« »

Apple ၏ X Lion တွင် မြန်မာစာစနစ်ပါဝင်လာ

"OS X Lion က ဒီလကုန်မှ ထွက်လာမှာပါ။ ကျွန်တော်က ဒီ OS ရဲ့ Beta Version ကိုရလို့ စမ်းကြည့်ထားတာပါ။ တရားဝင်ထွက်လာမယ့် OS X Lion မှာ မြန်မာစာစနစ်ကို သိသွားပါပြီ။ ဒါဟာ ကျွန်တော်တို့အတွက် ကောင်းတဲ့အချက်ပါပဲ”
Posted on Jun 14 11 - 11:40 AM | Hits : 1179
Apple ၏ X Lion တွင် မြန်မာစာစနစ်ပါဝင်လာ
Apple မှ မကြာမီထွက်ရှိလာမည့် OS X Lion တွင် မြန်မာစာစနစ် ပါဝင်လာတော့မည်ဖြစ်ကြောင်း ပြည်တွင်းရှိ နည်းပညာရှင်အချို့ထံမှ သိရသည်။ "OS X Lion က ဒီလကုန်မှ ထွက်လာမှာပါ။ ကျွန်တော်က ဒီ OS ရဲ့ Beta Version ကိုရလို့ စမ်းကြည့်ထားတာပါ။ တရားဝင်ထွက်လာမယ့် OS X Lion မှာ မြန်မာစာစနစ်ကို သိသွားပါပြီ။ ဒါဟာ ကျွန်တော်တို့အတွက် ကောင်းတဲ့အချက်ပါပဲ။ နောက်ပိုင်းမှာ iPhone မှာသုံးတဲ့ iOS တွေမှာလည်း မြန်မာစာစနစ် ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်" ဟု Technomation Studio အမှုဆောင်အရာရှိချုပ် ဦးထူးမြင့်နောင်ကပြောသည်။



အဆိုပါ OS X Lion သည် Apple မှမကြာမီထုတ်လုပ်မည့် ပထမဆုံး မြန်မာစာစနစ်ပါဝင်သော Operating System ဖြစ်ပြီး မြန်မာစာအပါအ၀င် အခြားဘာသာစကား ၂၀ ကျော်ကိုပါ ထည့်သွင်းပေးထားကြောင်း သိရသည်။ OS X Lion တွင် မြန်မာစာပါဝင်လာမှုနှင့်ပတ်သက်ပြီး http://www.apple.com/macosx/whats-new/features.html#text နှင့် www.saturngod.net ၀က်ဘ်ဆိုက်တို့တွင်လည်း ဖော်ပြပေးထားသည်။

Credit: သီဟ (Internet Journal)
Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။