« »

အာလူးချောင်းကြော် အမြောက်အမြားစားသုံးခြင်းက ကင်ဆာဖြစ်ပွားမှုဘေးဥပဒ်ကို တိုးပွားစေနိုင်

အာလူးချောင်းကြော် အမြောက်အမြား စားသုံးသူများအနေဖြင့် ကင်ဆာဖြစ်ပွားမည့်ဘေးဥပဒ် နှင့် ကြုံတွေ့ရဖွယ်ရှိသည်ဟု အကြော်အလှော်နှင့် မီး ဖုတ်၍ပြုလုပ်သည့် အဆာပြေအစာများကို စမ်းသပ် ရာမှ တွေ့ခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင် စားသုံးသူ ကောင်စီနှင့် အစားအစာဘေးကင်းလုံခြုံရေးစင်တာ (CFS)တို့က အဆာပြေအစားအစာအမျိုးပေါင်း ၉၀ ကို စမ်းသပ်စစ်ဆေးမှုပြုခဲ့ရာ အကြော်အလှော်နှင့် မီး ဖုတ်၍ပြုလုပ်သော အဆာပြေအစားအစာများတွင် Acrylamideပါဝင်လျက်ရှိကြောင်း တွေ့ရှိခဲ့ကြရသည်။
    စမ်းသပ်စစ်ဆေးသည့်အဖွဲ့က လူတစ်ဦးလျှင် အာလူးကြော်အထုပ် မည်မျှစားသုံးပါက အန္တရာယ်ရှိ နိုင်သည်ကို ရှင်းလင်းသေချာစွာပြောကြားခြင်းမရှိသော် လည်း နည်းနည်းစားလေပိုကောင်းလေဟူ၍သာ အကြံ ပြုထားသည်ဟုဆိုသည်။
Tags: ,

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။