စစ်ဝန်များ ကိုယ်တိုင် ဆွေးနွေး၊ ရှင်းလင်းပြောကြား ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုင်ရာ၊ အမေရိကန်သံရုံးမှ ကောင်စစ်ဝန် Mr. Colin Furst နှင့် ဒု-ကောင်စစ်ဝန် Mr. Hayward M.G Alto တို့မှ အမေရိကန် ပြည်ထောင်စုတွင် ပညာ သင်ကြားလိုသော ကျောင်းသား ကျောင်းသူများ အတွက် ဦးတည် ရည်ညွှန်းပြီး "Student Visa" အကြောင်းသိကောင်းစရာ အဖြာဖြာကို မတ်လ (၁၅)ရက်၊ ညနေ (၄းဝဝ)နာရီ အချိန်က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တော် ဝင်လမ်းရှိ American Center တွင် ဟောပြော ရှင်းလင်းသွားခဲ့ပါတယ်။
အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ American Center တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၊ စာကြည့်တိုက်အသင်းဝင်များ ဗ.ဃ ရှိ စေတနာ့ဝန်ထမ်းများ စိတ်ပါဝင်စားစွာ တက်ရောက်နားဆင် ခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။ 'အမေရိကန် ဗီဇာလျှောက်ဖို့ အရမ်းခက်ခဲတယ် ဆိုတဲ့အသံတွေ၊ Student Visa ရဖို့ လုံးဝမလွယ်ဘူး ဆိုတဲ့ ကောလာဟလတွေ ကျွန်တော်တို့အမြဲ ကြားနေရပါတယ်။ တစ်ကယ်တော့ မကြာခဏ မှားယွင်းစွာ ထွက်ပေါ် နေတတ်တဲ့ ကောလာဟလ စကားတွေပါ။ အမှန်တရားကို သေချာ စစ်ဆေးလေ့လာနိုင်ဖို့ အမေရိကန်သံရုံးရဲ့ ဗီဇာဌာနကို ကိုယ်တိုင်လာရောက် လေ့လာနိုင်သလို ပြည်နယ်အစိုးရက လွှင့်တင်ထားတဲ့ ပညာရေး website တွေမှာလည်း ဝင်ရောက်လေ့လာ နိုင်ကြပါတယ်။
နောက်တစ်ချက် ကျွန်တော် စိတ်မကောင်း ဖြစ်ရတာက ကောင်စစ်ဝန်တွေကပုံမှန် မဟုတ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး ဗီဇာထုတ်မပေးဘူး ဆိုတာပါပဲ။ တကယ်တော့ အမေရိကန်ပြည်ထောင်စုမှာ သတ်မှတ်ချက် အရေအတွက်နဲ့ ပညာသင်ကြားခွင့်ပြုထားတဲ့ ကျောင်းသားဦးရေကြောင့်သာ သေချာစိစစ်ပြီးမှ ဗီဇာထုတ်ပေးနေတာ ဖြစ်ပါတယ်။'ဟု အမေရိကန်သံရုံးမှ ဒုကောင်စစ်ဝန် Mr.Hayward M.G Alto မှ လျှပ်တစ်ပြက်မှ မေးမြန်းမှုကို ဖြေကြားပေးခဲ့ပါတယ်။
Student Visa လျှောက်ထားလိုသူ များအနေဖြင့် လျှောက်လွှာပုံစံ အဆင့်ဆင့်ကို အင်တာနက် စာမျက်နှာဖြစ်သော https://ceac.state.gov/genniv တွင် ပြည့်စုံမှန်ကန်စွာ တင်သွင်း ဖြည့်စွက်ကြရမည် ဖြစ်ကြောင်း လျှောက်လွှာတင်သွင်းခမှာ အမေရိကန် ဒေါ်လာ(၁၄ဝ) ပေးသွင်းရမည်ဖြစ်ပြီး တင်သွင်းသူရဲ့ လက်ဗွေရာ ရိုက်နှိပ်ပြီးသည်နှင့် ကောင်စစ်ဝန်နှင့် ဒု-ကောင်စစ်ဝန်တို့ထံတွင် အင်တာဗျူးဖြေဆိုကြရမှာ ဖြစ် တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
