« »

ရယ်စရာလေးတွေ

ဖန်တီးမှု

ယောက်ျားက သူ့မိန်းမကို မေးပြော ပြောလိုက်တယ်။
“ဘာဖြစ်လို့ မင်းဟာ လှလည်းလှ တုံးလည်းတုံး ရသလဲ မသိပါဘူးကွာ”တဲ့။
မိန်းမက ပြန်ပြောတယ်။ “ရှင်းပြပါရစေ ကိုအဝှာ... ဘုရားသခင်က ကျွန်မကို ချောအောင် ဖန်ဆင်းခဲ့တယ်၊ ဒါမှ ရှင်က ကြိုက်တော့ မပေါ့။ ဒါပေမဲ့ ဘုရားသခင်နော်၊ အကုန်သိတယ်၊ ကျွန်မကို ခပ်တုံးတုံး ဖြစ်အောင်လည်း လုပ်လိုက်တယ်၊ ဒါမှ ရှင့်ကို ပြန်ကြိုက်မပေါ့ရှင်” တဲ့။

မင်းကပဲနိုင်လိမ့်မယ်

မောင်စိန်အေး၏ မွေးနေ့တွင် မိဘများက ၎င်းအမြဲပူဆာနေသော မြင်းတစ်ကောင်ကို ဝယ်လိုက်သည်။ ထိုမြင်းကြီးသည် ခွန်အားရှိပုံ မရချေ။ မောင်စိန်အေးက တိရစ္ဆာန် ဆေးကုဆရာဝန်ထံ သွားရောက်ပြသ၏။
တိရစ္ဆာန်ဆေးကုခန်း ဆရာဝန်က ထိုမြင်းကြီးကို ကြည့်ရှုပြီးနောက် ပြောလိုက်သည်။
“ဒီမြင်းက သိပ်အသက်ကြီးနေပြီ”
“ကျွန်တော် သူနဲ့ ပြိုင်ပွဲဝင်ရင် ရမလား” ဟု မောင်စိန်အေးက မေးလိုက်၏။ တိရစ္ဆာန်ကု ဆရာဝန်က မြင်းကို ကြည့်လိုက်ပြီး
“သိပ်ရတာပေါ့။ မင်းကပဲ နိုင်ချင်နိုင်သွားလိမ့်မယ်” ဟု ပြောလိုက်လေသည်။

ဖြစ်တတ်ပါတယ်....

မောင်ဝ သည် တစ်ရက် အထက်တန်း စားသောက်ဆိုင် တစ်ဆိုင်တွင် ညနေစာ ဝင်ရောက်စားသောက်သည်။ စားသောက်နေရင်း နှင့် မောင်ဝသည် လေလည် အရမ်း လည်ချင်လာသည်။ ဆိုင်ထဲတွင် သီချင်းသံကလဲ အရမ်းကျယ်ကျယ် ဖွင့်ထားသဖြင့် မောင်ဝသည် အကြံရကာ တီးလုံးသံ အမြင့်ဆုံးရောက်ချိန်တိုင်း အားရပါးရ လေလည်လိုက်သည်။
တစ်လုံး နှစ်လုံး လောက် အားရပါးရ လေလည်ပြီးသွားချိန်တွင် မောင်ဝ သည် အင်မတန်မှကျေနပ်သွားပြီး ဘေးဘီသို့ အသာလေ လှည့်ကြည့်လိုက်သော်အခါ.. ဆိုင်ထဲမှ လူများအားလုံးသည် မောင်ဝအား စိုက်ကြည့်နေကြသည်။ တစ်ချို့လဲ မျက်နှာရှုံ့ နှာခေါင်းပိတ် ထားကြသည် ကိုတွေ့လိုက်သော်အခါ မောင်ဝလဲ အံသြသွားပြီး တစ်စုံတစ်ခုအား သွားသတိရလိုက်သည်။ "သွားပါပြီး.. လက်စက်သက်တော့ သီချင်းသံက ငါ I pod ကလာနေတာကို.... "


အမြဲမှန်နေတဲ့ ဦးမှန် ...

ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့က ကျေးလက်ဒေသတစ်နေရာကိုသွားပြီး ရိုက်ကူးရေး ဆင်းကြပါတယ်။ တစ်နေ့ရုပ်ရှင်ရိုက်ဖို့ပြင်နေတုန်း အဘိုးအို တစ်ဦးရောက်လာပြီး
"ဒီနေ့တော့ မင်းတို့ မရိုက်တာကောင်းတယ်၊ မိုးရွာ မှာကွ"လို့ပြောပါတယ်။ တကယ်လည်း အဲဒီနေ့ကအဘိုးအိုပြောတဲ့အတိုင်းမိုးတွေရွာလို့ ရိုက်ကူး ရေးတွေဖျက်လိုက်ရပါတယ်။
အဘိုးအိုက သုံးလေးရက် ဆက်တိုက်လာပြီး "ဒီနေ့တော့ နေသာမယ်၊ ဒီနေ့လေတိုက်မယ်" လို့ ပြောတိုင်းမှန်နေတာမို့ အဖွဲ့သားတွေက အံ့ဩနေကြပါတယ်။ ဒါပေမယ့် နောက်ရက်မှာ အဘိုးအိုက ရောက်မလာတော့လို့ အဖွဲ့သားတစ်ယောက်ကို လွှတ်ပြီးသွား မေးခိုင်းတော့ အဘိုးအို ပြန်ပြောလိုက်တာက "ငါ့ရေဒီယိုပျက်သွားတယ်ကွ။ မိုးလေဝသ အစီအစဉ် နားထောင်လို့ မရတော့ဘူး" တဲ့။

ငတုံးလေး

ကလေးငယ်တစ်ဦး ဆံပင်ညှပ်ဆိုင်သို့ ဝင်လာသောအခါ ဆံပင်ညှပ်သူက ၎င်းဆံပင် ညှပ်ပေးနေသူအား အခုလိုပြောသည်။
“အဲဒီကလေးဟာ တော်တော်တုံးတဲ့ ကလေးလေးဗျ။ ခင်ဗျားကြည့်နေ ကျွန်တော်လက်တွေ့ပြမယ်” ဟုဆိုကာ ဆယ်တန်တစ်ရွက်နှင့် ငါးကျပ်တန် တစ်ရွက်ကို လက်တစ်ဖက်စီတွင် ကိုင်ထားရင်း
“ကဲ ကလေး မင်းဘယ်ဟာယူမလဲ”ဟုမေးရာ ကလေးငယ်က ငါးကျပ်တန်ကိုယူ၍ ထွက်သွားပါသည်။
“ကျုပ်ပြောတယ် မဟုတ်လား။ ဒီကလေးက ဘယ်တော့မှ တစ်ဆယ်တန် ယူရကောင်းမှန်း မသိဘူး” ဆံပင်ညှပ်သမားက ၎င်း၏ ဖောက်သည်အား ပြောလိုက်သည်။
ဆံပင်ညှပ်လာသူလည်း ဆံပင်ညှပ်ဆိုင်မှ ထွက်လာခဲ့ပြီး စောစောက ကလေး ရေခဲမုန့်ဆိုင်မှ ထွက်လာသည်ကို တွေ့သောအခါ မနေနိုင်တော့ဘဲ
“မင်းက တစ်ဆယ်တန် ဘာလို့ မယူတာလဲကွ” ဟု ကလေးငယ်အား မေးမြန်းရာ
“သားတစ်ဆယ်တန် ယူလိုက်ရင် နောက်ဆိုသားရေခဲမုန့် ဘယ်စားရတော့မလဲ ဦးရ”
Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။