« »

Gmail Account အသစ် ဖွင့်မရတဲ့ သူငယ်ချင်းများ အတွက် သတင်းကောင်း

ဂျီမေးလ်အကောင့်သစ် ဖွင့်မရလို့ စိတ်ပျက်နေတဲ့ ကိုကို ၊ မမ ၊ သူငယ်ချင်းများ အတွက် သတင်းကောင်းလေးတစ်ခု မျှဝေပေးလိုက်ပါ တယ် ။ သိပြီးသား သူများအတွက်တော့ ကျော် မသိသေးသူများတော့ ပျော်ပေါ့  ။ ကဲ စလိုက်ကြရအောင် ။ ဒါလေးကတော့ ဂျီမေးလ်မဟုတ်ပါဘူး ။ ဒါပေမယ့် ဂျီမေးလ်နဲ့ အရမ်းတူတယ် လို့ဆိုရမှာပါ ။ သူကတော့ Blumail ပါပဲ ။ သူက Google ရဲ့ ၀န်ဆောင်မှုတစ်ခု ဆိုရင်လည်း မမှားဘူး ။ သူ့ကို ဟိုတစ်ခေါက် ကိုငြိမ်းချမ်း မိတ်ဆက်ပေးတဲ့ Blumail ပါ။  ဖတ်ပြီးသူများလည်း ရှိကြမယ်။ ဒီနေရာမှာတော့ အကောင့်ဖွင့်ပုံလေးတွေ ရှင်းပြပေးမယ် ။ ပထမဦးဆုံး www.blumail.org ကို သွားပါ ။ အောက်မှာ ပြထားတဲ့ ပုံလေးနဲ့ စာမျက်နှာကို ရောက်သွားပါမယ် ။

အပေါ်က ပုံလေးနဲ့ စာမျက်နှာကို ရောက်ပြီဆိုရင် (login) ဆိုတာရယ် (Signup) ဆိုတာရယ် ရှိတယ် ။ (Login ) ဆိုတာလေးက အကောင့်ရှိပြီးသူမျာ ၀င်ရောက်ရမယ့် နေရာ ။ (Signup)ဆိုတာလေးကတော့ အခုမှ ၀င်ရောက် အသစ်သုံးမယ့် သူတွေအတွက်ပါ ။ ဒါကြောင့် (Signup) ဆိုတာလေးကို သွားနှိပ်ပေးရမယ် ။ အောက်က ပုံလေးကို ကြည့်ပါ .။ အကောင့်သစ်လုပ်တာက သိပ်မခက်ခဲပါဘူး ။ အောက်က ပေးထားတဲ့ ကွက်လပ်လေး တွေကို ဖြည့်ပေးရပါမယ် ။ အောက်ကပုံကို ကြည့်ပါ ။

ပထမဦးဆုံး ဖြည့်ပေးရမယ့်
မှတ်ချက် :                                 Frist Name : (ဥပမာ: Aung) ၃ လုံးပြည့်ရပါမယ်
                                                Last Name : (ဥပမာ : Moe ) ၃ လုံးပြည့်ရပါမယ်
                                            Desired Email Addr : ( ဥပမာ : aungmoe ) ၈လုံးပြည့်ရပါမယ် ။ကိုယ်လိုချင်တဲ့ အကောင့်နာမည်ပေါ့ ။
                                                Choose a Password : လျှို့ဝှက်နံပါတ်အတွက် ၈ လုံးပြည့်ရပါမယ် ။ မပိုရ ။
                                    Re-enter Password : လျှို့ဝှက်နံပါတ် ပြန်ရိုက် ပေးရပါမယ် မမှားစေရဘူးနော် ။
                                    Word Verification ပေးထားတဲ့ စာလုံးတွေကို space ခြားစရာမလိုဘူး စာလုံးကြီး သုံးစရာမလိုဘူး မှန်ဖို့သာ အထိက (မှန်အောင်ရေးပေးပါ ) ပေးထားတဲ့ ကွက်လပ်မှာ ဖြည့်ပေးပါ ။ ပြီးရင် Continue ကိုနှိပ်ပေးပါ ။ အဲဒီအဆင့် ပြီးသွားရင် အောက်မှာ ပြထားတဲ့ ပုံလေးနဲ့ စာမျက်နှာကို ရောက်သွားပါမယ် ။

