုံးထိုင်မည်ဖြစ်ပါသည်။
စတင်ဖွဲ့စည်းစဉ်တွင် အသင်း၏လုပ်ဆောင်ချက်မှာ နည်းပါးလှသော်လည်း နောက်ပိုင်းတွင်မူ လူအများ၏၀ိုင်းဝန်းပူး ပေါင်းဆောင်ရွက်မှုများကြောင့် အဖွဲ့ကြီးမှာ ပိုမိုကြီးမားလာပြီး လုပ်ငန်းဆောင်တာများလည်း များပြားလာပါသည်။
အဖွဲ့အစည်း၏ အဓိကဆောင်ရွက်ချက်များမှာ
- ပအိုဝ်းအမျိုးသားနေ့ နှစ်စဉ် ကျင်းပပေးနိုင်ရန်၊
- ကျေးရွာဒေသများကို အခြေခံ၍ စည်းရုံးရေးကို ပိုမိုတိုးမြင့်ဆောင်ရွက်နိုင်ရန်၊
- ဆင်းရဲ နွမ်းပါး၍ ပညာဆက်လက်သင်ကြားရန် မတတ်နိုင်သော ပအိုဝ်း ထူးချွှန် လူငယ်လူရွယ်များအား နှစ်စဉ် ရှာဖွေဖော်ထုတ်၍ ဆက်လက် ပညာသင်ကြားနိုင်အောင် ဆောင်ရွက်ပေးရန်၊
- ရုံးအဆောက်အအုံ ပေါ်ပေါက်လာပါက အနာဂါတ်ကမ္ဘာနှင့် ယှဉ်၍ အိုင်တီ(IT)၊ အင်္ဂလိပ်စာနှင့် လူငယ်ဖွံ့ဖြိုး ရေး၊ အစရှိသည့် စွမ်းရည်မြင့်သင်တန်းများ ဖွဲ့လှစ်ပေးနိုင်ရန်၊
- စာပေနှင့် ယဉ်ကျေးမှုသင်တန်းများ နှစ်စဉ်ဖွင့်လှစ်ပေးနိုင်ရန်၊
- အခြားသော ဒေသခံအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ (INGOs)နှင့် ပူးပေါင်း၍ ကျေးလက်ဒေသပညာရေး၊ စီးပွားရေး၊ လူမှုရေး ပိုမိုဖွံ့ဖြိုးတိုက်တက်နိုင်အောင် ဆောင်ရွက် ရန်၊ အစရှိသည်ဖြင့် လက်ရှိဆောင်ရွက်ဆဲ အနာဂါတ်တွင်လည်း ဆောင်ရွက်ရန် လျှာထားပါသည်။
အဖွဲ့ရုံးအတွက် အောက်ပါ ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။
- ဘိလပ်မြေ (၁) အိတ် - ၅၇၀၀ ကျပ် (သယ်ယူခအပါအ၀င်)
- သဲ (၁) ကျင်း - ၁၁၀၀၀ ကျပ် (သယ်ယူခအပါအ၀င်)
- ကျောက် (၁) ကျင်း - ၂၁၀၀၀ ကျပ် (သယ်ယူခအပါအ၀င်)
- အုတ် ( ၁၀၀) - ၅၀၀၀ ကျပ် (သယ်ယူခအပါအ၀င်)
- သံ ( ၁) တန် - ၆၇၀၀၀၀ ကျပ် (သယ်ယူခအပါအ၀င်)
ဆက်သွယ် လှူဒါန်ရန် ဖုန်းနံပါတ်များ
- ဦးခွန်ဝင်းနောင် (ဘားအံ) - ၀၅၈ ၂၁၉၁၅
- ဦးခွန်စံဟိန်း ( ။ ) - ၀၅၈ ၂၁၉၃၀
- ဦးခွန်သန်းမြင့် ( ။ ) - ၀၅၈ ၂၂၆၀၉၊ ၀၉၅၆၆၁၀၁၈
- ဦးခွန်သန်းထွန်း ( ။ ) - ၀၅၈ ၂၁၉၇၄
- ဦးခွန်မြအောင် ( ။ ) - ၀၅၈ ၂၁၃၅၇၊ ၂၁၀၉၁
- ဦးခွန်ဘစိန် (ငြိမ်း) ညွန်ကြားရေးမှူး သာသနာရေး ဦးစီးဌာန ရန်ကုန် - ၀၁ ၅၈၃ ၅၉၄
- ဦးခွန်မြင့်လွင် (အုပ်ချုပ်ရေးမှူး) ပအိုဝ်းဓမ္မာရုံ ရုံး ရန်ကုန် - ၀၁ ၃၈၀ ၈၉၇
- ဦးခွန်သန်းလိုင် (သာမည) မြ၀တီ - ၀၉၈ ၇၂၁၁ ၉၄
