« »

ကမ္ဘာပေါ်မှာ လူတွေကျပ်ကုန်တော့မယ်ဆိုတာ တကယ်လား

 http://ecovisionjournal.com/article/?year=5&month=4&VOL=126... 

၂ဝ၁၁-၂ဝ၁၂လောက်ဆို ကမ္ဘာ့လူဦးရေ သန်းခုနစ်ထောင် ပြည့်တော့မည်။ ကမ္ဘာကြီး မှာ လူတွေကျပ်ပြီး အစာရေစာတွေ ရှားပါး လာလေမလား၊ စိုးရိမ်စရာတွေကော များ လာမလား ကြည့်ရအောင်ပါ။
၂ဝ၁၁ခုနှစ်အောက်တိုဘာ ၁၂ရက်နေ့ဆို အာနန်နက်ဗစ်တစ်ယောက်အသက် ၁၂နှစ် ပြည့်တော့မည်။ အာနန်နက်ဗစ်ကား နှယ်နှယ် ရရကလေးမဟုတ်။ သူ့ကို ဘော့စနီးယားနိုင်ငံ ၏ မြို့တော် ဆာရာယေဗိုမှာ ၁၉၉၉ခု အောက်တိုဘာလ ၁၂ ရက်နေ့ ည ၁၂နာရီ ထိုးပြီး ၂မိနစ်မှာ မွေးဖွားခဲ့သည်။ ၄င်းအာနန် နက်ဗစ်ကား ကမ္ဘာ့သန်းခြောက်ထောင်မြောက် လူသားဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး က အတည်ပြုထားသူဖြစ်သည်။ ကမ္ဘာ့လူဦး ရေ သန်းခြောက်ထောင်သည် ၄င်းမွေးသည့် အချိန်တွင် ပြည့်ကြောင်း တစ်ကမ္ဘာလုံးက လက်ခံထားကြသည်။
လာမည့် ၂ဝ၁၁-၂ဝ၁၂ စပ်ကြားကာလ တွင်လည်း နောက်ထပ်အာနန်တစ်ယောက် မွေးဖွားလာဦးမည်ဖြစ်သည်။ ယခုတစ်ခေါက် တွင်ကား သန်းခုနစ်ထောင်မြောက်လူသားတစ် ဦးကို ရွေးချယ်ကြမည်ဖြစ်သည်။ သန်းခုနစ် ထောင်မြောက်လူသားတစ်ယောက် မွေးဖွား လာချိန်နီးကပ်လာသည်နှင့်အမျှ အဆိုးမြင်သမားများကလည်း ကမ္ဘာကြီးမှာ လူဦးရေတွေ ထူထပ်လာပြီး အစာရေစာတွေရှားပါးကုန်တော့ မှာပဲ၊ နေစရာထိုင်စရာတွေ ကျဉ်းကျပ်ကုန် တော့မှာပဲနဲ့ ပြောဆိုနေကြကုန်သည်။ ရာသီဥ တုပြောင်းလဲမှုတွေကလည်း တဖြည်းဖြည်းပို မြန်ဆန်ပိုပြင်းထန်လာနေရာ တစ်နေ့ထက်တစ် နေ့တိုးလာနေသော လူအုပ်ကြီးနဲ့ ဘယ်လိုများ ရှေ့ဆက်စခန်းသွားရပါ့မလဲဟု တွေးပူနေသူ များလည်း ရှိနေချေသည်။ ကမ္ဘာ့တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ကြီး(WWF)က ဆို ကမ္ဘာကြီးကလူတွေ ခုနှုန်းအတိုင်းသာ သဘာ ဝအရင်းအမြစ်တွေ သုံးဖြုန်းနေကြရင် လာမယ့် နှစ်၂ဝအတွင်းမှာပဲ နောက်ကမ္ဘာသစ်တစ်ခုရှာ ရတဲ့ကိန်းထိ ဆိုက်နိုင်တယ်လို့ ဟောကိန်းထုတ် ထားသည်။ အဆိုးမြင်သမားများအတွက် အ ဆိုးမြင်စရာ ကုန်ကြမ်းတွေကလည်း များလှ သည်။ ခုဆို ကမ္ဘာကြီးရဲ့ လူဦးရေတိုးနှုန်းက အရင်တုံးတွေကထက်ကို ပိုမြန်လာပြီး ပေါက် ကွဲထွက်သလားမှတ်ရအောင် အရှိန်အဟုန် ကောင်းကောင်းနဲ့ တိုးပြီးရင်း တိုးလို့သာလာ နေသည်။ တိုးနှုန်းများလာသလို၊ တိုးနှုန်းက