« »

စီးကရက်မဟုတ်တဲ့ WHO အသိအမှတ်ပြု အီလက်ထရွန်နစ် စီးကရက်

ကိုယ့်ဘေး ပတ်ဝန်းကျင် က လူ တွေကိုပါ ဒုက္ခ ရောက်စေတဲ့ အပြင် အသက် သေတဲ့ အထိ ဖြစ်စေ နိုင်တဲ့ ဆေးလိပ် သောက်သုံးခြင်း မျိုးကို လူတိုင်း လျှော့ချ သင့်နေ ပါပြီ။ အခု လမ်းညွှန်ပေး မှာ က စီးက ရက်ဖြတ်လိုသူတွေအတွက် အဆင့်မြင့် နည်းပညာထောက်ကူပြုပစ္စည်း E-Healthy Cigarette ပါ။ WHO က အသိအမှတ်ပြုထားပါတယ်လို့ဆိုပါတယ်။ ဒီစီးကရက်ကို အသုံးပြု သောက်သုံးမယ် ဆိုရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ရိုးရိုးသာမန်စီးကရက်သောက်ချင်စိတ် တွေ တဖြည်းဖြည်း လျော့နည်းသွားစေ နိုင်တယ်လို့ ရောင်းချသူတွေက ဆိုတယ်။ လေထုညစ်ညမ်းမှုကိုလည်း တားဆီးနိုင်ပါတယ်တဲ့။

ဒီ E-Healthy Cigarette တစ်ဘူးမှာ ပြန်လည်အားသွင်း အသုံးပြုနိုင်တဲ့ Electronic- Cigarette တစ်ခုနဲ့ အဆီခံအပို ခြောက်ခု ပါဝင် ပါတယ်။ အဆီခံတစ်ခုကို အကြိမ် ၂၀၀လောက်အထိ အသုံးပြုနိုင်ပါတယ်တဲ့။ အဆီခံတွေကုန်သွားလို့လည်း စိတ်ပူ စရာမလိုပါဘူး။ တစ်ဘူးမှာ ၁၀ ခုပါဝင် တဲ့ အဆီခံအပိုဘူးတွေကိုလည်း ၀ယ် ယူနိုင်ပါတယ်။ ဒီစီးကရက်ကို နှစ်နာရီအားသွင်း ထားရင် တစ်ပတ် ကောင်းကောင်းအသုံးပြုနိုင်ပါလိမ့်မယ်။ စီးကရက် အပြင်ဆေးတံတွေ၊ ဆေးပြင်းလိပ်တွေနဲ့ နောက်ဆုံးပေါ်ဒီဇိုင်းဆေးလိပ်တွေ လည်းရှိပါတယ်။ ဈေးနှုန်းကတော့ ကျပ် ၁၆၀၀၀ ကျော်ကနေ ကျပ် တစ်သိန်းကျော်အထိ အသီးသီးရှိပါ တယ်။

တရုတ်(တိုင်ပေ) က ထုတ်လုပ် ထားတာဖြစ်ပြီး ၀ယ်ယူလိုသူတွေအနေ နဲ့ Billion Bright Group Co., Ltd. ဖုန်း-၅၁၅၁၀၄၊ ၅၃၆၅၉၅၊ ၇၃၀၄၆၀၀၈ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ အခု အသစ်ဖွင့်မယ့် တော်ဝင်ပလာဇာမှာ လည်း ဆိုင်ခန်းဖွင့်လှစ်ဖို့ရှိတယ်လို့ သိရပါတယ်။

Tags:

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။