မီဒီယာကုမ္ပဏီဖြစ်သော Gawker သည် ကုမ္ပဏီ database ရှိ password 1.3 သန်းကျော်သည် ခိုးယူခံခဲ့ရသောကြောင့် လစဉ်ကြေးပေးသွင်းသူများအနေဖြင့် ၎င်းတို့၏ password များအားပြောင်းလဲရန် အတွက် တိုက်တွန်းခဲ့ကြောင်းသိရသည်။ အဆိုပါကုမ္ပဏီသည် မီဒီယာနှင့် နည်းပညာနှင့်ပတ်သက်သည့် ဘလော့ဂ်အကြောင်းအရာများကို ဖော်ပြသည့်ကုမ္ပဏီဖြစ်ပြီး အားနည်းချက်ရှိသော ရိုးရှင်းသည့် password များမှာ hacker များ၏တိုက်ခိုက်မှုခံရဖွယ်ရှိကြောင်းပြောကြားသည်။ ထို့အပြင် Gnosis ဟုခေါ်သောအဖွဲ့တစ်ဖွဲ့သည် Gawker မှအချက်အလက်များပါဝင်သည့် 500MB အရွယ်ဖိုင်တစ်ခုကို Bit-torrent ဖြင့်ဖြန့်ဝေခဲ့ခြင်းကြောင့် အခြား hacker များမှ download ရယူနိုင်ကြောင်းသိရသည်။ ၎င်းတိုက်ခိုက်မှုကြောင့် Gawker တွင်သိမ်းဆည်းထားသော အီးမေးလ်များ၊ username များနှင့် password များမှာထိခိုက်ခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုသည် Gawker ၏နာမည်ကျော်ဆိုက်များဖြစ်သည့် Gizmodo ကဲ့သို့သော နည်းပညာ gadget သတင်းဆိုက်များထံ သက်ရောက်မှုရှိသောကြောင့် သန်းပေါင်းများစွာသောလူများမှ တိုက်ခိုက်ခံရနိုင်ကြောင်း လုံခြုံရေးသုတေသီအဖွဲ့တစ်ခုဖြစ်သည့် Securosis မှစီအီးအိုဖြစ်သူ ရစ်ခ်ျမိုဂဲလ်ကဆိုသည်။ Gawker ၏ Gizmodo နည်းပညာဘလော့ဂ်သည် ပြီးခဲ့သည့်မေလက iPhone ရှေ့ပြေးပုံစံတစ်ခု၏ဓာတ်ပုံများကို ဖော်ပြခဲ့သောကြောင့် နာမည်ကျော်ခဲ့သည့် ၀က်ဘ်ဆိုက်တစ်ခုလည်းဖြစ်သည်။
အသုံးပြုသူ ဘီလီယံထက်ဝက်ခန့်ရှိသော နာမည်ကျော်လူမှုကွန်ရက်ဝက်ဘ်ဆိုက်ဖြစ်သည့် Facebook ကိုတည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ခ်အား
တိုင်းမ်မဂ္ဂဇင်းမှ ၂၀၁၀ ခုနှစ်၏အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ကြောင်းသိရသည်။ တိုင်းမ်သည် တစ်နှစ်တာအတွင်း အထင်ရှားဆုံးလူပုဂ္ဂိုလ်များကို သတ်မှတ်ရာ၌ သြဇာအရှိန်အ၀ါကြီးမားသောသူများကို သတ်မှတ်ခြင်းဖြစ်ပြီး Facebook သည် ယခုနှစ်အတွင်းအသုံးပြုသူ သန်း ၅၀၀ ကျော်ရှိခဲ့ကာ လူနေမှုဘ၀ကိုပြောင်းလဲစေခဲ့ကြောင်း တိုင်းမ်မဂ္ဂဇင်းမှအယ်ဒီတာဖြစ်သူ ရစ်ချတ်စတန်ဂျယ်ကပြောသည်။ ဇက်ကာဘာ့ခ်သည် အသက် ၁၉ နှစ်အရွယ်က ဟားဗတ်တက္ကသိုလ်တွင်ဒုတိယနှစ်တက်ရောက်စဉ် Thefacebook.com ဟုခေါ်သည့် ၀က်ဘ်ဝန်ဆောင်မှုကို ၎င်း၏အိပ်ဆောင်အတွင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကမ္ဘာ့အငယ်ဆုံး ဘီလျံနာတစ်ဦးအဖြစ်ရပ်တည်နေကာ ၎င်းကုမ္ပဏီ၏၀င်ငွေမှာလည်း ယခုနှစ်အတွင်း ၂ ဘီလီယံအထိရှိလာကြောင်း တိုင်းမ်ကဖော်ပြခဲ့သည်။ ဇက်ကာဘာ့ခ်သည် နယူးဂျာစီကျောင်းပညာသင်စနစ်အတွက် ကန်ဒေါ်လာသန်း ၁၀၀ လှူဒါန်းရန်ကတိပြုထားပြီး၊ ဟောလီးဝုဒ်ရုပ်ရှင် The Social Network သည်လည်း သူ၏အကြောင်းကိုရိုက်ကူးထားခြင်းဖြစ်သည်။ ထို့အပြင် အသက် ၂၆ နှစ်အရွယ်ရှိသည့် မာ့ခ်ဇက်ကာဘာ့ခ်သည် အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်သန်းခဲ့သည့် ပထမဦးဆုံးလေယာဉ်မှူးဖြစ်သူ ချားလ်စ်လင်ဒ်ဘာ့ခ်ျအား တိုင်းမ်မဂ္ဂဇင်းမှ ၁၉၂၇ ခုနှစ်၏ အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် အငယ်ဆုံးသတ်မှတ်ခံရသည့်ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ စာဖတ်ပရိသတ်များသည် WikiLeaks တည်ထောင်သူ ဂျူလီယန်အက်ဆန်းအား ထောက်ခံမဲပေးခဲ့သော်လည်း တိုင်းမ်အယ်ဒီတာများနှင့် သတင်းထောက်များကမူ မာ့ခ်ဇက်ကာဘာ့ခ်အားရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပအိုဝ်းလူမျိုးများ မိမိတို့၏ယဉ်းကျေးမှုကိုထိန်းသိမ်းရေး၊စာပေနှင့် စကား မပ ပျောက်ရေး၊အမျိုးဂုဏ်၊ဇာတိ
ဂုဏ်ထက်မြက်ရှင်သန်ရေး ၊ ဤအရေးသုံးပါးကို အလေးထား၍ ၁၃၇၁ ခု တပေါင်းလပြည့်နေ့ ခရစ်
သက္ကရာဇ် ၂၀၁၀ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်ကျရောက်သော ပအိုဝ်းအမျိုးသားနေ့ကို မလေးရှား
နိုင်ငံရောက်ပအိုဝ်းလူမျိုးများကလည်း (၂၈.၂.၂၀၁၀) နေ့တပေါင်းလပြည့်ကျော်တစ်ရက်နေ့တွင်ကျင်းပပြု
လုပ်ကြပါသည်။
ပအိုဝ်းလူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သောကြောင့် (၂၈.၂.၂၀၁၀) နေ့ နံနက် ၁၁ နာရီတွင် ရဟန်း၊သံဃာတော်များအား ဆွမ်းကျွေး တရားနာကြပါသည်။၎င်းနောက် ၁၂ နာရီတွင် အခမ်းအနားကို စတင်ကြပါသည်။
မလေးရှားနိုင်ငံ ပအိုဝ်းအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ခွန်ထွန်းတီးမှ
အခမ်းအနားမှူးအဖြစ် အစီအစဉ် ဆောင်ရွက်ပေးပြီး ပအိုဝ်းအမျိုးသား အလံကို အလေးပြုကြပါသည်။
၎င်းနောက် ဥက္ကဌ ခွန်အောင်သိန်းမှ မိန့်ခွန်းပြောကြားပါသည်။ ဆက်လက်၍ ဂျေခွန်ကေမှလည်း မလေးရှား
ရောက် ပအိုဝ်းလူမျိုးများ အမျိုးသားရေး၊ သာရေး နာရေး ကိစ္စများနှင့် အခက်အခဲ တွေ့ကြုံသူအချင်းချင်း ကူညီ မ စ ကြရန် (Pa-oh Refugee Organization)အဖွဲ့ကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း နှင့် အသင်းဝင်
ကြရန် တိုက်တွန်းမှာကြားထားပါသည်။တွဲဖက်အတွင်းရေးမှူး ခွန်လှခမ်းမှလည်း ကြိုဆိုနှုတ်ခွန်ဆက်စကား ထပ်မံပြောကြားပြီး (ပအိုဝ်းသွီး)သီချင်းဖြင့် ကြွေးကြော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းပြီးနောက်၊ နေ့လည်စား ထမင်းဖြင့်ကျွေးမွေးဧည့်ခံပြီး၊ ပအိုဝ်း ယဉ်းကျေးမှု အဆို အက များဖြင့် စည်ကားသိုက်မြိုက်စွာ
ဖြင့် အောင်မြင်စွာ ကျင်းပ ခဲ့ကြပါသည်။တက်ရောက်သူ တောင်ပေါ် မြေပြန့် ပအိုဝ်းတိုင်းရင်းသူ/သား
စုစုပေါင်း ၃၀၀ ကျော်ခန့် အခမ်းအနားကိုတက်ရောက်ခဲ့ကြပါသည်။
လေးစားစွာဖြင့်