« »

(၃၃)ကြိမ်မြောက်ပအိုဝ်းအမျိုးသားနေ့မလေးရှားနိုင်ငံရောက် ပအိုဝ်းများကျင်းပ


မလေးရှားနိုင်သို့ ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်ကြသော ပအိုဝ်းလူးမျိုးများသည် မိမိတို့၏ နေ့ထူးရက်မြတ်ဖြစ် သော (မွူးနီတန် ခွို.ပအိုဝ်း ဒဲဉ်သီးလာဗွေ)ပအိုဝ်းအမျိုးသားနေ့ကို ၁၃.၃.၂၀၁၁ နေ့ရက်တွင် မလေးရှားနိုင်ငံ ကွာလာ လမ် ပူ မြို့ (Chinese Assambly Hall) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
(၃၃)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အစီစဉ်ကို နံနက် ၁၀ နာရီတွင် တရားနာကြပြီး ဘုန်းတော်ကြီးများအား ဆွမ်းကပ်လှူဒါန်းခဲ့ကြပါသည်။ တပြိုင်နက် ပအိုဝ်းအမျိုးနေ့ကို တတ်ရောက်လာကြသော တိုင်းရင်းသားညီအကို များနှင့် ပအိုဝ်းမောင်မယ်များအားနေ့လည်စာ ထမင်း ဖြင့် ကျွေးမွေးဧည့်ခံ ခဲ့ပါသည်။
ဖိတ်ကြားထားသော တိုင်းရင်းသားခေါင်းဆောင်များနှင့် အထူးဧည့်သည်များအား KFC အစားအစာဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြပါသည်။
နေ့လည် ၁၂ နာရီတွင် အမျိုးသားနေ့ အခမ်းအနားကိုစတင်ကြပြီး အခမ်းနားမှူး မဖြစ် နာင်းနွယ်နီသန်း မှဆောင် ရွက်ပြီး ခွန်ဒီလုံး၊ခွန်သွေးနီ၊ခွန်မောင်းဗွာ တို့မှ သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ပအိုဝ်းအလံတော်အားအလေးပြုခြင်း၊နီခမ်းနီထီ အလံတော်သီချင်းသီဆိုခြင်း၊ ခွန်ဒီလုံး မှ အဖွင့်မိန့်ခွန်း ပြောကြားခြင်း၊ ခွန်သွေးနီ မှ ပအိုဝ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းပြောကြားခြင်း၊ ပအိုဝ်း မောင်မယ်များမှ (ပအိုဝ်းသွီး) သီချင်းကို သီဆိုခြင်း၊ Malaysia Karen Organization (M.K.O) ဥက္ကဌ မှ မိန့်ခွန်းပြော ကြားခြင်း၊ Malaysia Shan Organization (S.R.O) ဥက္ကဌမှ မိန့်ခွန်းပြောကြားခြင်း၊ တောင်ကိုးရီးယားနိုင်ငံမှ Rev. Joshua En မှ အားပေးစကားပြောကြားခြင်း၊ ခွန်တီးမှ ပအိုဝ်းလူမျိုးအတွက် တိုက်တွန်း နိုးဆော်ခြင်း၊ နာင်းနုကြည် မှ ပအိုဝ်းမောင်မယ်များအား တိုက်တွန်း နိုးဆော်ခြင်း၊ ခွန်မောင်းဗွာ မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ၎င်းနောက် သဘာပတိ ၏ နိဂုံးချူပ်မိန့်ခွန်း ပြောကြားပြီး မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ခန့်တွင် အစီအစဉ်ကို အောင်မြင်စွာ ရုပ်သိမ်း လိုက်ကြပါသည်။
၎င်းနောက် ပအိုဝ်းယဉ်ကျေးမှု အက ပဒေသာများဖြင့် တင်ဆက်ကပြခြင်း၊ UNHCR (I.A.D) ဌာနမှ ကျန်းမာရေး ပြကွက် များဖြင့် ပညာပေးတင်ဆက်ခြင်း၊ ပအိုဝ်း Culture Show တင်ဆက်ပြသခြင်း၊ မလေးရှား ပအိုဝ်း စတီရီယို အဆိုတော် များမှ သီဆို ဖျော် ဖြေ ခြင်း များဖြင့် ဝေေ၀ဆာဆာ တင်ဆက်ကြရာ ညနေလေးနာရီတွင် ပအိုဝ်းအမျိုးသားနေ့ အစီအစဉ်ကို ရုပ်သိမ်းလိုက်ပါသည်။
အခမ်းအနားတွင် မလေးရှား နိုင်ငံ ဂျိုဟိုးပြည်နယ်၊ပီနန်းပြည်နယ်၊စလန်ကောပြည်နယ်နှင့်ကွာလာလမ်ပူရှိ ပအိုဝ်းလူမျိုးများ ၅၀၀ ကျော်ခန့် တတ်ရောက်ကြကာ မိမိအမျိုးသားနေ့အတွက် ဂုဏ်ယူလျှက်ပါဝင်ဆင်နွဲကြပါသည်။

အမျိုးသားနေ့၏ ရည်ရွယ်ချက်များမှာ
(၁) အမျိုးဂုဏ် ဇာတိဂုဏ် ထက်မြက်ရှင်သန်ရေး
(၂) ပအိုဝ်းအမျိုးသားများ သွေးစည်းညီညွတ်ရေး
(၃) စာပေ၊စကားနဲ့ယဉ်ကျေးမှု ကို မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်ရေး
(၄) လူမှုရေးနှင့် အသိပညာ၊အတတ်ပညာ အဆင့်အတန်း မြင့်မားရေး တို့ဖြစ်ပါသည်။
Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။