တစ်နေ့တာ ဖြေဆိုကြရမယ့် အင်တာဗျူးအတွက်လည်း သက်ဆိုင်ရာကျောင်းမှ ထောက်ခံချက် လက်ရေးမိတ္ထူ၊ သင်တန်းခွင့်ပြုလက်မှတ်များ၊ ငွေကြေးနှင့်သက်ဆိုင်သော သက်သေခံများ၊ စီးပွားရေး လုပ်ငန်းလိုင်စင်များ၊ TOEFL ရမှတ်စုစုပေါင်းနှင့် Passport မိတ္ထူတို့ကိုလည်း တစ်ပါတည်း ယူဆောင်လာကြရမှာ ဖြစ်တယ်လို့ Mr.Colin Furst ကဆိုပါတယ်။ အမေရိကန်သံရုံးမှ ကောင်စစ်ဝန်နှင့် ဒု-ကောင်စစ်ဝန်တို့က ဆွေးနွေးဟောပြောပွဲတွင် ရှောင်ကြဉ်သင့်သည့် အချက်အလက်များကိုလည်း သတိပေးပြောကြားခဲ့သည်မှာ ''ဗီဇာလက်ဝယ်မရရှိဘဲ လေယာဉ်လက်မှတ်ကို ကြိုတင် မဝယ်ယူသင့်သလို မိမိနှင့်ပတ်သက်သော အရေးကြီးသည့် ကိုယ်ရေး အချက်အလက်များကို ထိန်ချန်မထားဘဲ လျှောက်လွှာတွင် မှန်မှန်ကန်ကန် ဖြည့်စွက်သင့်ကြောင်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိသည့် အချိန်မှာလည်း သတ်မှတ် ဗီဇာရက်ထက် ပိုမနေသင့်ကြောင်း' ဥပမာများဖြင့် သတိပေးပြောကြား သွားခဲ့တာကြောင့် မှတ်သားလေ့လာစရာများ ရရှိခဲ့ပါတယ်။
ဒါ့အပြင် လူတွေ့အင်တာဗျူး မေးမြန်းရာတွင်လည်း မေးခွန်းပင် မစတင်ရသေး၊ နှုတ်ခွန်းဆက်စကား ဆိုလိုက်သည်နှင့်ပင် ကြောက်လန့်တကြီး ဖြစ်ကြသူများနှင့်လည်း မကြာခဏ ဆုံတွေ့ရကြောင်း ထို့အတွက်ကြောင့် စိတ်မလှုပ်ရှားဘဲ မေးမြန်းသမျှ တည်ငြိမ်စွာ ဖြေဆိုသင့်ကြောင်း ဒု-ကောင်စစ်ဝန် Mr.Hayward M.G Alto ကသူရဲ့လုပ်သက် အတွေ့အကြုံ တစ်နှစ်ခွဲကာလမှ ဖြစ်စဉ်များကို ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။ အမေရိကန်ဗီဇာနှင့် ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိရှိလိုသူများအနေဖြင့်https://burma.usembassy.gov/ သို့ဖြစ်စေ၊ Face book စာမျက်နှာဖြစ်သော https://www.facebook.com/pages/us-embassy Rangoon visa section/164487086904429 တွင်ရှာဖွေပြီး ဝင်ရောက် ကြည့်ရှုနိုင်ကြတယ် ဆိုတဲ့အကြောင်း ဆွေးနွေးပွဲရဲ့ အဆုံးသတ်မှာ အသိပေး ပြောကြားသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှ မေးခွန်းများ မေးမြန်းခဲ့ကြရာ ကောင်စစ်ဝန်နှင့် ဒု-ကောင်စစ်ဝန်တို့မှ စိတ်ဝင်တစား ဖြေကြားပေးခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။
EastwindBurma- မှကူးယူဖေါ်ပြ
- ပို့စ်အသစ်များ
- မှတ်ချက်ရေးသားမှုများ
-
khun Tayza Tun
ပအိုဝ်းတစ် မျိုး သားလုံး ပအိုဝ်း စာပေ များ သမိုင် များ ကိုဖော်ထုတ် ကြပါစို့.........အောင်မျဉ်ထဲင်;ထိုပအိုဝ်းပို......
-
ပအိုဝ်း
Good
-
parahithakhun
ဒီစာအုပ်ကိုအရမ်းကြိုက်နှစ်သက်ပါသည်။ဒေါင်းယူလို့ရသည့်ဆိုဒ်သိရင် ကူညီပေးစေလိုပါသည်။ကျေးဇူးအများကြီးတင်ပါသည်။ပအိုဝ်းခမ်းစာဖတ်ပရိတ်သတ်တစ်ဦး.....
-
red ruby
မွေးဒျာ; ဖေ;အာ;လွေ.ဒျာ; နီပအိုဝ်; စွို; ခွို.အာတာ;သြ
Pa-O Kham: တောင်ကြီးမြို့တွင် ပအိုဝ်းတိုင်းရင်းသားရိုးရာ ဒဉ်ဆီးလာဗွေ တပေါင်းပွဲတော် အခမ်းအနား ကျင်းပ · 11 years ago
-
ုkhun zawlay
ယံငါး