မြန်လည်းမြန်လာသည်။ သန်းခြောက်ထောင် ကနေ သန်းခုထောင်ရောက်ဖို့ ၁၂နှစ်လောက် ပဲ ကြာသည်။ သန်းငါးထောင်ကနေ သန်း ခြောက်ထောင်ထိရောက်ဖို့တုံးကလည်း ၁၂နှစ် ၁၃နှစ်ဝန်းကျင်သာ ကြာခဲ့သည်။ ထိုနှုန်းများ သည် ကမ္ဘာ့လူဦးရေတိုးနှုန်းသမိုင်းတစ်လျှေက် သန်းတစ်ထောင်ပြည့်ဖို့ အတိုဆုံးကာလများ ဖြစ်သည်။ အဆိုးမြင်သမားများက ထိုအချက် ကိုကိုင်ပြီး ခုအတိုင်းသာ လူဦးရေးတွေ ထပ် တိုးနေမယ်ဆို ကမ္ဘာပေါ်မှာ နေစရာမှကျန်ပါ ဦးမလားဘာလားနဲ့ ပြောဆိုနေကြချေသည်။ လူဦးရေတွေ လက်ရှိမှာ တိုးနေတာမှန်သည်။သို့သော် ဆက်ပြီးတိုးစရာအခြေခံအရင်းအမြစ် တဖြည်းဖြည်းနည်းလာပြီဖြစ်ကြောင်းကိုကား သူတို့သတိမထားမိကြ။
ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်အမှတ် ကိုရောက်ဖို့ နှစ်ပေါင်းနှစ်သိန်းခွဲတိတိ အချိန် ယူခဲ့ရသည်။ ၁၈ဝဝ ခုနှစ်လောက်တွင် လူ သန်းတစ်ထောင်ပြည့်ခဲ့သည်။ သန်း နှစ် ထောင်အမှတ်ကို ရောက်ဖို့ကျတော့ နှစ် ပေါင်းတစ်ရာကျော်ပဲ အချိန်ယူရတော့သည်။ ၁၉၂၇ခုနှစ်တွင် သန်းနှစ်ထောင်ပြည့်ခဲ့သည်။ ထို့နောက်သန်းသုံးထောင်အမှတ်ကို ရောက်ဖို့ ကျတော့ ၃၃နှစ်ပဲ အချိန်ုယူရတော့သည်။ ၁၉၆ဝမှာပြည့်သွားသည်။ သန်းလေးထောင် အမှတ်ရောက်ဖို့ကျတော့ ၁၄နှစ်သာ အချိန် ယူခဲ့ရသည်။ ထိုနောက်ပိုင်းနှုန်းက မြန်သထက် ပိုမြန်လာကာ သန်းငါးထောင်အမှတ်ရောက်ဖို့ ၁၃နှစ်၊ သန်းခြောက်ထောင်အမှတ်ရောက်ဖို့ ၁၂နှစ်သာ အချိန်ယူရတော့သည်။ သန်းတစ်ထောင်နှင့် နောက်တစ်ထောင် အကြား တိုးနှုန်းက မြန်သထက်မြန်လာခဲ့သည် မှန်သော်လည်း ဤနောက်ပိုင်းကစ၍ ထိုမြန် နှုန်းသည် ပြန်လျော့သွားတော့မည်ဖြစ်ကြောင်း အတိအလင်းပြောချင်ပါသည်။ ကမ္ဘာ့လူဦးရေ ကတော့ တိုးသထက်တိုးနေလိမ့်မည်။ သို့သော် တိုးနှုန်းကျတော့ အရှိန်တဖြည်းဖြည်းပြန်နှေး သွားလိမ့်မည်။ ပြန်နှေးသွားလိမ့်မည်ဟု ဘာ ကြောင့် ပြောနိုင်သလဲကို ကြည့်ရအောင်။ လူဦးရေတိုးနှုန်းကို တိုင်းတာသည့်အခါ မျိုး ဆက်သုံးဆက်ကို ခွဲကြည့်ရသည်။ အမျိုးသမီး တွေအပိုင်းကိုပဲကြည့်။ ရှေ့မျိုးးဆက်မိခင်တွေက မွေးလိုက်သည့်သမီးတွေသည် ယနေ့မျိုးဆက်မှာ သမီးတွေထပ်မွေးကြမည်ဖြစ်ရာ ထိုသမီးများ သည် ၄င်းတို့၏ အနာဂတ်မျိုးဆက်ကို ထပ် ဖြန့်ကြလိမ့်မည်။ လက်ရှိ အခြေအနေအရ ကျွန်ုပ်တို့၏ ရှေ့မျိုးဆက်သည် တစ်အိမ်ထောင် လျှင် ကလေးများစွာယူသောမျိုးဆက်မို့ ကျွန်ုပ်တို့ ယနေ့မျိုးဆက်တွင် လူတွေများလာသလို ကလေးမွေးနိုင်သော မိခင်အရေအတွက်က လည်းများနေရာ လာမည့်ရှေ့မျိုးဆက်တွင် လူသားတွေ တိုးပွားနှုန်းက ပိုမြန်လာမှာက တော့ ဧကန်ဖြစ်သည်။ ယခုအခါ ကမ္ဘာတစ် ဝန်းကျင့်သုံးနေသော မိသားစုနည်းရေး စီမံ ကိန်းက ရှေ့တစ်မျိုးဆက်ပြီးနောက် တစ်မျိုး ဆက်လောက်မှ အကျိုးးသက်ရောက်မှု အရာ ထင်လာလိမ့်မည်။
ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်အမှတ် ကိုရောက်ဖို့ နှစ်ပေါင်းနှစ်သိန်းခွဲတိတိ အချိန် ယူခဲ့ရသည်။ ၁၈ဝဝ ခုနှစ်လောက်တွင် လူ သန်းတစ်ထောင်ပြည့်ခဲ့သည်။ သန်း နှစ် ထောင်အမှတ်ကို ရောက်ဖို့ကျတော့ နှစ် ပေါင်းတစ်ရာကျော်ပဲ အချိန်ယူရတော့သည်။ ၁၉၂၇ခုနှစ်တွင် သန်းနှစ်ထောင်ပြည့်ခဲ့သည်။ ထို့နောက်သန်းသုံးထောင်အမှတ်ကို ရောက်ဖို့ ကျတော့ ၃၃နှစ်ပဲ အချိန်ုယူရတော့သည်။ ၁၉၆ဝမှာပြည့်သွားသည်။ သန်းလေးထောင် အမှတ်ရောက်ဖို့ကျတော့ ၁၄နှစ်သာ အချိန် ယူခဲ့ရသည်။ ထိုနောက်ပိုင်းနှုန်းက မြန်သထက် ပိုမြန်လာကာ သန်းငါးထောင်အမှတ်ရောက်ဖို့ ၁၃နှစ်၊ သန်းခြောက်ထောင်အမှတ်ရောက်ဖို့ ၁၂နှစ်သာ အချိန်ယူရတော့သည်။ သန်းတစ်ထောင်နှင့် နောက်တစ်ထောင် အကြား တိုးနှုန်းက မြန်သထက်မြန်လာခဲ့သည် မှန်သော်လည်း ဤနောက်ပိုင်းကစ၍ ထိုမြန် နှုန်းသည် ပြန်လျော့သွားတော့မည်ဖြစ်ကြောင်း အတိအလင်းပြောချင်ပါသည်။ ကမ္ဘာ့လူဦးရေ ကတော့ တိုးသထက်တိုးနေလိမ့်မည်။ သို့သော် တိုးနှုန်းကျတော့ အရှိန်တဖြည်းဖြည်းပြန်နှေး သွားလိမ့်မည်။ ပြန်နှေးသွားလိမ့်မည်ဟု ဘာ ကြောင့် ပြောနိုင်သလဲကို ကြည့်ရအောင်။ လူဦးရေတိုးနှုန်းကို တိုင်းတာသည့်အခါ မျိုး ဆက်သုံးဆက်ကို ခွဲကြည့်ရသည်။ အမျိုးသမီး တွေအပိုင်းကိုပဲကြည့်။ ရှေ့မျိုးးဆက်မိခင်တွေက မွေးလိုက်သည့်သမီးတွေသည် ယနေ့မျိုးဆက်မှာ သမီးတွေထပ်မွေးကြမည်ဖြစ်ရာ ထိုသမီးများ သည် ၄င်းတို့၏ အနာဂတ်မျိုးဆက်ကို ထပ် ဖြန့်ကြလိမ့်မည်။ လက်ရှိ အခြေအနေအရ ကျွန်ုပ်တို့၏ ရှေ့မျိုးဆက်သည် တစ်အိမ်ထောင် လျှင် ကလေးများစွာယူသောမျိုးဆက်မို့ ကျွန်ုပ်တို့ ယနေ့မျိုးဆက်တွင် လူတွေများလာသလို ကလေးမွေးနိုင်သော မိခင်အရေအတွက်က လည်းများနေရာ လာမည့်ရှေ့မျိုးဆက်တွင် လူသားတွေ တိုးပွားနှုန်းက ပိုမြန်လာမှာက တော့ ဧကန်ဖြစ်သည်။ ယခုအခါ ကမ္ဘာတစ် ဝန်းကျင့်သုံးနေသော မိသားစုနည်းရေး