« »

Gawker Database မှ password 1.3 သန်းခိုးယူခံရ

မီဒီယာကုမ္ပဏီဖြစ်သော Gawker သည် ကုမ္ပဏီ database ရှိ password 1.3 သန်းကျော်သည် ခိုးယူခံခဲ့ရသောကြောင့် လစဉ်ကြေးပေးသွင်းသူများအနေဖြင့် ၎င်းတို့၏ password များအားပြောင်းလဲရန် အတွက် တိုက်တွန်းခဲ့ကြောင်းသိရသည်။ အဆိုပါကုမ္ပဏီသည် မီဒီယာနှင့် နည်းပညာနှင့်ပတ်သက်သည့် ဘလော့ဂ်အကြောင်းအရာများကို ဖော်ပြသည့်ကုမ္ပဏီဖြစ်ပြီး အားနည်းချက်ရှိသော ရိုးရှင်းသည့် password များမှာ hacker များ၏တိုက်ခိုက်မှုခံရဖွယ်ရှိကြောင်းပြောကြားသည်။ ထို့အပြင် Gnosis ဟုခေါ်သောအဖွဲ့တစ်ဖွဲ့သည် Gawker မှအချက်အလက်များပါဝင်သည့် 500MB အရွယ်ဖိုင်တစ်ခုကို Bit-torrent ဖြင့်ဖြန့်ဝေခဲ့ခြင်းကြောင့် အခြား hacker များမှ download ရယူနိုင်ကြောင်းသိရသည်။ ၎င်းတိုက်ခိုက်မှုကြောင့် Gawker တွင်သိမ်းဆည်းထားသော အီးမေးလ်များ၊ username များနှင့် password များမှာထိခိုက်ခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုသည် Gawker ၏နာမည်ကျော်ဆိုက်များဖြစ်သည့် Gizmodo ကဲ့သို့သော နည်းပညာ gadget သတင်းဆိုက်များထံ သက်ရောက်မှုရှိသောကြောင့် သန်းပေါင်းများစွာသောလူများမှ တိုက်ခိုက်ခံရနိုင်ကြောင်း လုံခြုံရေးသုတေသီအဖွဲ့တစ်ခုဖြစ်သည့် Securosis မှစီအီးအိုဖြစ်သူ ရစ်ခ်ျမိုဂဲလ်ကဆိုသည်။ Gawker ၏ Gizmodo နည်းပညာဘလော့ဂ်သည် ပြီးခဲ့သည့်မေလက iPhone ရှေ့ပြေးပုံစံတစ်ခု၏ဓာတ်ပုံများကို ဖော်ပြခဲ့သောကြောင့် နာမည်ကျော်ခဲ့သည့် ၀က်ဘ်ဆိုက်တစ်ခုလည်းဖြစ်သည်။
Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။