အပေါ်က ပုံနဲ့ စာမျက်နှာကို ရောက်လာပြီဆို တစ်ဆင့်ပြီးသွားပါ ပြီ ။ နောက်တစ်ဆင့်ကို လိုက်ဖြည့်ပေးပါ ။ ပုံမှာကြည့်ပါ ။ Security Question ကိုယ်ကြိုက်တဲ့ မေးခွန်းတစ်ခုကို ရွေးပေးပါ ။ အလွယ်ဆုံးမေးခွန်းလေး ရွေးပေးလိုက်ပါ ။ ပြီးရင် Answer အဖြေမှာ အနည်းဆုံး စာလုံးပဲဖြစ်ဖြစ် ဂဏန်းပဲဖြစ်ဖြစ် သူက ၅လုံးပြည့်ရပါမယ် ။ အဲဒီကိုယ် ဖြေပေးတဲ့ အဖြေလေးကို မှတ်ထားပေးပါ ။ နောင်များ လျှို့ဝှက်နံပါတ် မေ့သွားရင် အသုံးဝင်လိမ့်မယ် ။ ပြီးရင် Secondary Email လိပ်စာတော့ မဖြည့်ထားခဲ့ရင်လည်း ရတယ် ။ Location မှာ မြန်မာကို ရွေးပေးပါ ။ ပြီးရင် Gender မှာ ယောကျာ်း (သို) မိန်းကလေး ရွေးပေးပါ ။ Education Level မှာ ကိုယ်က ဘယ် level ထိတက်ခဲ့ဖူးလဲ ဆိုတာရွေးပေးရပါမယ် ။ High School , Some College , etc …. ကိုယ်တက်ခဲ့ဖူးတဲ့ Level ကို ရွေးပေးပြီးရင် အောက်က Choose Your Age မှာလည်း ကိုယ့်ရဲ့ အသက်အရွယ်က 18, 18-21 , ဘယ်အရွယ်လဲဆိုတာ ရွေးပေးရပါမယ် ။ ပြီးရင် Create Account ကို နှိပ်ပေးပါ ။ အကောင့်တစ်ခု ဖန်တီးပြီးသွားကြောင်း Congritulation လုပ်ပါလိမ့်မယ် ။ ပြီးရင် လင့်ခ်တစ်ခုကို ပေးပါမယ် ။ Sign in ပြန်ဝင်ရောက်ဖို့ လင့်ခ်ပြန်ညွန်းတာပါ ။ ညွန်းထားတဲ့ လင့်ခ်ကို နှိပ်ပေးလိုက်ရင်
Username :
Password :
ရိုက်ပြီး ၀င်ပေးပါ ။ အောက်က ပုံလေးနဲ့ စာမျက်နှာကို ရောက်သွားရင်

ဒီနေရာမှာ ဖြည့်စရာ ကွက်လပ်တစ်ခု ကျန်ပါသေးတယ် ။ Types the Characters you see in the picture below အောက်ကွက်လပ်မှာ အပေါ်က ပုံလေးနဲ့ စာလေးကို မှန်အောင်ဖြည့်ပေးလိုက်ပါ ။ စာလုံးကြီး(Capital) မသုံးရ ။ မှန်အောင်ဖြည့်ပေးရမယ် နော် ။ ။ ပြီးရင် အောက်က I accept Create my account ဆိုတာလေးကို နှိပ်ပေးပါ ။ ဒါဆိုရင်တော့ အကောင့်လုပ်တဲ့ အဆင့်ပြီးသွား ပါပြီ ။ အဟီး  ... ပြီးသေးဝူး  ဂျီမေးလ် အကောင့် ၀င်သွားတဲ့ ပုံစံအတိုင်းပါပဲ ။ အောက်က ပုံကို ကြည့်ပါ ။


ကိုယ့်ရဲ့ အကောင့်ထဲကို redirecting ၀င်ရောက်နေတာ ဖြစ်ပါတယ် ။ ခဏစောင့်ပေးလိုက်ပါ ။ ကိုယ့်အကောင့်ထဲ ရောက်သွားပါလိမ့်မယ် ။ အောက်ကပုံလေးကို ကြည့်ပါ ။

ဂျီမေးလ်နဲ့ အလွန်ဆင်တူပါတယ် ။ ကျနော်အကောင့် တစ်ခုရသွားပါ တယ်(johnlay@blumail.org) ။ သူငယ်ချင်းတို့လည်း လုပ်ကြည့်ပါ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ။ Blumail သုံးပြီး ဂျီတော့ခ် ချက်မယ် ဆိုလည်း အဆင်ပြေပါတယ် ။ ဂျီတော့ခ် Username မှာ @blumail.org ဆိုတာလေးထည့်သုံးပေးပါ ။ ဂျီမေးလ် အကောင့်က သူငယ်ချင်းတွေကိုလည်း အက် လုပ် နိုင်ပါတယ် ။တကယ်လို့ အဆင်မပြေမှုများ ၊ ကျွန်ုပ်၏ တင်ပြမှု ညံ့ဖျင်းခြင်းများ ရှိခဲ့သော် ပြန်လည် မေးမြန်းနိုင်ပါတယ် ။
ဧဒင်မှကူးယူပါသည်...
Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။