« »

ဟာသ

ယောက်ျား

တီဗီထိုင်ကြည့်နေသော ယောက်ျားအား မီးဖိုခန်းထဲမှ ထွက်လာသော မိန်းမက စလောင်းဖုံးဖြင့် ခေါင်းရိုက်လိုက်သည်။
“ဘာဖြစ်တာလဲ”
“ရှင့်အိတ်ကပ်ထဲက တွေ့တဲ့လက်မှတ်ပေါ်က လော်ရာဆိုတာ ဘယ်သူလဲ”
“ဟာ၊ အဲဒါ ငါမြင်းပွဲသွားတုန်းက လောင်းခဲ့တဲ့ မြင်းနာမည်ပါ”
မိန်းမက ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားသည်။ နောက်တစ်နေ့တွင် မိန်းမကယောက်ျားကို စလောင်းဖုံးဖြင့် ဆော်ပြန်သည်။ ပို၍ အားပြင်းပြင်းဖြစ်သည်။
“ဟ ဘာဖြစ်ပြန်ပြီလဲ”
“ရှင့်မြင်းမ အခုလေးတင် ရှင့်ဆီဖုန်းဆက်တယ်”
 

ဝါသနာအိုး

ဘောလုံးဝါသနာအိုး သွားဆရာဝန်တစ်ယောက်သည် လူနာတစ်ဦးအား သွားနုတ်ပြီးသော အခါ လူနာအား အကူအညီ တစ်ခုတောင်းသည်။
“ခင်ဗျား ကျွန်တော့်ကို ကူညီနိုင်မလား၊ အသံအကျယ်ကျယ်နဲ့ အရမ်းနာလို့ ထအော်တဲ့ ပုံစံမျိုး အော်ပေးစမ်းပါ” ဟု၍ ပြောလေသည်။
“ဘာဖြစ်လို့လဲ ဆရာ၊ ဆရာသွားနုတ်တာ ညင်ညင်သာသာပါပဲ” ဟု လူနာက ပြန်ပြောသည်။
“ဟုတ်ပါတယ်။ ဒါပေမဲ့ အပြင်မှာ လူနာတွေ တစ်ပုံကြီးရှိနေတယ်ဗျ။ ညနေ ၅ နာရီ မန်ယူပွဲတွေကိုလည်း ကျုပ်လက်မလွှတ်ချင်ဘူးလေ” ဟူ၍ ဆရာဝန်က ပြန်ပြောလေသည်။
 

အားလုံးအတူတူ

ကျွန်မခြေချောင်းကလေးကို ကဏန်းတစ်ကောင်က ကိုက်လိုက်တယ်။
ဘယ်ကောင်လဲ။
မသိဘူး၊ ကဏန်းတွေ အားလုံးက အတူတူလိုပါပဲ။

  မှားသွားလို့

ဆယ်ကျော်သက် အရွယ်သမီးငယ်က နာရီဝက်ခန့် ဖုန်းပြောပြီးနောက် ဖုန်းချလိုက်ရာ ဖခင်ဖြစ်သူမှာ အံ့သြသွားပြီး
“ဟာ ငါ့သမီး ဒီတစ်ခါ ဖုန်းပြောတာ တယ်မြန်တာပဲ။ ခါတိုင်းဆို အနည်းဆုံး နှစ်နာရီလောက်ကြာတာ။ ဒီတစ်ခါ ဘယ်လိုဖြစ်တာလဲ”
“ဖုန်းနံပါတ်မှားလို့တဲ့ အဖေ” ဟု သမီးဖြစ်သူက ပြန်ပြောပါသည်။

Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။