စီမံ ကိန်းက ရှေ့တစ်မျိုးဆက်ပြီးနောက် တစ်မျိုး ဆက်လောက်မှ အကျိုးးသက်ရောက်မှု အရာ ထင်လာလိမ့်မည်။ ယခုမျိုးဆက်မှာတော့ လူဦးရေတိုးနှုန်းက မြန်သထက်မြန်နေလိမ့်ဦးမည်။ ၁၉၆ဝ၊ ၁၉၇ဝ လောက်တွေမှာ မွေးနှုန်းတွေ တအားမြင့် တက်ပြီး ထိုစဉ်က လူ့ပြည်ရောက်လာသူများ မှာ ယခုဆို ၃ဝ၊၄ဝရွယ်များမို့ ထိုလူအုပ်ကြီး ၏ တိုးနှုန်းအရှိန်က ဆက်ရှိနေလိမ့်ဦးမည်။ ထို ကာလများသည် အမေရိကနှင့်ဥရောပနိုင်ငံ များတွင် ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက် မွေးဖွားနှုန်းများ ပြန်တက်လာသောအချိန် လည်းဖြစ်သလို၊ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တစ်မိသား စုကို ကလေး ကိုးယောက်ဆယ်ယောက်မွေး သော ကာလလည်းဖြစ်သည်။ ထိုကာလများက လူဖြစ်လာသူများက တစ်ဆင့်ထပ်မွေးလာ သော ဆပွားလူအုပ်ကြီးက ယနေ့ခေတ်၏ လူ ဦးရေကို ပြဋ္ဌာန်းသည်ဖြစ်ရာ လူဦးရေက အတက်ကိုချည်း ပြနေဆဲဖြစ်သည်။ သို့သော် ထိုအတက်ချည်းဖြစ်စေသော အခြေခံအဟုတ် က ယနေ့ခေတ်မှာတင် ကုန်ဆုံးချေပြီ၊ ယနေ့ ခေတ်မှာ တစ်မိသားစုကလေးသုံးယောက် လောက်က အလွန်ဆုံးပဲဖြစ်ရာ လာမည့်မျိုး ဆက်များတွင် လူဦးရေတိုးနှုန်းက ပြန်နှေးသွား လိမ့်မည်။ လူဦးရေကတော့ တိုးနေလိမ့်ဦးမည်၊ သို့သော် အထက်မှာ ပြောခဲ့သလို သန်းတစ် ထောင်နှင့် နောက်တစ်ထောင်အကြား တိုး ဖို့ ကြာချိန်က တဖြည်းဖြည်းပို၍ ပို၍ကြာသွား လိမ့်မည်။ ၁၉၆၅-၁၉၇ဝကာလပိုင်းလောက်ကဆို တစ်ကမ္ဘာလုံးအနေနှင့် ပျမ်းမျှတွက်ပါက အမျိုး သမီးတစ်ဦးလျှင် ကလေး ၄ ဒသမ ၈ ယောက် နှုန်း မွေးနှုန်းရှိခဲ့ရာမှ ၂ဝဝ၅-၂ဝ၁ဝကာလတွင် ၂ဒသမ၆ယောက်သာ ရှိတော့ကြောင်းကို တွေ့ ရသည်။ ဒါတောင် တစ်ကမ္ဘာလုံးအတိုင်းအ တာနှင့် ခြုံတွက်သောကြောင့် ဖြစ်သည်။ တစ်နိုင်ငံချင်းကြည့်မည်ဆို အလွန်အမင်းလျော့ ကျသွားသည့်နိုင်ငံတွေ အတော်များများရှိသည်။ ဥပမာ အီရန်၊ ၁၉၈၄တစ်ဝိုက်ကဆို အီရန် အမျိုးသမီးတစ်ဦးချင်းစီ၏ ပျမ်းမျှမွေးနှုန်းသည် ခုနစ်ယောက်ထိရှိခဲ့ရာမှ ၂ဝဝ၆ခုနှစ်တွင်တော့ နှစ်ယောက်အောက်ထိ ကျဆင်းသွားကြောင်း အံ့အားသင့်ဖွယ်တွေ့ရသည်။ အလားတူ ဘင်္ဂလားဒေ့ရှ်တွင်လည်း ၁၉၈ဝမှ ၂ဝဝဝပြည့် နှစ်ကာအတွင်း ပျမ်းမျှမွေးနှုန်း ခြောက်ယောက် မှ သုံးယောက်အထိ ကျဆင်းလာခဲ့ရသည်။ လာမည့်နှစ်အနည်းငယ်အတွင်းမှာပင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်သည် တစ် မိသားစုပျမ်းမျှကလေး ၂ ဒသမ ၁ ယောက် အောက်သာရှိသော နေရာဒေသများတွင် နေ ထိုင်လာကြလိမ့်မည်။ ထိုအခါ တိုင်းပြည်များ တွင် လူဦးရေသည် မတရားကြီးတိုးလာတာ မျိုးမရှိတော့ဘဲ တိုင်းပြည်အင်အားမလျော့ရုံ တမယ်ပုံစံမျိုးဖြင့် မွေးနှုန်းနှင့် သေနှုန်းမျှပြီး သွားနေလိမ့်မည်။ ကမ္ဘာပေါ်မှာ လူဦးရေတိုးနှုန်း သိပ်များ ပြားမြန်ဆန်တာမျိုးမရှိတော့ဘဲ သူ့ဟာသူပုံ မှန်လေးသွားနိုင်ပြီဆိုသောအခါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအလုပ်များကိုလည်း စနစ်တကျ နိုင်နိုင်နင်းနင်းလုပ်ကိုင်နိုင်လာလိမ့်မည်။ ရေချို ရေသန့်များကို ဘယ်လိုထိထိရောက်ရောက် အသုံးချကြမလဲ အစိမ်းရောင်တော်လှန်ရေး တွေကို ဘယ်လိုဘယ်ပုံထိရောက်အောင် ဆင် နွှဲမလဲက နည်းသစ်လမ်းသစ်တွေ ထပ်ထွက် လာမည်။ အချိန်တိုအတွင်း လူသားသန်းတစ်ထောင် တိုးလာသည့် ရေစီးသည်ယခုသန်းခြောက် ထောင်မှ သန်းခုနစ်ထောင်ကို တိုးသည့်အချိန် တွင်နောက်ဆုံးဖြစ်လိမ့်မည်။ သန်းခုနစ်ထောင် မှ သန်းရှစ်ထောင်ကို တိုးဖို့က ဤမျှအချိန်တို တိုနဲ့ တိုးနိုင်တော့မည်မဟုတ်။ အထက်မှာ ထောက်ပြခဲ့တဲ့အတိုင်း မွေးဖွားနှုန်းတွေက ကျလာပြီမို့ ရှေ့ဆက်ပြီး လူဦးရေတိုးနှုန်း အ တက်ကြမ်းဖို့ လမ်းမရှိတော့။ သန်းခုနစ်ထောင် ထိ တိုးဖို့ဆို ၁၄နှစ်၊ ၁၅နှစ်ခန့်အချိန်ယူရမည် ဖြစ်ပြီး ထို့နောက်က သန်းရှစ်ထောင်အမှတ် ကိုရောက်ဖို့ လူသန်းတစ်ထောင် ထပ်တိုးပွားဖို့ ဆို အနှစ်၂ဝမှ ၂၅နှစ်ထိကို အချိန်ယူရလိမ့် မည်။ ဆက်လက်ပြီးလည်း သန်းတစ်ထောင် နှင့် တစ်ထောင်ကြားတိုးပွားဖို့က အချိန်ပိုကြာ သထက် ကြာလာလိမ့်မည်။ ၂ဝ၅ဝလောက် ဆို ကမ္ဘာပေါ်တွင် မွေးနှုန်းနှင့် သေဆုံးနှုန်း သည် အတူတူလောက်ကျသွားပြီး လူဦးရေ တိုးနှုန်း သုညထိ ရောက်သွားလိမ့်မည်။ ထိုအ ချိန်လောက်ဆို ကမ္ဘာ့သန်းခြောက်ထောင် မြောက်လူသားအာနန်နက်ဗစ်လည်း အသက် ငါးဆယ်လောက်ရောက်လောက်ပြီ။ သူသာ မိန်းမရပြီး သားသမီးတွေရမည်ဆို ထိုအချိန် လောက်တွင် သူ့မြေးလေးသည် ယနေ့ခေတ် ကမ္ဘာမြေထက် ပိုလူများနေမည်ဖြစ်သော်လည်း လူဦးရေတိုးနှုန်းကျတော့ တည်ငြိမ်လျှက်ရှိ သော ကမ္ဘာကြီးတွင် လူဖြစ်လာရကိန်းရှိနေ သည်။
သန်းထိုက်စိုးRef:Another Year,another billion(The Economist)   
Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။