« »

၂၀၁၀ ခုနှစ်၏အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် မာ့ခ်ဇက်ကာဘာ့ခ်သတ်မှတ်ခံရ


အသုံးပြုသူ ဘီလီယံထက်ဝက်ခန့်ရှိသော နာမည်ကျော်လူမှုကွန်ရက်ဝက်ဘ်ဆိုက်ဖြစ်သည့် Facebook ကိုတည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ခ်အား
တိုင်းမ်မဂ္ဂဇင်းမှ ၂၀၁၀ ခုနှစ်၏အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ကြောင်းသိရသည်။ တိုင်းမ်သည် တစ်နှစ်တာအတွင်း အထင်ရှားဆုံးလူပုဂ္ဂိုလ်များကို သတ်မှတ်ရာ၌ သြဇာအရှိန်အ၀ါကြီးမားသောသူများကို သတ်မှတ်ခြင်းဖြစ်ပြီး Facebook သည် ယခုနှစ်အတွင်းအသုံးပြုသူ သန်း ၅၀၀ ကျော်ရှိခဲ့ကာ လူနေမှုဘ၀ကိုပြောင်းလဲစေခဲ့ကြောင်း တိုင်းမ်မဂ္ဂဇင်းမှအယ်ဒီတာဖြစ်သူ ရစ်ချတ်စတန်ဂျယ်ကပြောသည်။ ဇက်ကာဘာ့ခ်သည် အသက် ၁၉ နှစ်အရွယ်က ဟားဗတ်တက္ကသိုလ်တွင်ဒုတိယနှစ်တက်ရောက်စဉ် Thefacebook.com ဟုခေါ်သည့် ၀က်ဘ်ဝန်ဆောင်မှုကို ၎င်း၏အိပ်ဆောင်အတွင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကမ္ဘာ့အငယ်ဆုံး ဘီလျံနာတစ်ဦးအဖြစ်ရပ်တည်နေကာ ၎င်းကုမ္ပဏီ၏၀င်ငွေမှာလည်း ယခုနှစ်အတွင်း ၂ ဘီလီယံအထိရှိလာကြောင်း တိုင်းမ်ကဖော်ပြခဲ့သည်။ ဇက်ကာဘာ့ခ်သည် နယူးဂျာစီကျောင်းပညာသင်စနစ်အတွက် ကန်ဒေါ်လာသန်း ၁၀၀ လှူဒါန်းရန်ကတိပြုထားပြီး၊ ဟောလီးဝုဒ်ရုပ်ရှင် The Social Network သည်လည်း သူ၏အကြောင်းကိုရိုက်ကူးထားခြင်းဖြစ်သည်။ ထို့အပြင် အသက် ၂၆ နှစ်အရွယ်ရှိသည့် မာ့ခ်ဇက်ကာဘာ့ခ်သည် အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်သန်းခဲ့သည့် ပထမဦးဆုံးလေယာဉ်မှူးဖြစ်သူ ချားလ်စ်လင်ဒ်ဘာ့ခ်ျအား တိုင်းမ်မဂ္ဂဇင်းမှ ၁၉၂၇ ခုနှစ်၏ အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် အငယ်ဆုံးသတ်မှတ်ခံရသည့်ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ စာဖတ်ပရိသတ်များသည် WikiLeaks တည်ထောင်သူ ဂျူလီယန်အက်ဆန်းအား ထောက်ခံမဲပေးခဲ့သော်လည်း တိုင်းမ်အယ်ဒီတာများနှင့် သတင်းထောက်များကမူ မာ့ခ်ဇက်ကာဘာ့ခ်အားရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။